အခန်း ၁၈၁၈
Vol. 122 Ch. 1818
အပိုင်း ( 1818 ) အိုးရန်ဝူရွှမ့်။
ဟွမ်လင်နှင့် လုံချန်တို့၏ စရိုက်ကို သူ အပြည့်အဝ ယုံကြည်သည်။ ထို့ကြောင့် လုံချန်နှင့် ဟွမ်လင်တို့၏ ဝိညာဉ်ခန္ဓာများကို တာ့ယန်ဆေးမီးဖိုဖြင့် သန့်စင်ပေးရန် စိတ်ကူးခဲ့ပေသည်။
ဟွမ်လင်နှင့် လုံချန်တို့ နှစ်ဦးစလုံးက ထိပ်တန်းစစ်သားရဲဆယ်ကောင်နှင့် ပတ်သက်သော ဝိညာဉ်ခန္ဓာများကို လေ့ကျင့်ခဲ့ကြသည်။ သူတို့၏ ဝိညာဉ်ခန္ဓာများက ကောင်းကင် အဆင့်မြင့်အဆင့်သို့ ရောက်ရှိသည်နှင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း အဆများစွာ တိုးတက်လိမ့်မည်။
"ဒါက ဝိညာဉ်ခန္ဓာကို တိုက်ရိုက်သန့်စင်ပြီး ဖွံ့ဖြိုးတိုးတက်စေနိုင်တာလား"
လုမင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် နှစ်ယောက်စလုံး အံသြသွားကြသည်။
ဤအကျိုးသက်ရောက်မှုက ကောင်းကင်ဘုံကို အံတုလွန်းသည် မဟုတ်လော။
"ဘယ်သူ အရင်ဆုံး ဝင်ကြည့်ချင်လဲ။ ဒါပေမဲ့ ဒီဖြစ်စဉ်က အင်မတန် နာကျင်တယ်နော်။ မခံနိုင်တော့ဘူးဆိုရင် ငါ့ကို အသိပေးပါ"
လုမင်က အသိပေးလိုက်သည်။
"ဝိညာဉ်ခန္ဓာ ဆင့်ကဲဖြစ်စဉ်က ကောင်းကင်ကို အံတုလွန်းတယ်။ ဝေဒနာနည်းနည်းလောက်ကို ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ။ ငါအရင်သွားမယ်"
လုံချန်က လျှောက်သွားသည်။
လုမင်က ဆေးမီးဖိုအဖုံးကိုဖွင့်ပြီး လုံချန်ကို ဝင်ခွင့်ပြုလိုက်၏။ ထို့နောက် ဆေးမီးဖိုထဲသို့ သူတော်စင်ဆေးပင် အများအပြားကို ထည့်ကာ အဖုံးပြန်ပိတ်လိုက်တော့သည်။
လုမင်က ဆေးမီးဖိုကို ထိန်းချုပ်လိုက်သည်။ ဆေးမီးဖိုအတွင်းတွင် ဆေးမီးလျှံက ပြင်းထန်စွာလောင်ကျွမ်းလာပြီး လုံချန်ကို ဖုံးအုပ်သွား၏။ လုံချန်၏ ခန္ဓာကိုယ်က စတင် သန့်စင်လာတော့သည်။
လုံချန်က အလွန်ခိုင်မာသော စိတ်ဓာတ်ရှိသူ ဖြစ်သည်။ နာကျင်မှုက ပြင်းထန်သော်လည်း သူ့ကို နောက်ဆုတ်စေရန် မဖြစ်နိုင်ပေ။ သူက အံကြိတ်ကာ သည်းခံနေခဲ့သည်။
ခုနစ်ရက်အကြာတွင် လုံချန်က သူ့ကန့်သတ်ချက်ကို ရောက်ရှိပြီး ဆေးမီးဖိုထဲမှ ထွက်လာခဲ့လေသည်။
"အကျိုးသက်ရောက်မှုက တကယ်ကို အံ့သြစရာပဲ"
လုံချန်က သက်ပြင်းချလိုက်သည်။
"ငါ့အလှည့်ပဲ"
ဟွမ်လင်က ကြာကြာမစောင့်နိုင်တော့ဘဲ ဆေးမီးဖိုထဲသို့ ဝင်သွား၏။
နောက်ရက်များတွင်၊ ဟွမ်လင်နှင့် လုံချန်တို့က သူတို့၏ ဝိညာဉ်ခန္ဓာများကို သန့်စင်ရန်အတွက် တာ့ယန်ဆေးမီးဖိုအတွင်းသို့ အလှည့်ကျ ဝင်ရောက်ခဲ့ကြသည်။ လုမင်ကတော့ တာ့ယန်ဆေးမီးဖိုကို ထိန်းချုပ်ရန် သူ၏ အာရုံတချို့ကို ခွဲထုတ်ထားကာ တိတ်တဆိတ် လေ့ကျင့်နေခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်လကြာသွားသည်။ လုံချန်နှင့် ဟွမ်လင်တို့၏ ဝိညာဉ်ခန္ဓာများလည်း လွန်ကဲစွာ သန့်စင်ခံခဲ့ရ၏။ သူတို့နှစ်ဦးစလုံးက ဆင့်ကဲတိုးတက်ပြီး အဆင့်မြင့် ဝိညာဉ်ခန္ဓာ အဆင့်သို့ ကိုယ်စီတက်လှမ်းနိုင်ခဲ့ကြပေသည်။ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည်လည်း အလွန် တိုးတက်လာခဲ့သည်။
၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်ဖြင့်လည်း အနှေးနှင့်အမြန်ဆိုသလို ဝိညာဉ်ခန္ဓာများကို အဆင့်မြင့် ဝိညာဉ်ခန္ဓာအဆင့်သို့ မြှင့်တင်နိုင်ပေမည်။ သို့သော်လည်း ဤနည်းက အချိန်မည်မျှကြာမည်ကို မသိနိုင်ပေ။
"လုမင်၊ ဖီးနစ်နန်းတော်က ငါ့ကို သတင်းပို့လာတယ်။ ကောင်းကင်ဧကရာဇ်မြို့တော်က ယွမ်တောင်မြင့်မြတ်သောကျောင်းတော် ဖွင့်လှစ်မဲ့ ရက်စွဲကို သတ်မှတ်ပြီးပြီတဲ့။ အဲဒါက နှစ်ဝက်ကြာရင် ဖြစ်လိမ့်မယ်"
ဟွမ်လင်က ပြောလိုက်သည်။
"နှစ်ဝက်ကြာရင်လား"
လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
သူသည်လည်း ကောင်းကင်ဧကရာဇ်မြို့တော်ကို သေချာပေါက် ခရီးထွက်ရမည်။ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို မဟာဧကရာဇ်အနည်းငယ်က ပူးပေါင်းတည်ထောင်ကြခြင်း ဖြစ်သည်။ မဟာဧကရာဇ်များ၏ တာအိုတရားဟောပြောခြင်းများကို နာယူနိုင်သော ဤအခွင့်အလမ်းမျိုးကို လက်လွတ်မခံသင့်ပေ။
ထို့ပြင် ထိုအချိန်တွင်၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ယွမ်တောင်တစ်ခုလုံးရှိ ပါရမီရှင်များကို စုစည်းထားမည် ဖြစ်သည်။ လုမင်လည်း သွားရောက်ပြီး အတွေ့အကြုံ ရှာချင်ပေသည်။ အစွမ်းထက်သော ပါရမီရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေမှသာလျှင် သူက လျင်မြန်စွာ တိုးတက်နိုင်မည် ဖြစ်သည်။
"အခုဆိုရင် ပါရမီရှင်အားလုံးက အပြင်းအထန် လေ့ကျင့်နေကြပြီး အမြန်ဆုံး တိုးတက်လာနေကြပြီ။ ဒီအတောအတွင်းမှာ ငါတို့လည်း ငါတို့ရဲ့ ကျင့်ကြံမှုကို ပိုပြီး တိုးတက်အောင် လေ့ကျင့်ထားသင့်တယ်။ ငါတို့ရဲ့ ခွန်အားနဲ့ဆိုရင် ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှာ နေရာတစ်ခုကို သိမ်းပိုက်ဖို့က သိပ်ခက်ခဲမှာ မဟုတ်ဘူး"
ဟွမ်လင်က ထပ်မံပြောလိုက်သည်။
ဟွမ်လင်နှင့် လုံချန်တို့လည်း အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် လုမင်ကို နှုတ်ဆက်ကာ ထွက်သွားကြလေသည်။
ဟွမ်လင်က ဖီးနစ်နန်းတော်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် သူမကို တစ်ယောက်ယောက်က လာရှာလေသည်။
"ဟွမ်လင်၊ နန်းတော်ရှင်က တွေ့ချင်နေတယ်"
တစ်ယောက်ယောက်က လာပြီး သတင်းပို့သည်။
"နန်းတော်ရှင်လား၊ ကောင်းပြီ။ ငါ အခု သွားလိုက်မယ်"
ဟွမ်လင်က ခေါင်းညိတ်ပြပြီး နန်းတော်ရှင်၏ ခန်းမဆီသို့ ဦးတည်သွားခဲ့သည်။
ပင်မ ခန်းမဆောင်တွင် ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေလေသည်။
"ဟွမ်လင်က နန်းတော်သခင်ကို နှုတ်ခွန်းဆက်ပါတယ်။ နန်းတော်ရှင်က ကျွန်မကို ဆင့်ခေါ်တာက ဘာကိစ္စများ ရှိလို့လဲ"
ဟွမ်လင်က ဖီးနစ်နန်းတော်၏ နန်းတော်ရှင်နောက်သို့ လိုက်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဖီးနစ်နန်းတော်ရှင်က နောက်ပြန်လှည့်လာပြီး ဟွမ်လင်ကို လှည့်ကြည့်လိုက်၏။ ရုတ်တရက်၊ သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူက မေးလိုက်သည်။
"ဟွမ်လင်၊ မင်းရဲ့ ဝိညာဉ်ခန္ဓာက ဆင့်ကဲတိုးတက်သွားပြီလား"
"ဟုတ်ပါတယ်၊ မကြာသေးခင်ကမှ အဆင့်တက်ခဲ့တာ"
ဟွမ်လင်က ပြောလိုက်၏။ သူက တာ့ယန်ဆေးမီးဖိုကြောင့် တိုးတက်ခဲ့သည်ဟုတော့ မပြောပေ။
တာ့ယန်ဆေးမီးဖို၏ အကျိုးသက်ရောက်မှုက ကောင်းကင်ဘုံကို အံတုလွန်းသည်။ လုမင်က သူတို့ကို ယုံကြည်လွန်းသဖြင့် ပြောပြခဲ့ခြင်းသာ။ သဘာဝအတိုင်း၊ သူတို့ကလည်း ၎င်းတို့၏ အရင်းနှီးဆုံးသူငယ်ချင်းများ သို့မဟုတ် ဖီးနစ်နန်းတော်၏ နန်းတော်ရှင်ကိုပင် ပြန်ပြောပြမည် မဟုတ်ပေ။
"ကောင်းတယ်၊ ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်။ ဒါပေမဲ့ မင်းကို စေလွှတ်သင့်လား၊ မသင့်ဘူးလား စဉ်းစားနေတာ။ အခုတော့ မင်းရဲ့ ဝိညာဉ်ခန္ဓာက ဖွံ့ဖြိုးလာပြီး မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း သိသိသာသာ တိုးတက်လာပြီမို့ မင်း အဲဒါကို တွေ့ကြုံခံစားနိုင်ပြီ"
ဖီးနစ်နန်းတော်ရှင်က ပြောလိုက်သည်။
"နန်းတော်ရှင်၊ အဲဒါက ဘာများလဲ"
ဟွမ်လင်က စိတ်ဝင်တစား မေးလိုက်၏။
"ဒါက ရှန်းယွမ်အင်ပါယာအကြောင်းပဲ"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ပြောသည်။
"ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေက ရှန်းယွမ်အင်ပါယာလား"
ဟွမ်လင်၏ အမူအရာက ပြောင်းလဲသွားသည်။
ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေက ယွမ်တောင်၏ အထွတ်အမြတ်နယ်မြေ ကိုးခုအနက်မှ တစ်ခုဖြစ်ပြီး ရှေးဟောင်းလ မြင့်မြတ်နယ်မြေနှင့် နီးစပ်သည်။
ရှန်းယွမ်အင်ပါယာကတော့ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေမှ အင်အားစုကြီးတစ်ခု ဖြစ်ပေသည်။ ၎င်းက ဖီးနစ်နန်းတော်ထက် များစွာအားကောင်းသည့် ရှေးခေတ်အင်ပါယာတစ်ခု ဖြစ်သည်။
"ဟုတ်တယ်၊ ဟိုးအရင်တုန်းက ရှန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်ဟောင်းဟာ ကပ်ဘေးဒုက္ခကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ကောင်းကင်ကပ်ဘေးထဲမှာ ကျဆုံးသွားခဲ့ရတယ်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ရှုပ်ထွေးသောအမူအရာဖြင့် ပြောလိုက်သည်။
"ရှန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်ဟောင်းက ကပ်ဘေးကို မကျော်ဖြတ်နိုင်ခဲ့ဘူးလား"
ဟွမ်လင်၏ အမူအရာက ပြောင်းသွားသည်။
ရှန်းယွမ်အင်ပါယာ၏ ဧကရာဇ်ဟောင်းက စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သူက မဟာဧကရာဇ်မဟုတ်သော်လည်း အစစ်အမှန်ဧကရာဇ်များကြားတွင် အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်။ ထိုသို့သောအကျော်အမော်တစ်ဦးက အထွတ်အထိပ်သို့ ရောက်လုနီးနီး ဖြစ်သော်လည်း ကပ်ဘေးအောက်တွင် ကျဆုံးသွားခဲ့ရသေးသည်။
"ရှန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်ဟောင်း ကွယ်လွန်သွားပြီးနောက် ရှန်ယွမ်အင်ပါယာမှာ အုပ်ချုပ်သူ မရှိတော့ဘူး။ အဲဒီအချိန်မှာ အင်ပါယာထဲက မျိုးရိုးအသီးသီးက ထီးနန်းအတွက် တိုက်ပွဲဝင်ပြီး ပြည်တွင်းတိုက်ပွဲတွေ ဖြစ်လာခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ ရှန်းယွမ်အင်ပါယာပ အများကြီး ထိခိုက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ တစ်ချိန်လုံး အိပ်စက်နေကြတဲ့ ရှန်းယွမ်အင်ပါယာရဲ့ ရှေးဧကရာဇ်တွေ ထွက်ပေါ်လာပြီး ပြည်တွင်းစစ်ကို တားဆီးခဲ့ကြတယ်"
"ဒါပေမဲ့ အင်ပါယာတစ်ခုမှာ အုပ်ချုပ်သူမရှိဘဲ မဖြစ်နိုင်ဘူး။ ဒါကြောင့် ရှေးဧကရာဇ်တွေက ရှန်းယွမ်အင်ပါယာရဲ့ အရည်အချင်းအရှိဆုံး မင်းသားငယ် သုံးဦးကို စမ်းသပ်ဖို့ ကြံစည်ခဲ့ကြတယ်။ နောက်ဆုံးမှာ အောင်ပွဲရခဲ့တဲ့ မင်းသားက ရှန်းယွမ်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်လာလိမ့်မယ်။ သူက အနာဂတ်မှာ သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖြတ်နိုင်သရွေ့ အင်ပါယာရဲ့ ဧကရာဇ်ဖြစ်လာနိုင်တယ်"
"အဲဒီမင်းသားတွေထဲက တစ်ယောက်ရဲ့ အမျိုးအနွယ်က ငါတို့ ဖီးနစ်နန်းတော်နဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းရှိတယ်လေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဒီမင်းသားက အိမ်ရှေ့မင်းသားရာထူးအတွက် ယှဉ်ပြိုင်ဖို့ သူ့ကို ကူညီပေးရအောင် ပါရမီရှင်တချို့ကို ဖိတ်ခေါ်ဖို့ ဖီးနစ်နန်းတော်ကို ရောက်လာခဲ့တယ်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ရှည်လျားစွာ ရှင်းပြလိုက်သည်။
ဟွမ်လင်လည်း နားလည်သွားလေသည်။
ဖီးနစ်နန်းတော်၏ နန်းတော်ရှင် ပြောနေသည့် ကိစ္စမှာ ရှန်းယွမ်အင်ပါယာ၏ မင်းသားကို ကူညီရန် ဖြစ်သည်။
"ရှန်းယွမ်အင်ပါယာက အင်မတန် အင်အားကြီးမားပြီး ရှေးဟောင်းလမြင့်မြတ်နယ်မြေရဲ့ အင်အားစုတွေ နှိုင်းယှဉ်နိုင်တာ မဟုတ်ဘူး။ ဒီမင်းသားကို အိမ်ရှေ့မင်းသားရာထူး ရရှိနိုင်အောင် ကူညီပေးနိုင်ရင် ဒါမှမဟုတ် ဒီမင်းသားက အနာဂတ်မှာ ရှန်းယွမ်အင်ပါယာတစ်ခုလုံးကို အမွေဆက်ခံနိုင်ရင် ငါတို့ရဲ့ ဖီးနစ်နန်းတော်က အင်အားကြီးမားတဲ့ မဟာမိတ်ကို ရရှိလိမ့်မည်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ရှင်းပြလိုက်သည်။
"စိတ်မပူပါနဲ့ နန်းတော်ရှင်၊ ကျွန်မက ဒီမင်းသားကို အစွမ်းကုန်ကူညီပါ့မယ်"
ဟွမ်လင်က ပြောသည်။
"အင်း၊ မင်း အစွမ်းကုန်ကြိုးစားပါ... ဒါပေမဲ့ အန္တရာယ်တစ်ခုခုရှိလာရင်တော့ မင်းကိုယ်မင်း အတင်းအကြပ်မလုပ်နဲ့။ ဒီတစ်ခေါက်မှာ ရှန်းယွမ်အင်ပါယာရဲ့ တခြားမင်းသားတွေကလည်း ကူညီဖို့ အစွမ်းထက်တဲ့ ပါရမီရှင်တွေကို ဖိတ်ခေါ်လိမ့်မယ်။ ဒါကြောင့် မင်းတတ်နိုင်သလောက်ပဲ လုပ်လိုက်ပါ။ အခု မင်းကို မင်းသားနဲ့တွေ့ဖို့ တစ်ယောက်ယောက်က ခေါ်သွားပေးလိမ့်မယ်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က သတိပေးလိုက်၏။ ထို့နောက် လူတစ်ယောက်က ဟွမ်လင်ကို မင်းသားနှင့်တွေ့ရန် ခေါ်ဆောင်သွားတော့သည်။
ခြံဝင်းတစ်ခုတွင်၊ ဟွမ်လင်က မင်းသားဖြစ်သူကို တွေ့လိုက်သည်။
"အိုးရန်ဝူရွှမ့်... နင်ပဲလား"
ဟွမ်လင်က ထိုမင်းသားကို တွေ့လိုက်ရသောအခါ အံ့ဩသွားသည်။
"ဟွမ်လင်လား"
ရှန်းယွမ်အင်ပါယာ၏ မင်းသား အိုးရန်ဝူရွှမ့်ကလည်း ဟွမ်လင်ကို တွေ့လိုက်ရပြီးနောက် အံ့အားသင့်သွား၏။
လုမင်သည်ပင် ဤနေရာတွင် ရှိနေပါက အံ့ဩသွားလိမ့်မည်။
အကြောင်းမူ၊ ဤရှန်းယွမ်အင်ပါယာ၏ မင်းသား အိုးရန်ဝူရွှမ့်က ဟွင်းယွမ်ဂိုဏ်း၏ ငွေရောင် အမွေဆက်ခံသူ ခြောက်ဦးအနက်မှ တစ်ဦးဖြစ်နေသောကြောင့်ပင်။
ယခင်က သူတို့သည် တစ်ယောက်အကြောင်းကို တစ်ယောက်က မသိကြဘဲ လူလူချင်းသာ သိခဲ့သည်။