← Chapters

အခန်း ၁၈၁၄

Vol. 121 Ch. 1814

အခန်း ၁၈၁၄

Vol. 121 Ch. 1814

အပိုင်း ( 1814 ) ဟွမ်လင် အန္တရာယ်ရှိနေသည်။

ဟွမ်လင်က ဝမ်မျိုးနွယ်နှင့် ကောင်းကင်ဝံပုလွေမျိုးနွယ်မှ ကျွမ်းကျင်သူများကို တွန်းလှန်ပြီး တောင်ကြားဝင်ပေါက်ဆီသို့ ပြေးထွက်သွား၏။ သူမက တောင်ကြားထဲမှ ထွက်ခွာသွားတော့မည်။

"ထွက်သွားစမ်း"

တောင်ကြားဝင်ပေါက်မှ ဓားအလင်းများ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ဟွမ်လင်သို့ ဖြတ်သန်းလာ၏။

ဓားအလင်း၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ ဟွမ်လင်၏ အမူအရာ ပြောင်းလဲသွားသည်။ အရေးကြီးသောအခိုက်အတန့်တွင်၊ ဓားတစ်ချောင်းက သူ့လက်ထဲတွင်ပေါ်လာပြီး ရှေ့မှ ပိတ်ဆို့လိုက်၏။

"ဝုန်း"

ကြောက်စရာကောင်းသော တိုက်မိမှုတစ်ခု ဖြစ်ပေါ်လာပြီး မီးပွားများမှာ နေရာအနှံ့သို့ လွင့်စဉ်သွားခဲ့သည်။ ဟွမ်လင်လည်း နောက်သို့ ဆုတ်သွားရတော့သည်။ ဟွမ်လင်မှာ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင် ခြေလှမ်းဆယ်လှမ်းကျော် နောက်ပြန်ဆုတ်သွားရသည်။

ထို့နောက် တောင်ကြားအဝင်ဝမှ လူရိပ်တချို့ ပေါ်လာခဲ့သည်။ အားကောင်းသော မိစ္ဆာအငွေ့အသက်က ကောင်းကင်သို့ ထိုးတက်သွား၏။

"ဖယ်လ်ကွန်၊ နင်ပဲ"

ဟွမ်လင်၏ နှလုံးသားတွင် လေးလံလာခဲ့သည်။

တောင်ကြားအဝင်ဝတွင် ပေါ်လာသူများက ကောင်းကင်ငှက်နန်းတော်၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ခေါင်းဆောင်က ကောင်းကင်ငှက်နန်းတော်၏ မျိုးဆက်သစ်များ၌ အသန်မာဆုံး ပါရမီရှင် ဖယ်လ်ကွန်ပင်။

"ဟွမ်လင်၊ အမှန်အတိုင်းပြောရရင် မင်းလို မိန်းမလှလေးတစ်ယောက်က ဒီအတိုင်းသေသွားရမှာ နှမြောဖို့ကောင်းတယ်"

ဖယ်လ်ကွန်က ရှေ့ဆုံးမှ လျှောက်လာခဲ့သည်။ သူ့မျက်လုံးများက ဓားသွားများကဲ့သို့ စူးရှ၏။ သူက ဟွမ်လင်အား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်က ဟွမ်လင်၏ ခန္ဓာကိုယ်ပေါ်တွင် စုန်ချည်ဆန်ချည် လှုပ်ရှားနေတော့သည်။

"ဝုန်း"

တစ်ဖက်မှာလည်း မီးလှောင်အိမ်က ပေါက်ကွဲသွားသည်။ ဝမ်ကျန်းရန်က မီးလှောင်အိမ်အတွင်းမှ ပြေးထွက်လာခဲ့၏။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာပြီး ဟွမ်လင်ကို တိုက်ခိုက်လိုက်တော့သည်။

ကောင်းကင်ယံမှာလည်း ကောင်းကင်ဝံပုလွေမျှော်စင်မှ ဧရာမဝံပုလွေအချို့က ပိတ်ဆို့ထားကြသည်။

ဟွမ်လင်၏ အခြေအနေက ဆိုးရွားလာခဲ့ပြီ။

"လူတိုင်းပဲ... ဒီမိန်း‌ကလေးကို ဒီအတိုင်း သတ်လိုက်ရရင် စိတ်မကောင်းစရာပဲလေ။ ငါတို့က သူ့ကို ပထမဆုံး အနိုင်ယူပြီး ကစားဖို့အတွက် ဘာဖြစ်လို့ မခေါ်သွားရမှာလဲ"

ဖယ်လ်ကွန်က သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ သူ့မျက်လုံးများက ဟွမ်လင်၏ လှပသော ခန္ဓာကိုယ်ကို ဆက်လက်ကြည့်ရှုနေ၏။ သူ့အကြည့်များ ပိုပိုပြီး စူးရှလာတော့သည်။

"ဖယ်လ်ကွန်၊ မင်း သူနဲ့ ကစားချင်ရင် ငါ့မှာ အကြံတစ်ခုရှိတယ်"

ဝမ်ကျန်းရန်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အစီအစဥ်များ ရှိနေသကဲ့သို့ တောက်ပနေသည်။ သူက‌ ပြောလိုက်၏။

"မင်း ဟွမ်လင်ကိုခေါ်ပြီး ဆေးမီးဖိုတောင် အပြင်ဘက်မှာ ဆော့ကစားပါ။ လုမင် မခံနိုင်လို့ ထွက်လာပြီဆိုရင် ငါတို့တွေ သူ့ကို တစ်ချက်တည်းနဲ့ အပြတ်ဖြတ်ကြမယ်"

"ငါတို့ မျိုးဆက်သစ်တွေကိုပဲ စေလွှတ်ထားသရွေ့တော့ တာ့ယန်ဆေးခန်းမရဲ့ အကျော်အမော်ကလည်း ဘာမှပြောနိုင်မှာ မဟုတ်ဘူး။ လုမင်က အချည်းနှီး သေဆုံးရလိမ့်မယ်။ ဟားဟားဟား"

ဝမ်ကျန်းရန်က ပြောပြီးသည်နှင့် သူ့ကိုယ်သူ ဂုဏ်ယူကျေနပ်စွာ ရယ်မောလိုက်သည်။

"ဒါက အကြံကောင်းပါပဲ၊ ဒါပေမဲ့ ဖီးနစ်နန်းတော်က သိသွားမယ်ဆိုရင် သူတို့ ရူးသွပ်သွားလိမ့်မယ်"

ဖယ်လ်ကွန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"ဖီးနစ်နန်းတော်ရဲ့ လူတွေ မသိအောင်လို့တော့ နည်းလမ်းရှာရမှာပေါ့။ ဖယ်လ်ကွန်၊ မင်းက ဒီလိုလုပ်ဖို့တောင် မဝံ့ရဲဘဲ ကြောက်နေတာလား"

ဝမ်ကျန်းရန်က လှောင်ပြောင်လိုက်၏။

"ငါ မဝံ့ဘူးလို့ ဘယ်သူပြောလဲ"

ဖယ်လ်ကွန်၏ မျက်လုံးများမှ မီးတောက်များက ပိုမိုပြင်းထန်လာသည်။

"ရွံစရာကောင်းသလောက် အရှက်လည်းမရှိဘူးပဲ၊ အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့"

ဟွမ်လင်က အော်ဟစ်လိုက်သည်။ အဆုံးမဲ့ မီးတောက်များက သူမဆီသို့ ရောက်ရှိလာ၏။ သူမ၏ တစ်ကိုယ်လုံးက မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားတော့မည်။ ထို့နောက်တွင်၊ သူက မီးတောက်နေသော ဖီးနစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ဆီသို့ ဦးတည်သွားခဲ့သည်။

"ဆင်းစမ်း"

အထက်တွင်၊ ဧရာမဝံပုလွေများက ဟွမ်လင်အား တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ပြင်းထန်သော တိုက်မိသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ဟွမ်လင်က တစ်ယောက်တည်းဖြစ်ပြီး သူမ၏ ကျင့်ကြံမှုအဆင့်ကလည်း နိမ့်ကျသည်။ အဆုံးတွင်၊ သူက မဖောက်ထွက်နိုင်ဘဲ ပြန်လည်ပြုတ်ကျသွားတော့သည်။

"သတ်"

သူတော်စင်လက်နက်များက ဝမ်ကျန်းရန်၏ အနီးတဝိုက်တွင် လွင့်မျောလာခဲ့သည်။ တိုက်ခိုက်ရေး လက်နက်စွမ်းအင်က ကောင်းကင်သို့ ထိုးတက်သွား၏။ တစ်ချိန်တည်းမှာပင် ဖယ်လ်ကွန်နှင့် အခြားသူများက ဟွမ်လင်အား တိုက်ခိုက်လာတော့သည်။

ဟွမ်လင်က ခုခံရန် အစွမ်းကုန်ကြိုးစားသော်လည်း တိုက်ခိုက်မှု အနည်းငယ်ဖြင့် လွင့်စဉ်သွားရသည်။ သူမ၏ ပါးစပ်ထဲမှ သွေးအနည်းငယ် အန်ထွက်လာပြီး မျက်နှာ ဖြူဖျော့သွားတော့သည်။

သို့သော်လည်း သူမ၏ ခန္ဓာကိုယ်က ပြင်းထန်သော မီးတောက်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ သူက လူအုပ်ကို ထိုးဖောက်ပြီး ထွက်သွားနိုင်ရန် ဆက်လက်ကြိုးစား၏။

"အင်မော်တယ်ကောင်းကင်ဖီးနစ်ခန္ဓာနဲ့ အင်မော်တယ်မီးလျှံနိယာမ... မင်းရဲ့ အသက်ဓာတ်က တကယ်ကို အံ့ဩစရာပါပဲ။ ဒါပေမဲ့ ဒီနေ့မှာ မင်းရဲ့ကံကြမ္မာက သတ်မှတ်ပြီးနေပြီ။ မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်ပါ"

ဝမ်ကျန်းရန်က အေးစက်စက် ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူတော်စင်လက်နက်ပေါင်း နှစ်ရာကျော်က ဟွမ်လင်ထံသို့ ဖြတ်သန်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံများပင် ထွက်ပေါ်နေတော့သည်။

တစ်ချိန်တည်းမှာပင်၊ ဖယ်လ်ကွန်နှင့် အခြားသူများကလည်း တိုက်ခိုက်ခဲ့ကြသည်။

ယခုအချိန်တွင် အခြား ကျွမ်းကျင်သူများ ရှိနေခြင်းကို ထည့်မတွက်လျှင်ပင်၊ ဝမ်ကျန်းရန်နှင့် ဖယ်လ်ကွန်က ဟွမ်လင်ထက် ပိုအစွမ်းထက်သည်။ ဟွမ်လင်က သူတို့ကို လုံးဝ မယှဉ်နိုင်ပေ။ အနည်းငယ် လှုပ်ရှားပြီးနောက် သူမ၏ ပါးစပ်ထဲမှ သွေးများ ထပ်မံအန်ထွက်လာခဲ့သည်။

အကယ်၍၊ သူမ၏ လျှို့ဝှက်ဆန်းကျယ်သော ဝိညာဉ်ခန္ဓာနှင့် အင်မော်တယ်မီးလျှံနိယာမ၏ အံ့မခန်း ရှင်သန်နိုင်စွမ်းကြောင့် မဟုတ်ပါက၊ တခြားသူများ၏ အသတ်ခံလိုက်ရမည် ဖြစ်သည်။

သို့တိုင်၊ ဟွမ်လင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေသေးသည်။

"ဝှစ်... ဝှစ်"

ဝမ်ကျန်းရန်၊ ဖယ်လ်ကွန်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်၏ ကျွမ်းကျင်သူ ဆယ်ဦးကျော်က ဟွမ်လင်အား ဝိုင်းထားလိုက်ကြသည်။

ဟွမ်လင်အတွက် လွတ်လမ်းမရှိတော့ပေ။

"အားလုံးပဲ၊ သူ့ကို ဖိနှိပ်လိုက်ရအောင်။ ဒီလို မိန်းမလှမျိုးက စားလို့သိပ်ကောင်းမှာ သေချာတယ်"

ဖယ်လ်ကွန်၏ မျက်လုံးများက အာသာငမ်းငမ်းဖြင့် ပို၍ စူးရှလာခဲ့သည်။

ဟွမ်လင်၏ နှလုံးသားက လေးလံသွားသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

ဖယ်လ်ကွန်၏ လက်ထဲသို့ ကျရောက်ပြီး လုမင်ကို ခြိမ်းခြောက်ခွင့်ပြုခြင်းထက် အသက်ကိုသာ အသေခံလိုသည်။

"ဝုန်း"

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ဟုန်းခနဲ တောက်လောင်သွားသည်။

"သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မယ်၊ သူ့ကိုတားဆီးကြ၏"

ဝမ်ကျန်းရန်က အော်ဟစ်လိုက်သည်။ သူတော်စင်လက်နက်ပေါင်း နှစ်ရာကျော်က စုစည်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ခြင်းစွမ်းအားအဖြစ် စုဖွဲ့သွား၏။ ၎င်းက ဟွမ်လင်ကို ဖိနှိပ်ပြီး သူ့ကိုယ်သူ မဖျက်ဆီးနိုင်စေရန် တားဆီးလာတော့သည်။

"မစဉ်းစားနဲ့"

ဖယ်လ်ကွန်ကလည်း ဟိန်းဟောက်လိုက်သည်။ သူက ကြီးမားသော အနက်ရောင်လင်းယုန်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ သူက တောင်လုံးတမျှ ကြီးမားသော အတောင်များဖြင့် ဟွမ်လင်ဆီသို့ ရိုက်ချလိုက်တော့သည်။

"ဝုန်း... ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော အင်အားများ ပေါက်ကွဲထွက်လာခဲ့သည်။ ဟွမ်လင်၏ မီးတောက်များက ငြိမ်းသွား၏။ သူမ၏ ခန္ဓာကိုယ်က လွင့်စဉ်သွားပြီးနောက် သွေးများ အန်ထွက်လာပြန်တော့သည်။ သူ့မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်သွားသည်။

သူမ၏ မျက်နှာက စိတ်ပျက်အားငယ်မှုတို့ ပြည့်နေပြီ။ တစ်ဖက်လူများက အင်အားများလွန်းဖြင့် သူ့ကိုယ်သူပင် မဖျက်ဆီးနိုင်တော့ပေ။

"မင်းကိုယ်မင်း ဖျက်ဆီးချင်တာလား။ အိပ်မက်မက်နေလိုက်ချေ။ ခဏနေရင် မင်းကို နတ်ပြည်ရောက်နေသလို ခံစားရစေမယ်"

ဖယ်လ်ကွန်က အေးစက်စက် အော်လိုက်သည်။ သူက ဟွမ်လင်ဆီသို့ လျှောက်သွား၏။ သူမ၏ ကျင့်ကြံမှုအခြေခံကို ဖျက်ဆီးပစ်လိုသည်။

ယခုအခါ ဟွမ်လင်က ဒဏ်ရာရရှိထားသောကြောင့် ရှောင်တိမ်းရန် မလွယ်ကူတော့ပေ။

ဖယ်လ်ကွန်၏ တိုက်ခိုက်မှုက ဟွမ်လင်၏ ခန္ဓာကိုယ်ကို ထိလုနီးပါးအချိန်တွင်၊ ပတ်ဝန်းကျင် လေဟာနယ်က ရေကဲ့သို့ လှိုင်းထလာသည်။ ထို့နောက် ဟွမ်လင်၏ ခန္ဓာကိုယ်က နေရာတွင် ဖျပ်ခနဲ ပျောက်ကွယ်သွားတော့သည်။

"ဝုန်း"

ဖယ်လ်ကွန်၏ တိုက်ခိုက်မှုက မြေပြင်ပေါ်သို့ ကျရောက်ခဲ့ပြီး ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဘယ်​သူလဲ"

ဖယ်လ်ကွန်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူက စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ နောက်ဆုံးတွင် တောင်ကြားအဝင်ဝမှ ကောင်းကင်တွင် ရပ်တန့်သွားခဲ့သည်။

ထိုနေရာတွင် ဝတ်စုံနက်ဝတ် လူငယ်တစ်ဦး ရပ်နေသည်။ သူ့ထွမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လျက်ရှိ၏။

သူ့ဘေးမှာလည်း နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိနေပြီး ဝမ်ကျန်းရန်နှင့် အခြားလူများကို ခက်ထန်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။

မမှားပေ၊ ဤလူနှစ်ယောက်က လုမင်နှင့် ပူဖောင်းလေး ဖြစ်သည်။

"လုမင်၊ နင် ဘယ်လိုဖြစ်ပြီး ဒီ‌ကိုရောက်လာတာလဲ"

ဟွမ်လင်က လုမင်၏အနားတွင် ရပ်နေပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

အစောပိုင်းက၊ အရေးကြီးသောအခိုက်အတန့်တွင် ဟွမ်လင်ကို ကယ်တင်ရန် ပူဖောင်းလေးက လှုပ်ရှားခဲ့ခြင်း ဖြစ်ချေသည်။

"ပူဖောင်းက မင်းကို ဝမ်ကျန်းရန်နဲ့ တခြားသူတွေ တိုက်ခိုက်တော့မယ်ဆိုတာ မတော်တဆ ကြားလိုက်ရတယ်။ ဒါကိုသိသိချင်း ငါ အမြန်ဆုံး ပြေးလာခဲ့တာ။ ဒါတောင်မှ ငါ နည်းနည်းနောက်ကျသွားသေးပုံရတယ်"

လုမင်က ပြောလိုက်သည်။

"လုမင်၊ ဒါက လုမင်ပဲ"

"သူက ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ"

ဝမ်ကျန်းရန်နှင့် အခြားသူများက လုမင်ကို မြင်သောအခါ အမူအရာပြောင်းလဲသွားကြသည်။ သူတို့က ခြေတစ်လှမ်းစီ အလိုအလျောက် ဆုတ်လိုက်မိ၏။

လုမင်၏ နာမည်က ကျော်ကြားလွန်းလှသည်။ လွန်ခဲ့သည့်တစ်လကပင် သူက လူတိုင်း၏ရှေ့တွင် ဧကရာဇ်ငယ်တစ်ပါးကို သန့်စင်ခဲ့သေးသည်။ ယင်းက ကြောက်စရာကောင်းလွန်းသည်။

"ဘာကိုကြောက်နေတာလဲ။ ဒက တာ့ယန်ဆေးခန်းမ မဟုတ်ဘူး။ သူက တာ့ယန်ဆေးအစီရင်ကို မထိန်းချုပ်နိုင်ရင် သာမာန်သူတော်စင်တစ်ယောက်ပဲ"

ဝမ်ကျန်းရန်က အားလုံး၏စိတ်ဓာတ်ကို တည်ငြိမ်စေရန် အော်ဟစ်လိုက်သည်။

"ဟုတ်တယ်၊ သူ အချိန်မှန်ရောက်လာတာပဲ။ ဒီလိုဆိုရင် ငါတို့ အချိန်ဖြုန်းစရာတောင် မလိုတော့ဘူး။ သူ့ကို ဒီနေရာမှာတင် သတ်နိုင်တယ်"

ဖယ်လ်ကွန်ကလည်း ပြော၏။

"အမှန်ပဲ၊ သူ့ကိုသတ်ပြီး သားရဲကရာဇ်အတွက် လက်စားချေကြစို့"

ကောင်းကင်ဝံပုလွေမျှော်စင်မှ ဝံပုလွေကြီးများ၏ သတ်ဖြတ်လိုစိတ်က ပို၍ပင် ပြင်းထန်လာတော့သည်။

ဟုတ်သည်၊ ဒါက တာ့ယန်ဆေးခန်းမ မဟုတ်ပေ။ လုမင်က တားယန်ဆေးအစီရင်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပါ။ သို့ဆိုလျှင်၊ သူတို့က ဘာကို ကြောက်ရွံ့ရမည်နည်း။ သူတို့က အနာဂတ်တွင် ဖြစ်လာနိုင်သည့် ဒုက္ခများကို ဖယ်ရှားပစ်ရန် လုမင်ကို သတ်နိုင်သည်။

All Chapters