← Chapters

အခန်း ၁၈၁၇

Vol. 122 Ch. 1817

အခန်း ၁၈၁၇

Vol. 122 Ch. 1817

အပိုင်း ( 1817 ) ဝမ်ကျန်းရန်ကို သတ်ခြင်း။

လွန်ခဲ့သည့်တစ်လက တာ့ယန်ဆေးခန်းမတွင် တာ့ယန်ဆေးခန်းမ၏ အဖိုးအိုတစ်ဦးက အစစ်အမှန်ဧကရာဇ်နှစ်ပါးကို ဆက်တိုက်သတ်ခဲ့သည်။ ထိုဖြစ်ရပ်က ရှေးဟောင်းလမြင့်မြတ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်‌သွားစေခဲ့ပေသည်။

မျိုးဆက်တူတိုက်ပွဲတွင် ရလဒ်က မည်ကဲ့သို့ပင် ဖြစ်စေကာမူ၊ ထိုအဘိုးအိုက ဝင်ရောက်စွတ်ဖက်မည်မဟုတ်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း မျိုးဆက်ဟောင်းများက၊ အထူးသဖြင့် ဧကရာဇ်အဆင့် အကျော်အမော်များက လုမင်ကို လက်ပါလျှင်တော့... သူသည် ထိုအင်အားစုသို့ ခြေဆန့်ပေလိမ့်မည်။

ထိုစကားများက အင်အားစုအားလုံးမှ လူများ၏ နှလုံးသားများကို အေးခဲသွားစေခဲ့သည်။

အဘိုးအို၏ တိုက်ခိုက်ရေး စွမ်းအားဖြင့်၊ မည်သည့်အင်အားစုကိုမဆို သူ ရောက်လာမည်ဆိုလျှင် အကျိုးဆက်များကို မှန်းဆ၍မရနိုင်ပေ။

ထို့ကြောင့်၊ ဝမ်မျိုးနွယ်မှ ဧကရာဇ်အဆင့် အကျော်အမော်သည် လုမင်ကို မတိုက်ခိုက်ဝံ့တော့ပေ။ လုမင်က ကိုယ့်သေတွင်းကိုတူးပြီး အစပြုကာ တိုက်ခိုက်ခြင်းမပြုပါက ဧကရာဇ်အဆင့် အကျော်အမော်များသည် လုံးဝ ထိပါးဝံ့မည် မဟုတ်ပါချေ။

ယခုအချိန်တွင် လုမင်၏ စကားများက ဝမ်မျိုးနွယ်မှ ဧကရာဇ်ကြီး၏ နှလုံးသားကို အလွန်အေးစက်သွားစေသည်။ သူ၏ ကျောရိုးထဲထိ အေးစက်သွားသလို ခံစားလိုက်ရပေသည်။

ဝမ်ကျန်းရန်၏ နှလုံးသားမှာလည်း အေးစက်သွားသည်။

လုမင်က ဝမ်မျိုးနွယ်၏ ဧကရာဇ်အဆင့် အ‌ကျော်အမော်၏ရှေ့တွင် သူ့ကို သတ်မည်လော။

ထိုအကြောင်းကို တွေးတောမိသောအခါ ဝမ်ကျန်းရန်က ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

"ဘိုးဘေး၊ ကျွန်တော်ကို ကယ်ပါဦး"

"လုမင်၊ မာဆတ်လွန်းတဲ့သစ်ကိုင်းက ပိုပြီးကျိုးလွယ်တယ်။ မင်းရဲ့ အရည်အချင်းက အားမနည်းပေမဲ့ တာ့ယန်းဆေးခန်းမရဲ့ အကြီးအကဲက မင်းကို ထာဝရ ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ဆုတ်လမ်းချန်ပြီး အခုနေ ထွက်သွားတာက အကောင်းဆုံးဖြစ်လိမ့်မယ်"

ဝမ်မျိုးနွယ်၏ ဧကရာဇ်အဆင့် အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။

"ဆုတ်​လမ်းချန်​ထားရမှာလား။ ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာ။ မင်းငါ့ကိုသတ်ဖို့ အခွင့်အရေးရအောင် ဆုတ်လမ်းချန်ပေးရမှာလား"

လုမင်က ရယ်မောလိုက်သည်။ သူ့လေသံက အထင်မြင်သေးမှုတို့ ပြည့်နေ၏။

လုမင်နှင့် ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြားအင်အားစုများက ပြန်လည်သင့်မြတ်ရန် နည်းလမ်းမရှိတော့ပေ။ တစ်ဖက်ဖက်က သေဆုံးမှသာ ရပ်တန့်သွားကြမည် ဖြစ်သည်။ လုမင်က နောက်ဆုတ်လျှင်ပင် တစ်ဖက်လူများက ခွင့်လွှတ်လိုက်မည်လော။

ထိုအခြေအနေမျိုးတွယ် အဘယ်ကြောင့် ဆုတ်လမ်းကို ချန်ခဲ့ရမည်နည်း။

"ငါ ဝမ်ကျန်းရန်ရဲ့အသက်ကို လိုချင်တယ်။ မင်း ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရအောင်"

လုမင်က သူ၏ အနှိုင်းမဲ့ အေးစက်သော သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်ထားဘဲ ပြောလိုက်သည်။

"မဟုတ်... မဟုတ်ဘူး..."

ဝမ်ကျန်းရန်က သွေးရူးသွေးတန်းဖြင့် အော်ဟစ်ပြီး ရုန်းကန်လိုက်၏။

"သတ်"

လုမင်က အော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက မုန်တိုင်းတစ်ခုကဲ့သို့ တိုးထွက်လာပြီး ဝမ်ကျန်းရန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။

ဝမ်ကျန်းရန်ထံမှ လက်မခံလိုသော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ် ပေါက်ကွဲသွား၏။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပင်လျှင် ပျက်စီးသွားတော့သည်။

မိုင်းတွင်းမှာ လူတိုင်းက ဤမြင်ကွင်းကို ထိတ်လန့်တကြားဖြင့် ကြည့်နေခဲ့ကြသည်။

ဝမ်ကျန်းရန် သေဆုံးသွားပြီ။ လုမင်က ဝမ်မျိုးနွယ်မှ ဧကရာဇ်ကြီး၏ရှေ့မှာပင် ဝမ်ကျန်းရန်ကို သတ်ဝံ့သည်။

"မင်း သေသင့်တယ်"

ဝမ်မျိုးနွယ်စု၏ ဧကရာဇ်ကြီးက အေးစက်စက် ပြောလိုက်သည်။ ကြောက်စရာကောင်းသော အရှိန်အဝါများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ မိုးနှင့်မြေမှာလည်း တုန်ခါသွားတော့သည်။

လုမင်က ဤအရှိန်အဝါကြောင့် နောက်ပြန်ဆုတ်သွားခဲ့ရသည်။ သို့သော်လည်း သူက ‌အကြောက်ရွံ့မရှိဘဲ ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးကို စူးစိုက်ကြည့်နေဆဲပင်။

ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးက အဆုံးမဲ့ သတ်ဖြတ်လိုစိတ်တို့ဖြင့် လုမင်ကို စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် လုမင်ကို ချက်ချင်း ရိုက်သတ်ချင်စိတ်တို့ ဖြစ်ပေါ်နေ၏။

သို့သော်လည်း နောက်ဆုံးမှာတော့ သူ မလှုပ်ရှားဖြစ်ခဲ့ပေ။

ဤမိုင်းတွင်းမှာ လူအများကြီး ရှိခဲ့သည်။ အားလုံးက အင်အားစုအမျိုးမျိုးမှ ဆင်းသက်လာခြင်း ဖြစ်၏။ သူက လုမင်ကိုသတ်ဝံ့လျှင် သတင်းက သေချာပေါက် ပျံ့နှံ့သွားလိမ့်မည်။ ထိုအချိန်တွင်၊ တာ့ယန်ဆေးခန်းမ၏ အကျော်အမော်က သတိပြုမိမည် ဖြစ်သည်။ ဝမ်မျိုးနွယ်သည်လည်း ကြောက်စရာကောင်းသော ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရလိမ့်မည်။

သူကိုယ်တိုင်လည်း တာ့ယန်ဆေးခန်းမမှ အကျော်အမော်၏ အသတ်ခံရနိုင်ချေရှိသည်။

ထို့ကြောင့် သည်းခံပြီး သူ၏ အရှိန်အဝါကို ဖြည်းညှင်းစွာ ရုတ်သိမ်းလိုက်လေသည်။ သို့သော်လည်း သူ၏ သတ်ဖြတ်ရန် ရည်ရွယ်ချက်မှာ ပို၍ ပြင်းထန်လာခဲ့သည်။

"လုမင်၊ တာ့ယန်ဆေးခန်းမရဲ့ အကြီးအကဲ မျိုးဆက်သစ်တွေကြားက တိုက်ပွဲမှာ ဝင်စွတ်ဖက်ခြင်းမပြုရဘူးလို့ ဆိုထားပေမဲ့ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုပြီး အားကောင်းလာတယ်။ ပြီးတော့ ငါ့ဝမ်မျိုးနွယ်ကို အမြဲတမ်း အတိုက်အခံပြုနေတာကြောင့် ဝမ်မျိုးနွယ်က ငြိမ်နေဖို့ မဖြစ်နိုင်တော့ဘူး။ အခုချိန်ကစပြီး ဧကရာဇ်အဆင့် အကျော်အမော်တွေက ဝင်မစွတ်ဖက်ရင်တောင် အန္တိမသူတော်စင်တွေကိုတော့ ခွင့်ပြုပေးရမယ်။ မဟုတ်လို့ ငါတို့က သေတဲ့အထိ တိုက်ခိုက်မယ်ဆိုရင် မင်းလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ “

ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးက အေးစက်စက် ပြောလိုက်သည်။

နောက်ဆုံးမှာတော့ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းပေသည်။ ဝမ်မျိုးနွယ်၏ မျိုးဆက်သစ်လူငယ်များတွင် မည်သူမျှ လုမင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ပိုမိုအားကောင်းလာသည်။ သို့သော်လည်း အကြီးအကဲခုန်း၏ စကားအရ လုမင်က ဝမ်မျိုးနွယ်မှလူများကို စဉ်ဆက်မပြတ်သတ်နိုင်သည့်တိုင်၊ ဝမ်မျိုးနွယ်ကတော့ ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ဒါကို မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။

လုမင်၏ အင်အားက မျိုးဆက်သစ်လူငယ်များကို ကျော်လွန်သွားသောကြောင့် ၎င်းတို့က လုမင်ကိုဆက်ဆံရန် မျိုးဆက်ဟောင်းများကို စေလွှတ်နိုင်သည်။ ဧကရာဇ်အဆင့် အကျော်အမော်များ စေလွှတ်ခြင်းကဲ့သို့ တရားလွန်မဟုတ်သရွေ့ တစ်ဖက်လူက ခွင့်ပြုရလိမ့်မည်။

"ကောင်းပြီ၊ အန္တိမသူတော်စင်အားလုံးကို ငါ ကိုင်တွယ်မယ်။ ဦးလေးခုန်းက မင်းတို့ကို ပြဿနာမရှာစေရဘူး"

လုမင်က ပြောလိုက်သည်။

ဧကရာဇ်အဆင့် အကျော်အမော်များက မတိုက်ခိုက်သရွေ့ ကိစ္စမရှိပေ။ ထို့ပြင် အန္တိမသူတော်စင်များက လုမင်အား ဖိအားများနှင့် လှုံ့ဆော်မှုများကို ဆောင်ကြဉ်းပေနိုင်သောကြောင့် လျင်မြန်စွာ တိုးတက်နိုင်မည် ဖြစ်သည်။

ထို့နောက်မှာတော့ လုမင်က လေထဲမှ လှည့်ထွက်သွားတော့သည်။

ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးက သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် တိုက်ခိုက်ရန် မဝံ့ရဲဘဲ လုမင် ထွက်သွားတာကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

"လုမင်ရဲ့ တိုက်ခိုက်ရေးအင်အားက ဒီအဆင့်ကိုတောင် ရောက်နေပြီလား။ သူက ဝမ်ကျန်းရန်ကို သတ်နိုင်ခဲ့တာ အံ့ဩစရာကောင်းတယ်"

"အမှန်ပဲပေါ့၊ အခုလေးတင် လုမင်က ဝမ်ကျန်းရန်ကို ပြန်မတိုက်နိုင်အောင် သူ့ဘေးက ကောင်မလေးရဲ့ အကူအညီကို ယူခဲ့တယ်။ အဲဒီကောင်မလေးက ကြောက်စရာကောင်းတဲ့ နတ်သားရဲဖြစ်သင့်ပေမဲ့ လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ တကယ်ကို အားကောင်းတာ သေချာတယ်"

"လုမင်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ ထိပ်တန်းကိုရောက်နေပြီ။ မကောင်းဆိုးရွား အချို့ကလွဲရင် ဘယ်သူမှ သူ့ကို မယှဉ်နိုင်မှာကို ကြောက်ရတယ်"

မိုင်းတွင်းမှ လူတော်တော်များများက ဆွေးနွေးလိုက်ကြသည်။ ‌ယနေ့တွင် ဖြစ်ပျက်ခဲ့တာတွေကလည်း မကြာမီပင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို ပျံ့နှံ့သွားလိမ့်မည်။

............

လုမင်က ဖီးနစ်နန်းတော်သို့ ဦးတည်သွားခဲ့သည်။ မကြာမီ၊ လုမင်က ဖီးနစ်နန်းတော်သို့ ရောက်ရှိလာ၏။ ထို့နောက် ဟွမ်လင်ကို တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ လွှတ်ပေးလိုက်လေသည်။

ယခုအခါမှာတော့ ဟွမ်လင်၏ အသားအရေက သွေးရောင်ပြန်လွှမ်းနေပြီ ဖြစ်သည်။ ထွက်လာပြီးနောက် သူမက ပတ်ဝန်းကျင်ကို ချက်ချင်း လှည့်ကြည့်လိုက်၏။

"ဒါက ဖီးနစ်နန်းတော်ပဲ"

ဒါက ဖီးနစ်နန်းတော်မှန်း သိလိုက်ရသောအခါမှ သက်ပြင်းရှည်ကြီးချလိုက်လေသည်။

"လုမင်၊ နင်အဆင်ပြေရဲ့လား"

ဟွမ်လင်က လုမင်ကိုကြည့်ပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"ကောင်းပါတယ်"

လုမင် ပြုံးလိုက်သည်။

"ဝမ်ကျန်းရန်နဲ့ ဖယ်လ်ကွန်၊ ငါ သူတို့ကို အနှေးနဲ့အမြန် လက်စားချေမယ်"

ဟွမ်လင်က အံကြိတ်လိုက်သည်။ သူ့မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာ၏။

"ဒါက... သူတို့က သေသွားပြီဆိုတော့ မင်း သူတို့ကို လက်စားမချေနိုင်တော့မှာ စိုးရတယ်"

လုမင်က အနည်းငယ် ပြုံးလိုက်သည်။

"ဘာ၊ သေကြပြီလား။ နင်... နင်က သူတို့ကို သတ်လိုက်တာလား"

ဟွမ်လင်က အံသြသွားသည်။

"ဟုတ်တယ်၊ ငါက ပူဖောင်းလေးနဲ့အတူ သူတို့ကို သတ်ခဲ့တာ"

လုမင်က ပြောလိုက်၏။

"လုမင်၊ နင့်ရဲ့ ကျင့်ကြံမှုက အဆင့်တက်သွားပြီလား"

ဟွမ်လင်က ထပ်မေးပြန်သည်။

ဝမ်ကျန်းရန်နှင့် ဖယ်လ်ကွန်တို့၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး အလွန်အစွမ်းထက်သည်။ လုမင်က ၎င်းတို့ကို သတ်နိုင်ခြင်းမှာ သူမ၏ မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့ပေသည်။

"ငါ့ရဲ့ ကျင့်ကြံမှုအခြေခံက အဆင့်မတက်သေးပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်ခန္ဓာကတော့ အဆင့်တက်ခဲ့တယ်။ ဟွမ်လင်၊ မင်းရဲ့ ဒဏ်ရာတွေကို အရင်ကုသလိုက်ပါ။ မင်း လုံးဝ ပြန်ကောင်းတဲ့အခါ လုံချန်ကိုခေါ်ပြီး တာ့ယန်ဆေးခန်းမမှာ ငါ့ကို လာရှာချေ။ ငါ မင်းတို့ကို ကောင်းမွန်တာတစ်ခုပြမယ်"

လုမင်က ပြုံးလိုက်သည်။

"မဆန်းတော့ပါဘူး"

ဟွမ်လင်က ခေါင်းညိတ်လိုက်လေသည်။ လုမင်၏ တိုက်ခိုက်ရေးအင်အားက ယခင်ကပင် အလွန်အားကောင်းနေပြီ ဖြစ်သည်။ ယခုကဲ့သို့ သူ၏ ဝိညာဉ်ရေးခန္ဓာက အဆင့်တက်သွားချိန်မှာတော့ သူ၏တိုက်ခိုက်ရေးစွမ်းအားကလည်း ပို၍ပင် ကြောက်စရာကောင်းလိမ့်မည်။ ထို့ပြင်၊ ပူဖောင်းလေး၏ အကူအညီ ရှိသေးသ‌ဖြင့် ဝမ်ကျန်းရန်နှင့် အခြားသူများကို သတ်ပစ်ရန်မှာ ဖြစ်နိုင်သည်။

"ဒါပေမဲ့ အဲဒါကဘာလဲ"

လုမင် ပြောခဲ့သည့် "ကောင်းမွန်သောအရာ"ကို သူမ သိချင်မိ၏။

"သိချင်ရင် ငါ့ကို တာ့ယန်ဆေးခန်းမမှာ လာရှာပေါ့၊ ဟားဟားဟား"

လုမင်က ရယ်မောလိုက်သည်။ ထို့နောက်မှာတော့ သူက လှည့်ထွက်ပြီး အဝေးကို ချက်ချင်း ထွက်သွားတော့သည်။

တာ့ယန်ဆေးခန်းမသို့ ပြန်လာပြီးနောက် လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် တံဆိပ်ခတ်ခြင်းကျမ်းကို နားလည်ဆင်ခြင်ရန် အခန်းအောင်းလိုက်သည်။

ခုနစ်ရက်အကြာတွင် ဟွမ်လင်နှင့် လုံချန်တို့က တာ့ယန်ဆေးခန်းမသို့ ရောက်ရှိလာလေသည်။

"လုမင်၊ နင် ငါတို့ကိုပြမဲ့ ကောင်းမွန်တဲ့ဟာက ဘာလဲ"

ဟွမ်လင်က မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး စူးစမ်းချင်စိတ်နှင့် မေးလိုက်သည်။

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပလာပြီးနောက် တာ့ယန်ဆေးမီးဖိုက မြေပေါ်ကို ကျရောက်လာခဲ့သည်။

"ဒါက တာ့ယန်ဆေးမီးဖိုပဲ"

"တာ့ယန်ဆေးမီးဖိုလား"

သူတို့ နှစ်ယောက်က အနီးကပ် ကြည့်ရှုလိုက်၏။ ယခင်ကလည်း သူတို့ အဝေးမှ မြင်ဖူးသည်။

"တာ့ယန်ဆေးမီးဖိုရဲ့ ဆေးမီးလျှံက ဝိညာဉ်ခန္ဓာကို သန့်စင်ပြီး ဖွံ့ဖြိုးတိုးတက်စေနိုင်တယ်"

လုမင်က တာ့ယန်ဆေးမီးဖို၏ အသုံးပြုပုံနှင့် သက်ရောက်မှုများကို ရှင်းပြလိုက်လေသည်။

All Chapters