အခန်း ၁၈၁၃
Vol. 121 Ch. 1813
အပိုင်း ( 1813 ) ဟွမ်လင်ကို ဝိုင်းထားကြခြင်း။
"မိုက်လိုက်တာ၊ ဒါက အတော်လန်းတယ်"
လုမင်လည်း လန်းဆန်းသွားသလို ခံစားရပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
ထိုအချိန်တွင်၊ လုမင်က ဆေးမီးဖိုတောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ပုံရိပ်လေးတစ်ခု ပေါ်လာသည်။ ထိုပုံရိပ်လေး ဖြတ်သန်းသွားတိုင်း ဟင်းလင်းပြင်က ရေမျက်နှာပြင်ကဲ့သို့ လှိုင်းထလာ၏။ ၎င်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနေသကဲ့သို့ပင်။
"ပူဖောင်းလေး၊ မင်း ဘယ်သူ့ရဲ့ ဆေးပင်တွေကို မ လာပြန်ပြီလဲ"
လုမင်က ပြုံးပြီး သူ့ရှေ့မှာပေါ်လာသော ကလေးမလေး ကို ကြည့်လိုက်သည်။
"အစ်ကိုကြီး လုမင်၊ မကောင်းတော့ဘူး။ မမဟွမ်လင်က အန္တရာယ်ရှိနေပြီ"
ပူဖောင်းလေးက အလောတကြီး ပြောလိုက်၏။ သူမ၏ မျက်လုံးကြီးများမှာလည်း စိုးရိမ်သောက အရိပ်အယောင်များ ရှိနေသည်။
"ဘာတွေဖြစ်နေတာလဲ"
လုမင်၏ အမူအရာ ပြောင်းသွားသည်။
ပူဖောင်းလေးက ချက်ချင်း ရှင်းပြလိုက်၏။
ပူဖောင်းလေးက သူတော်စင်ဆေးများကိုခိုးရန် ဝမ်မျိုးနွယ်၏ ကျင့်ကြံမှုနယ်မြေတစ်ခုသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် သူမက လျှို့ဝှက်ချက်ကို အမှတ်မထင် ကြားခဲ့ရပေသည်။
ဝမ်မျိုးနွယ်၏ ထိပ်တန်းပါရမီရှင် ဝမ်ကျန်းရန်က ဟွမ်လင် လေ့ကျင့်နေသည့်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ၊ သူက အခြား ပါရမီရှင်များနှင့် လက်တွဲပြီး ဟွမ်လင်ကို လုပ်ကြံသတ်ဖြတ်ပေတော့မည်။
"ဝမ်မျိုးနွယ်ပဲ ဖြစ်ပြန်ပြီ"
လုမင်၏ မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သွားခဲ့သည်။
ဝမ်မျိုးနွယ်က သူ့ကို လက်စားချေလိုကြောင်း သူသိသည်။
ဟွမ်လင်နှင့် လုမင်ကလည်း အလွန်ရင်းနှီး၏။ တချို့က ဟွမ်လင်ကို လုမင်၏ ဇနီးဟုပင် ပြောကြသည်။ ထို့ကြောင့် လုမင်ကို လက်စားချေရန်အတွက် ဟွမ်လင်ကို သတ်လိုကြခြင်းပင်။
"ပူဖောင်းလေး၊ ဟွမ်လင် လေ့ကျင့်နေတဲ့နေရာကို မင်းသိလား"
လုမင်က မေးလိုက်သည်။
"အဲဒါက မီးလျှံတစ်သောင်းတောင်တန်းမှာလို့ ဝမ်မျိုးနွယ်ကလူတွေ ပြောတာ ကြားခဲ့တယ်"
ပူဖောင်းလေးက ပြောလိုက်၏။
"မီးလျှံတစ်သောင်းတောင်တန်း... ဟုတ်လား။ အချိန်မရှိဘူး၊ အခုပဲ သွားကြမယ်"
လုမင်က ရှေ့သို့ ခြေလှမ်းလိုက်ကာ အလင်းတန်းတစ်ခုကဲ့သို့ ပြေးထွက်သွားတော့သည်။
မကြာမီ၊ လုမင်နှင့် ပူဖောင်းလေးက သတ်မှတ်ထားသောနေရာသို့ ရောက်လာခဲ့ကြသည်။ မီးလျှံတစ်သောင်းတောင်တန်း၏ တည်နေရာကို သိရပြီးနောက် ထိုနေရာသို့ အမြန်ဆုံး ပြေးထွက်သွား၏။
မီးလျှံတစ်သောင်းတောင်တန်းက မီးတောက်များဖြင့် ပြည့်နေသော တောင်တန်းတစ်ခု ဖြစ်သည်။ အများအားဖြင့်၊ မီးလျှံနိယာမကို လေ့ကျင့်သူများ စိတ်ဝင်စားသော နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာတွင် မီးလျှံနိယာမကို နားလည်သဘောပေါက်တာက တခြားနေရာများထက် ပိုထိရောက်သည်။
ဟွမ်လင်က အင်မော်တယ်မီးလျှံနိယာမကို လေ့ကျင့်ထား၏။ ပုံမှန်အားဖြင့် သူသည် လေ့ကျင့်ရန် မီးလျှံတစ်သောင်းတောင်တန်းသို့ မကြာခဏ ရောက်လေ့ရှိသည်။
မီးလျှံတစ်သောင်းတောင်တန်းရှိ တောင်ကြားတစ်ခုတွင် မီးတောက်များ ပြင်းထန်စွာ တောက်လောင်လျက်ရှိသည်။ ဟွမ်လင်က ချိုင့်ဝှမ်းထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ အင်မော်တယ်ကောင်းကင်ဖီးနစ် တစ်ကောင်ကလည်း သူ့ပတ်ဝန်းကျင်မှာ လှည့်ပတ်ပျံသန်းနေသေးသည်။ ပတ်ဝန်းကျင်မှ မီးတောက်များကလည်း စဉ်ဆက်မပြတ် လောင်ကျွမ်းနေခဲ့သည်။
ရုတ်တရက်၊ ဟွမ်လင်က မျက်လုံးဖွင့်လာပြီး ချိုင့်ဝှမ်းအပြင်သို့ လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ"
"အင်မော်တယ်ကောင်းကင်ဖီးနစ် ဝိညာဉ်ခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မင်းရဲ့ ဝိညာဉ်အသိ ခံစားနိုင်စွမ်းက အတော်လေး ထက်မြက်တယ်"
အေးစက်စက် စကားသံကို ကြားလိုက်ရသည်။ ထို့နောက် တောင်ကြားအဝင်ဝတွင် လူရိပ်ငါးခု ပေါ်လာကြ၏။
"ဝမ်ကျန်းရန်"
ဟွမ်လင်က မျက်နှာ ပျက်သွားသည်။
ခေါင်းဆောင်လာသူမှာ ဝမ်မျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် ဝမ်ကျန်းရန်ပင်။
သူ့နောက်တွင် ရှိနေသူများကလည်း ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ၎င်းတို့က မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် သို့မဟုတ် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိပေသည်။
ထိုလူများက အသက်ငါးဆယ်နီးပါးရှိကြပြီး မျိုးဆက်သစ်လူငယ်သက်တမ်း၏ အစွန်းနားတွင် ရှိနေပြီ ဖြစ်သည်။
"ဒါ ငါ့ရဲ့ ကျင့်ကြံမှုနေရာပဲ။ နင်တို့ ဒီကို ဘာလာလုပ်တာလဲ"
ဟွမ်လင်က လေးလေးနက်နက် ပြောလိုက်သည်။
"ငါတို့ ဘာလုပ်မလို့လဲ"
ဝမ်ကျန်းရန်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ တောက်ပလာသည်။ သူက အေးတိအေးစက် လေသံဖြင့် ပြောလိုက်၏။
"ငါတို့က မင်းကိုသတ်ဖို့ ရောက်လာကြတာပေါ့။ ဟိုခွေးကောင် လုမင်ကြောင့် ငါ့ဝမ်မျိုးနွယ်ရဲ့ ဧကရာဇ်ကြီးတွေ ကျဆုံးခဲ့ရတယ်။ ဒီကိစ္စကို အလွတ်မပေးနိုင်ပေမဲ့ သူက တာ့ယန်ဆေးခန်းမမှာပဲ ပုန်းအောင်းနေပြီး အပြင်ကို မထွက်ဝံ့ဘူး။ ဒီလိုဆိုမှတော့ မင်းကိုပဲ အရင်သတ်ရတောပမယ်။ မင်းက လုမင်ရဲ့ မိန်းမဆိုတော့ မင်းသေရင် လုမင်ကိုလည်း ထိခိုက်စေမှာပဲ၊ ဟားဟားဟား"
ဟွမ်လင်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းသွားသည်။ ဟွမ်လင်ကို လုမင်၏ မိန်းမဖြစ်သည်ကို ပြင်ပကမ္ဘာက အထင်လွဲနေပုံရသည်။ သို့သော်လည်း သူက မငြင်းဆိုခဲ့ပေ။ ထိုအစား သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ သူက အေးစက်စက် ပြောလိုက်၏။
"ငါ့ကိုသတ်ချင်ရင် ဒီလောက်လွယ်မှာမဟုတ်ဘူး"
"မင်းက မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ဖြတ်ကျော်သွားရင်တောင် ဘာဖြစ်လဲ။ မင်း သေမဲ့ဘေးကနေ မလွတ်နိုင်ဘူး"
ဝမ်ကျန်းရန်က လှောင်ပြောင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
"မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်"
ဟွမ်လင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ယခင်က ဝမ်ကျန်းရန်၏ ကျင့်ကြံမှုသည် အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် ဖြစ်သေးသည်။ ယခုကဲ့သို့ မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားမည်ဟု မမျှော်လင့်ခဲ့ပေ။
အကယ်၍ ဝမ်ကျန်းရန်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်တွင် ရှိနေပါက၊ ဟွမ်လင်သည် အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာဖြင့် ရင်ဆိုင်နိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း သူက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းသို့ ဖြတ်ကျော်သွားပြီ။ ထို့ပြင်၊ အခြား ကျွမ်းကျင်သူလေးဦး၏ အကူအညီလည်း ရှိနေသေးသဖြင့် ဟွမ်လင်သည် ယုံကြည်မှုမရှိတော့ပေ။
သို့သော်လည်း ဟွမ်လင်က မတွန့်ဆုတ်ပါ။ ဖီးနစ်ငှက်ပုံရိပ်တစ်ခုက သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်လာသည်။ သူက ကောင်းကင်သို့ ပျံတက်သွား၏။
"အူဝူး..."
ဝံပုလွေတစ်ကောင်၏ အူသံက ကောင်းကင်ယံ၌ ပျံ့နှံ့သွားသည်။ ထို့နောက်မှာတော့ ဝံပုလွေကြီးတစ်ကောင်က ဟွမ်လင်ကို ကုပ်ဆွဲတိုက်ခိုက်လာတော့သည်။
"ဖီးနစ်တောင်ပံရိုက်ခတ်ခြင်း"
ဟွမ်လင်၏ အမူအရာပြောင်းသွားသည်။ သူမက လက်ဝါးဖြင့် အထက်သို့ ပင့်ရိုက်လိုက်၏။ ဓားသွားကဲ့သို့ ဖီးနစ်တောင်ပံတစ်ဖက်က ဝံပုလွေကြီးကို ခုတ်ထစ်လိုက်တော့သည်။
"ဝုန်း"
ဟွမ်လင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ ပြင်းထန်သော အင်အားတစ်ခုကြောင့် တောင်ကြားထဲသို့ ပြန်လည်ပြုတ်ကျသွား၏။
"အူဝူး..."
ကောင်းကင်ယံ၌ ဝံပုလွေအူသံတချို့ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကြီးမားသော ဝံပုလွေအချို့က ကောင်းကင်၌ ပေါ်လာကြတော့သည်။
"ကောင်းကင်ဝံပုလွေမျှော်စင်"
ဟွမ်လင် မျက်နှာပျက်သွားသည်။
ဧရာမဝံပုလွေကြီးများက ဟွမ်လင်အား အေးစက်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။
"နင်တို့ ငါ့ကို လုပ်ကြံဖို့အတွက် ပူးပေါင်းခဲ့တာကို ဖီးနစ်နန်းတော်ကသိရင် နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဘာလဲ၊ နင်တို့က အင်အားစုကြီးတွေကြားမှာ စစ်ပွဲဖြစ်စေချင်နေတာလား"
ဟွမ်လင်က အော်ပြောလိုက်သည်။
"သူတို့သိကြရင်တောင် ဘာဖြစ်မလဲ။ အလွန်ဆုံး မျိုးဆက်သစ်လူငယ်တွေကိုပဲ စေလွှတ်နိုင်လိမ့်မယ်။ မျိုးဆက်ဟောင်းတွေကို စေလွှတ်မှာမဟုတ်ဘူး"
ဝမ်ကျန်းရန်က လှောင်ပြောင်လိုက်၏။
သူတို့နှင့်အတူ လိုက်ပါလာသူတိုင်းက အသက်ငါးဆယ်ဝန်းကျင်ဖြစ်ပြီး မျိုးဆက်သစ်များဟု ယူဆနိုင်သည်။ သူတို့က မျိုးဆက်ဟောင်းမှ လူတစ်ဦးကိုမျှ မခေါ်ဆောင်ခဲ့ပေ။
မျိုးဆက်သစ်လူငယ်များအနေဖြင့် တစ်ဦးချင်းတိုက်ခိုက်နသည်ဖြစ်စေ၊ ဝိုင်းရံခြင်းဖြစ်စေ... ကန့်သတ်ချက်တို့ မရှိပါ။
"နောက်ပြီးတော့ မင်းသေသွားမယ်ဆိုရင် ငါတို့လုပ်ခဲ့တာကို ဘယ်သူကသိမှာလဲ။ သတ်ကြ"
ဝမ်ကျန်းရန်က အော်လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် အလင်းစက်များ တောက်ပလာ၏။ သူတော်စင်လက်နက်များက ချက်ချင်း ပျံထွက်လာတော့သည်။ ဝမ်ကျန်းရန်က သူ့လက်ထဲတွင် အန္တိမသူတော်စင်လက်နက်ကို ကိုင်စွဲလိုက်သည်။ သူက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် စတင် တိုက်ခိုက်လိုက်၏။
"ဖီးနစ်ကိုးကောင် တိုက်ခိုက်ခြင်း"
ဟွမ်လင်၏ လက်များက ဖီးနစ်၏အတောင်ပံများကဲ့သို့ တုန်ခါသွားသည်။ သူက လှုပ်ရှားမှု ကိုးခုကို ဆက်တိုက် ပြုလုပ်လိုက်၏။ ဖီးနစ်များက တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကြပြီး ဝမ်ကျန်းရန်ဆီသို့ ပျံသန်းသွားတော့သည်။
ဝမ်ကျန်းရန်ကလည်း အန္တိမသူတော်စင်လက်နက်ဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ သူက ဟွမ်လင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ကိုးကြိမ်ဆက်တိုက် ပေါက်ကွဲပြီးနောက် ဟွမ်လင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားရတော့သည်။
ဝမ်ကျန်းရန်က ဝမ်မျိုးနွယ်၏ ထိပ်တန်းပါရမီရှင်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ သူ၏ ဝိညာဉ်ကိုယ်ခန္ဓာသည်ပင် အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြစ်သည်။ အခြေခံအားဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အံ့မခန်းပင်။
ဟွမ်လင်က ဘုရင်နိယာမကို ဆုပ်ကိုင်ထားသော်လည်း ကျင့်ကြံမှုအဆင့် နိမ့်ကျနေချိန်တွင် တစ်ဖက်လူကို မယှဉ်နိုင်သေးပါ။
"ဘုရင်နိယာမက တကယ်ကို အစွမ်းထက်တာပဲ၊ ဒါပေမဲ့ မင်းသေရလိမ့်မယ်။ သတ်"
ဝမ်ကျန်းရန်က အော်ဟစ်ပြီး ဟွမ်လင်ကို ထပ်မံတိုက်ခိုက်လိုက်သည်။
"ထာဝရလှောင်အိမ်"
ဟွမ်လင်က ခပ်တိုးတိုး အော်လိုက်သည်။ ထိုဒေသရှိ မီးတောက်များက သူမဆီသို့ အရူးအမူး ရောက်ရှိလာပြီး မီးလှောင်အိမ်တစ်ခု အသွင် ပြောင်းသွားကြ၏။ ဝမ်ကျန်းရန်က လှောင်အိမ်အတွင်း၌ ပိတ်မိသွားတော့သည်။
"ဝုန်း... ဝုန်း"
ဝမ်ကျန်းရန်က မီးလှောင်အိမ်အား အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ သို့သော်၊ မီးလှောင်အိမ်အား ခဏချင်း မချိုးဖောက်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ဟွမ်လင်က တောင်ကြားဝင်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။
"အတူတူတိုက်ခိုက်ကြ၊ သူ့ကို မလွတ်မြောက်စေနဲ့"
ဝမ်ကျန်းရန်က အော်ပြောလိုက်သည်။
ဝမ်ကျန်းရန်နှင့်အတူ လိုက်ပါလာသော ဝမ်မျိုးနွယ်မှ လူများကလည်း ချက်ချင်း တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက ဟွမ်လင် ဦးတည်သွား၏ တစ်ချိန်တည်းမှာပင် ဧရာမဝံပုလွေများစွာက ကောင်းကင်ယံ၌ ဟိန်းဟောက်ပြီး ဟွမ်လင်ကို ခုန်အုပ်လိုက်တော့သည်။
"ဖီးနစ်ကိုးကောင် တိုက်ခိုက်ခြင်း"
ဟွမ်လင်က အော်လိုက်သည်။ သူမ၏ လက်များက တုန်ခါသွား၏။ ကြောက်စရာကောင်းသော ထိုးစစ်စွမ်းအားဖြင့် ဖီးနစ်ကိုးကောင်က ပေါက်ကွဲထွက်လာတော့သည်။
ဝမ်မျိုးနွယ်၏ လူလေးဦးတွင် တစ်ဦးက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်ဟာ ဖြစ်သည်။ ဖီးနစ်နှစ်ကောင်က သူ့ကို တိုက်ရိုက်သတ်ပစ်လိုက်၏။ ၎င်းက မီးလျှံထဲတွင် ပြာဖြစ်သွားတော့သည်။
အခြားလူအနည်းငယ်လည်း တုန်လှုပ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားရသည်။
ဟွမ်လင်က ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ တောင်ကြားအဝင်ဝသို့ ပြေးထွက်သွားတော့သည်။