← Chapters

အခန်း ၁၇၉၇

Vol. 120 Ch. 1797

အခန်း ၁၇၉၇

Vol. 120 Ch. 1797

အပိုင်း ( 1797 ) ဆေးမီးဖိုတောင်ပေါ်သို့။

"ဝှစ်... ဝှစ်"

ထို့နောက်တွင် ဧကရာဇ်အဆင့် အကျော်အမော်ခုနစ်ဦး ထွက်ပေါ်လာပြီး တောင်ပေါ်သို့ ပြေးသွားသည်။

"ဝမ်"

ဆေးမီးဖိုတောင်က ဆက်လက်တုန်ခါသွားပြီး အလင်းတန်းများ ဆက်တိုက် ပေါက်ကွဲထွက်လာသည်။

ဧကရာဇ်အဆင့် အကျော်အမော်များကလည်း လှုပ်ရှားလိုက်၏။ ထိုနေရာတွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေတော့သည်။

"ဆုတ်... ဆုတ်ကြ"

ဧကရာဇ်အဆင့်အောက်မှ လူတိုင်း ဆုတ်ခွာသွားကြသည်။

ဧကရာဇ်အဆင့် အကျော်အမော်များ၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ အနည်းငယ်မျှ ပါဝင်ပတ်သက်မိလျှင်ပင် ပြာကျသွားလိမ့်မည်။

မိုးနှင့်မြေက တုန်ခါသွားပြီး ဆေးမီးဖိုတောင်မှ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လာခဲ့သည်။ တောင်ကို အလင်းစက်ဝိုင်းများဖြင့် ဖုံးအုပ်ထား၏။ ၎င်းက ဆေးစွမ်းအင်အလင်းဖြစ်သော်လည်း ကြောက်စရာကောင်းသော စွမ်းအားမျိုးဖြင့် ပေါက်ကွဲသွားနိုင်သည်။ ယင်းက အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်ပေသည်။

ထို့အပြင် တုန်ခါမှုက ပို၍ပြင်းထန်လာခဲ့သည်။ ဆေးမီးဖိုတောင်က အချိန်မရွေး ပျောက်ကွယ်သွားတော့မည်ကဲ့သို့ ပုံရိပ်ယောင်ဆန်ဆန် ဖြစ်သွား၏။

"ဝှစ်... ဝှစ်"

ဧကရာဇ်အဆင့် အကျော်အမော်များလည်း တောင်အပြင်ဘက်ကို ချက်ချင်း ဆုတ်လာကြတော့သည်။

"ကျုပ်တို့တွေ အင်အားသုံးပြီး ဝင်ရောက်လို့မရဘူး။ မဟုတ်ရင် ဆေးမီးဖိုတောင်က လေဟာနယ်ကိုဖြတ်ပြီး ပျောက်ကွယ်သွားလိမ့်မယ်"

ဧကရာဇ်တစ်ပါးက မျက်မှောင်ကြုတ်သွားသည်။

"ဒါဆိုရင် ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ"

တစ်ယောက်ယောက်က မေးသည်။

"တာ့ယန်ဆေးခန်းမက ဧကရာဇ်အဆင့် အကျော်အမော်တွေကို လက်မခံဘူးထင်တယ်။ ဧကရာဇ်အဆင့်အောက်က သူတွေကိုသာ စေလွှတ်နိုင်မဲ့ပုံရတယ်"

ဧကရာဇ်တစ်ပါးက ပြောလိုက်၏။ ကျန်သူများလည်း ခဏငြိမ်သက်ကာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

ဧကရာဇ်အဆင့် အကျော်အမော်များက လုံးဝ မဝင်ရောက်နိုင်ပါ။ သူတို့အားလုံးက အင်အားသုံးခဲ့မည်ဆိုလျှင် ဆေးမီးဖိုတောင်က ပျောက်ကွယ်သွားနိုင်သည်။ ဤသို့ဆိုလျှင် သူတို့က ဘာမျှ ရရှိနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ဧကရာဇ်အဆင့်အောက် သူများကိုသာ ကြိုးစားရန် စေလွှတ်နိုင်သည်။

ထို့နောက်တွင်၊ ဤဧကရာဇ်အဆင့် အကျော်အမော်များက ဧကရာဇ်အဆင့်အောက်မှ သူများကို စေလွှတ်လာကြသည်။

ပထမပိုင်းတွင် ဧကရာဇ်တစ်ပိုင်းများကို စေလွှတ်သည်။ သို့သော်လည်း ခြွင်းချက်မရှိဘဲ အားလုံး ဖယ်ထုတ်ခံရ၏။ သို့သော်လည်း အလင်းစက်ဝိုင်း၏ အင်အားက များစွာ အားနည်းခဲ့ပေသည်။ ၎င်းက ဧကရာဇ်တစ်ပိုင်းများကို ဖယ်ရှားရန်သာ အင်အားရှိခဲ့သည်။ အလွန်ဆုံးက ဒဏ်ရာရရှိရုံသာ ဖြစ်လိမ့်မည်။ ထိုစွမ်းအားက ဧကရာဇ်အဆင့် အကျော်အမော်များကို ကိုင်တွယ်သည်ထက် များစွာ အားနည်းသည်။

မဟုတ်လျှင်၊ ဧကရာဇ်တစ်ပိုင်း အကျော်အမော်အားလုံး ချက်ခြင်း သတ်ခံရလိမ့်မည်။

ထို့နောက်တွင် ၎င်းတို့က အန္တိမသူတော်စင်များကို စေလွှတ်ခဲ့သော်လည်း ဖယ်ထုတ်ခံရဆဲ ဖြစ်သည်။

ဧကရာဇ်အဆင့် အကျော်အမော်များက အလွန်စိတ်ရှည်ကြပေသည်။ သူတို့က ဖြည်းဖြည်းချင်း စမ်းသပ်ခဲ့ပြီး နောက်ဆုံးတွင် ရလဒ်ထွက်လာသည်။

အသက်ငါးဆယ်အောက်မှ လူငယ်များသာ ဝင်ရောက်နိုင်သည်။ ထိုအခြေအနေတွင် အလင်းစက်ဝိုင်းက အားအနည်းဆုံးဖြစ်ပြီး လူငယ်တချို့က ချောမွေ့စွာ ဝင်ရောက်နိုင်ပေသည်။

ချက်ချင်းဆိုသလိုပင်၊ အဓိကအင်အားစုများက မျိုးဆက်သစ်လူငယ်များကို စတင် စေလွှတ်ခဲ့ကြသည်။

မကြာမီ၊ ပါရမီရှင် လူငယ်အားလုံး ဤနေရာကို ရောက်လာခဲ့သည်။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အင်အားစုကြီးများမှ လူများသာမကဘဲ၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေ အပြင်ဘက်ရှိ သာမန် ဧကရာဇ်အဆင့်အင်အားစုမှ ပါရမီရှင်များပင် ရောက်ခဲ့ကြ၏။ လူ‌အရေအတွက်က အလွန်များပြားသည်။

လုမင်က လူငယ်အချို့နှင့် ရောနှောနေသောကြောင့် သူ့ကို မည်သူမျှ သတိမပြုမိခဲ့ပေ။

'မင်းတို့တွေ ဝင်သွားကြ။ အချိန်တန်ရင် နတ်ဆင်ဂိုဏ်းနဲ့ ဖီးနစ်နန်းတော်ရဲ့ ပါရမီရှင်တွေကို အခွင့်အရေးရှာပြီး သတ်ပါ။ အထူးသဖြင့် ဟွမ်လင်နဲ့ လုံချန်ကို ပစ်မှတ်ထားရမယ်'

ဝမ်မျိုးနွယ်၏ ဧကရာဇ်အဆင့် အကျော်အမော်၏ဘေးတွင် ဝမ်မျိုးနွယ်၏ လူငယ်တချို့ ရှိနေသည်။ ဤအခိုက်တွင်၊ ဝမ်မျိုးနွယ် ဧကရာဇ်ကြီးက ထိုလူငယ်များအား အသံပို့လွှတ်ပြီး ပြောလိုက်၏။ သူ့အသံက အလွန်အေးစက်သည်။

"ကောင်းပါပြီ"

ဝမ်မျိုးနွယ်၏ လူငယ်များက ခေါင်းညိတ်လိုက်ကြသည်။

'မင်းတို့ စိတ်မပူနဲ့။ ငါက ကောင်းကင်ဝံပုလွေမျှော်စင်၊ ကောင်းကင်ငှက်နန်းတော်နဲ့ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းကိုလည်း ဆက်သွယ်ပြီးပြီ။ လုမင်နဲ့ လက်တွဲပြီး ငါ့ဝမ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေကို သတ်ဝံ့သူတိုင်း သေရမယ်'

ဝမ်မျိုးနွယ်မှ ဧကရာဇ်အဆင့် အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။

ဝမ်မျိုးနွယ်ဝင် ပါရမီရှင်များ၏ မျက်လုံးများက အေးစက်စက် အလင်းရောင်များဖြင့် လင်းလက်သွား၏။

"သွားကြတော့"

ဝမ်မျိုးနွယ်၏ ဧကရာဇ်အဆင့် အကျော်အမော်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဝှစ်... ဝှစ်"

ဝမ်မျိုးနွယ်၏ ပါရမီရှင်များလည်း ဆေးမီးဖိုတောင်ပေါ်သို့ ပျံသန်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် အခြားဂိုဏ်းများ၏ ပါရမီရှင်များကလည်း တောင်ပေါ်သို့ ပြေးသွားကြသည်။ လုမင်ကလည်း သာမာန်ဧကရာဇ်အဆင့် အင်အားစုများမှနှင့် ရောနှောပြီး တောင်ပေါ်သို့ ပြေးသွား၏။

လူငယ် ပါရမီရှင်များစွာက တောင်ပေါ်သို့ ပြေးတက်သွားကြသည်။ ဆေးမီးဖိုတောင်ကလည်း တောက်ပသော အလင်းအလွှာများကို ထုတ်လွှတ်လာတော့သည်။

သို့ရာတွင်၊ ဤအလင်းအလွှာများက အလွန်အားနည်းသည်။

လုမင်က ဤအလင်းအလွှာများ၏ စွမ်းအားကို ခုခံရာတွင် သူ့ခန္ဓာကိုယ် အနည်းငယ် ထုံကျင်သွားသည်ကိုသာ ခံစားလိုက်ရသည်။ သူက ပေါ့ပေါ့ပါးပါးရှိပြီး ဘာမျှ မခံစားရပေ။

သို့သော်လည်း လူတိုင်းက သူကဲ့သို့ ပေါ့ပေါ့ပါးပါး မနေခဲ့ကြပါ။ အားနည်းသော ပါရမီရှင်တချို့၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့၏ ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ခါသွားပြီး တောင်ပေါ်မှ ဆုတ်သွားရ၏။

တချို့လူများက အတွင်းကိုပင် မဝင်ရောက်နိုင်ဘဲ ဖယ်ရှားခံရသည်။ မျက်နှာများ မသာမယာဖြစ်နေသော်လည်း အံကြိတ်ပြီး ရှေ့ဆက်နေသည့် လူငယ်တချို့လည်း ရှိသေးသည်။ များမကြာမီပင် သူတို့က ဆေးမီးဖိုတောင်၏ နက်နဲရာသို့ ဝင်ရောက်ပြီး တိမ်များထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။

"တာ့ယန်ဆေးခန်းမရဲ့ အမွေကို ဘယ်သူက ရရှိနိုင်မှာလဲ"

အားလုံးက မျှော်လင့်ချက်တို့ဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြလေသည်။

ဆေးမီးဖိုတောင်က ကျယ်ပြောသော ဧရိယာကို သိမ်းပိုက်ထားသည်။ တောင်ပေါ်သို့ ဝင်လာပြီးနောက် သူတို့ကို အဖြူရောင် မြူခိုးများဖြင့် ဝန်းရံထားခဲ့ကာ သူတို့၏မြင်နိုင်စွမ်းများ ကျဆင်းသွားသည်ကို သိလိုက်ရသည်။ ထို့ပြင် ဆေးမီးဖိုတောင်က သူတို့နှင့် အလွန်ဝေးကွာနေသေးသည်။

လူတိုင်းက လေထဲမှ ပျံသန်းရင်း အကန့်အသတ်မဲ့ မြူခိုးများထဲတွင် ပျောက်ကွယ်သွားကြသည်။

လုမင်လည်း တောင်ပေါ်သို့ ပြေးတက်သွားလေသည်။

သို့သော်လည်း ‌နာရီဝက်ခန့် ပြေးလာပြီးသည့်တိုင် သူတို့က ဆေးမီးဖိုတောင်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ အဝေးမှ လှမ်းကြည့်ရုံသာ တတ်နိုင်ကြ၏။

ထို့ပြင် ဝင်လာသူများက တစ်ယောက်နှင့်တစ်ယောက် အလှမ်းဝေးကွာနေပြီ ဖြစ်သည်။ မျက်စိဖြင့် မြင်နိုင်သမျှ အကွာအဝေးတွင် တစ်ယောက်မမြင်ရပေ။

"အပြင်ကကြည့်ရတာ သိပ်မဝေးပေမဲ့ ဝင်လာပြီးနောက် ဒီလောက်ထိဖြစ်မယ်လို့ မမျှော်လင့်ထားဘူး"

လုမင်လည်း ခပ်တိုးတိုးရေရွတ်ရင်း ရှေ့ကိုဆက်ခဲ့သည်။

"ဟမ်"

မကြာမီ၊ လုမင်က ရုတ်တရက် ခြေလှမ်း ရပ်သွားသည်။ သူ့ရှေ့တွင် ပုံရိပ်တချို့ ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ယင်းက ဝမ်မျိုးနွယ်ဝင်များပင်။

'ဝမ်မျိုးနွယ်က ဒီလူတွေ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူတို့နောက်ကနေ လိုက်ကြည့်ရအောင်'

လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ သူက သူ့အရှိန်အဝါကို ထိန်းချုပ်ပြီး နောက်မှ တိတ်တဆိတ် လိုက်သွား၏။

ဝမ်မျိုးနွယ်၏ ပါရမီရှင်အနည်းငယ်က လမ်းကြောင်းတစ်ခုသို့ သွားနေခြင်း ဖြစ်သည်။ မကြာမီ၊ သူတို့က ချိုင့်ဝှမ်းတစ်ခု၏ အစွန်းကို ရောက်ခဲ့ကြလေသည်။

ထိုအချိန်တွင်၊ နောက်ထပ်လူများ ရောက်လာကြပြီး အနီးနားတွင် ပုန်းခိုကြလိုက်ကြသည်။

'ဒါက ကောင်းကင်ဝံပုလွေမျှော်စင်နဲ့ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းက လူတွေပဲ'

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

သူတို့နောက်တွင် ကောင်းကင်ငှက်နန်းတော်မှ လူများကိုလည်း တွေ့ရ၏။ ဤအင်အားစုလေးခုတို့က အလုံးစုံဝိညာဉ်အလဲအလှယ်ကို ထူထောင်ခဲ့သော အင်အားစုများ ဖြစ်ကြသည်။ သူတို့က ဆက်ဆံရေးကောင်းမွန်ပြီး ရင်းနှီးမှုရှိ၏။ ယခုတော့ ပုန်းလျှိုးကွယ်လျှိုးဖြင့် ဘာလုပ်နေကြသနည်း။

မကြာမီ၊ လုမင် သိသွားသည်။

အရှေ့ဘက်မှ လူတချို့ ပြေးထွက်လာသည်။

'ဟွမ်လင်၊ လုံချန်'

လုမင်၏ မျက်လုံးများ အရောင်လက်သွား၏။

ပြေးထွက်လာသူများတွင် ဟွမ်လင်နှင့် လုံချန်တို့ ပါဝင်ကြသည်။ တခြားသူများကလည်း နတ်ဆင်ဂိုဏ်းနှင့် ဖီးနစ်နန်းတော်၏ တပည့်များဖြစ်ကြောင်း ထင်ရှားသည်။

ဝမ်မျိုးနွယ်နှင့် အခြားသူများက ဟွမ်လင်တို့ကို ကိုင်တွယ်ရန် ဤနေရာတွင် ပုန်းခိုနေကြခြင်းပင်။

'သူတို့က သေချင်နေကြတာပဲ'

လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူက ရုတ်တရက် အော်ဟစ်လိုက်၏။

"သတ်ကြ"

သူ့အသံက ကျယ်လောင်သောကြောင့် ဟွမ်လင်နှင့် လုံချန်တို့၏ အမူအရာပြောင်းလဲကာ ရပ်သွားကြတော့သည်။

"ငါတို့ဝိုင်းထဲကိုတောင် မဝင်လာသေးဘူး၊ ဘယ်ငတုံးက အော်လိုက်တာလဲ"

ဝမ်မျိုးနွယ်၏ လူများ မကျေမနပ် ဖြစ်သွားကြသည်။ တစ်ယောက်က ခပ်တိုးတိုး ကျိန်ဆဲလိုက်၏။

"ဘယ်​သူလဲ"

လုံချန်က လျှပ်စီးလက်နေသကဲ့သို့ မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

"ဝှစ်... ဝှစ်"

ဝမ်မျိုးနွယ်၏ ပါရမီရှင်များလည်း ဟွမ်လင်နှင့် အခြားသူများရှေ့ကို ခုန်ထွက်သွားတော့သည်။

ခြုံခိုတိုက်ခိုက်ခြင်းမှာ အလုပ်မဖြစ်သောကြောင့် တိုက်ရိုက်တိုက်ခိုက်ရန်သာ ရှိသည်။

"ဒါက ဝမ်မျိုးနွယ်ပဲ"

ဟွမ်လင်၏ မျက်နှာက မှုန်ကုပ်သွားသည်။

"ပြီးတော့ ငါတို့"

စကားသံနှင့်အတူ အခြား အင်အားစုသုံးခုမှ လူများ ထွက်လာကြ၏။ ခဏချင်းမှာပင်၊ သူတို့က ဟွမ်လင်နှင့် အခြားသူများကို အလယ်တွင် ဝိုင်းထားလိုက်တော့သည်။

"ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်၊ ကောင်းကင်ငှက်နန်းတော်နဲ့ ခရမ်းရောင်အစွန်းရောက်ဂိုဏ်း... နင်တို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ဟွမ်လင်က အေးစက်စက် မေးလိုက်သည်။

All Chapters