အခန်း ၁၈၀၅
Vol. 121 Ch. 1805
အပိုင်း ( 1805 ) လုမင်ကို ဖမ်းဆီးရန် ဧကရာဇ်များ ပူးပေါင်းကြခြင်း။
ဝမ်မျိုးနွယ်၏ ဧကရာဇ်၏ မျက်နှာက မည်းမှောင်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဓားတစ်လက်ကဲ့သို့ လက်ညှိုးထိုးပြလိုက်၏။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက လုမင်ဆီသို့ ဖြတ်သန်းလာတော့သည်။
သို့သော်လည်း နောက်ထပ် အလင်းတန်းတစ်ခု ပြေးထွက်လာပြီး ဤဓားအလင်းကို ချေဖျက်ပစ်လိုက်သည်။
"အစီရင်တစ်ခုနဲ့ ငါ့ကို တားဆီးဖို့ ကြိုးစားနေတာက နုံချာလွန်းတယ်"
ဝမ်မျိုးနွယ်၏ ဧကရာဇ်က အော်လိုက်သည်။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဆေးမီးဖိုတောင် ဧရိယာသို့ ပြေးလိုက်သွား၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က တောက်ပလာပြီး လက်နက်အနည်းငယ် ပေါ်လာတော့သည်။ ဤလက်နက်များ ပေါ်လာချိန်တွင် ကြောက်စရာကောင်းသော လက်နက်စွမ်းအင်က ကောင်းကင်သို့ ပျံတက်သွားသည်။ ကြီးမားသော ရောင်ဝါတစ်ခုက ကောင်းကင်ကို လွှမ်းခြုံထား၏။ လက်နက်တစ်ခုစီက တောက်ပနေပြီး နေကိုပင် ဖုံးလွှမ်းထားတော့သည်။
ဧကရာဇ်လက်နက်များ။
ဤလက်နက်များက ဧကရာဇ်လက်နက်များ ဖြစ်သည်။
ဝမ်မျိုးနွယ်၏ ဧကရာဇ်က လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်ပြီး ဧကရာဇ်လက်နက်များကို တံဆိပ်ခတ်ထားပေသည်။
၎င်းက သူ့လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆွဲထားကာ ခုတ်လိုက်သည်။
"ဝုန်း"
ဓားအလင်းနှင့် ဆေးမီးဖိုတောင်ပေါ်ရှိ အလင်းစက်ဝိုင်းက ပြင်းထန်စွာ တိုက်မိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာတော့သည်။
"သွား"
လုမင်ကို အဆုံးမဲ့ အလင်းစက်ဝိုင်းများက ဖုံးအုပ်ထားပြီး လေထဲတွင်ရပ်နေသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဆေးမီးဖိုတောင်၏ ဧရိယာတစ်ခုလုံး တောက်ပလာခဲ့၏။ အလင်းများက သေမင်း၏ဓား သေမင်း၏ဓါးများအဖြစ် ပြောင်းလဲသွားပုံရပြီး ဝမ်မျိုးနွယ်၏ ဧကရာဇ်ထံ တိုးဝင်လာတော့သည်။
"ဝုန်း... ဝုန်း"
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဝမ်မျိုးနွယ်မှ ဧကရာဇ်ကြီး၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူက လေထဲမှ နောက်ပြန်ဆုတ်သွားရ၏။
ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့ဩသွားကြသည်။
လုမင်က ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ဝံ့၏။ ထို့ပြင်၊ သူက ဧကရာဇ်ကြီးကို နောက်သို့ဆုတ်ရန် ဖိအားပေးနိုင်ခဲ့သည်။ ဒါက မယုံနိုင်စရာပင်။
"ကောင်လေး၊ မင်းက အစီရင်ကို ထိန်းချုပ်နိုင်တာပဲ။ မင်း တကယ်ပဲ တာ့ယန်ဆေးခန်းမရဲ့အမွေကို ရခဲ့ပြီ"
ဝမ်မျိုးနွယ်၏ ဧကရာဇ်က အော်လိုက်သည်။ သူ၏ ဆံပင်ရှည်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေ၏။ သူ၏ အရှိန်အဝါကလည်း တဟုန်ထိုး မြင့်မားလာတော့သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ လုမင်က ဧကရာဇ်တစ်ပါးနှင့် တိုက်ခိုက်နိုင်ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ သူက တာ့ယန်ဆေးခန်းမ၏ အစီရင်ကို ထိန်းချုပ်နိုင်ခဲ့သည်။
သို့ရာတွင်၊ သိုင်းဧကရာဇ်တစ်ပါးကို ရင်ဆိုင်ဝံ့သည့်အတွက်တော့ အံ့ဩရပေသည်။
သာမန်လူများက သိုင်းဧကရာဇ်တစ်ပါး၏ရှေ့တွင် ရိုးရိုး ရပ်နေလျှင်ပင် ကြောက်ရွံ့တုန်လှုပ်နေတတ်သည်။ လုမင်ကဲ့သို့ ဧကရာဇ်တစ်ပါးကို တိုက်ခိုက်ရန်ဝေးစွ၊ အသက်ပင် ပြင်းပြင်းမရှူဝံ့ကြပေ။
ဤမျှအစွမ်းထက်သော အစီရင်ကို ထိန်းချုပ်ထားလျှင်ပင် အသုံးမဝင်ပါ။
လုမင်က သူ၏ ဂုဏ်သတင်းအတိုင်း နေထိုင်ခဲ့သည်။ သူက အမှန်တကယ် ရဲရင့်ပေသည်။
"မင်းမှာ အစီရင်တစ်ခုရှိရင်တောင် ဘာဖြစ်လဲ။ သိုင်းဧကရာဇ်တစ်ပါးရဲ့ရှေ့မှာ အားလုံးက ပုရွက်ဆိတ်တွေပဲဆိုတာ မင်းသိအောင် ငါ ပြပေးမယ်"
ဝမ်မျိုးနွယ်၏ သိုင်းဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူ့အငွေ့အသက်များက ပို၍ ကြောက်စရာကောင်းလာသည်။ သူ့ပတ်ဝန်းကျင်တွင် ကမ္ဘာတစ်ခုပေါ်လာပုံရပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်များက ဧကရာဇ်လက်နက်ထဲသို့ စီးဆင်းသွား၏။
ဧကရာဇ်လက်နက်များက လေထဲတွင် ပျံဝဲနေသည်။ လုမင်အပေါ် ဖိနှိပ်ထားသော လက်နက်စွမ်းအင်များက ပို၍ပင် ကြောက်စရာကောင်းလာတော့သည်။
"သိုင်းဧကရာဇ်ရဲ့ ကမ္ဘာ့စွမ်းအား"
တစ်ယောက်ယောက်က အော်လိုက်သည်။
သိုင်းဧကရာဇ်တစ်ပါးက ကမ္ဘာ့စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် အရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ်နိုင်ပေမည်။
သို့သော်လည်း လုမင်၏ အမူအရာမှာ တည်ငြိမ်နေခဲ့သည်။ တာ့ယန်ဆေးအစီရင်က မည်မျှ အစွမ်းထက်ကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိ၏။
"သတ်"
လုမင်က ဧကရာဇ်တစ်ပါးကိုကြည့်ပြီး 'သတ်'ဟူ စကားလုံးကို ရဲဝံ့စွာ အော်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ဆေးမီးဖိုတောင်မှ အလင်းစက်ဝိုင်းက အံ့မခန်း အမြန်နှုန်းဖြင့် ပြေးထွက်လာ၏။ ၎င်းက လူများစွာ၏ တုံ့ပြန်မှုအရှိန်ထက် များစွာ ကျော်လွန်သွားပြီး ဝမ်မျိုးနွယ်၏ သိုင်းဧကရာဇ်ကို တိုက်ခိုက်လိုက်တော့သည်။
ထိုအလင်းတန်းများက ဧကရာဇ်လက်နက်များကို အဆက်မပြတ် တိုက်ခိုက်ပြီး ပြင်းထန်စွာ ရင်ဆိုင်လိုက်သည်။
ဧကရာဇ်လက်နက်များက ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ ဧကရာဇ်လက်နက်အတွင်းမှ ကမ္ဘာ့စွမ်းအင်က ပြိုကွဲလုနီး ဖြစ်လာပုံရ၏။
"ချိုးဖောက်"
ဝမ်မျိုးနွယ်၏ သိုင်းဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ မိုးနှင့်မြေက တုန်ခါနေပြီး ကမ္ဘာ့စွမ်းအင်များကလည်း အဆက်မပြတ် စီးဆင်းသွား၏။ သို့သော်လည်း အသုံးမဝင်သေးပါ။ ဝမ်မျိုးနွယ်၏ ဧကရာဇ်က ဆုတ်ခွာသွားရသည်။
"ဒုန်း... ဒုန်း"
သူက ခြေတစ်လှမ်းဆုတ်လိုက်တိုင်း ဟင်းလင်းပြင်မှာ အက်ကွဲလုနီး ဖြစ်သွားခဲ့သည်။
ယွမ်လုရှိ ဟင်းလင်းပြင်က အလွန်တည်ငြိမ်သည်။ ၎င်းက ရှမ်းဟွမ်တိုက်ကြီးထက် အဆပေါင်းများစွာ ပိုတည်ငြိမ်မှုရှိ၏။ သို့သော်လည်း သိုင်းဧကရာဇ်များက စွမ်းအားကြီးလွန်းသည်။ သူတို့က ဟင်းလင်းပြင်ကို ထိခိုက်စေနိုင်ဆဲပင်။ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခြင်းက ဟင်းလင်းပြင်ကို အက်ကွဲစေနိုင်သည်။
ယခုအချိန်မှာတော့ ဝမ်မျိုးနွယ်၏ ဧကရာဇ်က မယှဉ်သာဘဲ ဆက်လက်ဆုတ်ခွာသွားရတော့သည်။
"ဒီကောင်က ရဲတင်းလွန်းတယ်။ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းသား ဖြစ်နိုင်တယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းကလူတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ သဘောတရားတွေ မလိုဘူး။ ငါတို့ သူ့ကို ဖြုတ်ချရမယ်။ ညီနောင်ဝမ်၊ ငါမင်းကို ကူညီပေးမယ်"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လူရိပ်တစ်ခုက လင်းယုန်နက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းက အော်မြည်ပြီး လုမင်ထံသို့ ထိုးဆင်းလာတော့သည်။
ထိုလူမှာ ကောင်းကင်ငှက်နန်းတော်မှ သားရဲတစ်ကောင် ဖြစ်သည်။
"ရှက်စရာကောင်းလိုက်တာ။ အငယ်တစ်ယောက်ကို ကိုင်တွယ်ဖို့ သိုင်းဧကရာဇ်နှစ်ပါး လိုအပ်တယ်။ ဒီအတွက် အကြောင်းပြချက်တွေတောင် လျှောက်ပေးနေသေးတယ်။ ငါ သည်းမခံနိုင်တော့ဘူး"
ဟွမ်လင်၏အနားမှ ဧကရာဇ်ကြီးက အော်ပြောလိုက်သည်။ ထို့နောက်တွင်၊ သူက ရှေ့သို့လှမ်းပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဖီးနစ်ငှက်တစ်ကောင်က ပျံထွက်လာပြီး ကောင်းကင်ငှက်နန်းတော်၏ သားရဲဧကရာဇ်ဆီသို့ တိုးဝင်သွားတော့သည်။
"မင်းတို့ ဖီးနစ်နန်းတော်က လုမင်ကို ကာကွယ်ပေးချင်တာလား။ ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းကို အထောက်အပံ့ပြုနေတာနဲ့ အတူတူပဲကွ၊ သတ်"
ကောင်းကင်ငှက်နန်းတော်၏ သားရဲဧကရာဇ်က အော်လိုက်သည်။ သူက ကောင်းကင်ဓားသွားကဲ့သို့ အတောင်ပံများကိုခတ်ပြီး စွမ်းအင်ဖီးနစ်ကို ဖျက်ဆီးပစ်လိုက်၏။ တစ်ချိန်တည်းမှာပင်၊ ဖီးနစ်နန်းတော်၏ ဧကရာဇ်ကို တိုက်ခိုက်လိုက်တော့သည်။
"အပေါက်ပိတ်"
ဖီးနစ်နန်းတော်၏ ဧကရာဇ်က ကျိန်ဆဲလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်၏။ ဖီးနစ်အော်မြည်သံနှင့်အတူ ဖီးနစ်ငှက်များက သားရဲဧကရာဇ်ထံ တိုးဝင်သွားတော့သည်။
"မင်းတို့ ဖီးနစ်နန်းတော်က အတော်အပူရှာချင်နေတာပဲ၊ ဒီကိစ္စကို ငါတို့မှတ်ထားတယ်။ ပြီးတော့ ဒီနေ့မှာ လုမင်ကို သေချာပေါက် ဖြုတ်ချမယ်"
နောက်ထပ် အေးစက်စက် စကားသံနှင့်အတူ လူတစ်ယောက်က ရှေ့သို့တိုးလာသည်။ ခရမ်းရောင်အလင်းများက သူ့ကို လွှမ်းခြုံထား၏။
၎င်းက ခရမ်းရောင်အစွန်းရောက်ဂိုဏ်း၏ သိုင်းဧကရာဇ်ပင်။
"မင်းတို့ တရားလွန်သွားပြီ"
နတ်ဆင်ဂိုဏ်း၏ ဧကရာဇ်ကြီးက ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ခရမ်းရောင်အစွန်းရောက်ဂိုဏ်းမှ ဧကရာဇ်ကြီးရှေ့တွင် ပေါ်လာခဲ့၏။
"မင်းရဲ့ နတ်ဆင်ဂိုဏ်းကလည်း ဝင်စွတ်ဖက်ချင်နေတာလား။ ဒီလိုဆိုမှတော့ ငါကလည်း နတ်ဆင်ဂိုဏ်းရဲ့ အဆုံးစွန်နည်းလမ်းကို ခံစားကြည့်ချင်တယ်"
ခရမ်းရောင်အစွန်းရောင်ဂိုဏ်း၏ ဧကရာဇ်ကြီးက ပြောလိုက်သည်။ ထို့နောက် ကြောက်စရာကောင်းသော စွမ်းအားမျိုးဖြင့် ခရမ်းရောင်အလင်းများက နတ်ဆင်ဂိုဏ်း၏ ဧကရာဇ်ကြီးထံ ကျရောက်လာတော့သည်။
"မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်"
နတ်ဆင်ဂိုဏ်း၏ သိုင်းဧကရာဇ်က ပြောပြီး လက်သီးဖြင့်ထိုးလိုက်သည်။ ဧရာမဆင်ကြီးများက လေထဲတွင် ပေါ်လာ၏။ ဧရာမဆင်ကြီးများက ခရမ်းရောင်အစွန်းရောက်ဂိုဏ်း၏ ဧကရာဇ်ကြီးထံ ပြေးဝင်သွားတော့သည်။
ခဏချင်းမှာပင် ဧကရာဇ်ကြီးများကြားမှ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဧကရာဇ်ကြီးများ၏ တိုက်ပွဲက မိုးနှင့်မြေကို တုန်ခါစေ၏။ အခြားသူများလည်း ထိတ်လန့်တကြားဖြင့် နောက်ကို ဆုတ်သွားကြတော့သည်။
"ဒီနေ့ မင်း ငါတို့ကို တားလို့မရဘူး။ လုမင်ကို ဖြုတ်ပစ်ရမယ်"
နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ဝံပုလွေမျှော်စင်မှ လူတစ်ယောက်က ရှေ့သို့ ထွက်လာသည်။ ၎င်းက တစ်ချက်ဟိန်းဟောက်ပြီး ဧရာမ ဝံပုလွေကြီးအဖြစ် ပြောင်းလဲသွား၏။ သူ့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လုမင်ဆီသို့ ပြေးသွားတော့သည်။
ဤတစ်ကြိမ်တွင်၊ သူ့ကို မည်သူမျှ မတားဆီးကြတော့ပါ။
ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းက ဟွမ်လင်နှင့် လုံချန်တို့ကြောင့် လုမင်နှင့် ရင်းနှီးခဲ့သည်။ ထို့ကြောင့် လုမင်ကို ကူညီခဲ့၏။
သို့သော်လည်း အခြားအင်အားစုများက လုမင်နှင့် ပတ်သက်ဆက်နွယ်မှု မရှိပေ။ သူတို့က လုမင်ကိုကူညီပြီး ကောင်းကင်ဝံပုလွေမျှော်စင်၊ ဝမ်မျိုးနွယ်နှင့် အခြား အင်အားစုများကို စော်ကားမည် မဟုတ်ပေ။
"ရွှေကျီးကန်းမျိုးနွယ်ရဲ့ မင်းသားတွေကို ဘယ်လိုတောင် သတ်ဝံ့တာလဲ။ ဒီနေ့ မင်းသေရမယ်"
ရွှေကျီးကန်းမျိုးနွယ်၏ သားရဲဧကရာဇ်ကလည်း ပြောလိုက်သည်။ သူက ခြေထောက်သုံးချောင်းရှိသော ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ ခန္ဓာကိုယ်ကို တောက်လောင်နေသော နေအလင်းများက ဖုံးလွှမ်းထားသည်။ သူ၏ အတောင်များက ရွှေရောင်ဓားသွားကဲ့သို့ လုမင်ထံ ဦးတည်သွားတော့သည်။
သိုင်းဧကရာဇ်သုံးပါးက လုမင်ကို တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ကြသည်။
ဧကရာဇ်ကြီး သုံးပါးက လုမင်ကို ဖိနှိပ်ရန် လှုပ်ရှားခဲ့၏။ ယနေ့တွင် လုမင်က ဖိနှိပ်ခံရခြင်း၊ သို့မဟုတ် တိုက်ပွဲတွင် သေဆုံးသွားလျှင်ပင် သူ၏အမည်မှာ ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ သမိုင်းတွင် မှတ်တမ်းတင်ခံရတော့မည် ဖြစ်သည်။
သိုင်းဧကရာဇ်သုံးပါးကို ရင်ဆိုင်နေရသော်လည်း လုမင်၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သို့သော် သူ့မျက်လုံးထဲတွင် တောက်လောင်နေသော မီးတောက်တစ်ခု ရှိနေသည်။ ဤသည်မှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ဖြစ်၏။
သူက တာ့ယန်ဆေးအစီရင်ကို ထိန်းချုပ်ပြီး ဆုတ်ခွာသွားသည်။ အလင်းတန်းများက ဧကရာဇ်ကြီးသုံးပါးကို အဆက်မပြတ် တိုက်ခိုက်လိုက်တော့သည်။
"သူ့ကို ဆေးမီးဖိုတောင်ပေါ် ပြန်မဆုတ်စေနဲ့"
ဝမ်မျိုးနွယ်စ ဧကရာဇ်ကြီးက အေးစက်စက် အော်လိုက်သည်။ သူက ဧကရာဇ်လက်နက်ကို ထိန်းချုပ်ပြီး အလင်းတန်းများကို ချေဖျက်လိုက်၏။ ထို့နောက် လုမင်ဆီသို့ ဆက်လက်ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ဝံပုလွေမျှော်စင်၏ သားရဲဧကရာဇ်နှင့် ခြေသုံးချောင်း ရွှေကျီးကန်းတို့က နှစ်ဖက်စလုံးမှ တိုက်ခိုက်ခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက အလင်းစက်ဝိုင်းများကို ဖြတ်ကျော်ကာ လုမင်အနီးသို့ လျင်မြန်စွာ ရောက်ရှိလာ၏။
လုမင်ကလည်း ဆုတ်ခွာနေဆဲ ဖြစ်သည်။ သူ့အရှိန်က ပို၍ လျင်မြန်လာပြီး ဆေးမီးဖိုတောင်သို့ ချဉ်းကပ်လာတော့သည်။