← Chapters

အခန်း ၁၈၀၀

Vol. 120 Ch. 1800

အခန်း ၁၈၀၀

Vol. 120 Ch. 1800

အပိုင်း ( 1800 ) ကျောက်တံခါးပေါ်မှ အမှတ်အသား။

လုမင်၊ ဟွမ်လင်၊ လုံချန်နှင့် အခြားသူများက ဆေးမီး‌ဖိုတောင်ဆီသို့ ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။ နောက်ထပ် တစ်နာရီကြာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ဆေးမီးဖိုတောင်သို့ ချဉ်းကပ်ခဲ့၏။

သူတို့က နီးကပ်လာလေလေ၊ ဆေးမီးဖိုတောင်၏ အရှိန်အဝါကို ပို၍ ထင်ရှားစွာ ခံစားရလေပင်။ ၎င်းက မိုးထိအောင် မြင့်မားပြီး အနှိုင်းမဲ့ ကြီးမားသော ဆေးမီးဖိုကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။

ထို့ပြင်၊‌ မွှေးပျံ့သော ဆေးမွှေးရနံ့လည်း ရှိသေးသည်။ ၎င်းက လူတစ်ဦးအား တက်ကြွလန်းဆန်းလာသည်ဟု ခံစားရစေသည်။

"ဝုန်း... ဝုန်း"

သူတို့ရှေ့တွင် ပြင်းထန်သော ပေါက်ကွဲသံများ ထွက်လာသည်။

တောင်ပေါ်တွင် တစ်စုံတစ်ယောက်က တိုက်ခိုက်နေကြောင်း သိသာထင်ရှားသည်။

တောင်ပေါ်တွင် ကျောက်တံခါးကြီးတစ်ခု ရှိသည်။ ဤအခိုက်တွင်၊ ပါရမီရှင် လူငယ်အချို့က ၎င်းကို အဆက်မပြတ် တိုက်ခိုက်နေကြ၏။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးစုံက ကျောက်တံခါးပေါ်သို့ ကျရောက်ခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲသံများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော်၊ ကျောက်တံခါးက လုံး၀ မလှုပ်ရှားပေ။

အတန်ကြာ တိုက်ခိုက်ပြီးနောက် လူငယ်လေးများက အနည်းငယ် ဆုတ်ခွာသွားကာ အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ကြသည်။

"ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူး။ တောင်တစ်ခုလုံး ဖျက်ဆီးလို့လည်း မရဘူးလေ"

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။

ဤနေရာတွင် ထူးချွန်သော လူငယ်ပါရမီရှင်များ အများကြီး ရှိသည်။ သူတို့အားလုံး၏ မျက်နှာများကတော့ ရှုံ့မဲ့နေကြ၏။

သူတို့က တောင်းတံခါးအပြင်ကို ရောက်နေပြီဖြစ်သော်လည်း မဝင်ရောက်နိုင်ပေ။ ဒါကို သူတို့ လက်မခံနိုင်ပါ။

ထိုအချိန်တွင်၊ လုမင်နှင့် အခြားသူများ ရောက်ရှိလာခြင်းက လူအချို့၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

ထိုအထဲတွင်၊ သားသားနားနား ဝတ်ဆင်ထားပြီး အားကောင်းသော အရှိန်အဝါနှင့် လူငယ်တစ်ဦးလည်း ပါဝင်သည်။ သူ့အကြည့်က ဟွမ်လင်၊ လုံချန်နှင့် အခြားသူများပေါ်သို့ လျှပ်စီးလက်သကဲ့သို့ ကျရောက်သွား၏။ သူ့မျက်နှာပေါ်တွင် အံ့ဩမှု အရိပ်အယောင်တို့ ပေါ်လာပြီးနောက် အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာသေးတာလဲ"

"ဘာလဲ၊ ငါတို့က ဒီနေရာကို မရောက်လာနိုင်ဘူးလား"

ဟွမ်လင်က အေးစက်စက်ပြုံးပြီး ပြောလိုက်၏။

လုံချန်က အသံပို့လွှတ်ပြီး လုမင် ရှင်းပြလိုက်သည်။

'အဲဒီကောင်က ဝမ်မျိုးနွယ်ရဲ့ ပါရမီရှင်တစ်ဦးပဲ။ သူက ဝမ်မျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင် ဝမ်ကျန်းရန်လို့ ခေါ်တယ်'

ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြား အင်အားစုများ၏ ပါရမီရှင်အားလုံးက ဟွမ်လင်တို့ကို ခြုံခိုတိုက်ခိုက်ရန် အစီအစဉ် မရှိခဲ့ကြောင်း ထင်ရှားသည်။ သူတို့၏အမြင်တွင်၊ ယခင်လူများက ဟွမ်လင်တို့ကို ဖယ်ရှားရန် လုံလောက်ပေသည်။

ဝမ်ကျန်းရန်က အေးစက်စက်ဖြင့်ကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

'အခြားသူတွေက ဟွမ်လင်နဲ့ လုံချန်တို့ကို မတွေ့ခဲ့ရတာ ဖြစ်နိုင်မလား။ မဟုတ်ရင် သူတို့ရဲ့အင်အားနဲ့ ဟွမ်လင်တို့အားလုံးကို သတ်ပစ်နိုင်တယ်'

"မဟုတ်ပါဘူး၊ မင်းတို့က တော်တော်ကံကောင်းတယ်"

ဝမ်ကျန်းရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဘေးတွင် ကောင်းကင်ဝံပုလွေမျှော်စင်၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနှင့် ကောင်းကင်ငှက်နန်းတော်မှ အခြားပါရမီရှင်များကလည်း ဟွမ်လင်နှင့် အခြားသူများအား အေးစက်စက်ဖြင့် ကြည့်လိုက်ကြ၏။

ဟွမ်လင်နှင့် အခြားသူများက ကံကောင်းထောက်မပြီး သူတို့၏လူများကို မတွေ့ခဲ့ရခြင်းဖြစ်မည်ဟု သူတို့လည်း ထင်ကြသည်။

သို့ရာတွင်၊ ဤနေရာမှာ အင်အားစုကြီး အားလုံး၏ ပါရမီရှင်များ ရှိကြသည်။ သူတို့က အတင်းအကြပ် တိုက်ခိုက်ရန် အဆင်မပြေတော့ပေ။

"ငါ စမ်းကြည့်ပါရစေ"

နောက်လူတစ်ယောက်က ရှေ့ကိုတိုးလာပြီး ကျောက်တံခါးကို တိုက်ခိုက်၍ လူအများ၏အာရုံကို ဆွဲဆောင်သွားသည်။

ထိုလူက မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံမှုရှိ၏။ ၎င်းက ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းအဆင့်မှ တည်ရှိနေသူတစ်ဦး ဖြစ်သည်။ သို့တိုင်၊ သူလည်း ကျောက်တံခါးကို မဖွင့်နိုင်သေးပါ။ အကြိမ်ရေ ဒါဇင်အနည်းငယ်ခန့် တိုက်ခိုက်ပြီးသည့်တိုင် ကျောက်တံခါးက မတုန်လှုပ်သောကြောင့် လက်လျှော့ပြီး ဆုတ်ခွာခဲ့ရသည်။

ထို့နောက်တွင် အခြားကျွမ်းကျင်သူများက ရှေ့သို့ တိုးလာခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

ထိုအထဲတွင် ဝမ်ကျန်းရန်လည်း ပါဝင်သည်။ သူ့ကို ဝမ်မျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင်ဟု ခေါ်ထိုက်ပေသည်။ သူ၏ တိုက်ခိုက်ရေးအင်အားက အလွန်ကြောက်စရာကောင်းပြီး သူ၏ ကျင့်ကြံမှုကလည်း မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သူက ရှေးဟောင်းလမြင့်မြတ်နယ်မြေ တစ်ခုလုံးတွင် များများစားစား မရှိပေ။

သို့သော်လည်း ဝမ်ကျန်းရန်က ကျောက်တံခါးကို မဖွင့်နိုင်ခဲ့ပါ။

နောက်ပိုင်းတွင်၊ ဝမ်ကျန်းရန်နှင့် တူညီသောအဆင့်ရှိ ပါရမီရှင်အချို့ ထပ်မံပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးက အင်အားစု အမျိုးမျိုး၏ အသန်မာဆုံး ပါရမီရှင်များဖြစ်ကြသော်လည်း မအောင်မြင်ဘဲ ပြန်လာခဲ့ကြရသေးသည်။

လူများစွာတို့ စိတ်ဓာတ်ကျသွားကြသည်။ ဧကရာဇ်အဆင့် အကျော်အမော်များက တောင်အပြင်ဘက်တွင် ရှိနေကြပြီး မဝင်လာနိုင်ပေ။ သူတို့ကတော့ ဝင်လာနိုင်သည်။ သို့ရာတွင်၊ ကျောက်တံခါးကို မဖွင့်နိုင်ရှာပေ။

တာ့ယန်ဆေးခန်းမကို သူတို့ မဝင်နိုင်ကြတော့ဘူးလား။

ဒါကို လူအများက လုံးဝ လက်မခံနိုင်ပေ။

'ဟေး၊ နင်တို့ အဲဒါကို မြင်ကြလား။ ကျောက်တံခါးမှာ အမှတ်အသားတစ်ခု ရှိတယ်'

ဟွမ်လင်က လုမင်နှင့် လုံချန်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'ငါမြင်ပါတယ်၊ အဲဒါက ဟွင်းယွမ်ဂိုဏ်းရဲ့ အမွေခံတံဆိပ်ပြားနဲ့ အရမ်းဆင်တူတယ်"

လုမင်နှင့် လုံချန်တို့ နှစ်ယောက်စလုံးက ခေါင်းညိတ်လိုက်၏။

ကျောက်တံခါး၏ အလယ်ဗဟိုတွင် တံဆိပ်တစ်ခု ရှိသည်ကို သူတို့ တွေ့ရသည်။ မူလ ရှေးပဝေသဏီ အမွေအနှစ် တိုကင်နှင့် အတိအကျတူသည်။

ထို့ပြင်၊ အမှတ်အသား၏ အလယ်၌ စကားလုံးများ ရှိ၏။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် စကားလုံးများက မရှင်းလင်းတော့ပေ။

'စမ်းကြည့်ချင်လား'

ဟွမ်လင်က မေးလိုက်သည်။

'ခဏလောက်စောင့်ရအောင်။ အခုချိန်မှာ လူတွေ အများကြီးရှိနေတယ်။ အခုချိန်စမ်းပြီး တံခါးဖွင့်လိုက်ရင် တခြားသူတွေကို အကျိုးဖြစ်စေလိမ့်မယ်'

လုမင်က ပြောသည်။

ဟွမ်လင်နှင့် လုံချန်တို့လည်း ခေါင်းညိတ်လိုက်လေသည်။ အားလုံးက တိတ်တဆိတ်သာ စောင့်နေခဲ့ကြသည်။

သို့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် ဤနေရာတွင် လူများ ပိုများလာသည်။ ထို့ပြင် လျော့ကျသွားသည့် လက္ခဏာ မရှိပေ။

'ငါသူတို့ကို လှည့်စားလိုက်မယ်။ မင်းတို့ အခွင့်အရေးကို အသုံးချပြီး စမ်းကြည့်ပါ'

ထို့နောက်တွင် လုမင်က ဆေးမီးဖိုတောင်ပေါ်သို့ လျှောက်သွားသည်။ ဆေးမီးဖိုတောင်၏ အခြားတစ်ဖက်သို့ ရောက်လာပြီးနောက် တောင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ တောင်က မပေါက်ကွဲသွားသော်လည်း ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ဝင်ပေါက်တစ်ခုရှိတယ်ဟေ့၊ ဝင်ပေါက်တစ်ခုပွင့်သွားပြီ"

လုမင်က အသံဖျက်ပြီး အော်ဟစ်လိုက်သည်။

"ဘာ၊ ဝင်ပေါက်ရှိတာလား။ အဲဒါက အမှန်ပဲလား"

"မှန်သည်ဖြစ်စေ... မမှန်သည်ဖြစ်စေ၊ သွားကြည့်ရအောင်"

လူတိုင်းနီးပါးက လုမင်၏ ဦးတည်ရာသို့ ပြေးထွက်သွား၏။

ထိုအချိန်တွင်၊ လုမင်က သူ့အသွင်ကို တစ်ဖန်ပြန်ပြောင်းကာ ကျောက်တံခါးရှိရာသို့ ပြန်ပြေးလာတော့သည်။

ကျောက်တံခါးကို ပြန်ရောက်ပြီးနောက် ဟွမ်လင်နှင့် လုံချန်တို့၏ မျက်နှာများ မကောင်းကြကြောင်း သူတွေ့လိုက်ရသည်။

'အသုံးမဝင်ဘူး'

လုံချန်က လုမင်ကို ခေါင်းခါပြလိုက်သည်။

'လုံချန်နဲ့ ငါ အခုလေးတင် စမ်းကြည့်ခဲ့ကြတယ်။ ဒါပေမဲ့ ‌ဟွင်းယွမ်တံဆိပ်ပြားကို ထုတ်လိုက်တဲ့အခါ တုံ့ပြန်မှု လုံးဝမရှိဘူး'

ဟွမ်လင်ကလည်း ပြောသည်။

'တုံ့ပြန်မှုမရှိဘူးလား'

လုမင် မျက်မှောင်ကြုတ်လိုက်၏။ သူတို့၏ မှန်းဆချက်က မှားယွင်းနေသလော။

သို့သော်လည်း အမှတ်အသားက ဟွင်းယွမ် အမွေခံတံဆိပ်ပြားနှင့် အလွန်ဆင်တူသည်။ ထို့ကြောင့် တာ့ယန်ဆေးခန်းမ၏ ရှေးဘိုးဘေးက ဟွင်းယွမ်ဂိုဏ်းမှ ထွက်လာသူတစ်ဦး ဖြစ်ဖွယ်ရှိပြီး၊ ဟွင်းယွမ်ဂိုဏ်း၏ အမွေခံများသာ ဝင်နိုင်မည်ဟု သူတို့ ခန့်မှန်းခဲ့ကြလေသည်။ ယခုတော့ ဤပုံစံအရ တိုက်ဆိုင်မှုလား မဝေခွဲတတ်တော့ပေ။

ထိုအချိန်တွင်၊ အခြားလူငယ်များလည်း ပြန်ရောက်လာခဲ့ကြသည်။

"ချီးပဲ၊ ငါတို့ လှည့်စားခံလိုက်ရတာပဲ။ ဘယ်ကောင်က အော်ဟစ်သွားတာလဲ မသိဘူး"

"အဲဒီကောင်ကို ငါသိလို့ကတော့ သတ်ပစ်မယ်ကွနော်"

လူများစွာတို့က လှည့်စားခံရကြောင်း သိရပြီးနောက် ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။

ထို့နောက် လူတချို့က ကျောက်တံခါးကို စတင်လေ့လာခဲ့သော်လည်း ဘာမှမတွေ့ခဲ့ကြပေ။

"လုမင်၊ ဒါက ငါတို့ရဲ့ အမွေခံတံဆိပ်ပြားက လုံလောက်အောင် အဆင့်မမြင့်လို့ ဖြစ်ရမယ်။ နင်ကတော့ ရွှေအဆင့် အမွေဆက်ခံသူလေ၊ အဲဒါက အလုပ်ဖြစ်နိုင်တယ်'

ဟွမ်လင်က လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ထိုဖြစ်နိုင်ခြေကို သူလည်း တွေးခဲ့ဖူးသည်။

'လုမင်၊ ငါ သူတို့ကို လှည့်စားလိုက်မယ်။ မင်း ကြိုးစားကြည့်ပါ'

လုမင်က ပြောလိုက်သည်။ ထို့နောက် တိတ်တဆိတ် ဆုတ်ခွာပြီး အခြားတစ်ဖက်သို့ ပြေးထွက်သွား၏။

မကြာမီ၊ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ဒီမှာ ဝင်ပေါက်ရှိတယ်ဟေ့"

ထို့နောက် နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ချီးပဲ၊ ဒီလှည့်ကွက်ပဲ ထပ်လုပ်ပြန်ပြီ။ ဒီလူယုတ်မာက ငါတို့ကို ထပ်ပြီး လှည့်စားဖို့ ကြိုးစားနေတယ်"

"ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သွားပြီးတော့ ကြည့်ရဦးမှာပဲ"

လူတချို့က ကျိန်ဆဲပြီး ထိုဘက်ကို ပြေးသွားကြသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် လူတချို့က မလှုပ်ရှားကြတော့ပေ။ အထူးသဖြင့်၊ ဝမ်ကျန်းရန်က ချန်ရစ်ခဲ့ပြီး လုမင်တို့ကို သတိထားကာ စောင့်ကြည့်နေခဲ့သည်။ ဤအခိုက်တွင်၊ လုံချန် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါတွင် သူက ပို၍ပင် သံသယဝင်သွားပြီး နောက်တွင် နေရစ်ခဲ့တော့သည်။

လုမင်က မျက်ခုံးပင့်လိုက်သည်။ သို့သော်လည်း သူက စိတ်ထဲမထားတော့ပေ။

ဟွင်းယွမ်ဂိုဏ်း၏ ရွှေအဆင့် အမွေခံအမှတ်အသားက သူ့လက်ထဲတွင် ပေါ်လာသည်။

"ဝမ်"

ရွှေအဆင့် အမွေခံအမှတ်အသားက ပေါ်လာသည်နှင့် တပြိုင်နက် တုန်ခါသားသည်။ ထို့နောက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်တံခါးပေါ်ရှိ အမှတ်အသားနေရာသို့ ကျရောက်သွား၏။

"တကယ်အလုပ်ဖြစ်တယ်"

လုမင်၏ မျက်လုံးများက တောက်ပလာတော့သည်။

"မင်းမှာသော့ရှိတာလား"

ဝမ်ကျန်းရန်က လုမင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ဝမ်"

ကျောက်တံခါးက တုန်ခါသွားပြီး တောက်ပလာသည်။ ထို့နောက် အလင်းတံခါးတစ်ခု ပေါ်လာ၏။

"ပွင့်ပြီး၊ တာ့ယန်ဆေးကျမ်းက ငါ့အတွက်ပဲ"

ဝမ်ကျန်းရန်က အလွန်ဝမ်းသာသွားပြီး အလင်းတံခါးဆီသို့ ပြေးသွားတော့သည်။

All Chapters