← Chapters

အခန်း ၁၇၉၈

Vol. 120 Ch. 1798

အခန်း ၁၇၉၈

Vol. 120 Ch. 1798

အပိုင်း ( 1798 ) ဒါက လုမင်။

"ငါ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဟွမ်လင်နဲ့ လုံချန်၊ မင်းတို့က ငါတို့အင်အားစုလေးခုရဲ့ ပါရမီရှင်တွေကို လုမင် သတ်နိုင်အောင်လို့ အလုံးစုံဝိညာဉ်အလဲအလှယ်မှာ ကူညီပေးခဲ့တယ်။ ငါတို့က မင်းတို့ကို ဒီအတိုင်းလွှတ်ထားမယ်လို့ မင်းထင်လို့လား။ ဒီအတွက် မင်းတို့အသက်နဲ့ ပေးဆပ်ရမယ်"

ဝမ်မျိုးနွယ်၏ ပါရမီရှင်က လှောင်ပြောင်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်သည် အလွန်အေးစက်၏။

"ဒီကိစ္စအတွက်လား။ ဟမ့်၊ မင်းတို့ရဲ့ ပါရမီရှင်တွေ အများကြီး‌ သေပြီးနေပြီ။ မင်းတို့လည်း သူတို့နောက်ကို မလိုက်သွားနဲ့ဦး"

လုံချန်က အေးစက်စက် ပြောလိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ပို၍ ပြင်းထန်လာသည်။ သူ့ခန္ဓာကိုယ်က ဖောင်းကြွလာပြီး သူ့လက်များကလည်း အဆုံးမဲ့စွမ်းအားများ ပါဝင်နေသလို တုတ်ခိုင်လာတော့သည်။

"မင်းတို့က သေရမဲ့သူတွေပဲ။ အတူတူ တိုက်ခိုက်ကြ"

ဝမ်မျိုးနွယ်၏ ပါရမီရှင်က အော်ဟစ်လိုက်သည်။

သို့သော် ထိုအချိန်တွင်၊ အဝေးမှ လေထုကို ထိုးခွဲလာသံများ ကြားလိုက်ရသည်။ လူရိပ်လေးငါးခုက လျင်မြန်စွာ ပျံသန်းလာနေ၏။ ယင်းက ဝမ်မျိုးနွယ်နှင့် အခြားသူများ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။

နောက်အခိုက်အတန့်တွင်၊ ရွှေရောင်အလင်းများနှင့်အတူ လူရိပ်ငါးခုက ကောင်းကင်ယံမှာ ပေါ်လာတော့သည်။

"ဟားဟားဟား၊ ဒီမှာ တကယ်အသက်ဝင်တာပဲ။ ညီနောင်ဝမ်၊ ငါတို့ကော ပါဝင်လို့ရမလား"

ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်သည်။

"တကယ်တော့ ရွှေကျီးကန်းမျိုးနွယ်က ညီအစ်ကိုတွေပဲ။ ကောင်းတယ်၊ အတူတူလုပ်ကြရအောင်၊ ဟားဟားဟား"

အင်အားစုကြီးလေးခု၏ ပါရမီရှင်များက ဝမ်းသာသွားကြသည်။

တစ်ဖက်တွင် ဟွမ်လင်၊ လုံချန်နှင့် အခြားသူများက ပို၍ မျက်နှာပျက်သွားကြ၏။

"ရွှေကျီးကန်းမျိုးနွယ်က မိတ်ဆွေ... ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးမရှိဘဲ ဘာဖြစ်လို့ ဒီကိစ္စမှာ ဝင်ပါချင်ရတာလဲ"

ဟွမ်လင်က ပြောသည်။

အင်အားစုလေးခုကို ရင်ဆိုင်ရန်ပင် အခက်အခဲရှိနေပြီ။ ရွှေကျီးကန်းမျိုးနွယ်စု၏ ပါရမီရှင်များကို ထပ်ပေါင်းလိုက်ခြင်းဖြင့် သူတို့က ပို၍ပင် အန္တရာယ်ရှိခဲ့သည်။

"ရန်ငြိုးရန်စ မရှိဘူးလား။ ဟာသပဲ၊ မင်းတို့က ငါတို့နဲ့ ပြဿနာမရှိရင်တောင် လုမင်ရဲ့ အပေါင်းအသင်းတွေ ဖြစ်နေတဲ့အတွက် မင်းတို့ကို သတ်ရမယ်"

ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်က အေးစက်စက် ပြောလိုက်သည်။ သူက ရွှေကျီးကန်းမျိုးနွယ်၏ နဝမမြောက်မင်းသား ဖြစ်သည်။ ဖီးနစ်အသိုက်တွင် လုမင်က သူ၏ အမွေးအားလုံးကို ဆွဲနှုတ်လုနီး ဖြစ်ခဲ့၏။ သူက လုမင်ကို အရိုးထဲအထိ မုန်းတီးသည်။

"သူတို့ကို အတူတူ တိုက်ခိုက်ပြီး သတ်လိုက်ကြရအောင်။ ပြီးမှ တာ့ယန်ဆေးခန်းမရဲ့ အမွေကို ရှာကြမယ်"

ဝမ်မျိုးနွယ်၏ ပါရမီရှင်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များ ထွန်းတောက်လာပြီး သူတော်စင်လက်နက်များ ပျံထွက်လာ၏။

သူ၏ ကျင့်ကြံမှုနှင့် ခွန်အားက အလွန်ကြောက်စရာကောင်းသည်။ သူက မဟာသူတော်စင်တစ်ပါးဖြစ်ပြီး ဝမ်ဖျင်ယန်းထက် အားမနည်းပေ။ ၎င်းက ဝမ်မျိုးနွယ်၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထို့ပြင် ကောင်းကင်ဝံပုလွေမျှော်စင်၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနှသ့် ကောင်းကင်ငှက်နန်းတော်တို့၏ မဟာသူတော်စင်အဆင့် ပါရမီရှင်များလည်း ရှိသေးသည်။ စုစုပေါင်း မဟာသူတော်စင်အဆင့် ပါရမီရှင် ငါးဦး ရှိသည်။ ထိုအထဲမှ တစ်ဦးဆိုလျှင် ပိုနက်နဲသော ကျင့်ကြံမှုရှိ၏။

ဤအင်အားက အလွန်ကြောက်စရာကောင်းသည်။ ယင်းက ဟွမ်လင်နှင့် လုံချန်တို့ကိုသတ်ရန် လုံလောက်ပေသည်။

ထို့ပြင်၊ သူတို့က ရွှေကျီးကန်းမျိုးနွယ်၏ အကူအညီကိုလည်း ရရှိထားသည်။

ရွှေကျီးကန်းငါးကောင်တွင် မဟာသူတော်စင်နှစ်ပါး ရှိ၏။ ၎င်းတို့မှာ ရွှေကျီးကန်း ပဉ္စမမင်းသားနှင့် ရွှေကျီးကန်း စတုတ္ထမင်းသားတို့ ဖြစ်ကြသည်။

၎င်းတို့အားလုံးက မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိပြီး တစ်ဦးစီက ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ထက် ပိုသန်မာသော ပြိုင်ဘက်များကို တိုက်ခိုက်နိုင်ပေသည်။ ဆိုရလျှင်၊ သာမန် မဟာသူတော်စင်များက သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

"ထိုးဖောက်ကြ"

ဟွမ်လင်နှင့် လုံချန်က အော်ဟစ်လိုက်သည်။ သူတို့က စုဝေးပြီး အရပ်ဒေသတစ်ခုကို ဦးတည်ပြေးသွားကြ၏။

"မင်းတို့ မလွတ်နိုင်ဘူး၊ သတ်"

အင်အားစုကြီးလေးခုနှင့် ရွှေကျီးကန်းမျိုးနွယ်စု၏ ပါရမီရှင်များက အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက ဟွမ်လင်တို့ထံသို့ စုပြုံကျရောက်လာတော့သည်။

လုံချန်က ဒေါသတကြီး ဟိန်းဟောက်ပြီး သူ၏ အင်အားအပြည့်ကို ထုတ်လွှတ်လိုက်သည်။ သူ့လက်သီးနှစ်ဖက်စလုံးဖြင့် အဆက်မပြတ် ထိုးနှက်လိုက်၏။ တခဏချင်းမှာပင်၊ တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်တော့သည်။

ဟွမ်လင်ကမူ အင်မော်တယ်မီးလျှံနိယာမကို အသုံးပြုခဲ့သည်။ ဖီးနစ်အော်မြည်သံနှင့်အတူ အခြားသူများကို ကာကွယ်ပေးထားသော မီးလျှံများ တောက်လောင်လာ၏။

သို့သော်လည်း ကျွမ်းကျင်သူများစွာ၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ လုံချန်နှင့် ဟွမ်လင် တုန်လှုပ်နေရဆဲပင်။ သူတို့၏ မျက်နှာများက ဖြူဖျော့ပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

"အင်မော်တယ်မီးလျှံနိယာမနဲ့ ခွန်အားနိယာမ... ဘုရင်ခန္ဓာနှစ်ဦးပဲ။ ဒီလိုဆိုရင် ပိုပြီး သတ်သင့်သွားပြီ"

ဝမ်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက်က မနာလိုစွာဖြင့် ပြောလိုက်သည်။

လုံချန်နှင့် ဟွမ်လင်က ဘုရင်ခန္ဓာဟု လူသိများသော ဘုရင်နိယာမများကို နားလည်ထား၏။ အချိန်ကြာလာသည်နှင့်အမျှ၊ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ပို၍ အားကောင်းလာမည် ဖြစ်သည်။ အနာဂတ်တွင်၊ သူတို့က ဝမ်မျိုးနွယ်၏ ပါရမီရှင်အများစုကို ကျော်လွန်သွားလိမ့်မည်။

ဒါကလည်း အင်အားစုကြီးလေးခု၏ ဧကရာဇ်အဆင့် အကျော်အမော်များက လုံချန်နှင့် ဟွမ်လင်တို့ကိုသတ်ရန် အမိန့်ပေးခဲ့ရသော အကြောင်းရင်း ဖြစ်သည်။

ဘုရင်ခန္ဓာများ အပြည့်အဝ ဖွံ့ဖြိုးလာသောအခါ အလွန်ကြောက်စရာကောင်းလိမ့်မည်။ ထိုအချိန်တွင်၊ ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းက အခြားသော အင်အားစုများထက် ပို၍ အင်အားကြီးလာမည် ဖြစ်သည်။

ထို့ကြောင့် ထိုကဲ့သို့သော ပါရမီရှင်များကို အရွယ်မတိုင်ခင် သတ်ပစ်ရပေမည်။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့က တာ့ယန်ဆေးခန်းမတွင် ဖြစ်သည်။ ဤနေရာတွင် သူတို့ သေဆုံးသွားခဲ့လျှင်ပင် မည်သူမျှ မသိနိုင်သလို သူတို့ကိုလည်း မည်သူမျှ အပြစ်တင်နိုင်မည် မဟုတ်ပေ။

"သတ်"

"ဘုရင်ခန္ဓာတွေကို သတ်ကြ"

သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ဟစ်ကြိမ်းမောင်းသံများ ထွက်ပေါ်လာသည်။ ဟွမ်လင်နှင့် အခြားလူများဆီသို့ ပို၍ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ကျရောက်သွား၏။

ထိုအချိန်တွင်၊ ဟွမ်လင်နှင့် အခြားလူများ၏ ခန္ဓာကိုယ်များက ရေကဲ့သို့ လှိုင်းထလာသည်။ ထို့နောက်တွင်၊ ၎င်းတို့က မီတာတစ်ရာအကွာသို့ ရွေ့လျားသွားပြီး တိုက်ခိုက်မှုစက်ကွင်းမှ လွတ်မြောက်သွား၏။

"သတ်"

တစ်ချိန်တည်းမှာပင် ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရပြီး အားနည်းသူတချို့မှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ထို့နောက်မှာတော့ နတ်ဘုရား၏ လက်ချောင်းကဲ့သို့ လက်ချောင်းကြီးတစ်ချောင်းက ဝမ်မျိုးနွယ်၏ ပါရမီရှင်များထံ ထိုးဆင်းလာတော့သည်။

"ဒါက... ဒါက ကစဉ့်ကလျားနိယာ၊ ဒါက လုမင်ပဲ"

ဝမ်မျိုးနွယ်၏ ထိပ်တန်းပါရမီရှင်က ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူက လက်ချောင်းကြီးကို တားဆီးရန် ရည်ရွယ်ရင်း အင်အားအပြည့် ထုတ်ဖော်လိုက်၏။ သူ၏ သူတော်စင်လက်နက်များက ဧရာမ လက်ချောင်းကြီးထံ တိုးဝင်သွားတော့သည်။

သို့သော်လည်း ယခုအခါ လုမင်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း တဟုန်ထိုး တိုးတက်ခဲ့၏။ သာမန် မဟာသူတော်စင်က သူ၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို မည်သို့တားဆီးနိုင်မည်နည်း။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း ဖြတ်ကျော်သွားချိန်တွင် ဝမ်မျိုးနွယ်၏ မဟာသူတော်စင်အဆင့်အောက် ပါရမီရှင်များမှာ အော်ဟစ်ရန်ပင် အချိန်မရခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲပြီး သူတို့၏ ဝိညာဉ်များပင် ပျက်သုဥ်းသွားခဲ့သည်။

ထို့ပြင်၊ မဟာသူတော်စင်နယ်ပယ် ပါရမီရှင်မှာလည်း ကြာရှည်မခံနိုင်ပေ။ လက်မခံနိုင်စွာ အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်လည်း ပေါက်ကွဲသွားခဲ့သည်။

ဝမ်မျိုးနွယ်မှ နောက်ထပ် မဟာသူတော်စင်နယ်ပယ် ပါရမီရှင်တစ်ဦး ကျဆုံးသွားပြီ။

ကောင်းကင်မှ ဝတ်စုံနက်ဝတ် လူငယ်တစ်ဦး ဆင်းသက်လာခဲ့သည်။ သူ၏ အနက်ရောင်ဆံပင်များက တဖျပ်ဖျပ်လှုပ်ရှားနေပြီး သူ့မျက်နှာက အေးစက်နေ၏။ သူ့ပတ်ဝန်းကျင်မှာလည်း သူတော်စင်လက်နက် တစ်ရာကျော်က မျောလွင့်နေသေးသည်။ လုမင် ဖြစ်သည်။

"လုမင်"

ဟွမ်လင်၊ လုံချန်နှင့် အခြားသူများ ဝမ်းသာသွားကြသည်။

တစ်ဖက်လူများ၏ မျက်နှာအမူအရာများမှာတော့ သိသိသာသာ ပြောင်းလဲသွားတော့သည်။

"လုမင်၊ မင်း ပြန်ပေါ်လာပြီး ဝမ်မျိုးနွယ်ရဲ့ ပါရမီရှင်ကို ဘယ်လိုတောင် သတ်ဝံ့သေးတာလဲ။ ဒီတစ်ခါတော့ မင်းမလွတ်နိုင်ဘူး။ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူးမှတ်ပါ"

ကောင်းကင်ဝံပုလွေမျှော်စင်မှ ပါရမီရှင်တစ်ဦးက အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံးကို ငါသတ်လိုက်ရင် ဘယ်သူက သိဦးမှာလဲ"

လုမင်က အေးစက်စက် ပြောသည်။

"ငါတို့အားလုံးကို သတ်ချင်တာလား။ ရယ်စရာပဲ၊ မင်းရဲ့ တိုက်ခိုက်ရေးအင်အားက အားကောင်းပေမဲ့ ငါတို့‌တွေ ပူးပေါင်းလိုက်မယ်ဆိုရင် မင်းကိုသတ်ဖို့ လုံလောက်တယ်"

ခရမ်းရောင်အစွန်းရောက်ဂိုဏ်း၏ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက ပြောလိုက်၏။ သူ၏ ခရမ်းရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူ့အရှိန်အဝါက ကြမ်းတမ်းပြီး အားကောင်းပေသည်။

၎င်း၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်တွင် ရှိသည်။ သူ့တွင် အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားက တုန်လှုပ်ချောက်ချားစရာပင်။

"မှန်တယ်၊ ငါတို့ ပူးပေါင်းမယ်ဆိုရင် သူ့ကို သတ်နိုင်တယ်"

ရွှေကျီးကန်းမျိုးနွယ်မှ လူတစ်ယောက်ကလည်း ရှေ့သို့ ထွက်လာသည်။ ၎င်းက ခရမ်းရောင်အစွန်းရောက်ဂိုဏ်းသား ပါရမီရှင်နှင့်အတူ ရပ်လိုက်၏။ သူတို့၏ အားကောင်းသော အရှိန်အဝါများက လုမင်အပေါ်သို့ ဖိနှိပ်လာတော့သည်။

၎င်းက ရွှေကျီးကန်း စတုတ္ထမင်းသား ဖြစ်သည်။ သူက မဟာသူတော်စင်နယ်ပယ် ပါရမီရှင်တစ်ဦးဖြစ်ပြီး ရွှေကျီးကန်း ပဉ္စမမင်းသားထက် ပို၍သန်မာပေသည်။

"မင်းတို့ ဟွမ်လင်နဲ့ လုံချန်ကို ဟန့်တားထားဖို့ လူအနည်းငယ်ကို လွှတ်လိုက်ပါ။ ကျန်တဲ့သူတွေက ငါနဲ့အတူ လုမင်ကို သတ်မယ်"

ခရမ်းရောင်အစွန်းရောက်ဂိုဏ်း၏ ပါရမီရှင်က ပြောလိုက်သည်။

ထို့နောက်တွင်၊ မဟာသူတော်စင်အဆင့် လူနှစ်ဦးက လုံချန်နှင့် ဟွမ်လင်တို့ရှေ့သို့ ပြေးသွားကာ ဟန့်တားလိုက်ကြ၏။

သူတို့၏ တာဝန်က လုံချန်နှင့် ဟွမ်လင်ကို တားဆီးထားရန်ဖြစ်ပြီး ကျန်လူများက လုမင်ကို သတ်မည် ဖြစ်သည်။ လုမင်ကို သတ်နိုင်သရွေ့ ဟွမ်လင်တို့ကို သတ်ရန် လွယ်လိမ့်မည်။

ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ခရမ်းရောင်ဓားတစ်လက်ကို ဖွဲ့စည်းကာ လုမင်ဆီသို့ ထိုးခုတ်လိုက်သည်။

ရွှေကျီးကန်းက သံရှည်ဆွဲကာ အော်ဟစ်လိုက်သည်။ ကြီးမြတ်သော နေမီးလျှံက ပြင်းထန်စွာ လောင်ကျွမ်းသွား၏။ ရွှေကျီးကန်းက ၎င်း၏အတောင်ပံများကိုဖြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသော နေမီးလျှံဖြင့် လုမင်ဆီသို့ တိုးဝင်လာတော့သည်။

တစ်ချိန်တည်းမှာပင်၊ အခြား မဟာသူတော်စင်နယ်ပယ် ပါရမီရှင်များက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို စတင်ခဲ့ကြသည်။

"လုမင်၊ သတိထား"

ဟွမ်လင်က အော်ပြောလိုက်၏။

လုမင်၏ အမူအရာက တည်ငြိမ်နေသည်။ သူ့လက်ထဲတွင် အန္တိမသူတော်စင်လက်နက်ဓားကို ကိုင်ဆွဲပြီး ရှေ့သို့လျှောက်သွားသည်။

"ဝမ်"

ရုတ်တရက်၊ အဆုံးမဲ့ရွန်းများက ကောင်းကင်တွင် ပေါ်လာ၏။ ၎င်းက ရွှေကျီးကန်း စတုတ္ထမင်းသားနှင့် အခြားသူများကို ဖုံးအုပ်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော တံဆိပ်ခတ်ခြင်းစွမ်းအားကို ဖြစ်ပေါ်လာစေတော့သည်။

"မကောင်းတော့ဘူး၊ အဲဒါက အစီရင်နိယာမရဲ့ တံဆိပ်ခတ်ခြင်းစွမ်းအားပဲ"

"ဘာဖြစ်လို့ သူ့မှာ နိယာနှစ်မျိုး ရှိနေတာလဲ"

ရွှေကျီးကန်း စတုတ္ထမင်းသားက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

All Chapters