← Chapters

အခန်း ၁၈၀၉

Vol. 121 Ch. 1809

အခန်း ၁၈၀၉

Vol. 121 Ch. 1809

အပိုင်း ( 1809 ) ငါ မသေရင် မင်းတို့အားလုံးကို သတ်မယ်။

တစ်ချိန်တည်းမှာပင် လုမင်က လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။ သူက ဆေးမီးဖိုဆောင်တောင်ပေါ်သို့ ပြန်ဆုတ်သွားရန် ကြိုးစား၏။

အစစ်အမှန်ဧကရာဇ်များသည် အလွန်စွမ်းအားကြီးသည်။ တာ့ယန်ဆေးအစီရင်ဖြင့်ပင် သူက အစစ်အမှန်ဧကရာဇ်များကို မယှဉ်နိုင်သေးပေ။ ဆေးမီးဖိုတောင်ပေါ်သို့ ပြန်ဆုတ်မှသာ ရှင်သန်ရန် အခွင့်အလမ်းရှိသည်။

"ထွက်ဖို့ မစဉ်းစားနဲ့"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း ဆေးမီးတောင်သို့ လှမ်းသွား၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ရွှေရောင်မျှော်စင်ငယ်တစ်ခု ပေါ်လာတော့သည်။ ၎င်းက ခဏချင်းမှာပင် ပေတစ်သိန်းခန့် မြင့်မားလာပြီး လုမင်အပေါ်သို့ ဖိချလိုက်သည်။

"မကောင်းတော့ဘူး"

လုမင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ဤအင်အားက အလွန်ကြီးမား၏။ သူက တာ့ယန်ဆေးအစီရင်ကို ထိန်းချုပ်၍ သူ့ပတ်ဝန်းကျင်တွင် ကာကွယ်ရေးအလွှာများစွာ တည်ဆောက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

"ဒုန်း"

ဧရာမမျှော်စင်က လုမင်ကို ဖိချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လုမင်အား ပြင်းပြင်းထန်ထန် ဖိချလိုက်၏။ တာ့ယန်ဆေးအစီရင်၏ အကာကွယ်များက ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အဆက်မပြတ် ပြိုကျသွားတော့သည်။

လုမင်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။ သူက ခြေလှမ်း ဆယ်လှမ်းကျော် အဆက်မပြတ် ဆုတ်သွားရ၏။ ခြေလှမ်းတိုင်းက မြေပေါ်တွင် တွင်းကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ခြေလှမ်းဆယ်လှမ်းကျော်ပြီးမှ လုမင်သည် သူ့ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်ကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

အကယ်၍၊ တာ့ယန်ဆေးမီးဖိုဖြင့် သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့ပါက ဤတိုက်ခိုက်မှုတွင် ဒဏ်ရာရရုံမျှကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။

'စက်ဆုပ်စရာပဲ၊ အစစ်အမှန်ဧကရာဇ်တွေက အငယ်တစ်ဦးကို တိုက်ခိုက်နေကြတယ်'

ဟွမ်လင်နှင့် လုံချန်တို့က လက်သီးများကို တင်းတင်းဆုပ်ထားသည်။

ယခုအချိန်တွင် သူတို့က ကူညီချင်သော်လည်း ဘာမျှမတတ်နိုင်ပေ။ အစစ်အမှန်ဧကရာဇ်တစ်ပါးက အတွေးတစ်ခုဖြင့် သူတို့ကို သတ်နိုင်သည်။

"တာ့ယန်ဆေးကျမ်းနဲ့ တာ့ယန်ဆေးဖီးဖိုကို လွှဲအပ်ပါ။ ပြီးရင် မင်းရဲ့ ကျင့်ကြံမှုကို ကိုယ်တိုင်ဖျက်ဆီးပြီး ဒူးထောက်တောင်းပန်လိုက်... ဒါဆိုရင် ဖြစ်နိုင်တာကတော့ မင်းကို အမြန်ဆုံးသေခွင့်ပြုမယ်"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ လုမင်ကို ငုံ့ကြည့်နေသည်။

"မစဉ်းစားနဲ့"

လုမင်က ဟိန်းဟောက်လိုက်သည်။

"အရိုးမာတယ်ပေါ့၊ မင်း ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ရအောင်"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က လက်တစ်ဖက်ဖြင့် အောက်သို့ ဖိလိုက်၏။

"ဝုန်း"

မျှော်စင်က တုန်ခါသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများ ထွက်ပေါ်လာတော့သည်။ လုမင်က တာ့ယန်ဆေးအစီရင်နှင့် တာ့ယန်ဆေးမီးဖိုကို အသုံးပြုပြီး ခုခံရန် ကြိုးစားသည်။ သို့ရာတွင် ၎င်းတို့၏ စွမ်းအားအများစုက ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်ကို တားဆီးရန် အသုံးပြုထားရ၏ ကျန်ရှိသောစွမ်းအားက ဝမ်မျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်ကို မတားဆီးနိုင်ပေ။

"ဒုန်း"

တာ့ယန်ဆေးမီးဖိုက တုန်ခါသွားသည်။ လုမင်၏ ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ထိမှန်သွား၏။ သူ့အရိုးများ ကွဲအက်ပြီး သူ့အရေပြားမှ သွေးများ စီးကျလာတော့သည်။

"ဒုန်း.... ဒုန်း..."

လုမင်က သွေးအန်ရင်း နောက်ပြန်ဆုတ်သွားရသည်။ သူ၏ အဝတ်အစားများက သွေးများစွန်းထင်းနေပြီ။

သို့သော်လည်း လုမင်က မတ်မတ်ရပ်နေဆဲ ဖြစ်သည်။ သူ့မျက်လုံးများမှာလည်း မလျှော့သော ဇွဲလုံ့လနှင့် ပြည့်နှက်နေ၏။

"ဒူးထောက်"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ဟိန်းဟောက်လိုက်သည်။

"မစဉ်းစားနဲ့"

လုမင်က အော်ဟစ်လိုက်၏။ သူ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံလာသည်။ ဆေးမီးဖိုတောင်က တောက်ပနေပြီး အလင်းတန်းများဖြင့် ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်ကို ပစ်လွှတ်လိုက်တော့သည်။

"ဝုန်း"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ထပ်မံဖိချလိုက်သောအခါ အလင်းတန်းများ ပြိုကျသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက လုမင်ကို ချောင်းဆိုးရင်း ဆုတ်ခွာသွားစေခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် မျှော်စင်က ဧရိယာတစ်ခုလုံးကို ပိတ်လှောင်ထားသည့် ကြောက်မက်ဖွယ် ဖိအားတစ်ခု ထုတ်လွှတ်လိုက်သည်။ လုမင်က ဆေးမီးဖိုတောင်ပေါ်သို့ မပြေးနိုင်တော့ပေ။

"ဒူးထောက်"

ဝမ်မျိုးနွယ် အစစ်အမှန်ဧကရာဇ်၏ အေးစက်စက်အသံက ထပ်မံ ထွက်ပေါ်လာသည်။ မျှော်စင်က နောက်ထပ် အင်အားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ လုမင်က နောက်တစ်ကြိမ် တွန်းထုတ်ခံလိုက်ရပြန်တော့သည်။ သို့ရာတွင်၊ သူ့ဒဏ်ရာများ ပိုဆိုးလာသည့်တိုင် မတ်တပ်ရပ်နေဆဲ ဖြစ်သည်။

"ငါမသေရင် မင်းတို့အားလုံးကိုသတ်ပစ်မယ်"

လုမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့စကားသံက နေရာအနှံ့ ပျံ့နှံ့သွား၏။

သူ့အသံတွင် မယိမ်းယိုင်သော ယုံကြည်ခြင်းနှင့် ဓါးကဲ့သို့ အေးစက်သော သတ်ပစ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။

သူမသေလျှင် အားလုံးကို သတ်ပစ်မည်။

လူများစွာက တုန်လှုပ်သွားလေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးမှာပင် လုမင်က ရဲဝံ့စွာ အော်ဟစ်နေဆဲ ဖြစ်သည်။

ဤလူမျိုးက တကယ်ကြောက်စရာကောင်းသည်။ သူ မသေလျှင် အနာဂတ်၏ အကျိုးဆက်များက ခန့်မှန်းရခက်လိမ့်မည်။

လူတော်တော်များများက ထိုအတွေးမျိုး ပေါ်လာခဲ့ကြသည်။

ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ခြေသုံးချောင်း ရွှေကျီးကန်းမျိုးနွယ်မှ ဧကရာဇ်များပင်လျှင် ကျောရိုးထဲ အေးစက်သွားမိပေသည်။

"မင်းမှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး"

ဝမ်မျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပနေသည်။

ဤလူငယ်သည် အလွန်ထူးခြား၏။ ယနေ့တွင် ဘာမျှမရှိလျှင်ပင် အနာဂတ်ဖြစ်လာမည့် ဒုက္ခများကို ဖယ်ရှားရန်အတွက် သူ့ကို သတ်ရမည်။

"ဝုန်း"

သူက ရှေ့သို့ နောက်တစ်လှမ်းလှမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာ၏။ ကြောက်စရာကောင်းသော လက်နက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။ သူ၏ လက်နက်များ၏စွမ်းအင်က လေထဲတွင် ပေါင်းစပ်ကာ ဟင်းလင်းပြင် အက်ကြောင်းများ ဖြစ်ပေါ်လာစေခဲ့သည်။

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က လုမင်ကို သတ်ဖြတ်ချင်နေပြီ။

"ဟင်း၊ အစစ်အမှန်ဧကရာဇ် တော်တော်များများက မဟာသူတော်စင်နယ်ပယ် အငယ်တစ်ဦးကို အနိုင်ကျင့်ဖို့ အတူတူ လုပ်ဆောင်နေတယ်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေဟာ တကယ်ကိ အားနည်းပြီး နိမ့်ကျလာတာပဲ"

ထိုအချိန်တွင် သက်ပြင်းတစ်ချက် ထွက်ပေါ်လာသည်။

ထို့နောက် ဆေးမီးဖိုတောင်ပေါ်မှ အဘိုးအိုတစ်ဦး ထွက်လာသည်ကို လူတိုင်းတွေ့လိုက်ရ၏။

သူသည် အလွန်အမင်း အိုမင်းနေပြီဖြစ်ပြီး ဆံပင်များ အားလုံးနီးပါး မရှိတော့ပေ။ သူ့မျက်နှာမှ အရေပြားများကလည်း တွန့်လိပ်နေသည်။

သူ့အငွေ့အသက်ကလည်း အားမကောင်းလှပေ။ ၎င်းက လမ်းလျှောက်တုတ်ကိုကိုင်ကာ လေထဲမှ လျှောက်လာခြင်း ဖြစ်သည်။

"ဦးလေးခုန်း"

လုမင် စိတ်လှုပ်ရှားသွားသည်။ ဤအဘိုးအိုက တာ့ယန်ဆေးခန်းမ၏ အစေခံအိုကြီး တန်းခုန်းပင်။

"မင်းဘယ်သူလဲ"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ဦးလေးခုန်းကို စိုက်ကြည့်လိုက်သည်။ သူက ကျင့်ကြံမှုမရှိသော သာမန်အဘိုးအိုတစ်ဦးကဲ့သို့ဖြစ်ပြီး အသက်ဓာတ်များကလည်း အမှန်တကယ် အားနည်းနေကြောင်း တွေ့လိုက်ရ၏။

သို့သော်လည်း ဤအခြေအနေတွင် ထွက်ပေါ်လာနိုင်သူမှာ သာမန်အဘိုးအိုတစ်ဦးမဟုတ်ကြောင်း ထင်ရှားသည်။

“မြေကြီးထဲကို ဝင်ရတော့မဲ့ အရိုးဟောင်းတစ်ခုပါပဲ။ ငါက မင်းကို ပြောပြရင်တောင် မင်းမသိနိုင်ဘူး”

ဦးလေးခုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မင်းက လုမင်ကို ကူညီချင်တာလား"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က မေးလိုက်၏။

"ဟုတ်ပါတယ်၊ လုမင်က ​​အခုအချိန်မှာ တာ့ယန်ဆေးခန်းမရဲ့ သခင်ဖြစ်တာကြောင့် သူ့ကို သဘာဝအတိုင်း ကာကွယ်ရမယ်"

ဦးလေးခုန်းက ပြောသည်။

"မင်းမှာ ဒီလိုအရည်အချင်းမရှိမှာပဲ ငါကြောက်တယ်" ဝမ်မျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်၏ လူသတ်ချင်စိတ်က ပို၍ ပြင်းထန်လာသည်။

"ဒါဆိုရင် မင်း ကြိုးစားကြည့်ပါ၊ ငါ့အရိုးတွေက မြေကြီးထဲကို ဝင်တော့မှာမို့လို့ ငါသေရင်တောင် ဘာဖြစ်လဲ"

ဦးလေးခုန်းက ပြုံးလိုက်၏။

"မင်းသေချင်မှတော့ ငါမင်းကိုအရင်သတ်မယ်"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က အော်ပြီး သူ့လက်ဝါးကို ရှေ့သို့ ဖိလိုက်သည်။ မျှော်စင်က ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်လိုက်၏။ ၎င်းက လုမင်ကို တိုက်ခိုက်ခဲ့တာထက် ပိုပြင်းထန်သည်။

ယခင်က သူသည် လုမင်ထံမှ တာ့ယန်ဆေးကျမ်းကို အလိုရှိသေးသဖြင့် အင်အားအပြည့် အသုံးမပြုခဲ့ပေ။

"ဦးလေးခုန်း၊ သတိထား"

လုမင်က အော်လိုက်သည်။

ဦးလေးခုန်း၏ အမူအရာကတော့ မပြောင်းလဲပေ။ သို့ရာတွင်၊ သူက လမ်းလျှောက်တုတ်ကို ပစ်လိုက်သည်။

လမ်းလျှောက်တုတ်က လျင်မြန်စွာ ကြီးမားလာပြီး ဧရာမမျှော်စင်ကြီးကို ရိုက်ထုတ်လိုက်၏။

"ဝုန်း"

ဧရာမမျှော်စင်ကြီးက အဆက်မပြတ်တုန်လှုပ်သွားပြီးနောက် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ဖြာထွက်လာတော့သည်။ ဦးလေးခုန်း၏ လမ်းလျှောက်တုတ်ကတော့ ပုံမှန်အရွယ်အစားသို့ လျင်မြန်စွာ ကျုံ့သွားကာ ဦးလေးခုန်း၏လက်ထဲသို့ ပြန်ရောက်သွားသည်။

"စွမ်းအားကြီးလွန်းတယ်"

လူများစွာတို့ တုန်လှုပ်သွားကြသည်။

ဤအဘိုးအိုက ဝမ်မျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့၏။

မီးစာကုန်ဆီးခန်းလုနီးဖြစ်နေသော ဤအဘိုးအိုကလည်း အစစ်အမှန်ဧကရာဇ် ဖြစ်မည်လော။

လုမင်လည်း အံ့သြသွားသည်။ ဦးလေးခုန်း၏ အင်အားက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီ

ဦးလေးခုန်းက သိုင်းဧကရာဇ်မင်းဖြစ်မည်ဟု သူမှန်းဆခဲ့သော်လည်း စစ်မှန်သော ဧကရာဇ်၊ အလယ်အလတ်ဧကရာဇ်ဖြစ်ရန် မမျှော်လင့်ခဲ့ပေ။

"ဒါဆိုရင် မင်းကလည်း အစစ်အမှန်ဧကရာဇ်ပေါ့"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။

"မင်းက အစစ်အမှန်ဧကရာဇ်ဖြစ်ရင်တောင် ဘာအရေးလဲ။ လုမင်ကို မင်းတစ်ယောက်တည်းနဲ့ ကာကွယ်နိုင်မယ်လို့ ထင်နေတာလား။ သူဒီနေ့ သေကိုသေရမယ်"

ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်က ဆေးမီးဖိုကို တွန်းလှပြီး ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်ဘက်သို့‌ ရောက်လာခဲ့သည်။

All Chapters