အခန်း ၁၇၉၃
Vol. 120 Ch. 1793
အပိုင်း ( 1793 ) လှိုင်းများ မြင့်တက်လာခြင်း။
အင်အားစုကြီးလေးခုတွင် တစ်ခုစီက အလွန်အားကောင်းပြီး နားမလည်နိုင်သော အခြေခံအုတ်မြစ်များ ရှိသည်။ သူတို့ ပူးပေါင်းလိုက်မည်ဆိုလျှင် မည်မျှကြောက်စရာကောင်းမည်နည်း။ သူတို့ကို တစ်ယောက်တည်း တားဆီးနိုင်မည်ဟု မည်သူမျှ မပြောဝံ့ကြပေ။
ဖီးနစ်နန်းတော် သို့မဟုတ် နတ်ဆင်ဂိုဏ်းက လုမင်ကို ကာကွယ်ရန် အဓိကအင်အားစုလေးခုနှင့် တိုက်ခိုက်ပါမည်လော။
သေချာပေါက် မဖြစ်နိုင်ပေ။
ဟွမ်လင်နှင့် လုံချန်က မျိုးဆက်သစ်များသာ ဖြစ်သည်။ သူတို့က ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်း၏ အထက်ပိုင်းကို ကိုယ်စားမပြုနိုင်ပေ။
သူတို့က လုမင်ကို ကာကွယ်ပြီး အင်အားစုလေးခုနှင့် မည်သို့တိုက်ခိုက်နိုင်မည်နည်း။
"ဒီတစ်ခေါက်မှာ မင်းတို့နှစ်ယောက်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ အဓိက အင်အားစုလေးခုက မင်းတို့ကို ကိုင်တွယ်ဖို့ အကြောင်းပြချက် မရှိဘူးလေ။ အရင်ပြန်သွားပါ၊ ငါကတော့ သူတို့ကို သတ်လိုက်တာကြောင့် လိုက်ရှာကြမှာ သေချာတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ့မှာ အင်အားစုကြီးလေးခုရဲ့ လိုက်စားမှုကို ရှောင်တိမ်းဖို့ နည်းလမ်းရှိတယ်"
လုမင်က ပြောလိုက်သည်။
သူ့တွင် နတ်အရှိန်အဝါစွမ်းရည် ရှိ၏။ ဧကရာဇ်ငယ်အဆင့် အကျော်အမော်တစ်ဦးက သူ့ရှေ့တွင် ရပ်နေလျှင်ပင် သေသေချာချာ မစူးစမ်းဘဲ မည်သူမျှ မှတ်မိနိုင်မည် မဟုတ်ပေ။
"ဒါပေမဲ့၊ ဒါက အရမ်းအန္တရာယ်များနေသေးတယ်..."
ဟွမ်လင်က စိုးရိမ်နေသေးသည်။
"မြန်မြန်သွားတော့၊ မင်းတို့ နောက်ကျရင် သူတို့ လိုက်လာကြလိမ့်မယ်။ ငါအရင်သွားပြီ"
ထိုသို့ပြောပြီးနောက် လုမင်က လျင်မြန်စွာ ပြေးထွက်သွားသည်။ ထို့နောက်တွင် ပူဖောင်းလေးကို အချိန်ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုဖွင့်ရန် တောင်းဆိုပြီး ထွက်သွား၏။
ဟွမ်လင်နှင့် လုံချန်တို့လည်း သက်ဆိုင်ရာဂိုဏ်းများသို့ ပြန်သွားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
လုမင်နှင့် ပူဖောင်းလေးတို့က မရပ်တန့်မီ အချိန်အတော်ကြာ ပျံသန်းနေခဲ့ကြသည်။
"ပူဖောင်းလေး၊ တောင်နဲ့မြစ်ပန်းချီကားထဲကို အရင်သွားလိုက်ပါ"
လုမင်က ပြောလိုက်သည်။
"ဟုတ်၊ အစ်ကိုကြီးလုမင် သတိထားရမယ်နော်။ တွိ... တွိ"
ပူဖောင်းလေးက သတိပေးပြီးနောက် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်သွားလေသည်။
ထို့နောက်တွင် လုမင်၏ ခန္ဓာကိုယ်အချိုးအစားနှင့် ရုပ်ရည်က ပြောင်းလဲလာသည်။ နောက်ဆုံးတွင် သူက အသားမည်းမည်း လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ အငွေ့အသက်များပင် ပြောင်းလဲသွားကာ လုံးဝ ခြားနားသော လူတစ်ယောက် ဖြစ်လာတော့သည်။
နတ်အရှိန်အဝါစွမ်းရည်က ပန်တုန်အရှိန်အဝါစွမ်းရည်နှင့် အလွန်ဆင်တူသော်လည်း ပိုအားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သည်။
သူ၏အသွင်အပြင်ကို ပြောင်းလဲပြီးနောက် လုမင်က ဦးတည်ချက်ပြောင်းကာ အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့ထဲသို့ ပျံသန်းသွားတော့သည်။
ဟုတ်သည်၊ သူက အလုံးစုံဝိညာဉ် ကုန်သွယ်ရေးမြို့တော်ကိုပြန်သွားရန် စဉ်းစားထား၏။ အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာ ဖြစ်သည်။ အင်အားစုကြီးလေးခုက အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော်သို့ လုမင်ပြန်လာမည်ဟု မျှော်လင့်ထားမည် မဟုတ်ပေ။
ထို့ပြင်၊ ကုန်သွယ်ရေးမြို့တော်ဖြစ်သည့်အတိုင်း လူများစွာရှိသည်။ သူက လူအုပ်ထဲတွင် ရောနှောနေလျှင်၊ သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ဝမ်မိသားစု၊ ကောင်းကင်ငှက်နန်းတော်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
"ရှေးဟောင်းလမြင့်မြတ်နယ်မြေကို ပိတ်ပြီး လုမင်ကို ရှာကြစမ်း"
ထို့နောက်၊ ကြောက်စရာကောင်းသော တည်ရှိမှုများစွာက အင်အားစုလေးခုမှ ထွက်ခွာလာပြီး အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွား၏။
ဧကရာဇ်အဆင့် အကျော်အမော်များပင် ရှိသေးသည်။
ထိုအချိန်တွင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေက ရုတ်ရုတ်သဲသဲဖြစ်နေပြီ ဖြစ်သည်။ အင်အားစုကြီးလေးခုက ဒေါသပေါက်ကွဲနေ၏။ ယင်းက ရှေးဟောင်းလမြင့်မြတ်နယ်မြေကို တုန်ခါစေနိုင်သည်။
အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော်တွင် ဖြစ်ပျက်ခဲ့သောသတင်းက ရှေးဟောင်းလမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။
လုမင်၏ သတ္တိကြောင့် မရေမတွက်နိုင်သောလူများ ထိတ်လန့်သွားကြ၏။
အင်အားစုကြီးလေးခုမှ တည်ထောင်ထားသော အလုံးစုံဝိညာဉ်အလဲအလှယ်တွင်၊ သူက အင်အားစုကြီးလေးခု၏ မဟာသူတော်စင်များ အပါအဝင် ပါရမီရှင် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့သည်။ ဒါက တကယ်ကို ရဲတင်းလွန်း၏။ အင်အားစုကြီးလေးခုက ဒေါသမထွက်မှသာ ထူးဆန်းလိမ့်မည်။
အင်အားစုကြီးလေးခုမှ ကျွမ်းကျင်သူများ အပြေးအလွှားထွက်နေစဉ်၊ လုမင်က အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
သူက လမ်းမပေါ်တွင် ဆင်းသက်သွား၏။ လုမင်က တည်းခိုရန် တည်းခိုဆောင်တစ်ခုကိုရှာဖွေပြီးနောက် သူ့အခန်းထဲသို့ဝင်ကာ တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်သွားလိုက်သည်။
တောင်နှင့်မြစ်ပန်းချီကားအတွင်းရှိ တောင်ထိပ်တစ်ခုတွင် ရွယ်နင်ရှင်းက တင်ပျဉ်ခွေထိုင်နေသည်။
"ဆရာတူအစ်မ"
လုမင်က ရွယ်နင်ရှင်း၏အနားသို့ ရောက်လာခဲ့သည်။
"ဆရာတူမောင်လေး"
လုမင်ကို မြင်သောအခါ ရွယ်နင်ရှင်း၏ မျက်လုံးများက တောက်ပလာသည်။ ထို့နောက်တွင် သူမက စိုးရိမ်တကြီးကြည့်ပြီး ပြောလိုက်၏။
"မောင်လေး၊ မင်းက တကယ်ကို စိတ်မြန်လွန်းတာပဲ။ မင်းက စန်းပြည်နယ်ကနေ လွတ်မြောက်ခဲ့ပေမဲ့ အခု အန္တရာယ်ကျရောက်နေရပြီ"
"ကိစ္စမရှိပါဘူး၊ သူတို့က ကျွန်တော်ကို ရှာမတွေ့နိုင်ဘူး။ အစ်မတော်... မင်းရဲ့ဒဏ်ရာတွေက အဆင်ပြေရဲ့လား"
လုမင်က မေးလိုက်သည်။
ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြာပွတ် အမှတ်အသားများ ရှိနေဆဲပင်။ သူမက နာကျင်မှုတချို့ကို ခံစားခဲ့ရကြောင်း ထင်ရှားသည်။ လုမင်၏ မျက်လုံးများက တစ်ဖန်အေးစက်လာတော့သည်။
"ရပါတယ်၊ ဒါက အပေါ်ယံဒဏ်ရာတွေချည်းပဲ"
ရွယ်နင်ရှင်းက ခေါင်းခါလိုက်သည်။
"အစ်မတော်၊ ကျွန်တော် ဒီတံဆိပ်တွေကို အရင်ဖယ်ရှားပေးမယ်"
လုမင်က ပြောလိုက်သည်။ ထို့နောက် သူ့လက်ဖဝါးမှ ထူထပ်သော ရွန်းများပေါ်လာပြီး ရွယ်နင်ရှင်း၏ လက်ကောက်ဝတ်မှ လက်ပတ်ကို ဖုံးအုပ်သွား၏။
ဤလက်ပတ်ကို အထူးပစ္စည်းများ၊ နည်းလမ်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းက အလွန်ဆန်းကျယ်ပြီး လူတစ်ဦး၏ ကျင့်ကြံမှုကို တံဆိပ်ခတ်နိုင်ပေသည်။ သို့သော်လည်း လုမင်၏ အစီရင်နိယာမဖြင့် ဖျက်ဆီးရန်မှာ များစွာမခက်ခဲပေ။
ထို့နောက်တွင် ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အခြားအချုပ်အနှောင်များကိုလည်း ဖြုတ်လိုက်သည်။
အချုပ်အနှောင်များကို ဖယ်ရှားပြီးသည်နှင့် ရွယ်နင်ရှင်း၏ ကျင့်ကြံမှုက ပြန်လည်ကောင်းမွန်လာသည်။ သူမ၏ ကျင့်ကြံမှု ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သူ့ဒဏ်ရာများသည်လည်း လျင်မြန်စွာ ပျောက်ကင်းသွား၏။
ခဏအကြာတွင် ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအားလုံး ပျောက်သွားတော့သည်။
"အစ်မတော်၊ ဘယ်လိုဖြစ်တာလဲ။ အင်အားစုလေးခုက အစ်မကို ဘယ်လိုလုပ်ပြီး ဖမ်းခဲ့တာလဲ"
လုမင်က မေးခွန်းများကို ဆက်တိုက်မေးလိုက်သည်။
ရေခဲနဂါးတောင်ကြားသခင်၊ ရှန်းရှန်း၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ လွတ်မြောက်သွားကြောင်းကို ကျစ်ဖုန်းထံမှ သိခဲ့ရပြီး ဖြစ်သည်။ ယခုတော့ ရွယ်နင်ရှင်းက အဖမ်းခံခဲ့ရပြီ။ ရှန်းရှန်းနှင့် အခြားသူများက မည်ကဲ့သို့ရှိမည်နည်း။
လုမင် စိတ်ပူသွားမိသည်။
"အဲဒီတုန်းက မိစ္ဆာဝိညာဉ်ဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကို တိုက်ခိုက်တဲ့အခါ၊ ရေခဲနဂါးတောင်ကြားသခင်က အခွင့်အရေးကိုကြိုမြင်ပြီး ထျန်းချွေးနဲ့ ရှန်းရှန်းကိုပါခေါ်ပြီး ကြိုတင်ပြေးထွက်လာခဲ့တယ်။ ဒါပေမဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းက ငါတို့ကို ရှာတွေ့တုန်းပဲ။ ငါတို့ တိမ်ပင်လယ်တောင်တန်းကိုရောက်မှ လွတ်မြောက်ခဲ့ပေမဲ့ ကံမကောင်းချင်တော့ တိမ်ပင်လယ်တောင်တန်းမှာ အစွမ်းထက် သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီမှာ ငါက ရေခဲနဂါးတောင်ကြားသခင်တို့နဲ့ လူစုကွဲသွားခဲ့တယ်"
"ငါတစ်ယောက်တည်း တိမ်တိုက်ပင်လယ်တောင်တန်းကနေ အမြန်ထွက်လာခဲ့ရတယ်။ အဲဒီနောက် ရှေးဟောင်းလမြင့်မြတ်နယ်မြေရဲ့ အင်အားစုတွေဆီက အကူအညီတောင်းချင်ပေမဲ့ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို မရောက်ခင် အလုံးစုံဝိညာဉ်အလဲအလှယ်က လူတွေနဲ့တွေ့ရဖို့ မမျှော်လင့်ထားဘူး။ သူတို့က ငါ့ကို တွေ့တာနဲ့ ဖမ်းဆီးပြီး ကျွန်အဖြစ်ရောင်းစားဖို့ ခေါ်လာခဲ့ကြတာ"
ရွယ်နင်ရှင်းက ရှင်းပြလိုက်သည်။
"ဒီအင်အားစုလေးခု"
လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
ရွယ်နင်ရှင်းသည် ဤကာလအတွင်း များစွာခံစားခဲ့ရပေမည်။
'ရှန်းရှန်းနဲ့ တခြားသူတွေ ဘယ်လိုနေမလဲ ငါသိချင်မိတယ်။ သူတို့တွေ ဘယ်ကိုရောက်သွားကြတာလဲ'
လုမင်က အနည်းငယ်စိုးရိမ်နေဆဲ ဖြစ်သည်။
ထို့နောက်တွင် လုမင်က ရွယ်နင်ရှင်းနှင့် ခဏတာ စကားစမြည်ပြောဆိုနေပြီးနောက် သူမကို အနားယူစေကာ ပြန်ထွက်လာခဲ့သည်။ ထို့နောက် တောင်နှင့်မြစ်ပန်းချီကားမှ ထွက်ခွာခဲ့၏။
တောင်နှင့်မြစ်ပန်းချီကားမှ ထွက်ခွာပြီးနောက် လုမင်က စားသောက်ဆိုင်သို့ သွားခဲ့သည်။ အရက်နှင့် ဟင်းပွဲများကို မှာယူပြီး သတင်းစုံစမ်းရလေသည်။
မျှော်လင့်ထားသည့်အတိုင်း၊ အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော် တစ်ခုလုံးက လုမင်အကြောင်း ပြောဆိုနေခဲ့သည်။
"အင်အားစုကြီးလေးခုက တကယ်ကို ကြီးမားတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့တာပဲ"
"သေချာတာပေါ့၊ လုမင်က အင်အားစုကြီးလေးခုရဲ့ ပါဂမီရှင်တစ်ဒါဇင်ကျော်ကို လူမြင်ကွင်းမှာ သတ်ခဲ့တဲ့ဟာ... ဒါက အင်အားစုကြီးလေးခုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲလေ။ သူတို့ ရူးသွပ်မသွားခဲ့ရင်သာ ထူးဆန်းလိမ့်မယ်"
"အမှန်ပဲ၊ သူတို့က လူငယ်လေးတစ်ဦးကြောင့် ဒီလောက်အထိ ခံစားခဲ့ရတယ်။ လုမင်ကို မဖြုတ်ချရင် အနာဂတ် ရှေးဟောင်းလမြင့်မြတ်နယ်မြေမှာ ဘယ်လို ရှင်သန်နိုင်မှာလဲ"
"ဒီအကြောင်းကိုပြောရရင် လုမင်က တကယ်ကို ရဲတင်းလွန်းတယ်။ ဒီတစ်ခါတော့ သူ အန္တရာယ်ကြုံရမှာကို ကြောက်ရတယ်။ ဧကရာဇ်အဆင့် အကျော်အမော်တွေရဲ့လက်ကနေ ပြေးစရာမြေမရှိဘူးလေ။ ဖီးနစ်နန်းတော်တောင်မှ သူ့ကို မကာကွယ်နိုင်ဘူး"
လုမင်က စားသောက်ဆိုင်တွင် ဆွေးနွေးမှုများစွာကို ကြားနေခဲ့ရသည်။
"ဝမ်"
ထိုအချိန်တွင် ကောင်းကင်မှ ကြောက်မက်ဖွယ်ရာ အတက်အကျတစ်ခု ထွက်ပေါ်လာသည်။ အလွန်ကြောက်စရာကောင်းသော အရှိန်အဝါက ကောင်းကင်မှ ဆင်းသက်လာ၏။ လူတိုင်း၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားတော့သည်။
"ဧကရာဇ်အဆင့် အကျော်အမော်"
လူတစ်ယောက်က အော်ဟစ်လိုက်သည်။