← Chapters

အခန်း ၁၈၂၁

Vol. 122 Ch. 1821

အခန်း ၁၈၂၁

Vol. 122 Ch. 1821

အပိုင်း ( 1821 ) လုမင်ကို မမှတ်မိတော့။

လုမင်က အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ တည်ငြိမ်စေရန် ထိန်းချုပ်လိုက်သည်။ သူက ပြုံးပြီး ပြောလိုက်၏။

"အသိအကျွမ်းဟောင်းတစ်ယောက်ပါ၊ မတွေ့ရတာကြာပြီ။ ငါ ပြီးတော့မှ မိတ်ဆက်ပေးမယ်"

ထို့နောက်တွင် လုမင်က ရှေ့သို့ထွက်လာပြီး ချင်ယွဲ့ဆီသို့ လျှောက်သွားသည်။

သူက အလွန်လျင်မြန်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် ချင်ယွဲ့နံဘေးသို့ ရောက်ရှိသွား၏။ သူက ခေါ်လိုက်သည်။

"ချင်ယွဲ့..."

လုမင်၏ နှလုံးသားက အလွန်တည်ငြိမ်သော်လည်း အနည်းငယ် စိတ်လှုပ်ရှားမိဆဲပင်။ သူ့ကို ရုတ်တရက် ပြန်တွေ့ရချိန်တွင် ချင်ယွဲ့၏ အမူအရာက မည်သို့ဖြစ်မည်ကို သိချင်သည်။

နာမည်ကိုခေါ်သံ ကြားသောအခါ ချင်ယွဲ့က လုမင်ကို လှည့်ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်လုံးအကြည့်က လုမင်ကို အံ့အားသင့်စေခဲ့ပေသည်။

လူစိမ်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ တိတ်ဆိတ်ပြီး ရွံရှာမှု အရိပ်အယောင်များပင် ရှိနေခဲ့သည်။

"ချင်ယွဲ့၊ မတွေ့တာကြာပြီ"

လုမင်က ပြုံးပြလိုက်သည်။

"ထွက်သွား"

ချင်ယွဲ့ထံမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ မျက်လုံးများမှ ရွံရှာမှု အရိပ်အယောင်က ပိုပြင်းထန်လာ၏။

"ဘာတွေဖြစ်နေတာလဲ"

လုမင် အံ့သြသွားသည်။

ချင်ယွဲ့က သူ့ကို ယခုကဲ့သို့ ဘယ်တုန်းကမျှ မပြောပေ။ သူ့ရှေ့မှလူက ချင်ယွဲ့ မဟုတ်ဘူးလား။

မဖြစ်နိုင်ပေ၊ လုမင်က ချင်ယွဲ့နှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူတို့က ဆယ်နှစ်ကျော်ကြာ အတူ ရှိခဲ့ကြ၏။ သူမကို ဘယ်တော့မှ အမှတ်မှားမှာ မဟုတ်ပေ။ ချင်ယွဲ့၏ စိတ်နေစိတ်ထားက ပြောင်းလဲသွားလျှင်ပင် ချင်ယွဲ့ဖြစ်နေမည်မှာ သေချာသည်။

ထို့ပြင်၊ လူတစ်ယောက်၏ ကျင့်ကြံမှုက မည်မျှပင် မြင့်မားလာပါစေ၊ သူတို့၏ အရှိန်အဝါကတော့ ပြောင်းလဲမည်မဟုတ်ပေ။ လုမင်က ချင်ယွဲ့၏ အရှိန်အဝါကို ဘယ်တော့မှ မှားမည်မဟုတ်ပါ။

သူ့ရှေ့မှ မိန်းကလေးက ချင်ယွဲ့ ဖြစ်သည်။

"ချင်ယွဲ့၊ ငါက မင်းရဲ့သခင်လေးလေ... လုမင်လေ"

လုမင်က ရှေ့တစ်လှမ်းတိုးပြီး ချင်ယွဲ့၏လက်ကို လှမ်းကိုင်လိုက်သည်။

"တဏှာရူးကောင်၊ နင်သေချင်နေတာလား"

ချင်ယွဲ့က အော်လိုက်သည်။ သူ့လက်မှ ဓားအလင်းတစ်ခုက ဖြာထွက်လာ၏။ ၎င်းက အလွန်ကြောက်စရာကောင်းပြီး အရိုးထဲထိ အေးစက်သွားစေသည်။ လုမင်၏ မျက်နှအမူအရာက ပြောင်းလဲသွားပြီး နောက်ကိုခုန်ဆုတ်ကာ ဓားအလင်းကို ရှောင်တိမ်းလိုက်ရလေသည်။

"မင်းက ငါ့ရဲ့ ဂိုဏ်းတူညီမလေး ချင်ယွဲ့ကို နေ့ခင်းကြောင်တောင် ပရောပရည်လုပ်ဝံ့တယ်လား။ ငါ မင်းကို သတ်မယ်"

ကျယ်လောင်သော ကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာသည်။ အနီရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုက လုမင်ဆီသို့ ပျံသန်းလာနေ၏။ သူ၏ မျက်လုံးများက အေးစက်နေသည်။ သူက လုမင်ဆီသို့ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သောအခါ လေထုက ပြင်းထန်စွာ တုန်ခါလာတော့သည်။

ထိုအချိန်တွင် လုမင်၏ စိတ်ထဲမှာ အံ့သြတုန်လှုပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် မရှောင်တိမ်းနိုင်တော့ဘဲ လက်ဝါးရိုက်ချက်က သူ့ကို တိုက်ရိုက်ထိမှန်သွား၏။ လုမင်၏ ခန္ဓာကိုယ်က တုန်ခါပြီး နောက်သို့ဆုတ်သွားရတော့သည်။

"ဟမ်"

လူငယ်လေး၏ မျက်လုံးများက အေးစက်သွားသည်။ သူ့လက်ဝါးက လုမင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သောအခါ အင်မော်တယ်ကျောက်တစ်တုံးကို ထိမှန်သွားသလို ခံစားလိုက်ရ၏။ သူက လုံးဝ မကိုင်လှုပ်နိုင်ပေ။

တစ်ဖက်လူက မဟာသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့် ကျင့်ကြံမှုအခြေခံသာ ရှိသည်။ သူက မည်ကဲ့သို့ ဤမျှသန်မာနိုင်သနည်း။

လူငယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လုမင်ဆီသို့ လျှောက်လာပြန်သည်။ သူက လုမင်ကို သတ်ချင်သည်။

"ထွက်သွားစမ်း"

လုံချန်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက လေထဲတွင် ပြည့်နှက်သွား၏။ လူငယ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤလက်သီးချက်ကို သူ မရင်ဆိုင်နိုင်သလို ခံစားရ၏။ အရေးကြီးသောအခိုက်အတန့်တွင်၊ သူက လုံချန်၏ လက်သီးကိုရှောင်ရန် နောက်ကို ခုန်ဆုတ်သွားတော့သည်။

"ဒီနေ့ မင်းကံကောင်းသွားတယ်"

လူငယ်က အေးစက်စက် ပြောလိုက်သည်။ သူက လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ထိုအချိန်တွင် ချင်ယွဲ့ကလည်း ထွက်ခွာသွားပြီး လူအုပ်ထဲသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အစမှအဆုံးထိ သူက လုမင်ကို စေ့စေ့မကြည့်ခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ၊ ချင်ယွဲ့က ငါ့ကို လုံးဝမှတ်မိပုံမရဘူး"

လုမင်က နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

နှစ်များကြာလာသည်နှင့်အမျှ၊ သူမ၏ စိတ်နေစိတ်ထားက အများကြီးပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း တကယ်တမ်းတွင် သူတို့က နှစ်ပေါင်းများစွာ အတူရှိခဲ့ကြ၏။ ချင်ယွဲ့က သူ့ကို မမှတ်မိခြင်းမှာ မဖြစ်နိုင်ပေ။

လုမင်ကို အမှန်တကယ် မသိသကဲ့သို့ ချင်ယွဲ့၏ မျက်လုံးများက အေးစက်လွန်းလှသည်။

ဤနှစ်များအတွင်း၌ ဘာတွေဖြစ်ပျက်ခဲ့သနည်း။

"ကိုယ့်အခြေကိုမသိတဲ့ နောက်ထပ် ကောင်လေးတစ်ယောက်ပဲ။ သူက နတ်သမီးချင်ယွဲ့နဲ့ နီးစပ်ချင်နေတာ... ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ"

"ဟုတ်တယ်၊ ဒါက ငန်းသားစားချင်နေတဲ့ ဖားတစ်ကောင်ပဲ။ နတ်သမီးချင်ယွဲ့က ငါတို့ ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေရဲ့ အလှလေးနှစ်ဦးထဲက တစ်ဦးပဲလေ။ ပါရမီရှင်များစွာက သူ့ကို ပိုးပန်းခဲ့ပေမဲ့ အားလုံး ငြင်းပယ်ခံခဲ့ရတယ်။ ဒီကောင်လေးက တကယ်ကို စိတ်ကူးယဉ်တတ်တာပဲ"

"သူ့ကို တစ်ခါတည်း မသတ်သွားတာကပဲ ကံကောင်းနေပြီ"

လမ်းတဝိုက်တွင် ဤမြင်ကွင်းကို မြင်ရသူများက လှောင်ပြောင်ပြောဆိုပြီး လုမင်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ကြသည်။

"လုမင်၊ နင်ဘယ်လိုဖြစ်နေတာလဲ"

ဟွမ်လင်က လျှောက်လာပြီး စူးစမ်းဟန်ဖြင့် မေးလိုက်သည်။

လုမင်အပေါ် သူတို့၏ နားလည်မှုအရ လုမင်သည် ထိုကဲ့သို့သောလူ မဟုတ်ပါ။ သူက မိန်းမလှလေးကို မြင်ရသည်နှင့် ကြွေဆင်းသွားတတ်သူမျိုး မဟုတ်ပေ။

သို့သော်လည်း လုမင်၏ ပုံမှန်မဟုတ်သော အမူအရာက သူတို့ကို စူးစမ်းလိုစိတ် ဖြစ်စေခဲ့သည်။

"အသိအကျွမ်းဟောင်းပါပဲ၊ ငါသူ့ကိုမတွေ့ရတာ ဆယ်နှစ်ကျော်ပဲရှိသေးပေမဲ့ သူက ငါ့ကို လုံးဝ မှတ်မိပုံမရဘူး"

လုမင်က ဖုံးကွယ်မထားခဲ့ပေ။ ချင်ယွဲ့နှင့် သူ့ကြားမှ ဆက်ဆံရေးအကြောင်းကို ပြောပြလိုက်သည်။

"ထူးဆန်းလိုက်တာ၊ ငါတို့ ကျင့်ကြံသူတွေက လူတစ်ယောက်ကို သိကျွမ်းပြီးရင် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ငါတို့က မတွေ့ရတာ နှစ်တစ်သောင်းကြာရင်တောင်မှ မှတ်မိနိုင်သေးတယ်"

လုံချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ကျင့်ကြံသူများ၏ မှတ်ဉာဏ်က အလွန်သန်မာသည်။ ထို့ပြင်၊ လူတစ်ဦး၏ မူလအငွေ့အသက်က ဘယ်သောအခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ နှစ်ပေါင်းမည်မျှကြာခဲ့ပါစေ အသိအမှတ်ပြုနိုင်ဆဲ ဖြစ်သည်။

"သူက နင့်ကို လုံးဝ မသိဘူးဆိုရင် ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်..."

ဟွမ်လင်က တစ်ခုခုကို ပြောချင်သော်လည်း တုံ့ဆိုင်းသွားသည်။ သူက ဆက်ပြောရန် နှလုံးသားရှိပုံမရပေ။

"ပြန်ကြရအောင်"

လုမင်က ထိုသို့ပြောဆိုပြီးနောက် ချာခနဲလှည့်ကာ အိုးရန်ဝူရွှမ့်၏ နေအိမ်ဆီသို့ လျှောက်သွားသည်။

ဟွမ်လင် ပြောချင်တာကို သူသိပေသည်။

ချင်ယွဲ့က သူ့ကို မသိခြင်းမှာ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။

ပထမဆုံးဖြစ်နိုင်ချေက သူမ မှတ်ဉာဏ်ပျောက်ဆုံးသွားခြင်းပင်။

ဒုတိယဖြစ်နိုင်ချေကတော့ သူမကို အကျော်အမော်တစ်ဦးက ထိန်းချုပ်ခံလိုက်ရခြင်း ဖြစ်သည်။

မည်သည့်အရာပင်ဖြစ်စေ၊ ချင်ယွဲ့အတွက် ကောင်းမွန်သောအရာ မဟုတ်ပေ။ ဤအခြေအနေကို သူသိအောင်လုပ်ရမည်။

လုမင်က ခပ်ဖြည်းဖြည်း လျှောက်လာသည်။ လမ်းလျှောက်ရင်းမှာပင် သူ့စိတ်ထဲမှ တွေးနေမိ၏။ လုံချန်နှင့် ဟွမ်လင်တို့က လုမင်၏နောက်မှ လိုက်ပါလာကာ သူ့ကို မနှောင့်ယှက်ကြပေ။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် အိုးရန်ဝူရွှမ့်၏ နန်းတော်သို့ ပြန်ရောက်ခဲ့ကြသည်။

"ဟားဟားဟား၊ ဟိုတဏှာရူးကောင်လေး ပြန်လာပြီဟ။ သူက ပြန်လာဖို့ မျက်နှာရှိသေးတယ်"

တံခါးကို ဖြတ်လျှောက်လိုက်သည်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်၏ လူငယ်အချို့ကို တွေ့လိုက်ရသည်။ လူငယ်တစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်၏။

"မင်းက ဘာဖြစ်လို့ ကိုယ့်ရုပ်ကို မှန်ထဲမှာ ပြန်မကြည့်ရတာလဲ။ နတ်သမီးချင်ယွဲ့ကို ပရောပရည်လုပ်ဝံ့တယ်၊ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ"

"စိတ်မကောင်းစရာက၊ သူ့ရဲ့ ကျင့်ကြံမှုဟာ နိမ့်ကျလွန်းတာပဲ။ သူ့ကို တစ်ခုတည်းသော နတ်နန်းတော်ရဲ့ အထွတ်အထိပ် မဟာသူတော်စင်တစ်ဦးက သူ့ကို တစ်ချက်တည်းနဲ့ နောက်ဆုတ်စေနိုင်တယ်။ မင်းသားဝူရွှမ့်က ဘာဖြစ်လို့ ဒီလိုလူကို ဖိတ်ခေါ်ခဲ့မှန်း ငါ တကယ်မသိဘူး။ သူက ငါတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ဖြစ်နေလိမ့်မယ်"

ခရမ်းရောင်မီးလျှံအိမ်တော်မှ အခြား လူငယ်များကလည်း လှောင်ပြောင်လိုက်ကြသည်။

ထိုအချိန်တွင်၊ ခရမ်းရောင်မီးလျှံအိမ်တော်၏ လူငယ်များသည်လည်း ရှိနေခဲ့ကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင်၊ သူတို့က ဤမျှရှင်းရှင်းလင်းလင်း သိနေကြမည် မဟုတ်ပါ။

"ပါးစပ်ပိတ်ထားစမ်း"

လုမင်က အေးစက်စက် အော်လိုက်သည်။ လျှပ်စီးလက်နေသကဲ့သို့ သူ့အကြည့်က ပတ်ဝန်းကျင်ကို ဖြတ်သန်းသွား၏။

"မင်း ဘယ်သူ့ကိုပြောတာလဲ"

ခရမ်းရောင်မီးလျှံအိမ်တော်မှ လူငယ်တစ်ဦး၏ မျက်လုံးများက အေးစက်သွားသည်။

"အပြင်ကပြန်လာတာနဲ့ တောခွေးတွေ ဟောင်သံကို ကြားရတော့တာပဲ။ အခုထွက်သွားစမ်း"

လုမင်ကလည်း ဒေါသထွက်နေပြီ။ သူပြန်လာသည်နှင့် ဤလူများ၏ လှောင်ပြောင်ပြောဆိုကာ ရန်စကားများကို ကြားနေရသည်။ သူ စိတ်မရှည်တော့ပေ။

"မင်းလို အမှိုက်ကများ... မင်းသားဝူရွှမ့်ကြောင့်သာမဟုတ်ရင် မင်းကို ငါ ကန်ထုတ်ခဲ့တာ ကြာပြီ။ ငါ့ရှေ့မှာ ဒီလောက် မာနကြီးဝံ့တယ်လား။ ငါ မင်းကို သင်ခန်းစာ မပေးရင် မင်းနေရာကို သိမှာမဟုတ်ဘူး"

ခရမ်းရောင်မီးလျှံအိမ်တော်မှ ထွားကြိုင်းသော လူငယ်တစ်ယောက်က အေးစက်စက်အော်ပြီး ရှေ့သို့ထွက်လာသည်။

ဤလူငယ်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ။ သူက အလယ်အလတ် ကောင်းကင်ဝိညာဉ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားပြီး အလွန်အစွမ်းထက်သည်။

"ထွက်သွားစမ်း"

လုမင်က အေးစက်စက်ပြောလိုက်သည်။ သူက လျှပ်စီးလက်သကဲ့သို့ ပြေးတက်သွား၏။ လုမင်က တစ်ဖက်လူကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

All Chapters