← Chapters

အခန်း ၁၇၉၅

Vol. 120 Ch. 1795

အခန်း ၁၇၉၅

Vol. 120 Ch. 1795

အပိုင်း ( 1795 ) တာ့ယန်ဆေးခန်းမ ပေါ်ပေါက်လာခြင်း။

အချိန်များ ကုန်လွန်လာပြီး နောက်တစ်လကြာသွားသည်။

ဤလအတွင်း၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေသည် ကမောက်ကမ ဖြစ်နေ၏။ အင်အားစုကြီးလေးခုမှ ကျွမ်းကျင်သူများက နေရာတိုင်းကို ရှာဖွေခဲ့သော်လည်း လုမင်သည် လေထုထဲတွင် ပျောက်ကွယ်သွားပုံရသည်။ အင်အားစုကြီးလေးခုက မည်မျှပင် ရှာဖွေနေပါစေ၊ အစအန ရှာမရတော့ပေ။

တစ်လအကြာတွင် အင်အားစုကြီးလေးခုက နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ ဤကဲ့သို့ ဆက်လက်ရှာဖွေခြင်းက အသုံးမဝင်ကြောင်း သူတို့သိသွားပုံရလေသည်။

တစ်ဖက်တွင်၊ လုမင်က အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော်မှာ အေးအေးလူလူ နေခဲ့သည်။ အားလပ်ချိန်တွင်၊ အပြင်သို့ထွက်ပြီး လိုအပ်သောအရာများ ဝယ်ယူလေ့ရှိ၏။ သူက ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေခဲ့လေသည်။

'ငါက အခုထိ မဟာသူတော်စင်နယ်ပယ်ကို မဖြတ်နိုင်သေးဘူး။ ဒါပေမဲ့ မကြာခင် ဖြတ်ကျော်နိုင်သင့်တယ်။ တောက်ပသော သူတော်စင်နယ်ပယ်ရဲ့ ကန့်သတ်ချက်ကို ရောက်တော့မယ်လို့ ခံစားရတယ်။ အချိန်တန်ရင် သဘာဝအတိုင်း ဖြတ်ကျော်နိုင်လိမ့်မယ်'

လုမင်က လမ်းတစ်ဝိုက်တွင် လျှောက်လှမ်းရင်း ဝိညာဉ်ဆေးများနှင့် နဂါးအရိုးအချို့ကို ဝယ်ယူခဲ့၏။

ဤအတောအတွင်း၌ သူတော်စင် နဂါးအရိုးများနှင့် နဂါးသွေးအချို့ကို ဝယ်ယူခဲ့သည်။ သို့ရာတွင်၊ ၎င်းတို့ကို သန့်စင်ပြီးသည့်တိုင် သူ၏ ဝိညာဉ်ခန္ဓာက မတိုးတက်ခဲ့ပါ။

အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ကိုယ်ခန္ဓာမှ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲရန် ခက်ခဲလွန်းလှသည်။

အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာသည် အမြင့်ဆုံးအဆင့် ဝိညာဉ်ခန္ဓာ ဖြစ်၏။

လုမင်လည်း ပစ္စည်းတချို့ကို ဝယ်ယူပြီးနောက် လေ့ကျင့်ရန် အခန်းသို့ ပြန်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လ ကုန်ဆုံးသွားပြီ။

တောင်နှင့်မြစ် ပန်းချီကားအတွင်းရှိ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင်၊ လုမင် တင်ပျဉ်ခွေထိုင်နေသည်။ ထိုအချိန်တွင် ခန္ဓာကိုယ်မှ နဂါးဟောက်သံများ ထွက်ပေါ်လာပြီး သူတော်စင်စွမ်းအားက ကောင်းကင်သို့ အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွား၏။

သူ၏ ဒန်တျန်တွင်၊ သူတော်စင် နှလုံးသားနှစ်ခုက လျင်မြန်စွာ လည်ပတ်နေကာ အဆုံးမဲ့ သူတော်စင် စွမ်းအင်များ ထွက်ပေါ်လာတော့သည်။

"ဝုန်း"

လုမင်၏ အရှိန်အဝါက ရုတ်တရက် မြင့်တက်လာခဲ့သည်။

မဟာသူတော်စင်နယ်ပယ်သို့ သူ ဖြတ်ကျော်သွားပြီ။

ထိုအချိန်တွင် လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့်မြင့်ကျောက်ကြမ်းများ ပေါ်လာသည်။

"ဝါးမျို"

လုမင်က ဝါးမျိုခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်သဘ်။ သူက ကျောက်ကြမ်းများ၏ စွမ်းအင်ကို အငမ်းမရဝါးမျိုပြီး သန့်စင်စေ၏။

လုမင်၏ ခန္ဓာကိုယ်က တွင်းနက်တစ်ခုကဲ့ဖြစ်ပြီး အဆုံးမဲ့ ‌မူလစွမ်းအင်များကို စုပ်ယူနေသည်။ ၎င်းက သူ့ခန္ဓာကိုယ်ထဲတွင် သူတော်စင် စွမ်းအားအဖြစ်သို့ ပြောင်းလဲသွား၏။ သူတော်စင် စွမ်းအားက ပိုမို အားကောင်းလာသလို သူတော်စင် နှလုံးသား နှစ်ခုကလည်း ပိုမို တောက်ပလာတော့သည်။ ၎င်းတို့ထံမှ ထုတ်လွှတ်လိုက်သည့် ရောင်ဝါများလည်း ပိုအားကောင်းလာခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက်၊ လုမင်က မူလစွမ်းအင် စုပ်ယူခြင်းကို ရပ်လိုက်သည်။ ထို့နောက် သူ့အရှိန်အဝါက တည်ငြိမ်လာ၏။

"နောက်ဆုံးတော့ ငါ မဟာသူတော်စင်နယ်ပယ်ကို ဖြတ်သွားပြီ"

လုမင်က မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

မဟာသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် သူ၏ခွန်အားက တဟုန်ထိုး တက်လာသည်။ အကယ်၍ ယခုအချိန်တွင် ဝမ်ဖျင်ယန်းနှင့် ရှထို့တို့ကို တိုက်ခိုက်မည်ဆိုပါက၊ တစ်ချက်တည်းဖြင့် ၎င်းတို့ကို သတ်နိုင်လိမ့်မည်။ ထို့ပြင် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုရန်ပင် မလိုပေ။

'အခု ငါလည်း မဟာသူတော်စင်နယ်ပယ်ကို ဖြတ်ပြီးသွားပြီမို့ အပြင်ထွက်ပြီး အခြေအနေကို ကြည့်သင့်တယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

နယ်ပယ်သစ်တစ်ခုသို့ ဖြတ်ကျော်နိုင်ရန် မျက်စိစုံမှိတ်ပြီး တိတ်တဆိတ်လေ့ကျင့်နေ၍ မဖြစ်ပေ။ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ရန် အတွေ့အကြုံများ ရှာဖွေရန်လိုသည်။

လုမင်က တောင်နှင့်မြစ်မျဉ်းမှ ထွက်ခွာပြီး အပြင်သို့ ထွက်ခဲ့လေသည်။

သို့သော်၊ လုမင် ထွက်လာသည့်အခိုက်တွင် တစ်စုံတစ်ခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်။ လူများစွာက အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော်မှ ထွက်ခွာသွား၏။

ပုံမှန်အားဖြင့် အလုံးစုံဝိညာဉ်ကုန်သွယ်ရေးမြို့တော်သို့ နေ့စဉ်ဝင်သူ အများအပြားရှိသော်လည်း ယခုအခါမှာတော့ အပြင်သို့ ပျံသန်းသွားနေတာကိုသာ တွေ့ရသည်။

"ဦးလေး၊ ဒီမှာဘာတွေဖြစ်နေတာလဲဗျ"

လုမင်က အသက်ငါးဆယ်ကျော်ခန့်ရှိ မျက်နှာဝါဝါဖြင့် အမျိုးသားတစ်ဦးထံ ချဉ်းကပ်ကာ ရိုးသားသောအပြုံးဖြင့် မေးလိုက်သည်။

"ညီလေး၊ မင်းမသိသေးဘူးလား။ တာ့ယန်ဆေးခန်းမ ပေါ်လာပြီလေ"

မျက်နှာဝါဖြင့်လူက ပြောသည်။

"တာ့ယန်ဆေးခန်းမလား"

လုမင် စိတ်ရှုပ်ထွေးသွား၏။

"မင်း တကယ်မသိဘူးလား"

မျက်နှာဝါဖြင့်လူက အံ့ဩသွားပုံရသည်။

"ဦးလေး၊ ကျွန်တော် ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို ရောက်တာ မကြာသေးပါဘူး။ ဒါကြောင့် တာ့ယန်ဆေးခန်းမအကြောင်းကို မကြားခဲ့ရဘူး။ ကျွန်တော်ကို နည်းနည်းလောက် ရှင်းပြနိုင်မလား"

လုမင်က ခေါင်းကုပ်ပြီး ရယ်ကျဲကျဲဖြင့် ပြောလိုက်လေသည်။

"ဪ၊ ရပါတယ်။ ငါနဲ့လိုက်ခဲ့၊ သွားရင်းလာရင်း စကားပြောကြမယ်"

မျက်နှာဝါဖြင့်လူက ပြောလိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ဦးက ကောင်းကင်သို့ ပျံတက်ကာ လူအုပ်ကြီးနောက်သို့ လိုက်ပါပျံသန်းသွားကြသည်။ လမ်းတွင် မျက်နှာဝါဖြင့်လူက ရှင်းပြလေသည်။

ရှေးခေတ်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင်၊ ယွမ်တောင်တစ်ခုလုံး ဖိန့်ဖိန့်တုန်အောင် ကျော်ကြားသော ဂိုဏ်းတစ်ခု ရှိခဲ့သည်။

ဤဂိုဏ်းက တာ့ယန်ဆေးခန်းပင်။

တာ့ယန်ဆေးခန်းမက ၎င်းတို့၏ ခွန်အားကြောင့်မဟုတ်ဘဲ ဆေးဝါးပညာ ကျွမ်းကျင်မှုများကြောင့် ကျော်ကြားခဲ့သည်။

ဒဏ္ဍာရီအရ၊ တာ့ယန်ဆေးခန်းမတွင် လူမများသော်လည်း ၎င်းတို့၏ ဆေးပညာက ကမ္ဘာ့ထိပ်တန်းအဆင့် ဖြစ်သည်။

တာ့ယန်ဆေးခန်းမ၏ တာ့ယန်ဆေးကျမ်းနှင့် တာ့ယန်ဆေးမီးဖိုကို ပေါင်းလိုက်ပါက ဆေးအမျိုးအစားအားလုံးကို သန့်စင်ပေးနိုင်သည် ။

ဥပမာအားဖြင့် ၎င်းက ကမ္ဘာ့နိယာမများကို တိုက်ရိုက် ပေါင်းစည်းနိုင်ပြီး နိယာမ ထိန်းချုပ်မှုအား ပိုမိုကောင်းမွန်စေမည့် ဆေးများကို သန့်စင်ပေးနိုင်သည်။ ဝိညာဉ်ရေးခန္ဓာကို တိုးတက်ပြောင်းလဲစေနိုင်သည့် ဆေးများကိုလည်း သန့်စင်ပေးနိုင်စွမ်း ရှိ၏။

ဤဆေးပညာမျိုးက မယုံနိုင်စရာဟု ဆိုနိုင်သည်။

သို့သော် ရှေးခေတ်က တာ့ယန်ဆေးခန်းမသည် တစ်ရက်အတွင်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

တာ့ယန်ဆေးခန်းမ၏ တောင်တံခါးများပင် ပျောက်ကွယ်သွား၏။

မရေမတွက်နိုင်သော အင်အားစုကြီးများနှင့် အကျော်အမော်များက ရှေးဟောင်းလ မြင့်မြတ်နယ်မြေတစ်ခုလုံးကို မြေလှန်လုနီးပါး ဖြစ်နေသော်လည်း တာ့ယန်ဆေးခန်းမကို ရှာမတွေ့ခဲ့ပေ။

နောက်ပိုင်းမျိုးဆက်များက တာ့ယန်ဆေးခန်းမ နေ့ချင်းညချင်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားရခြင်းနှင့်ပတ်သက်၍ အမျိုးမျိုး မှန်းဆခဲ့ကြသည်။

ထိပ်တန်းကျွမ်းကျင်သူတစ်ဦးက တာ့ယန်ဆေးခန်းမ၏အမွေကို မက်မောပြီး တာ့ယန်ဆေးခန်းမကို ဖျက်ဆီးကာ တာ့ယန်ဆေးကျမ်းနှင့် တာ့ယန်ဆေးမီးဖိုကို သိမ်းပိုက်ခဲ့သည်ဟု အချို့ကပြောကြသည်။

သို့သော်လည်း လူအများက ဤစကားကို မယုံကြပေ။

တာ့ယန်ဆေးခန်းမကို တပည့်တစ်ဦးထံတွင် အပ်နှံထားတတ်‌သော်လည်း မျိုးဆက်တိုင်းက ကမ္ဘာပေါ်တွင် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ မျိုးဆက်တစ်ခုစီက ကြီးပြင်းလာသောအခါ သူတို့၏ ခွန်အားသည်လည်း အလွန်ကြောက်စရာကောင်းလိမ့်မည်။ တာ့ယန်ဆေးခန်းမကို ဖျက်စီးရန်က မလွယ်ပေ။

တချို့ကလည်း တာ့ယန်ဆေးခန်းမတွင် လူနည်းလွန်းသဖြင့် နောက်ဆုံးတွင် အမွေအနှစ်များ ဆုံးရှုံးသွားကာ အလိုအလျောက် ဆိတ်သုဉ်းသွားသည်ဟု ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ တိကျရောရာသောအဖြေမျိုး မရှိခဲ့ပေ။

သို့သော်လည်း မကြာသေးမီက တာ့ယန်ဆေးခန်းမ၏ နေရာဟောင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သောကြောင့် တာ့ယန်ဆေးခန်းမ ပြန်ပေါ်လာတော့မည်ကို သံသယဖြစ်ခဲ့သည်။ ယင်းကြောင့် မရေမတွက်နိုင်သောလူများက ၎င်းတို့၏ကံစမ်းရန် ထိုနေရာသို့ သွားခဲ့ကြပေသည်။

ရှေးမှတ်တမ်းများအရ ပါရမီရှင်များ အများအပြား ပေါ်ထွက်လာသည့် ခေတ်ကြီး ရှေးဟောင်း အမွေအနှစ် အမျိုးမျိုးတို့က တစ်မျိုးပြီး တစ်မျိုး ပေါ်ထွန်းလာကာ ဆက်ခံသူများကို ရှာဖွေတတ်ကြသည်။

ယခုအချိန်က ကြီးကျယ်သော ပြိုင်ဆိုင်မှုခေတ်ဖြစ်သောကြောင့် တာ့ယန်ဆေးခန်းမ ပေါ်လာသည်မှာ ပုံမှန်ပင်။

လုမင်လည်း တိတ်တဆိတ် အံ့ဩသွားခဲ့သည်။ တာ့ယန်ဆေးခန်းမက ဆေးများကိုသန့်စင်ရန်အတွက် ကောင်းကင်နှင့်မြေပြင်၏ နိယာမများကိုတိုက်ရိုက်ပေါင်းစပ်နိုင်သည်။ ၎င်းက ဝိညာဉ်ခန္ဓာကို ဆင့်ပြောင်းလဲစေနိုင်သည့် ဆေးများကိုပင် သန့်စင်နိုင်စွမ်း ရှိ၏။ ဤဆေးပညာက ကောင်းကင်ကိုပင် အံတုနိုင်သည်။

အင်အားစုကြီးတစ်ခုကသာ ရရှိခဲ့လျှင် ပါရမီရှင်များ မည်မျှမွေးထုတ်နိုင်မည်နည်း။

လုမင်လည်း မျက်နှာဝါလူကြီးနှင့်အတူ လူအုပ်နောက်သို့ လိုက်သွားသည်။ မကြာမီ၊ သူတို့ရှေ့မှ ကွက်လပ်မှာ လူများ ပြည့်နေတာကို တွေ့လိုက်ရသည်။

သူတို့က တာ့ယန်ဆေးခန်းမ၏ နေရာဟောင်းသို့ ရောက်လာခဲ့ကြပြီ။

သူတို့နှစ်ဦးက လူအုပ်ထဲသို့ ပြေးဝင်လိုက်သောအခါ အားလုံးက တစ်နေရာကို စောင့်မျှော်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ နှစ်ယောက်က ရှေ့ကို လှမ်းကြည့်လိုက်သောအခါ သူတို့ရှေ့တွင် တောင်ကုန်းလေးတစ်ခုကို တွေ့လိုက်ရ၏။ ထိုတောင်ကုန်းငယ်လေးက ဆေးမီးဖိုတစ်ခုကဲ့ဖြစ်ပြီး အလွန်ရိုးရှင်းပုံရသည်။

'ဒါက တာ့ယန်ဆေးခန်းမရဲ့ နေရာဟောင်းလား။ ဒါက အရမ်းရိုးစင်းပြီး ထူးခြားတာလည်း မရှိပါဘူး။ ဘာကြောင့် လူတွေကို ဒီလောက် ဆွဲဆောင်နိုင်ရတာလဲ'

လုမင် အံ့ဩ‌နေမိသည်။

"ထပ်လာပြန်ပြီဟေ့"

ထိုအချိန်မှာ တစ်ယောက်ယောက်က ပြောလိုက်သည်။

"ဝမ်"

တောင်ကုန်းလေးက တုန်လှုပ်နေပုံရသည်။ ထို့နောက် အစိမ်းရောင်အလင်းတစ်ခု ဖြာထွက်လာ၏။ အလင်းတန်းနှင့်အတူ မွှေးရနံ့တစ်ခု ပါလာသည်။ ဆေးဝါး၏ မွှေးရနံ့ ဖြစ်တော့သည်။

'ဘယ်လောက် မွှေးကြိုင်တဲ့ ဆေးရနံ့လဲ'

လုမင်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ဆေးရနံ့က သူ့နှာခေါင်းထဲသို့ စိမ့်ဝင်သွားပြီးနောက် လန်းဆန်းမှုနှင့် သက်တောင့်သက်သာရှိမှုကို ခံစားရလေသည်။

ပို၍ အံ့ဩစရာကောင်းတာက တောင်ကုန်းမှ ဆေးရနံ့နှင့် အလင်းတန်း ထွက်လာပြီးနောက်၊ တောင်ကုန်းက တဖြည်းဖြည်း ပိုကြီးလာခြင်း ဖြစ်သည်။

ဟုတ်သည်၊ တောင်ကုန်းက အမှန်တကယ် ပိုကြီးလာ၏။ လုမင်က လုံးဝ အမြင်မမှားပေ။

"တောင်ကုန်းက ပိုကြီးလာပြန်ပြီဟေ့။ အလင်းတန်းတွေထွက်ပေါ်လာတိုင်း တောင်ကုန်းက ပိုကြီးလာတယ်။ တာ့ယန်ဆေးခန်းမက တကယ်ပေါ်လာတော့မှာလား"

"ဖြစ်နိုင်ချေ များတယ်၊ ဒါပေမဲ့ လုံး၀ မပေါ်သေးဘူးလေ။ ကျုပ်တို့ စောင့်ရဦးမယ်"

လူတချို့က ဆွေးနွေးပြောဆိုလိုက်ကြသည်။ လုမင်လည်း အကြောင်းရာများကို ပို၍ သိလာရလေသည်။

All Chapters