အခန်း ၁၇၉၁
Vol. 120 Ch. 1791
အပိုင်း ( 1791 ) လုမင် ပေါက်ကွဲခြင်း။
"ဟားဟားဟား၊ ဒီလောက်လှတဲ့ နှင်းနဂါးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ သူ့ရဲ့ အသားအရေနဲ့ လူသားတွေရဲ့ ကွာခြားမှုက ဘယ်လိုများဖြစ်မလဲ"
ဝမ်ထျန်းပမ်းက ရယ်မောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ရွယ်နင်ရှင်းအနားတွင် ပေါ်လာ၏။ သူက ရွယ်နင်ရှင်းကိုထိရန် လက်လှမ်းလိုက်သည်။
"ထွက်သွား"
ရွယ်နင်ရှင်းက အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားသည်။
"ဖြန်း"
ဝမ်ထျန်းပမ်းက ရွယ်နင်ရှင်း၏ပါးကို ဖြတ်ရိုက်လိုက်၏။ သူက ကြိမ်းမောင်းပြောဆိုလိုက်သည်။
"ခွေးမ၊ မင်းကများ ငါ့ကို ကြိမ်းမောင်းဝံ့တယ်လား။ ဒီည မင်းကို သတ်ဖို့အတွက် တောင်းပန်လာရစေမယ်"
ထို့နောက် ဝမ်ထျန်းပမ်းက လုမင်ကို ရန်စသလို လှမ်းကြည့်လိုက်၏။
"ဝုန်း"
ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ အစွန်းရောက် အေးစက်မှုက အအေးလှိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားပြီး ခန်းမအတွင်း အပူချိန်ကလည်း လျင်မြန်စွာ ကျဆင်းလာတော့သည်။
လုမင်က အချိန်မရွေး ပေါက်ကွဲတော့မည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။
"လုမင်၊ မင်း ဘာလုပ်ချင်လို့လဲ။ ငါ့ကို တိုက်ခိုက်ချင်လို့လား"
ဝမ်ဖျင်ယန်း၊ ရှထို့နှင့် အခြားသူများကလည်း အရှိန်အဝါများကို ထုတ်ဖော်ရင်း လုမင်ကို စိုက်ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် ခန်းမတစ်ဝိုက်မှ ကြောက်မက်ဖွယ်ရာ ရောင်ဝါများ ထွက်ပေါ်လာတော့သည်။
သူတို့က လုမင်ကို တိုက်ခိုက်ရန် အခွင့်အရေးရှာနေခြင်း ဖြစ်သည်။ ဤနည်းဖြင့် လုမင်ကို တစ်ခါတည်း သတ်နိုင်လိမ့်မည်။
"ဆရာတူမောင်လေး၊ မလုပ်နဲ့"
ရွယ်နင်ရှင်းက လုမင်ကိုကြည့်ကာ ခေါင်းယမ်းလိုက်သည်။
"အိုး၊ ဒါဆိုရင် မင်းက လုမင်ရဲ့ ဆရာတူအစ်မပဲ။ ဟားဟားဟား၊ ဒါဆိုရင် ငါက မင်းနဲ့ကစားဖို့ ပိုပြီး စိတ်လှုပ်ရှားလာပြီ"
ဝမ်ထျန်းပမ်းက ရွယ်နင်ရှင်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။
"တမ်ထျန်းပမ်း၊ မင်း ဆိုးဆိုးရွားရွား သေတော့မယ်လို့ ငါ ကတိပေးတယ်"
လုမင်က အေးစက်စက် ပြောသည်။ သူ၏ သတ်ဖြတ်ချင်စိတ်ကလည်း ပို၍ ပြင်းထန်လာပြီ။
ဟွမ်လင်နှင့် လုံချန်ကလည်း အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။
"မင်း ငါ့ကို ခြိမ်းခြောက်ဝံ့တယ်လား။ ယုံချင်ယုံ မယုံချင်နေ၊ ငါ ဒီခွေးမကို အခုပဲ ကိုယ်လုံးတီး ချွတ်ပစ်လိုက်မယ်"
ဝမ်ထျန်းပမ်းက အေးစက်စက် ပြောလိုက်သည်။ သူက သူတော်စင်စွမ်းအားဖြင့် ဓားတစ်လက်ကို ဖွဲ့စည်းပြီး ခုတ်လိုက်၏။ ရွယ်နင်ရှင်း၏ အဝတ်အစား နေရာများစွာက စုတ်ပြဲသွားတော့သည်။
'ပူဖောင်းလေး၊ မင်းသူ့ကို ကယ်လိုက်ပါ။ ငါ သူ့ကိုသတ်မယ်'
လုမင်က ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
'စိတ်မပူပါနဲ့၊ ကျွန်မအတွက်ထားလိုက်'
ပူဖောင်းလေးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့ပါးစပ်ကိုဟကာ ရွယ်နင်ရှင်းဆီသို့ မှုတ်ထုတ်လိုက်၏။ လေထဲတွင် ထူးဆန်းသော လှိုင်းလုံးတစ်ခု ပေါ်လာသည်။
စင်မြင့်ပေါ်မှ ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်က ရေလှိုင်းကဲ့သို့ လှုပ်ရှားလာပြီးနောက်၊ နောက်အခိုက်တွင် နေရာမှ ပျောက်ကွယ်သွားတော့သည်။
"မင်း အလုံးစုံဝိညာဉ်အလဲအလှယ်မှာ ဘယ်လိုတောင် လုယက်ဝံ့တာလဲ။ သေချင်နေတာပဲ"
ဝမ်ဖျင်ယန်းက သတိပြန်ဝင်လာပြီးနောက် အော်ဟစ်လိုက်သည်။
"ဒီနေ့မှာ ငါက လုယက်ရုံတင်မကဘူး၊ လူတွေကိုပါ သတ်ဦးမှာ... သတ်"
လုမင်က ဟိန်းဟောက်လိုက်၏။ 'သတ်'ဟူသော နောက်ဆုံးစကားလုံးကို သူအော်လိုက်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းနှစ်ခုက သူ့မျက်လုံးအစုံမှ ပြေးထွက်ပေါ်လာပြီး ဝမ်ထျန်းပမ်း၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားတော့သည်။
"အား"
ဝမ်ထျန်းပမ်းက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။ သူ့မျက်နှာက ကြီးမားသော နာကျင်မှုကြောင့် ရှုံ့မဲ့နေတော့သည်။
လုမင်၏ မျက်ခုံးနှစ်ခုကြားတွင် အလင်းရောင်တဖျပ်ဖျပ် တောက်ပနေသည်။ ယင်းက သူ၏ ဝိညာဉ်စွမ်းအားအတက်အကျကြောင့် ဖြစ်၏။ ကြောက်စရာကောင်းသော စွမ်းအင်တစ်ခုက ဝမ်ထျန်းပမ်း၏ အသိစိတ်ထဲသို့ အဆက်မပြတ် စီးဆင်းနေပြီး သူ့ဝိညာဉ်ကို တိုက်ခိုက်နေသည်။
လုမင်က ဝမ်ထျန်းပမ်း၏ ဝိညာဉ်ကို ချက်ချင်း မဖျက်ဆီးခဲ့ပေ။ ယင်းက သူ့အတွက် အလွန် သက်ညှာရာကျသည်။ လုမင်က ဝမ်ထျန်းပမ်း၏ ဝိညာဉ်ကို တဖြည်းဖြည်းခွဲထုတ်ပြီး နာကျင်မှုအရသာကို ခံစားစေချင်သည်။
စိတ်ဝိညာဥ်၏ ဝေဒနာက ရုပ်ခန္ဓာမှ နာကျင်မှုထက် အဆများစွာ ပိုပြင်းထန်ပေသည်။
"အား.... အား"
ဝမ်ထျန်းပမ်းက ရူးသွပ်စွာ အော်ဟစ်ရင်း မြေပေါ်သို့ လဲကျသွားသည်။ သူက ဦးခေါင်းကို ဆုပ်ကိုင်ရင်း လူးလိမ့်အော်ဟစ်နေတော့သည်။
"မင်း သေချင်နေတာလား၊ ရပ်လိုက်စမ်း"
စင်မြင့်ပေါ်မှ အဘိုးကြီးတစ်ယောက်က အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံး သေရမယ်"
လုမင်က အော်လိုက်သည်။ သူက ရှေ့ကို ခြေတစ်လှမ်းတိုးပြီး လျှပ်စီးလက်သကဲ့သို့ တိုက်ပွဲကွင်းဆီသို့ ပြေးသွား၏။ သူ့ခန္ဓာကိုယ်က တောက်ပနေပြီး သူတော်စင်လက်နက်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ သူ့လက်ထဲမှာလည်း အန္တိမသူတော်စင်လက်နက် ဓားကို ဆွဲကိုင်လိုက်သည်။
"မင်း သေချင်နေတာပဲ"
အဘိုးကြီးက ကြိမ်းမောင်းပြီး လုမင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ဤအဘိုးကြီးက မဟာသူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦး ဖြစ်သည်။
"ရွှစ်"
လုမင်က အဘိုးအို၏ လက်သီးအင်အားကို ဓားဖြင့်ခုတ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက အဘိုးအို၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်လှုပ်စေကာ နောက်ပြန်ဆုတ်သွားရတော့သည်။
"ဒုန်း"
လုမင်က စင်မြင့်ပေါ်တွင် ဆင်းသက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ မရေမတွက်နိုင်သော ရွန်းများပေါ်လာပြီး အဘိုးအိုနှစ်ယောက်ဆီသို့ ပြေးထွက်သွား၏။ ရွန်းများက သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို တခဏချင်း ဖုံးလွှမ်းသွားတော့သည်။
တံဆိပ်ခတ်ခြင်းပညာရပ်က အရာအားလုံးကို တံဆိပ်ခတ်နိုင်သည်။ ၎င်းက အဘိုးအိုနှစ်ဦး၏ ကျင့်ကြံမှုကို တိုက်ရိုက် တံဆိပ်ခတ်လိုက်သည်။
"ချိုးဖြတ်စမ်း"
အဘိုးကြီးနှစ်ယောက် ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့က အသည်းအသန် တိုက်ခိုက်လိုက်ကြ၏။ သို့သော်လည်း နောက်ကျသွားပြီ။ လုမင်က ၎င်းတို့ကို ဖြတ်ကျော်သွားပြီး ဓားအလင်းက လက်သွားသည်။ ဦးခေါင်းနှစ်လုံးက လေထဲသို့ လွင့်စဉ်သွားပြီး ဓားစွမ်းအင်ကလည်း အဘိုးကြီးနှစ်ဦး၏ ဝိညာဉ်များကို ဖျက်ဆီးပစ်လိုက်တော့သည်။
မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူနှစ်ဦးကို လုမင်င မျက်စိတစ်မှိတ်အတွင်း သတ်ခဲ့သည်။
"မင်း အတင့်ရဲလိုက်တာ"
"သတ်ကြ"
ဝမ်ဖျင်ယန်း၊ ရှထို့နှင့် တခြားသူများက ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်လိုက်ကြသည်။
ထိုလူငယ်များထဲတွင် သုံးယောက်က မဟာသူတော်စင်နယ်ပယ်တွင် ရှိ၏။ သူတို့အားလုံးက ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းများဖြင့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်များ ဖြစ်ကြသည်။ ယခု သူတို့က ပူးပေါင်းလိုက်သောအခါ သူတို့၏စွမ်းအားများက အံ့မခန်းပင်။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
တစ်ချိန်တည်းမှာပင် ခန်းမကြီး၏ ပတ်ဝန်းကျင်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာကြသည်။ ထို့နောက်တွင် လူအများအပြားက လုမင်အား တိုက်ခိုက်ရန် ပြေးလာကြ၏။
"တိုက်ခိုက်"
လုံချန်က ဟိန်းဟောက်ပြီး ညာဘက်ကို ပြေးထွက်သွားသည်။ သူ့ခန္ဓာကိုယ်က ဖောင်းကြွလာသည်။ အထူးသဖြင့် သူ့လက်များက အဆပေါင်းများစွာ ဖောင်းကြွလာ၏။ သူက ဒါဇင်နှင့်ချီသော လက်သီးချက်များကို ဆက်တိုက်ထုတ်လိုက်သည်။ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားများက ထိုကျွမ်းကျင်သူများထံ ကျရောက်သွားတော့သည်။
တစ်ဖက်လူများ အားလုံးက မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သည်။ ညာဘက်ခြမ်းတွင် လူတစ်ဒါဇင်ကျော် ရှိ၏။
သို့သော်လည်း လုံချန်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်ခန္ဓာနှင့် ခွန်အားနိယာမဖြင့် သူ၏ တိုက်ခိုက်စွမ်းမှာ အံ့မခန်းပင်။ သူက ကျွမ်းကျင်သူတစ်ဒါဇင်ကျော်ကို ရှေ့မတိုးနိုင်အောင် တားဆီးထားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဟွမ်လင်က ဘယ်ဘက်သို့ ပြေးသွားခဲ့သည်။ သူက အင်မော်တယ်မီးလျှံများကြားတွင် လှုပ်ရှားနေ၏။ ကြီးမားသော ဖီးနစ်တစ်ကောင် ထွက်ပေါ်လာပြီးနောက် ထိုကျွမ်းကျင်သူများထံ ပြေးသွားတော့သည်။ ခဏလောက်တော့ ထိုလူများလည်း ဟန့်တားခံလိုက်ရသည်။
သို့ရာတွင်၊ လူများက ပိုများလာသည်။ သူတို့တွင် လူတစ်ဒါဇင်ကျော်ရှိပြီး အားလုံးက အသက်အရွယ်ကြီးရင့်သူများ ဖြစ်၏။ သူတို့ထဲမှ တချို့ဆိုလျှင် ဆံပင်များ ဖြူဖွေးနေကာ အရှိန်အဝါကလည်း ကြောက်ခမန်းလိလိ ဖြစ်တော့သည်။ ၎င်းတို့က မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်နှင့် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ အကျော်အမော်များ ဖြစ်ကြသည်။
"ကျွန်မအတွက်ထားလိုက်ပါ အစ်ကိုကြီးလုမင်"
ပူဖောင်းလေးက ပျံထွက်သွားသည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး မှုတ်ထုတ်လိုက်၏။
"ဝှစ်..."
သူမ၏ ပါးစပ်မှ ပွင့်လင်းမြင်သာသော ပူဖောင်းများစွာ ထွက်ပေါ်လာတော့သည်။
ပူဖောင်းများက ထိုအဘိုးအိုအားလုံးကို ဖုံးအုပ်သွားသည်။
"အား... ဘာဖြစ်တာလဲ"
အဘိုးအိုတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။ သူသည် အိုမင်းနေပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က ပို၍ လျင်မြန်စွာ အိုမင်းလာ၏။ သူ့ခေါင်းပေါ်မှ ဆံပင်ဖြူများ ကျွတ်ထွက်ပြီး သူ့အသားအရည်ကလည်း ခြောက်သွေ့ကာ အရေးအကြောင်းများ ဖြစ်ပေါ်လာတော့သည်။
ထို့နောက် သူတို့၏ ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအင်များ အားနည်းလာခဲ့သည်။
"အချိန်နိယာမ... ဒါက အချိန်နိယာမပဲ။ အချိန်စီးဆင်းမှု မြန်ဆန်နေပြီ"
အဘိုးအိုတစ်ယောက်က အော်ဟစ်ပြီး ရုန်းကန်လိုက်သည်။
မဟာသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် ပူဖောင်းလေး၏ အချိန်နိယာမသည် ပို၍ပင် ကြောက်စရာကောင်းလာသည်။ သူမက အချိန်စီးဆင်းမှုကိုပင် အရှိန်မြှင့်နိုင်သည် သို့မဟုတ် အချိန်နောက်ပြန်စီးဆင်းနိုင်ပေသည်။
"ဝှစ်"
ထို့နောက် ပူဖောင်းလေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် လှိုင်းဂယက်များပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်ဓားသွားများ ထွက်ပေါ်လာတော့သည်။
ရုတ်ချည်းဆိုသလို၊ အဘိုးအိုများစွာက လဲကျသေဆုံးသွားသည်။
တစ်ချိန်တည်းမှာပင် လုမင်ကလည်း တိုက်ခိုက်ခဲ့သည်။ သူက လက်ညှိုးတစ်ချက် ညွှန်ပြလိုက်၏။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ဝမ်ဖျင်ယန်းဆီသို့ ဖြတ်သန်းသွားတော့သည်။
လွန်ခဲ့သည့်လအနည်းငယ်တွင်၊ လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ထပ်မံတိုးတက်လာပြီး ငါးဆယ့်သုံး ရာခိုင်နှုန်းသို့ ရောက်ခဲ့သည်။ ယခုအချိန်တွင်၊ ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သောအခါ စွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
ဝမ်ဖျင်ယန်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် သူတော်စင်လက်နက်များအားလုံး လွင့်စဉ်သွားကြသည်။ သူ့ခန္ဓာကိုယ်ကို ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက တိုက်ရိုက်ထိမှန်ပြီး ပင်မခန်းမဆောင်၏ နံရံသို့ လွင့်ထွက်သွား၏။ နံရံက ပေါက်ကွဲသွားပြီး ဝမ်ဖျင်ယန်းလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူက သေလုမျောပါးပင် ဖြစ်သည်။
တစ်ချက်တည်းဖြင့် ဝမ်ဖျင်ယန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။