← Chapters

အခန်း ၁၈၁၅

Vol. 121 Ch. 1815

အခန်း ၁၈၁၅

Vol. 121 Ch. 1815

အပိုင်း ( 1815 ) မင်းတို့အားလုံး သေရမယ်။

'ဟွမ်လင်၊ မင်း ဒဏ်ရာရထားတယ်။ မင်းရဲ့ဒဏ်ရာတွေကို ကုစားဖို့ တောင်နဲ့မြစ် ပန်းချီကားအတွင်းကို အရင်ဝင်နေလိုက်ပါ'

လုမင်က ဟွမ်လင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'လုမင်၊ သူတို့က ကျွမ်းကျင်သူတွေများတယ်။ သူတို့နဲ့ ထိပ်တိုက်ရင်မဆိုင်ပါနဲ့'

ဟွမ်လင်က စိုးရိမ်ပူပန်စွာ ပြောလိုက်၏။ လုမင်က ဝမ်ကျန်းရန်နှင့် အခြားသူများအား တစ်ယောက်တည်း တိုက်ခိုက်နေမည်ကို သူမ စိုးရိမ်သည်။

'စိတ်မပူပါနဲ့။ ငါ သူတို့ကို ရင်မဆိုင်နိုင်ရင်တောင် ငါ့မှာ ပူဖောင်းလေးရှိတယ်။ ငါ အချိန်‌မရွေး ပြန်ဆုတ်နိုင်ပါတယ်'

လုမင်က ခေါင်းညိတ်ပြလိုက်သည်။ ထိုမှသာ ဟွမ်လင်က စိတ်သက်သာရာရပြီး တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားတော့သည်။

"ဒီ​နေ့ မင်း​တို့​အားလုံး​ သေရမယ်"

လုမင်ထံမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်တို့ ပေါ်လာခဲ့သည်။ သူ၏ အေးစက်သော မျက်လုံးအကြည့်က ဝမ်ကျန်းရန်၊ ဖယ်လ်ကွန်နှင့် ကျန်လူများကို ဖြတ်သန်းသွား၏။

"ဟားဟားဟား၊ ဒါက တာ့ယန်ဆေးခန်းမလို့ မင်းထင်နေတာလား။ ဒီနေ့ သေရမဲ့သူက မင်းပဲ။ သတ်ကြ"

ဖယ်လ်ကွန်က ဟိန်းဟောက်လိုက်။ သူက တောင်ပံများကို ခတ်လိုက်ပြီး လုမင်ဆီသို့ ပျံသန်းသွား၏။ သူ၏ အတောင်များက ဓားသွားကဲ့သို့ လုမင်ကို ခုတ်ထစ်လာတော့သည်။

ဖယ်လ်ကွန်က ကောင်းကင်ငှက်နန်းတော်၏ ထိပ်တန်း ပါရမီရှင် ဖြစ်သည်။ သူက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိ၏။ သူ၏ တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းသည်။ လုမင်၏ ဝိညာဉ်ခန္ဓာ မတိုး‌တက်သေးပါက၊ ၎င်းကို တွန်းလှန်ရန် ခက်ခဲလိမ့်မည်။ သို့သော်၊ ယခုအချိန်မှာတော့ လုမင်က လုံးဝ မကြောက်တော့ပါ။

ကစဉ့်ကလျား နိယာမက ပေါက်ကွဲထွက်လာသည်။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သောအခါ ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ လုမင်၏ လက်ဝါးရိုက်ချက် ငရဲဖိနှိပ်ကျောက်စာချပ်တစ်ခုကို သယ်ဆောင်လာပုံရပေသည်။

"ဝုန်း"

လုမင်၏လက်ဝါးက ဖယ်လ်ကွန်၏ အတောင်ပံများနှင့် တိုက်မိသွားသည်။ ဖယ်လ်ကွန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။ သူ၏ အမွေးအတောင်များစွာ ကျွတ်ကျသွားပြီး နောက်ကိုဆုတ်သွားရတော့သည်။

သူ့မျက်လုံးများက အလွန်အမင်း ထိတ်လန့်ခြင်းများဖြင့် ပြည့်သွားသည်။ လုမင်၏ စွမ်းအားကြောင့် သူ ကြောက်ရွံ့တုန်လှုပ်သွား၏။

ဤတိုက်ခိုက်မှုတွင်၊ လုမင်၏ လက်ဝါးမှ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု တိုးထွက်လာသည်ကို ခံစားရသည်။ ၎င်းသည် သူ့ကို ချေမှုန်းပစ်တော့မည်ကဲ့သို့ပင်။

လုမင်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်သာ ဖြစ်သည်။ ဤမျှကြောက်စရာကောင်းသော စွမ်းအားကို သူက မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

သူက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ပြီး လုမင်ကမူ မဟာသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်တွင်သာ ရှိသေးသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က ကွာခြားသော်လည်း ထိပ်တိုက်ရင်ဆိုင်မှုတွင် သူက အားနည်းသည့်ဘက်မှာ ရှိနေသည်။ ဒါက မယုံနိုင်စရာပင်။

"ဝုန်း"

လုမင်က ခြေတစ်ချက်ဆောင့်နင်းပြီး ဖယ်လ်ကွန်ကို တိုက်ခိုက်လိုက်သည်။

"အတူတူတိုက်ခိုက်ကြစို့"

ဖယ်လ်ကွန်က ဟိန်းဟောက်လိုက်သည်။

ရုတ်တရက်၊ ဝံပုလွေအူသံများက ကောင်းကင်ယံတွင် ပြည့်သွားသည်။ အတောင်ပံရိုက်ခတ်များကလည်း လေထဲတွင် တဝုန်းဝုန်း ဖြစ်၏။ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် ကောင်းကင်ငှက်နန်းတော်မှ အခြားကျွမ်းကျင်သူများက လုမင်ကို တိုက်ခိုက်လာတော့သည်။ တစ်ချိန်တည်းမှာပင်၊ ဝမ်ကျန်းရန်က မိသားစုမှ ကျွမ်းကျင်သူများကို ဦးဆောင်ကာ လုမင်အား တိုက်ခိုက်ခဲ့သည်။

'ပူဖောင်းလေး၊ မင်းက ဝမ်မျိုးနွယ်ကလူတွေကို တားဆီးထားလိုက်ပါ'

လုမင်က ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'စိတ်ချထားလိုက်'

ပူဖောင်းလေးက ပျံထွက်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင်က ရေကဲ့သို့ လှိုင်းထလာပြီး ဝမ်ကျန်းရန်နှင့် အခြားသူများကို ဟန့်တားလိုက်၏။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်စွမ်းအင်က ဝမ်ကျန်းရန်နှင့် အခြားအရာများဆီသို့ တိုးဝင်လာတော့သည်။

ဝမ်ကျန်းရန်နှင့် အခြားသူများလည်း အစွမ်းကုန် ခုခံလိုက်ကြရသည်။

တစ်ဖက်တွင်၊ လုမင်က အန္တိမသူတော်စင်လက်နက် ဓားတစ်လက်ကို ကိုင်ထားသည်။ သူက ရှေ့ကိုတိုး၍ ဓားဖြင့် ခုတ်လိုက်၏။

ကြောက်စရာကောင်းသော စွမ်းအားက ဓားထဲသို့ စီးဝင်လာသည်။ တောင်များကိုပင် ခွဲထုတ်နိုင်သော စွမ်းအားမျိုးဖြင့် ဓားချက်က ဧရာမဝံပုလွေတစ်ကောင်ဆီသို့ ဖြတ်သွားတော့သည်။

"အူဝူး..."

ဧရာမဝံပုလွေကြီးက ဟိန်းဟောက်ပြီး သူ့အစွမ်းရှိသမျှ ထုတ်ဖော်လိုက်သည်။ သူ့တကိုယ်လုံးမှ နတ်အလင်းရောင်များ ဖြာထွက်လာပြီး လုမင်ဆီသို့ ဖြန့်ကျက်သွား၏။

ဤဝံပုလွေကြီးက ကောင်းကင်ဝံပုလွေမျှော်စင်၏ ပါရမီရှင် ဖြစ်သည်။ သူက ကောင်းကင်ဝံပုလွေမျှော်စင်၏ အသန်မာဆုံး ပါရမီရှင် မဟုတ်သော်လည်း ထိပ်တန်း ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်နေသေးသည်။ သူ့ခွန်အားက အလွန် သန်မာသည်။

သို့သော်လည်း ယခုအချိန်တွင် သူက လုမင်၏ဓားကို မရပ်တန့်နိုင်ပေ။

ဓားက သူ၏ တိုက်ခိုက်မှုများကို ထိုးဖောက်သွားသည်။ ထို့နောက် သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်တော့သည်။

"မဟုတ်ဘူး..."

ဧရာမဝံပုလွေက အော်ဟစ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ဓားက သူ့ကို ဖြတ်သန်းသွား၏။ ဧရာမဝံပုလွေကြီးက ထက်ခြမ်းကွဲသွားပြီး သွေးများ သွန်ကျလာတော့သည်။

"ရွှစ်"

ထို့နောက်၊ လုမင်က ဓားဖြင့် ရေပြင်ညီအတိုင်း ခုတ်လိုက်သည်။ ငှက်ကြီးတစ်ကောင်က အမွေးများ လွင့်စဉ်သွားပြီး ဓားချက်အောက်တွင် သေဆုံးသွား၏။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်တာလဲ"

အခြားသူများ တုန်လှုပ်သွားကြသည်။ လုမင်က အဆင့်နိမ့် မဟာသူတော်စင်သာဖြစ်သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားက ကြောက်မက်ဖွယ် ကောင်းလွန်း၏။ ယခုတစ်ကြိမ် ရောက်ရှိလာသော အင်အားစု သုံးခုတွင် အားအနည်းဆုံးမှာ မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် ဖြစ်သော်လည်း လုမင်၏ဓားကို မရပ်တန့်နိုင်ပေ။

"သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အစီရင်နိယာမကို အသက်သွင်းပြီး လေထဲသို့ တိုးဝင်သွား၏။ ထူထပ်သော ရွန်းများက လေထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကျန်သူများကို ဖုံးအုပ်သွားတော့သည်။

လုမင်က တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားရင်း ဓားချက်များ ထုတ်ဖော်လိုက်သည်။

"ရွှပ်... ရွှပ်"

နောက်ထပ် ကျွမ်းကျင်သူနှစ်ဦး အသတ်ခံရပြီး သူတို့၏သွေးများက ကောင်းကင်တွင် စွန်းထင်းသွားခဲ့သည်။

"ဝှစ်"

လေတိုးသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဖယ်လ်ကွန်က အခွင့်အရေးရှာပြီး အလစ်အငိုက် တိုက်ခိုက်လာခြင်း ဖြစ်၏။ ကြောက်မက်ဖွယ်ကောင်းပြီး ချွန်ထက်သော ခြေသည်းများက လုမင်ကို ဖမ်းဆုပ်လာတော့သည်။ သူ၏ခြေသည်းများပေါ်တွင် အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်နေပြီး ၎င်းတို့က အလွန်စူးရှထက်မြက်သည်။

"ထန်"

လုမင်က ဓားဖြင့် ခုတ်လိုက်သောအခါ သံသံချင်း ထိခတ်သကဲ့သို့ အသံမျိုး ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဖယ်လ်ကွန်က ပြန်ဆုတ်သွားရ၏။ သူ၏ ခြေသည်းများမှ သွေးများ စီးကျလာတော့သည်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

လုမင်က လက်ချောင်းအနည်းငယ်ကို ရှေ့ဆင့်နောက်ဆင့် ညွှန်ပြလိုက်သည်။ ဧရာမ လက်ချောင်းကြီးတချို့ ထွက်ပေါ်လာပြီး ဖယ်လ်ကွန်နှင့် အခြားသူများဆီသို့ ဖြတ်သန်းသွား၏။

ယခုဆိုလျှင်၊ လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက တိုးတက်လာပြီး ငါးဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ ငါးဆယ့်ငါးရာခိုင်နှုန်း စွမ်းအားက အလွန် ကြောက်စရာကောင်းသည်။ ၎င်းက သာမန် နတ်ဘုရားစွမ်းရည်၏ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းနှင့် နှိုင်းယှဉ်နိုင်ပေသည်။ အန္တိမ သူတော်စင်တစ်ဦးသာ ဤအဆင့်အထိ လေ့ကျင့်နိုင်သည်။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကျရောက်လာပြီးနောက် ဖယ်လ်ကွန်မှလွဲ၍ အခြားသူများအားလုံး ချက်ချင်း သေဆုံးသွားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းအောက်တွင် တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

ဖယ်လ်ကွန်က အသက်မသေသော်လည်း သွေးများအန်ထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားရသည်။

"ဝှစ်..."

လုမင်က ဓားကိုဖယ်ရှားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက အလင်းတန်းတစ်ခုကဲ့သို့ ဖယ်လ်ကွန်ရှေ့တွင် ချက်ချင်း ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ဖယ်လ်ကွန်ကလည်း အော်ဟစ်ပြီး အင်အားအပြည့်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း... ဝုန်း"

သူတို့နှစ်ဦးက အဆက်မပြတ် ရင်ဆိုင်လိုက်ကြသည်။ တခဏချင်းတွင် ဆယ်ကြိမ်ထက်မနည်း အပြန်အလှန် ထိုးနှက်ခဲ့ကြ၏။ တိုက်ခိုက်မှုတစ်ခု ရင်ဆိုင်လိုက်တိုင်း၊ ဖယ်လ်ကွန်မှာ နောက်ပြန်ဆုတ်နေရတော့သည်။

လုမင်၏ ကျင့်ကြံမှုအဆင့်က ဖယ်လ်ကွန်နှင့် ဝေးကွာသော်လည်း၊ လုမင်၏ ဝိညာဉ်ခန္ဓာမှာ ကောင်းကင်ဝိညာဉ်ခန္ဓာ အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင်၊ လုမင်၏ ဝိညာဉ်ခန္ဓာက ကစဉ့်ကလျားချီကြိုးမျှကိုလည်း သန့်စင်ထားသေးသည်။ ထို့ကြောင့် သူ၏ ဝိညာဉ်ခန္ဓာစွမ်းအားက သာမန် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာထက် သာလွန်သည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က ကမ္ဘာပေါ်တွင် အသန်မာဆုံး နိယာမဆယ်ခုထဲမှ တစ်ခုဖြစ်ပြီး နိယာမများ၏ ဧကရာဇ်ဖြစ်သည့် ကစဉ့်ကလျားနိယာမကို လေ့ကျင့်ထားသေးသည်။

ထို့ပြင်၊ လုမင်တွင် သူတော်စင်နှလုံးသား နှစ်ခုရှိသောကြောင့် သူ၏ သူတော်စင်စွမ်းအားကို အခြေခံသဘောဖြင့် ဆုံးဖြတ်၍ မရပေ။ လုမင်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အဆင့်နိမ်အ့အဆင့်သာဖြစ်သော်လည်း၊ သူ့တွင် သူတော်စင်နှလုံးသား နှစ်ခုရှိသောကြောင့် သူ၏ သူတော်စင်စွမ်းအားက အဆင့်မြင့် မဟာသူတော်စင်ထက် အားနည်းသည်မဟုတ်ပေ။

အကြောင်းရင်းများစွာကို ပေါင်းစပ်လိုက်ခြင်းဖြင့် လုမင်က အဆင့်ကွာဟမှုများစွာကို ဖြတ်ကျော်ကာ ဖယ်လ်ကွန်အား ဖိနှိပ်နိုင်ခဲ့သည်။

ဒါကပင် ဤဖယ်လ်ကွန်က ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဤနေရာတွင် သာမန်လူတစ်ယောက်ဖြစ်ပါက အဆင့်နိမ့် အန္တိမသူတော်စင်ဖြစ်လျှင်ပင် လုမင်က တိုက်ခိုက်နိုင်လိမ့်မည်။

"ဒုန်း"

ဆယ်ကြိမ်ထက်မနည်း တိုက်မိပြီးနောက်၊ ဖယ်လ်ကွန်က တောင်ကြားနံရံသို့ ဝင်ဆောင့်မိသွားသည်။ မီးတောက်များက ပျံ့လွင့်သွားပြီး ကျောက်တုံးများလည်း လွင့်စဉ်သွား၏။ ဖယ်လ်ကွန်၏ ကြီးမားသော ပါးစပ်အတွင်းမှ သွေးများ ထွက်ကျလာတော့သည်။

"ဝမ်ကျန်းရန်၊ ငါ့ကိုကူညီပါဦး"

ဖယ်လ်ကွန်က ဟိန်းဟောက်လိုက်သည်။ သူ့နှလုံးခုန်သံမြန်လာပြီး အသက်ဘေးအန္တရာယ်ကို ခံစားနေရပြီ။

သို့သော်လည်း ယခုအချိန်တွင် ဝမ်ကျန်းရန်က အလွန်ကြောက်လန့်ပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့နေသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်း၏။ သာမာန်သူတော်စင်များက လုမင်၏ရှေ့တွင် ကလေးငယ်များကဲ့သို့ အားနည်းလွန်းလှသည်။ ဖယ်လ်ကွန်သည်ပင် လုမင်ကို မယှဉ်နိုင်ပေ။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ ယခုအချိန်မှာ သူက ဖယ်လ်ကွန်ကိုလည်း မကူညီချင်တော့ပါ။ သူလွတ်မြောက်ရန်တစ်ခုသာ အာရုံရှိသည်။

"ပေါက်ကွဲ"

ဝမ်ကျန်းရန်၏ မျက်လုံးများတွင် ရူးသွပ်မှုတို့ ပေါ်လာပြီး အန္တိမသူတော်စင်လက်နက်တစ်ခုကို ဖောက်ခွဲပစ်လိုက်သည်။ လက်နက်ကို ဖောက်ခွဲခြင်းမှ ကြောက်စရာကောင်းသော စွမ်းအားက ပူဖောင်းလေး ချမှတ်ထားသော ဟင်းလင်းပြင်အတားအဆီးကို ဖြိုချလိုက်၏။ ဝမ်မိသားစု၏ ကျွမ်းကျင်သူများလည်း ပူဖောင်းလေး၏ အတားအဆီးအတွင်းမှ လွတ်မြောက်သွားတော့သည်။

သို့သော်၊ သူတို့က ဖယ်လ်ကွန်ကို မကူညီခဲ့ကြပါ။ ထိုအစား၊ သူတို့က ကောင်းကင်သို့ ပြေးတက်သွားကြသည်။

"ဖယ်လ်ကွန်၊ မင်း သူတို့ကို အရင် တားဆီးထားပါ။ မင်းကိုကယ်တင်ဖို့ ကျွမ်းကျင်သူတွေကို ငါသွားရှာမယ်"

ဝမ်ကျန်းရန်၏ အသံက အဝေးမှ ထွက်ပေါ်လာတော့သည်။

"သေစမ်း"

ဖယ်လ်ကွန်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။

"မင်းကို ကယ်ဖို့ ဘယ်သူမှ လာမှာ မဟုတ်ဘူး။ သေလိုက်တော့၊ ချိပ်ပိတ်"

လုမင်က လှောင်ပြောင်လိုက်သည်။ သူက လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ မရေမတွက်နိုင်သော ရွန်းများ ပေါ်လာကြ၏။ ရွန်းများက ကြောက်စရာကောင်းသော တံဆိပ်ခတ်ခြင်းစွမ်းအားအဖြစ် စုဖွဲ့ကာ ဖယ်လ်ကွန်ကို လွှမ်းခြုံလိုက်တော့သည်။

All Chapters