← Chapters

အခန်း ၁၇၉၄

Vol. 120 Ch. 1794

အခန်း ၁၇၉၄

Vol. 120 Ch. 1794

အပိုင်း ( 1794 ) သိုင်းဧကရာဇ်များ လှုပ်ရှားခြင်း။

ကောင်းကင်မှ ဖိအားများက ‌ဒီရေလှိုင်းလုံးများကဲ့သို့ လိမ့်တက်လာကာ လူတိုင်း၏ အမူအရာကို ပြောင်းသွားစေခဲ့သည်။

၎င်းသည် ဧကရာဇ်၏ အရှိန်အဝါ၊ သိုင်းဧကရာဇ်တစ်ပါး၏ ဖိအားပင်။

လုမင်၏ အမူအရာက လေးနက်လာသည်။ သူက နတ်အရှိန်အဝါစွမ်းရည်ကို အစွမ်းကုန်အသုံးချလိုက်၏။ သူ၏ မူလအရှိန်အဝါကို တစိုးတစိမျှ ထွက်မခံနိုင်ပေ။

နောက်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်အသိတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ သို့သော်လည်း ၎င်းက ရပ်တန့်မသွားဘဲ နောက်အခိုက်အတန့်တွင် အခြားနေရာများသို့ ဖြတ်သန်းသွားပေသည်။

လုမင် သက်ပြင်းချလိုက်သည်။ ဧကရာဇ်အဆင့် အကျော်အမော်က သူ့ကို အသိအမှတ်ပြုပုံမရပေ။

အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော်တွင် လူများစွာ ရှိသည်။ ထိုလူများကြားတွင် နတ်အရှိန်အဝါစွမ်းရည်ကို အသုံးပြုထားသော လုမင်ကို ဧကရာဇ်အဆင့်အကျော်အမော်လည်း လုံးဝ မမြင်နိုင်တော့ပေ။

ကောင်းကင်တွင် လူရိပ်တစ်ခုက ငြိမ်သက်စွာရပ်နေသည်။ အလုံးစုံဝိညာဉ် ကုန်သွယ်ရေးမြို့တော်မှ လူများစွာက မျှော်ကြည့်ကြသော်လည်း ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ သူ့ပတ်ဝန်းကျင်တွင် သူတို့အမြင်အာရုံကို ပိတ်ဆို့ထားသော တစ်စုံတစ်ခုရှိနေသကဲ့သို့ ဖြစ်သည်။

ထိုအချိန်တွင် ထိုလူက မျက်မှောင်ကြုတ်ကာ သူ၏ဝိညာဉ်အသိကို ပြန်ရုတ်သိမ်းလိုက်သည်။

သူက တစ်ယောက်တည်း ပြောနေသလို ရေရွတ်လိုက်၏။

"သူဒီမှာမရှိဘူးထင်တယ်"

သူက ပြောပြီးသည်နှင့် ပျောက်ကွယ်သွားတော့သည်။ ကြောက်စရာကောင်းသော ဖိအားများလည်း ပျောက်သွားသည်။

ထိုအခါမှ အလုံးစုံဝိညာဉ် အလဲအလှယ်ရှိ လူတိုင်း စိတ်သက်သာရာ ရသွားကြလေသည်။

သိုင်းဧကရာဇ်တစ်ပါးက အလွန်အစွမ်းထက်သည်။

အနိမ့်ဆုံး သိုင်းဧကရာဇ်ပင်လျှင် အလွန်ကြောက်စရာကောင်းနေသေးသည်။ သူတို့၏ သက်တမ်းက အဆုံးမဲ့ဖြစ်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ရှိသည်။ အတွေးတစ်ခုဖြင့် သန်းပေါင်းများစွာသော အသက်များ သေဆုံးပြီး သွေးများက မိုင်ထောင်ပေါင်းများစွာ စီးဆင်းသွားလိမ့်မည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဧကရာဇ်အဆင့် အကျော်အမော်တွေကိုတောင် စေလွှတ်ခဲ့တယ်။ လုမင်က မလွတ်မြောက်နိုင်တော့ဘူး"

"လုမင်က ဖီးနစ်နန်းတော် ဒါမှမဟုတ် နတ်ဆင်ဂိုဏ်းမှာ ပုန်းနေမယ်လို့ ထင်လား"

"သူက ဖီးနစ်နန်းတော် ဒါမှမဟုတ် နတ်ဆင်ဂိုဏ်းမှာ ပုန်းနေရင်တောင် အသုံးမဝင်ပါဘူး။ အဲဒီဂိုဏ်းနှစ်ခုက သူ့ကို အကာအကွယ်မပေးနိုင်ဘူး"

ဧကရာဇ်အဆင့် အကျော်အမော် ထွက်သွားသည်နှင့် တပြိုင်နက် လူအုပ်ကြီးက ပြန်လည် ဆွေးနွေးရန် စတင်လာကြသည်။ သို့သော်လည်း လုမင်ကတော့ စိတ်မဝင်စားတော့ပေ။ ခဏတာ စားသောက်နေပြီးနောက် သူ့အခန်းထဲကို ပြန်ခဲ့သည်။

ထိုအချိန်၊ ဖီးနစ်နန်းတော်အပြင်ဘက်တွင် လူရိပ်များစွာ ဆင်းသက်လာကြသည်။ လူတစ်ခုစီက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ ဧကရာဇ်၏ အရှိန်အဝါ ဖြစ်သည်။ ဧကရာဇ်အဆင့် အကျော်အမော်များစွာက ဖီးနစ်နန်းတော်ပေါ်သို့ တစ်ချိန်တည်း ဆင်းသက်လာခဲ့ပြီ။

"ဧကရာဇ်အဆင့် အကျော်အမော်တွေ"

ဖီးနစ်နန်းတော်ရှိ လူတိုင်းနီးပါး တုန်လှုပ်သွားကြသည်။ လူများ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာပြီး ကောင်းကင်ယံမှ ဧကရာဇ်အဆင့် အကျော်အမော်များကို ကြည့်လိုက်ကြ၏။ သူတို့၏ အမူအရာများကလည်း လေးနက်နေတော့သည်။

"ရှင်တို့အားလုံး ဖီးနစ်နန်းတော်ဆီကို တစ်ချိန်တည်းမှာ ဘာအတွက် ရောက်လာကြတာလဲ"

အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် တော်ဝင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ထွက်လာပြီး ဖီးနစ်နန်းတော်အထက် ကောင်းကင်တွင် ပေါ်လာ၏။

ဤပုဂ္ဂိုလ်ကား ဖီးနစ်နန်းတော်၏ နန်းတော်သခင် ဖြစ်တော့သည်။

"ဖီးနစ်နန်းတော်ရဲ့ နန်းတော်သခင်၊ ကျုပ်တို့က လူတစ်ယောက်အတွက် ရောက်လာခဲ့တာပါ။ ကျေးဇူးပြုပြီး လုမင်ကို အပ်ပါ"

ကောင်းကင်မှ လူတစ်ယောက်က ပြောလိုက်သည်။ သူ့အရှိန်အဝါက အလွန်ထက်ရှ၏။ သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်‌သော လက်နက်ပုံရိပ်များကို မြင်နေရကာ လက်နက်စွမ်းအင်က ကောင်းကင်သို့ ဖြာထွက်နေသည်။

"လုမင်က ဖီးနစ်နန်းတော်မှာ မရှိဘူး"

ဖီးနစ်နန်းတော်၏ နန်းတော်သခင်က ပြောသည်။

"ဒီမှာမရှိဘူးတဲ့လား။ ဖီးနစ်နန်းတော်သခင်၊ လုမင်ကို ကာကွယ်မထားပါနဲ့။ ခင်ဗျား ကာကွယ်ချင်ရင်တောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး"

အခြား လူတစ်ယောက်က ပြော၏။ သူ့အရှိန်အဝါက ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းလှသည်။ ၎င်းက ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧကရာဇ်အဆင့် အကျော်အမော်ပင်။

"လုမင်က ဖီးနစ်နန်းတော်မှာ မရှိဘူးလို့ ပြောပြီးပြီ။ ဖီးနစ်နန်းတော်ရဲ့ နန်းတော်သခင်ဖြစ်တဲ့ ကျွန်မနာမည်ကို အာမခံချက်အနေနဲ့ သုံးနိုင်တယ်"

ဖီးနစ်နန်းတော်သခင်က ပြောလိုက်၏။

ကောင်းကင်ယံမှ အကျော်အမော်များစွာတို့ မျက်မှောင်ကြုတ်သွားကြသည်။

ဖီးနစ်နန်းတော်သခင်က ထိုကဲ့သို့ပြောသောကြောင့် လုမင်သည် ဤအနီးနားတွင် မရှိနိုင်တော့ပေ။

"ဖီးနစ်နန်းတော်ရဲ့တပည့် ဟွမ်လင်က ကျုပ်တို့ရဲ့ ပါရမီရှင်တွေကို လုမင် သတ်နိုင်အောင်လို့ ကူညီပေးခဲ့တယ်။ ဒီအပြစ်က ခွင့်လွှတ်လို့မရနိုင်ဘူး။ ဟွမ်လင်ကို လွှဲအပ်ပါ"

ဝမ်မျိုးနွယ်၏ သိုင်းဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။

"ရယ်စရာကောင်းလိုက်တာ"

ဖီးနစ်နန်းတော်သခင်၏ အသံက အေးစက်သွားသည်။

"ဟွမ်လင်က အဓိက အင်အားစုလေးခုရဲ့ လူတွေကို မသတ်ခဲ့ဘူးပဲ။ အဲဒါက သူနဲ့ ဘာဆိုင်လို့လဲ"

"ဟုတ်ပါတယ်၊ သူ မသတ်ခဲ့ဘူး။ ဒါပေမဲ့ သူက အဓိက အင်အားစုကြီးလေးခုက လူတွေကို သတ်ဖို့ ကူညီပေးခဲ့တယ်။ မဟုတ်ရင် လုမင် တစ်ယောက်တည်းက ဘယ်လိုလုပ်နိုင်မှာလဲ။ ဒီအတွက် သူ ပြန်ပြီးပေးဆပ်ရမယ်၊ သူ့ကို အင်အားစုကြီးလေးခုရဲ့ လူတွေနဲ့အတူ မြှုပ်နှံရမယ်"

ဝမ်မျိုးနွယ်မှ ဧကရာဇ်ကြီးက ထပ်ပြောပြန်သည်။ သူ့အသံက လူသတ်ချင်စိတ်တို့ ပြည့်နှက်နေသည်။

"တော်စမ်း၊ ဒီကိစ္စကို ကျွန်မ စုံစမ်းပြီးသွားပြီ။ ဟွမ်လင် လှုပ်ရှားရတဲ့ အကြောင်းရင်းက အင်အားစုကြီးလေးခုရဲ့ အကြီးအကဲတွေက သူ့ကို အရင်တိုက်ခိုက်တဲ့အတွက်ပဲ။ ဒါကြောင့် သူ့ကိုယ်သူ ကာကွယ်ဖို့ လုပ်ခဲ့ရတာ။ ဒီကိစ္စကို အလုံးစုံဝိညာဉ်အလဲအလှယ်က လူတိုင်း မြင်ဖူးကြမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သူက မလှုပ်ရှားဘဲနဲ့ သူ့ကို အသာတကြည် သတ်ခွင့်ပြုနေရမှာလား"

ဖီးနစ်နန်းတော်သခင်က ပြောလိုက်၏။

"ဖီးနစ်နန်းတော်သခင်၊ ခင်ဗျား သူ့ကို မလွှဲအပ်ဘူးလား"

ဝမ်မျိုးနွယ်မှ သိုင်းဧကရာဇ်က အေးစက်စက် ပြောသည်။

"မဖြစ်နိုင်ဘူး၊ ဒီအတွက် ဖီးနစ်နန်းတော်နဲ့ စစ်ဖြစ်ချင်ရင် ကျွန်မ ‌ဝမ်းမြောက်ဝမ်းသာနဲ့ အဖော်ပြုပေးမယ်"

ဖီးနစ်နန်းတော်သခင်၏ လေသံက အလွန်လွှမ်းမိုးထား၏။

ကောင်းကင်ယံမှ သိုင်းဧကရာဇ်တချို့က မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်က အကြီးအကဲများမှ ဦးစွာတိုက်ခိုက်ခဲ့တာ အမှန်ပင်။ သို့ရာတွင်၊ ဟွမ်လင်နှင့် အခြားလူများကလည်း ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း ဖီးနစ်နန်းတော်၏ နန်းတော်သခင်က ဟွမ်လင်သည် သူ့ကိုယ်သူ ကာကွယ်ရုံဟုသာ ပြောခဲ့သည်။

ထို့ပြင် ဟွမ်လင်က အင်အားစုကြီးလေးခု၏ လူများကို မသတ်ခဲ့ပေ။ ယင်းကြောင့် ဖီးနစ်နန်းတော်နှင့် စစ်ပွဲစတင်ခဲ့မည်ဆိုလျှင် အခြားအင်အားစုများက ဝင်ရောက်စွက်ဖက်နိုင်မည် ဖြစ်သည်။

အကြောင်းမူ၊ ဖီးနစ်နန်းတော်က အခြားအင်အားစုကြီးများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့်ပင်။

သို့ရာတွင်၊ ဖီးနစ်နန်းတော်က လုမင်ကို ကာကွယ်ထားဆဲဖြစ်လျှင်တော့ အရေးယူရန် အကြောင်းပြချက်ရှိမည်ဖြစ်သည်။ တခြားအင်အားစုများကလည်း ဝင်စွက်ဖက်၍ မရနိုင်ပေ။

လုမင်ကလည်း ဤအခြေအနေကို ကြိုတွက်မိသောကြောင့် ဖီးနစ်နန်းတော်ကို မလာရောက်ခဲ့ခြင်း ဖြစ်သည်။

"ဟွမ်လင် ဘယ်မှာလဲ၊ သူ့ကို အပြင်ထွက်ခိုင်းလိုက်ပါ။ လုမင်အကြောင်း သူ့ကို မေးချင်တယ်"

ဝမ်မျိုးနွယ်မှ သိုင်းဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။

"ကျွန်မဒီမှာရှိတယ်"

အသံတစ်ခုနှင့်အတူ ဟွမ်လင်က ကောင်းကင်သို့ ပျံတက်လာခဲ့သည်။

"ဝမ်"

ဝမ်မျိုးနွယ်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧကရာဇ်များက ဟွမ်လင်ကို ကြည့်လိုက်ကြ၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဟွမ်လင်အပေါ်သို့ ကျဆင်းလာသည်။ သူမ၏ အမူအရာက ပြောင်းလဲသွားပြီး သွေးအန်လုနီးဖြစ်ကာ ချက်ချင်း နောက်ဆုတ်သွားရတော့သည်။

ဖီးနစ်နန်းတော်၏ နန်းတော်သခင်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ စွမ်းအင်တစ်ခုက ဟွမ်လင်ပေါ်သို့ ကျရောက်သွားကာ ထိုဖိအားများမှ ကာကွယ်လိုက်ပေသည်။

"ပြောပါ။ လုမင် ဘယ်မှာလဲ"

ဝမ်မျိုးနွယ်၏ ဧကရာဇ်က မေးလိုက်သည်။

"ကျွန်မ မသိဘူး"

ဟွမ်လင်က ခေါင်းယမ်းလိုက်သည်။

"မင်း ငါတို့ကို လိမ်ဝံ့သလား"

ဝမ်မျိုးနွယ်၏ ဧကရာဇ်က အော်ဟစ်လိုက်၏။ သူ့အသံက ကောင်းကင်နှင့် မြေပြင်ကြားတွင် ကျယ်လောင်စွာ မြည်ဟီးသွားသည်။

ဟွမ်လင်၏ မျက်နှာက ဖြူဖျော့သွားလေသည်။ သို့ရာတွင်၊ သူမက ခေါင်းမာစွာဖြင့် ခေါင်းခါနေဆဲ ဖြစ်သည်။

"မသိဘူး၊ လုမင်နဲ့ ကျွန်မက အလုံးစုံဝိညာဉ်အလဲအလှယ်ကနေ ထွက်လာပြီးကတည်းက လမ်းခွဲလိုက်ပြီ။ လုမင်ရဲ့ ဉာဏ်ပညာနဲ့ ဖီးနစ်နန်းတော်ကို လာဖို့က အသုံးမဝင်ဘူးဆိုတာ သဘာဝအတိုင်း သိတယ်။ ဒါကြောင့် သူတစ်ယောက်တည်း ထွက်သွားခဲ့ပြီ"

"ငါ မင်းကို မယုံဘူး။ မင်းရဲ့ ဝိညာဉ်ကို ငါ ရှာမယ်"

ဝမ်မျိုးနွယ်၏ ဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး ဟွမ်လငခကို ဖမ်းဆုပ်လိုက်၏။

သူ့လက်က ကမ္ဘာကြီးတစ်ခုကဲ့သို့ဖြစ်ပြီး ၎င်းကို ရှောင်ရန် နည်းလမ်းမရှိပေ။

"တော်လောက်ပြီ"

ဖီးနစ်နန်းတော်၏ နန်းတော်သခင်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဖီးနစ်တစ်ကောင် ပျံထွက်သွားပြီး ဧရာမလက်ကြီးကို ဖျက်ဆီးပစ်လိုက်တော့သည်။

"ဧကရာဇ်တစ်ပါးဖြစ်ပြီး မျိုးဆက်သစ်တပည့်တစ်ဦးကို တိုက်ခိုက်တာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။ ရှင်က တိုက်ခိုက်ချင်ရင် အဖော်ပြုပေးမယ်"

ဖီးနစ်နန်းတော်၏ နန်းတော်သခင်က ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ဖီးနစ်နန်းတော်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအချို့ ထွက်လာတော့သည်။

ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ကောင်းကင်ငှက်နန်းတော်တို့၏ ဧကရာဇ်များက မျက်မှောင်ကြုတ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"ခင်ဗျား အမှန်အတိုင်းပြောတာဖြစ်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် ကျုပ်တို့ ဖီးနစ်နန်းတော်ကို တိုက်ခိုက်ရလိမ့်မယ်"

ဝမ်မျိုးနွယ်၏ ဧကရာဇ်က ပြောလိုက်သည်။ ထို့နောက် ပြန်လှည့်ပြီး ကောင်းကင်တွင် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် အခြားသော သိုင်းဧကရာဇ်များလည်း ပျောက်ကွယ်သွားခဲ့သည်။

"ပြန်ဝင်ကြမယ်"

ဖီးနစ်နန်းတော်၏ နန်းတော်သခင်က လေးနက်သော အမူအရာဖြင့် ဟွမ်လင်ကို ပြန်ခေါ်သွားတော့သည်။

ထို့နောက် နတ်ဆင်ဂိုဏ်းမှာလည်း တူညီသောအခြေအနေမျိုး ဖြစ်ခဲ့သည်။

သို့ရာတွင်၊ နတ်ဆင်ဂိုဏ်းက ပို၍ပင် လွှမ်းမိုးထားသည်။ လုံချန်၏ ဆရာသခင်သည် အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်၏။ သူက လက်သီးတစ်ချက်ဖြင့် ဧကရာဇ်တစ်ပါးကို နောက်ဆုတ်စေခဲ့သည်။ အင်အားစုကြီးလေးခုမှ အကျော်အမော်များလည်း ဆုတ်ခွာရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ထို့ပြင် လုမင်က နတ်ဆင်ဂိုဏ်းတွင် မရှိသောကြောင့် တိုက်ခိုက်ရန် ခက်သည်။

သို့သော်လည်း အင်အားစုကြီးလေးခုက လက်မလျှော့ဘဲ ရှေးဟောင်းလမြင့်မြတ်နယ်မြေတွင် ရှာဖွေရန် အစွမ်းထက် အကျော်အမော်များကို ထပ်မံစေလွှတ်ခဲ့ပေသည်။ သို့ပေသော်ငြား၊ အားလုံးက မအောင်မြင်ဘဲ ပြန်လာခဲ့ကြရသည်။

All Chapters