← Chapters

အခန်း ၁၈၁၁

Vol. 121 Ch. 1811

အခန်း ၁၈၁၁

Vol. 121 Ch. 1811

အပိုင်း ( 1811 ) ဧကရာဇ်ကို ဓားတစ်ချက်ဖြင့် သတ်ခြင်း။

ဤအခိုက်တွင်၊ ဦးလေးခုန်းက အသက်အရွယ် ကြီးရင့်သူတစ်ဦး၏ အရိပ်အယောင်မျှပင် မရှိတော့ပေ။ သူက ပြိုင်ဘက်ကင်းသော ဓားသမားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အစစ်အမှန်ဧကရာဇ်တစ်ပါးက အငယ်လေးတစ်ယောက်ကို အနိုင်ကျင့်ဝံ့မှတော့ ငါကလည်း ဒီလိုပဲ လုပ်ရမယ်။ သေလိုက်တော့"

ဦးလေးခုန်းက ကြိမ်းမောင်းလိုက်သည်။ သူ့မျက်လုံးများက လျှပ်စီးတဖျပ်ဖျပ်လက်နေပုံရ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ မိုးနှင့်မြေက တုန်ခါသွားရသည်။ ထို့နောက်မှာတော့ နောက်ထပ် ဓားအလင်းတစ်ခုက ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်ထံသို့ ကျရောက်လာတော့သည်။

ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်က ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။ သူက စွမ်းအားရှိသမျှ ထုတ်ဖော်ပြီး အသည်းအသန် ဆုတ်သွား၏။ ကံမကောင်းစွာဖြင့် အသုံးမဝင်ပေ။ သူက ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးနောက်သို့လိုက်ကာ ပြာကျသွားရသည်။

နောက်ထပ် အစစ်အမှန်ဧကရာဇ်တစ်ပါး သေပြီ။

"ပြေး၊ ပြေး၊ ပြေး"

ရွှေကျီးကန်းမျိုးနွယ်၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနှင့် ကောင်းကင်ငှက်နန်းတော်တို့မှ ကျန်သော ဧကရာဇ်များလည်း သွေးပျက်ချောက်ချားသွားကြသည်။ သူတို့က တတ်နိုင်သမျှ ဝေးဝေးကိုပြေးရန် အတွေးတစ်ခုသာ ရှိတော့သည်။

လုမင်ကိုလည်း လုံးဝ မသတ်ချင်တော့ပါ။ သူတို့ လိုချင်တာက အသက်ရှင်နေနိုင်ရန် ဖြစ်သည်။

ဦးလေးခုန်းက မျက်ခုံးပင့်ပြီး ‌လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။

"ရွှပ်..."

ဓားအလင်းတစ်ခုက အစစ်အမှန်ဧကရာဇ်သုံးပါး၏ရှေ့မှ ဟင်းလင်းပြင်ကို တိုက်ရိုက် ထိုးခွဲသွား၏။ အစစ်အမှန်ဧကရာဇ်သုံးပါးတို့လည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရပ်တန့်သွားကာ မပြေးဝံ့တော့ပေ။

"ငါမင်းတို့ကိုသတ်ချင်ရင် လွတ်မြောက်နိုင်မယ် ထင်လို့လား"

ဦးလေးခုန်းက အေးစက်စက် ပြောလိုက်သည်။

"အကြီးအကဲ၊ ကျွန်တော်တို့ကို ချမ်းသာပေးပါ"

ရွှေကျီးကန်းမျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်ကြီးက အော်ပြောလိုက်သည်။ ယခုအခါတွင်၊ သူက ယခင်ကကဲ့သို့ မာနမကြီးတော့ဘဲ သေခါနီး ငှက်အိုကြီးကဲ့သို့ ရိုကျိုးနေပြီ။

သူ လုံးဝ ကြောက်ရွံ့တုန်လှုပ်သွားသည်။

ဝမ်မျိုးနွယ်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်၏ အစစ်အမှန်ဧကရာဇ်များကိုပင် ဤအဘိုးအိုက ပေါ့ပေါ့ပါးပါး သတ်ခဲ့၏။ ၎င်းက သူတို့ကိုသတ်ရန် များစွာ အားထုတ်ရမည် မဟုတ်ပေ။

ပတ်ဝန်းကျင်ရှိလူတိုင်း တိတ်ဆိတ်သွားပြီး ဦးလေးခုန်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

ဓားတစ်ချက်ဖြင့် အစစ်အမှန်ဧကရာဇ်ကို သတ်ခြင်း...

ဒါက မည်သို့သော ကျင့်ကြံမှုခွန်အားမျိုး ဖြစ်သနည်း။

မဟာဧကရာဇ် ဖြစ်နေပါသလော။

တာ့ယန်ဆေးခန်းမတွင် မဟာဧကရာဇ်တစ်ပါး ရှိနေပါသလော။

ယွမ်တောင်တစ်ခုလုံးရှိ မဟာဧကရာဇ်ကြီးများ၏ အရေအတွက်ကို လက်နှစ်ဖက်ဖြင့် ရေတွက်နိုင်ကြောင်း သိရှိထားသင့်သည်။ လူမြင်ကွင်းကို ထွက်ပေါ်နေသူက အနည်းငယ်မျှသာ ရှိပေသည်။

သူက မဟာဧကရာဇ်မဟုတ်လျှင်ပင် အစစ်အမှန် ဧကရာဇ်များကြားတွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်ရမည်ဟု လူတိုင်းက တွေးလိုက်မိကြသည်။

အခြား အစစ်အမှန်ဧကရာဇ်နှစ်ပါးလည်း ရပ်တန့်သွားကာ ဦးလေးခုန်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြလေသည်။

သူတို့၏ ကျင့်ကြံမှုဖြင့်ပင် ဦးလေးခုန်း၏ ကျင့်ကြံမှုအဆင့်ကို လုံးဝ မမြင်နိုင်သေးပေ။

"ရွှမ်"

သူ့ဓားကို ရုတ်သိမ်းလိုက်ပြီးနောက်၊ ဦးလေးခုန်းက သူ၏ အရှိန်အဝါများကို ရုတ်သိမ်းကာ သာမန် အဘိုးအိုတစ်ဦးကဲ့သို့ ပြန်ဖြစ်လာခဲ့သည်။

သူ၏ လမ်းလျှောက်တုတ်ကတော့ တကယ်တမ်းတွင် ဓားရှည်တစ်လက် ဖြစ်ပေသည်။

"စိတ်မပူပါနဲ့၊ ငါမင်းတို့ကို မသတ်ဘူး"

ထိုအခါမှ အစစ်အမှန်ဧကရာဇ်သုံးပါးလည်း သက်ပြင်းချလိုက်နိုင်ကြသည်။

"ငါပြောလိုက်မယ်၊ လုမင်က တာ့ယန်ဆေးခန်းမရဲ့ ဆက်ခံသူဖြစ်ပြီး အခု တာ့ယန်ဆေးခန်းမရဲ့ ခန်းမသခင်အသစ်ဖြစ်နေပြီ"

ဦးလေးခုန်းက ပြောလိုက်သည်။

"အကြီးအကဲ စိတ်ချပါ၊ အနာဂတ်မှာ လုမင်ရဲ့ ခေါင်းပေါ်က ဆံပင်တစ်ချောင်းကိုတောင် မထိစေရပါဘူး"

ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ဦးစွာ ပြောလိုက်၏။

ဦးလေးခုန်းက ခေါင်းညိတ်ပြပြီးနောက် လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အနာဂတ်မှာ၊ ဒီအဘိုးအိုက မျိုးဆက်တူတိုက်ပွဲတွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ မင်းတို့ထဲက တစ်ယောက်ယောက်က လုမင်ကိုသတ်ပြီး သူ့ရဲ့ကံကောင်းခြင်းတွေကို သိမ်းပိုက်သွားရင်တောင် ငါက ဝင်စွက်ဖက်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ မင်းတို့ မျိုးဆက်ဟောင်းတချို့က အငယ်လေးကို ကြံစည်နေရင်တော့ ငါ့ကို မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့။ အချိန်တန်ရင် မင်းတို့ရဲ့ အင်အားစုတွေကို ငါ ခရီးထွက်ပြီး ကြွက်သားတွေကို ဖြေလျှော့ရလိမ့်မယ်"

လူများစွာက သူတို့၏ နှလုံးသားထဲတွင် အေးစိမ့်သွားသလို ခံစားခဲ့ရပေသည်။

ဦးလေးခုန်း၏ တိုက်ခိုက်ရေးအင်အားဖြင့် သူ့ကို ကြိုဆိုရမည့် အင်အားစုမှာ ဂြိုလ်ဆိုးဝင်နိုင်သည်။

ဦးလေးခုန်းက အစစ်အမှန်ဧကရာဇ်ကိုပင် ဓားတစ်ချက်ဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိ၏။ ထိပ်သီး အင်အားစုကြီးများတွင် အစစ်အမှန်ဧကရာဇ်က တစ်ပါးထက်မကရှိသော်လည်း ထိုအဖိုးအိုအား ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် အငယ်များကို မဆိုထားဘိ၊ ဧကရာဇ်များပင် ကျဆုံးပေလိမ့်မည်။

ဒါဟာ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ကံမကောင်းစွာဖြင့် အင်အားစုကြီးများမှာ လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိပေ။

ဤသည်မှာ ကြောက်စရာကောင်းသော အကျော်အမော်တစ်ဦး၏ ဟန့်တားနိုင်စွမ်း ဖြစ်သည်။

ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်တို့မှ အကျော်အမော်များက ဖီးနစ်နန်းတေယ်နှင့် နတ်ဆင်ဂိုဏ်းတို့၏ လူငယ်များကို အဘယ်ကြောင့် မလှုပ်ရှားဝံ့သနည်း။ အကြောင်းမှာ၊ ထိုအင်အားစု နှစ်ခုစလုံးတွင် ကြောက်စရာကောင်းသော အကျော်အမော်များရှိခြင်းကြောင့် ဖြစ်သည်။

တစ်ဖက်လူ၏ ပါရမီရှင်များကို သတ်လိုက်ပါက၊ တစ်ဖက်လူများ၏ အကျော်အမော်ကလည်း သူတို့၏ လူငယ် ပါရမီရှင်များကို သတ်နိုင်သည်။ ဤကား ခိုင်ခံ့သော အဟန့်အတားစွမ်းရည်ပင်။

ဝမ်မျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်နှင့် အခြားအင်အားစုများက လုမင်ကိုသတ်ရန် အကျော်အမော်များကို အဘယ်ကြောင့် စေလွှတ်ဝံ့သနည်း။

အကြောင်းမှာ လုမင်တွင် ကျောထောက်နောက်ခံမရှိခြင်းကြောင့် ဖြစ်သည်။ လုမင်၏ နောက်ကွယ်တွင် လက်စားချေပေးမည့် အကျော်အမော်များ မရှိပေ။

ယခုမူ၊ လုမင်တွင် ကျောထောက်နောက်ခံ ရှိလာပြီ ဖြစ်သည်။ ထိပ်သီး အကျော်အမော်များပင်လျှင် သူ့ကို သတိထားရမည်။

"အကြီးအကဲ၊ လူငယ်တွေကြားက တိုက်ပွဲမှာ တကယ်ပဲ ဝင်မစွတ်ဖက်ဘူးလား"

ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က မေးလိုက်သည်။

"ဒီအဘိုးကြီးဟာ စကားကို အပိုမပြောတတ်ဘူး။ လုမင်က မျိုးဆက်‌တူတွေကို မယှဉ်နိုင်လို့ အသတ်ခံရရင် သူ့ရဲ့ အသုံးမကျမှုကို အပြစ်တင်နိုင်မယ်။ ဒါပေမဲ့ ငါ့ပြောခဲ့တဲ့အတွက် မျိုးဆက်ဟောင်းက ဧကရာဇ်အဆင့်တွေလို တည်ရှိမှုတွေက တိုက်ခိုက်လာရင်တော့ ဒီအဘိုးကြီးက ယှဉ်ကျေးနေမှာ မဟုတ်ဘူး"

ဦးလေးခုန်းက သူ့အင်္ကျီလက်စကို ခါလိုက်သည်။ သူ့ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု တောက်ပလာ၏။။

"သွားကြရအောင်"

ရွှေကျီးကန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဖ်က အော်ပြောပြီးနောက် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။ အခြား ရွှေကျီးကန်းပြမျိုးနွယ်၏ လူများကလည်း နောက်မှလိုက်သွားကြ‌လေသညိ။

ခရမ်းရောင်အစွန်းရောက်ဂိုဏ်း၊ ကောင်းကင်ငှက်နန်းတော်နှင့် အခြားအင်အားစုများလည်း တုန်လှုပ်စွာဖြင့် ထွက်သွားကြသည်။

တာ့ယန်ဆေးခန်းမ၏ လှုပ်ရှားမှုများလည်း နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ။ သို့သော်လည်း မုန်တိုင်းက ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ ယင်းကြောင့် ရှေးဟောင်းလ မြင့်မြတ််မြေတစ်ခုလုံး တုန်လှုပ်သွား၏။

ဤတစ်ကြိမ်တွင် လုမင်က အဓိကဇာတ်ဆောင်ဖြစ်သင့်သည်။ အင်အားစုကြီးလေးခုက လုမင်ကြောင့် ဆုံးရှုံးမှုကြီးစွာ ခံစားခဲ့ရ၏။

အထူးသဖြင့် ဝမ်မျိုးနွယ်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်တို့က အစစ်အမှန်ဧကရာဇ်များကို ဆုံးရှုံးခဲ့ရသည်။ ဒါက ရှေးဟောင်းလမြင့်မြတ်နယ်မြေ၏ အင်အားစုကြီးများပင် ရင်နာစရာ ဖြစ်ပေသည်။

ဧကရာဇ်ဖြစ်လာနိုင်သူတိုင်းက ပါရမီရှင်များ ဖြစ်ကြသည်။

ကောင်းကင်ဝိညာဉ်ခန္ဓာက ဧကရာဇ်ဖြစ်လာရန် အလားအလာရှိသည်ဟု ဆိုကြသည်။ သို့သော်လည်း ယင်းက အလားအလာမျှသာဖြစ်ပြီး ဓကရာဇ်ဖြစ်လာရန်ရန် အလွန်ခက်ခဲနေသေးသည်။

ထို့ပြင်၊ ၎င်းက အစစ်အမှန်ဧကရာဇ် ဖြစ်သည်။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အင်အားစုကြီးများတွင် အစစ်အမှန်ဧကရာဇ်က တစ်ဦးထက်မကတာ သေချာသည်။ သို့သော်လည်း ၎င်းက နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့ခြင်း ဖြစ်ပေသည်။ လူတစ်ဦးကို ဆုံးရှုံးခြင်းက သူတို့၏ အင်အားစုအတွက် ကြီးမားသော သက်ရောက်မှုရှိသည်။

မကြာမီ၊ ပတ်ဝန်းကျင်ရှိ အင်အားစုကြီးအားလုံးနီးပါး ထွက်ခွာသွားပြီး ဖီးန်၏နန်းတော်နှင့် နတ်ဆင်ဂိုဏ်းကဲ့သို့ တချို့သာ ကျန်ခဲ့သည်။

"လုနင်၊ နင် အဆင်ပြေရဲ့လာ"

ဟွမ်လင်က လုမင်၏နံဘေးသို့ လျှောက်လာသည်။

"ကျွန်တော်အဆင်ပြေပါတယ်၊ စိတ်မပူနဲ့"

လုမင်က ပြုံးပြလိုက်၏။ သို့သော်လည်း သူ့မျက်နှာမှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်နေသည်။ သူက ဟန်ချက်ပျက်လုနီးပါးပင်။

ဝမ်မျိုးနွယ်မှ အစစ်အမှန်ဧကရာဇ်၏ အဆက်မပြတ် တိုက်ခိုက်မှုများက သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။

"ဟွမ်လင်၊ လုမင်ကို အရင်ကုသပါစေ။ ငါတို့တွေ နောင်မှ ပြန်လာတွေ့ကြမယ်"

လုံချန်က ဝင်ပြောလိုက်၏။

"ကောင်းပြီလေ၊ လုမင်... နင့်ကိုယ်နင် အရင်ဂရုစိုက်လိုက်ပါ။ နောက်မှတွေ့မယ်"

ဟွမ်လင်ခည်း ခေါင်းညိတ်ပြပြီးနောက် လုံချန်၊ ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းမှ လူများနှင့်မတူ ထွက်သွားကြတော့သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးခုန်း"

လုမင်က ဦးလေးခုန်းဆီသို့ လက်ယှက်ပြလိုက်သည်။

"ခန်းမသခင်၊ မင်းကို ကာကွယ်ဖို့က ငါ့ရဲ့တာဝန်ပါ။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေရှိတယ်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အင်အားစုတွေက ထင်သလောက် မရိုးရှင်းဘူးလေ။ သူတို့မှာ နက်နဲတဲ့ အုတ်မြစ်တွေ ရှိပြီး ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေ ရှိနေတယ်"

"အခြား မြင့်မြတ်နယ်မြေတွေမှာလည်း ကျွမ်းကျင်သူတွေက ပေါများလွန်းပါတယ်။ ရှေ့ဆက်ရမဲ့လမ်းက ရှည်လျားသေးပြီး ဒါတွေကို ခန်းမသခင်ကိုယ်တိုင် ရင်ဆိုင်ရလိမ့်မယ်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေကြားက ပြိုင်ဆိုင်မှုတွေမှာ ဒီအဘိုးကြီးက ဝင်စွတ်ဖက်မှာ မဟုတ်ဘူး။ ခန်းမသခင်က ကိုယ့်ဘာသာကိုယ် ရင်ဆိုင်ရလိမ့်မယ်"

ဦးလေးခုန်းက ပြောလိုက်သည်။

All Chapters