← Chapters

အခန်း ၁၈၁၀

Vol. 121 Ch. 1810

အခန်း ၁၈၁၀

Vol. 121 Ch. 1810

အပိုင်း ( 1810 ) ဦးလေးခုန်း၏ ခွန်အား။

"ဝမ်"

ရွှေရောင်အလင်းများနှင့်အတူ ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်ကြီးကလည်း ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်၏ဘေးတွင် ပေါ်လာခဲ့သည်။ သူက ကြောက်စရာကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လိုက်၏။

အစစ်အမှန်ဧကရာဇ်သုံးပါးက ပခုံးချင်းယှဉ်ကာ ရပ်လိုက်သည်။

"မင်းတို့တွေလည်း ဒီနေရာကို ရောက်နေပြီဆိုမှတော့ ထွက်လာခဲ့ကြပါ"

ဦးလေးခုန်း၏ အမူအရာက မပြောင်းလဲသေးပေ။ သူ၏ ရီဝေသော မျက်လုံးများက ကောင်းကင် တစ်နေရာကို စိုက်ကြည့်နေပြီး ပြောလိုက်၏။

လူများစွာတို့ တုန်လှုပ်သွားကြသည်။ ကောင်းကင်တွင် ပုန်းအောင်းနေသော အကျော်အမော်များ ရှိနေသေးသလော။

နောက်အခိုက်အတန့်တွင်၊ ဟင်းလင်းပြင်က အက်ကွဲသွားပြီး လူရိပ်နှစ်ခု ထွက်လာခဲ့ကြသည်။

တစ်ဦးကို ခရမ်းရောင်အလင်းများက ဖုံးလွှမ်းထားသည်။ ကျန်တစ်ဦးမှာတော့ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေ၏။

တစ်ခုတည်းသောတူညီချက်မှာ ၎င်းတို့ကို ကမ္ဘာအလင်းရောင်ဖြင့် ဝန်းရံထားခြင်း ဖြစ်သည်။

အစစ်အမှန်ဧကရာဇ်... နောက်ထပ် အစစ်အမှန်ဧကရာဇ်များ ရောက်လာပြီ။

"ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနဲ့ ကောင်းကင်ငှက်နန်းတော်ရဲ့ အစစ်အမှန်ဧကရာဇ်တွေ"

ဧကရာဇ်တစ်ပါးက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ယနေ့တွင် ဝမ်မျိုးနွယ်၊ ‌ကောင်းကင်ဝံပုလွေမျှော်စင်၊ ရွှေကျီးကန်းမျိုးနွယ်၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနှင့် ကောင်းကင်ငှက်နန်းတော်တို့က အစစ်အမှန်ဧကရာဇ်များကို စေလွှတ်ခဲ့၏။

အခြား အင်အားစုကြီးများကလည်း အစစ်အမှန်ဧကရာဇ်များကို စေလွှတ်ကောင်း၊ စေလွှတ်ခဲ့နိုင်သည်။ သို့ရာတွင်၊ သူတို့က မပေါ်လာခဲ့ကြပေ။

"ဟားဟားဟား၊ အစစ်အမှန်ဧကရာဇ်ငါးပါး ရောက်လာတာက မဟာသူတော်စင်နယ်ပယ် အငယ်တစ်ယောက်နဲ့ ဆက်ဆံဖို့ပဲလား။ ကမ္ဘာကြီးက လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား"

ဦးလေးခုန်းက ရယ်မောလိုက်သည်။ သူ့လေသံတွင် လှောင်ပြောင်သရော်ခြင်းများ ပြည့်နေ၏။

"လုမင်က အင်အားစုကြီးငါးခုရဲ့ လူအများအပြားကို သတ်ပစ်ခဲ့တယ်။ ဒါကြောင့် သူ သနားစရာကောင်းအောင် သေရမယ်။ ဒီနေ့ သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူး"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။

"အိုး၊ လုမင်က မင်းတို့ရဲ့ လူတွေအများကြီးကို သတ်ခဲ့တယ်လို့ ပြောတာလား။ ဒီလိုဆိုရင် ငါက သိချင်မိတာကြောင့် မေးခွန်းနည်းနည်းလောက် မေးချင်တယ်"

ဦးလေးခုန်းက ပြောလိုက်သည်။

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်နှင့် အခြားသူများကတော့ ဘာမျှမပြောပေ။ ဤအဘိုးကြီး တစ်ယောက်တည်းက သူတို့ကို တားဆီးနိုင်မည် မဟုတ်ပါ။ လုမင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပါချေ။ ထို့ကြောင့် ဤအဘိုးကြီး ဘာတွေကြံစည်နေသလဲ‌ဆိုတာ သိချင်ကြသည်။

"ပထမအချက်က လုမင်သတ်ခဲ့တဲ့ အင်အားစုကြီးငါးခုရဲ့ လူတွေဟာ သူတော်စင်နယ်ပယ်မှာ ရှိနေသူတွေလား။ သူတို့က လုမင်နဲ့ မျိုးဆက်တူလား... ကိုးနှစ်၊ ဆယ်နှစ်အရွယ် ကလေးတွေလား"

ဦးလေးခုန်း၏ အသံက ဧရိယာအနှံ့ ပဲ့တင်ထပ်သွားသည်။

ဝမ်မျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်နှင့် အခြားသူများက တိတ်ဆိတ်နေ၏။ သူတို့၏ မျက်လုံးများက အရောင်လက်သွားသော်လည်း ဘာမျှမပြောပေ။

"အကြီးအကဲ၊ လုမင် သတ်ခဲ့တဲ့ လူအားလုံးက လုမင်နဲ့ မျိုးဆက်တူတွေပါပဲ။ တကယ်ဆိုရင် အများစုက လုမင်ထက်တောင် အသက်ကြီးကြတယ်"

ဟွမ်လင်က ပြောလိုက်သည်။

"ငါနားလည်ပြီ၊ ကျေးဇူးတင်ပါတယ် မိန်းကလေး"

ဦးလေးခုန်းက ဟွမ်လင်ကို ပြုံးပြီး ထပ်မံမေးလိုက်သည်။

"လုမင်က မျိုးဆက်ဟောင်းတွေဆီက အကူအညီတောင်းခဲ့တာမျိုး ရှိသေးလား"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်နှင့် အခြားသူများက တိတ်ဆိတ်နေသေးသည်။

"အကြီးအကဲ၊ အဲဒီမှာ ကျွန်မကိုယ်တိုင် ရှိပါတယ်။ လုမင်က မျိုးဆက်ဟောင်းတွေကို အကူအညီမတောင်းခဲ့ဘူး"

ဟွမ်လင်က ပြောသည်။

"ကျွန်တော်လည်း သက်သေခံနိုင်တယ်"

လုံချန်ကလည်း ပြောလိုက်၏။

"ကောင်းပြီ၊ တတိယမေးခွန်းက လုမင်ဟာ သူ့အစွမ်းအစနဲ့ အင်အားစုငါးခုရဲ့ လူတွေကို သတ်ခဲ့တာလား"

ဦးလေးခုန်းက မေးသည်။

"ဟုတ်ပါတယ်၊ လုမင်က သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ရင်ဆိုင်ခဲ့ကြတာ"

ဟွမ်လင်က ပြောလေသည်။

“အိမ်း၊ ဒီအဘိုးကြီး သဘောပေါက်ပါပြီ"

ဦးလေးခုန်းက ခေါင်းညိတ်ပြပြီး ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်များနှင့် အဖွဲ့ကို ပြန်ကြည့်လိုက်သည်။

ထိုအချိန်တွင် ဦးလေးခုန်း၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ငိုက်မျဉ်းနေသော နတ်ဘုရားသားရဲ နိုးထလာသကဲ့သို့ အရှိန်အဝါက ကြီးမား၏။ သူ၏ သွေးနှင့်ချီက ဆူပွက်လာပုံရပြီး ကြောက်စရာကောင်းသော အရှိန်အဝါက ကောင်းကင်ကို ထိုးတက်သွားတော့သည်။

ဤအခိုက်တွင်၊ သူ့မျက်လုံးများက ရီဝေခြင်း မရှိတော့ဘဲ နေ၊ လနှင့် ကြယ်များ လှည့်ပတ်နေပုံရသည်။ သူ၏ မျက်လုံးများက အလွန်စူးရှပေသည်။

"မျိုးဆက်တူတွေကြားက တိုက်ခိုက်မှုတွေမှာ အင်အားစုကြီးငါးခုရဲ့ လူတွေက လုမင်ကို မယှဉ်နိုင်လို့ အသတ်ခံခဲ့ရတယ်။ ဒါပေမဲ့ မင်းတို့လို ဧကရာဇ်နဲ့ အစစ်အမှန်ဧကရာဇ်တွေက အရှက်မရှိဘဲ လက်စားချေဖို့ ရောက်လာကြတယ်လား။ ရယ်စရာကောင်းလိုက်တာ"

"ပြီးတော့ မင်း"

ဦးလေးခုန်းက ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်ကို ကြည့်လိုက်သည်။

"မင်းရဲ့ သိုင်းဧကရာဇ်တွေထဲက တစ်ယောက်က လုမင်ကို အရင်သတ်ဖို့ လာခဲ့တာ၊ ဒါကြောင့် လုမင်က ပြန်သတ်တာကို ခံလိုက်ရတာပဲ။ ဒါတောင်မှ မင်းက သူ့အတွက် လက်စားချေချင်သေးတယ်လား။ မင်း အရှက်မရှိဘူးလား"

ဦးလေးခုန်း၏ အသံက နေရာအနှံ့ ပဲ့တင်ထပ်‌နေကာ ပို၍ မာန်ပါလာသည်။

"လုမင်က အစီရင်ကို အားကိုးပြီး ငါ့ကောင်းကင်ဝံပုလွေမျှော်စင်ရဲ့ သိုင်းဧကရာဇ်ကို သတ်ခဲ့တယ်"

ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်က ပြောလိုက်၏။

"အဲဒါက ဘာဖြစ်လဲ။ သူလို ဂုဏ်သိက္ခာရှိတဲ့ သိုင်းဧကရာဇ်က မဟာသူတော်စင်နယ်ပယ်က အငယ်လေးတစ်ဦးနဲ့ တရားမျှတမှုရှိရှိ တိုက်ခိုက်ဖို့ မျှော်လင့်နေတာလား။ မင်းက အရှက်မဲ့ရုံတင်မကဘူး၊ ဉာဏ်နည်းပုံလည်းရတယ်"

ဦးလေးခုန်းက ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်ကိုကြည့်ပြီး အထင်မြင်သေးစွာ ပြောလိုက်သည်။

ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်၏မျက်နှာက မည်းမှောင်သွားသည်။

"အဲဒီတော့ ဘာဖြစ်သလဲ။ စကားအများကြီး ပြောနေတာက အသုံးမဝင်ဘူး၊ ဒီနေ့ရလဒ်ကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ဒီနေ့မှာ လုမင်က သေရမယ်"

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ပြောလိုက်သည်။ သူ့ကို ဧကရာဇ်လက်နက်များက ဝန်းရံထား၏။

မည်သို့ပင်ဆိုစေ၊ ယနေ့တွင် လုမင်ကို သတ်ရမည်။

လုမင်၏ အရည်အချင်းက ကြောက်စရာကောင်းလွန်းသည်။ သူ့ကို တစ်ခါတည်း ဖယ်ရှားပစ်ရမည်။ မဟုတ်ပါက၊ အနာဂတ်တွင် ပျက်စီးခြင်းများက သူတို့ဆီသို့ ရောက်ရှိလာနိုင်သည်။

"ဟုတ်လား"

ဦးလေးခုန်းက ပြုံးလိုက်သည်။

"ဒီအဘိုးကြီးက စကားအများကြီး မပြောတော့ဘူး။ ဒါပေမဲ့ မင်းတို့အားလုံးက ဒီလိုလုပ်နိုင်တဲ့အတွက် ဒီအဘိုးကြီးကလည်း အားနည်းသူကို အနိုင်ကျင့်နိုင်တယ်"

ဦးလေးခုန်းက စကားဆုံးသည်နှင့် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်၏။

"ဝုန်း"

ဤခြေလှမ်းက ကောင်းကင်ကို တုန်ဟီးသွားစေသည်။ ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး နေနှင့်လတို့သည်ပင် တောက်ပမှု ပျောက်ဆုံးသွားတော့သည်။

အဝေးတွင်၊ သိုင်းဧကရာဇ်များစွာက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"ဆုတ်၊ ဆုတ်ကြ"

ဧကရာဇ်ငယ်များက သိုင်းဧကရာဇ်အဆင့်အောက်မှ လူများကိုဦးဆောင်ပြီး ဒရောသောပါး ဆုတ်သွားကြ၏။ သူတို့က အသက်အန္တရာယ်ကို ခံစားရသောကြောင့် ထိုဒေသမှ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်သွားချင်ကြသည်။

"ဒါက..."

ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်တို့၏ အစစ်အမှန်ဧကရာဇ်များလည်း မျက်မှောင်ကြုတ်သွားကြသည်။

"ရွှမ်"

ဦးလေးခုန်း၏ လက်ထဲမှ ဓားအလင်းတစ်ခု ထွက်လာသည်။

ဤဓားအလင်းက ကောင်းကင်ကိုးပါးကို ဖြတ်ပျံနေသော အင်မော်တယ်တစ်ပါးကဲ့သို့ တောက်ပစွာ လင်းလက်နေ၏။ ၎င်းက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်ထံသို့ ဦးတည်သွားတော့သည်။

"လက်နက်တစ်သောင်း..."

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က အော်ဟစ်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ လက်နက်အားလုံးက တောက်ပလာပြီး ကြီးမား၍ ထူးဆန်းသော လက်နက်တစ်ခုအဖြစ် စုစည်းသွား၏။ ၎င်းက ဦးလေးခုန်း ထုတ်လွှတ်လိုက်သော ဓားအလင်းဆီသို့ တည့်တည့် တိုးဝင်သွားတော့သည်။

ကံမကောင်းစွာဖြင့်၊ ဓားအလင်းက ထူးဆန်းသောလက်နက်ကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။ ဓားအလင်းက ထိုမျှနှင့်မရပ်ဘဲ လမ်းကြောင်းအတိုင်း ဆက်သွား၏။

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ဟိန်းဟောက်ပြီး ကမ္ဘာငယ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ၎င်းက အသည်းအသန် နောက်ပြန်ဆုတ်သွားပြီး ကမ္ဘာငယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

ဟုတ်သည်၊ ဓားအလင်းက ပိုလျင်မြန်၏။ လူအများ၏ တုန်လှုပ်နေသော အကြည့်များအောက်တွင်၊ ဖရဲသီးတစ်လုံးကို ဓားထက်ထက်ဖြင့် ထက်ခြမ်းခွဲချလိုက်သည့်အလား ကမ္ဘာငယ်က ထက်ခြမ်းကွဲသွားတော့သည်။

ဓားအလင်းက ထိုမျှနှင့်မရပ်ဘဲ ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်ကို ဆက်လက်ခုတ်ပိုင်းခဲ့သည်။

"မဟုတ်ဘူး"

ဝမ်မျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်၏ မျက်လုံးများက ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သူက ‌သွေးပျက်ချောက်ချားစွာ အော်ဟစ်လိုက်၏။

နောက်အခိုက်တွင် ဓား​အလင်းက​ သူ့နဖူးကို ဖြတ်​သွားသည်​။ ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က နေရာတွင် အေးခဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

သူ၏ အသက်စွမ်းအား အပါအဝင် အရှိန်အဝါများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ကမ္ဘာမှ ပျောက်ကွယ်သွားတော့သည်။

မြင်ကွင်းက သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူတိုင်း၏လည်ချောင်းများကို မမြင်နိုင်သောလက်ကြီးတစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ အသံအနည်းငယ်မျှ မထွက်နိုင်ကြတော့ပေ။

ဝမ်မျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ကွယ်လွန်သွားပြီဖြစ်သည်။

အစစ်အမှန်ဧကရာဇ်တစ်ပါးက ဓားတစ်ချက်ဖြင့် ကျဆုံးသွား၏။ သူ့အလောင်းပင်လျှင် မကျန်ရစ်ခဲ့ပေ။

ဤသည်မှာ အစစ်အမှန်ဧကရာဇ်တစ်ပါး၊ ကမ္ဘာကို နှိမ့်ချနိုင်သော အထွတ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်သည်။ မဟာဧကရာဇ်မှတပါး၊ မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။

သို့သော်လည်း ယခုအချိန်တွင် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

လုမင်၏ မျက်လုံးများမှာလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြူးကျယ်သွားလေသည်။

ဒါက ဦးလေးခုန်း၏ ခွန်အားလား။ ထိုစွမ်းအားက မယုံနိုင်လောက်အောင် အားကောင်းပြီး သူ၏ စိတ်ကူးနိုင်မှုထက် ကျော်လွန်သွားခဲ့သည်။ သူက အစစ်အမှန်ဧကရာဇ်တစ်ပါးကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့ပေသည်။

All Chapters