← Chapters

အခန်း ၁၈၂၂

Vol. 122 Ch. 1822

အခန်း ၁၈၂၂

Vol. 122 Ch. 1822

အပိုင်း ( 1822 ) လုမင် ပေါက်ကွဲခြင်း။

လုမင်၏ လက်ဝါးက ကောင်းကင်ကို ဖိနှိပ်ထားကော ကျောက်စာချပ်အဖြစ် ပြောင်းလဲသွားပုံရသည်။

သူက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ချိန်တွင် မိုးနှင့်မြေက တုန်ခါသွား၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ခရမ်းရောင်မီးလျှံအိမ်တော်၏ လူငယ်မှာ အမူအရာပြောင်းလဲသွားတော့သည်။

သူက ဟိန်းဟောက်လိုက်သည်နှင့် ခရမ်းရောင်မီးလျှံများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းက ခရမ်းရောင်သားရဲတစ်ကောင်အဖြစ် စုဖွဲ့သွားပြီး လုမင်ထံသို့ ပြေးတက်သွား၏။

သို့သော်လည်း လုမင်၏လက်ဝါးက တားဆီးမရနိုင်ပေ။ လက်ဝါးရိုက်ချက်အောက်တွင် ခရမ်းရောင်သားရဲက ပေါက်ကွဲသွားသည်။ လက်ဝါးက ထိုမျှနှင့်မရပ်ဘဲ ရှေ့ဆက်တိုးဝင်သွား၏။

ထွားကျိုင်းသော လူငယ်၏ အမူအရာက ပြောင်းလဲသွားကာ လက်နှစ်ဖက်ဖြင့် ပိတ်ဆို့လိုက်ရတော့သည်။

"ဝုန်း"

လုမင်၏လက်ဝါးက ထွားကျိုင်းသော လူငယ်၏ လက်ပေါ်သို့ ကျရောက်သွားသည်။ ထွားကျိုင်းသော လူငယ်လေးက အော်ဟစ်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွား၏။ သူ့လက်က လုံးဝ ကျိုးပဲ့သွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။ သူ့မျက်နှာက သွေးမရှိတော့သလို ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

သူက လုမင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ယခင်က လမ်းပေါ်၌ လုမင်သည် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်မှ လူငယ်တစ်ဦး၏ လက်ဝါးတစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။ ထွားကျိုင်းသော လူငယ်ကို လက်ဝါးတစ်ချက်တည်းဖြင့် ဒဏ်ရာရစေနိုင်အောင် သူက မည်သို့အစွမ်းထက်သနည်း။

တကယ်တော့ လုမင်က သက်ညှာခဲ့ခြင်းသာ ဖြစ်သည်။ မဟုတ်လျှင်၊ ထိုလူငယ်က ချက်ချင်း သေဆုံးသွားလိမ့်မည်။

"ခရမ်းရောင်မီးလျှံအိမ်တော်ရဲ့ လူတွေကို မင်း ဘယ်လိုတောင် ဒဏ်ရာရစေဝံ့တာလဲ။ အခု မင်းရဲ့ အင်အားကို ငါကြည့်စမ်းမယ်"

ခရမ်းရောင်မီးလျှံအိမ်တော်မှ အခြားလူငယ်တစ်ဦးက အော်လိုက်သည်။ သူက လုမင်ကို လက်သီးဖြင့်ထိုးလိုက်၏။ သူက သူ၏ မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ထားတော့သည်။

ဤလူငယ်က ဝမ်မျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင် ဝမ်ကျန်းရန်ထက် အားမနည်းဘဲ အနည်းငယ်ပင် ပို၍သန်မာသည်။

"ခရမ်းရောင်ကြယ် ကြွေဆင်းခြင်း"

ထွားကျိုင်းသော လူငယ်က ဟိန်းဟောက်လိုက်သည်။ သူ့တကိုယ်လုံးက မီးလျှံများအဖြစ် ပြောင်းလဲသွားပုံရ၏။ သူက လက်နှစ်ဖက်စလုံးဖြင့် လက်သီးချက်များ ထုတ်ဖော်လိုက်သောအခါ ခရမ်းရောင်မီးလုံးများက ကြယ်ကြွေသကဲ့သို့ လုမင်ထံ ကျဆင်းလာတော့သည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။

သို့ရာတွင်၊ လုမင်က လုံးဝ မကြောက်ပေ။ ကစဉ့်ကလျားနိယာမကို ဖြန့်ကျက်ပြီးနောက် အတားအဆီးမဲ့သော‌ ကောင်းကင်သိုင်းကို အသက်သွင်းလိုက်သည်။ သူ့လက်ဝါးစောင်းက ဓားကဲ့သို့ဖြစ်ပြီး အဆက်မပြတ် ခုတ်ထစ်လိုက်၏။

"ဝုန်း... ဝုန်း"

ကောင်းကင်ယံမှ ဥက္ကာခဲကဲ့သို့ တိုက်ခိုက်မှုများက လုမင်၏လက်ဝါးစောင်းနှင့် ထိမှန်ပြီးနောက် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားတော့သည်။

လုမင်က မီးတောက်များကို ဖြတ်ကျော်သွားသော်လည်း သူ့ကို မထိခိုက်ခဲ့ပေ။ သူက ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို စတင်လိုက်သည်။

"ခရမ်းရောင်ကြယ် ကြွေဆင်းခြင်း၊ ပေါင်းစပ်"

ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်က အော်လိုက်သည်။ သူ့လက်နှစ်ဖက်ဖြင့် ဖြည်းညှင်းစွာ တွန်းထုတ်လိုက်သောအခါ မီးတောက်မီးလျှံများက ပေါက်ကွဲထွက်လာခဲ့၏။ ခရမ်းရောင်နေတစ်စင်းကဲ့သို့ ကြီးမားသော မီးလုံးတစ်ခုက လုမင်အပေါ်ကို ဖိချလာတော့သည်။

"ချိုး"

လုမင်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။ ထို့နောက် လုမင်က ကစဉ့်ကလျားကပ်ဘေးလက်ချောင်းဖြင့် လက်ညှိုးတစ်ချက်ညွှန်လိုက်၏။ ကြီးမားသော လက်ချောင်းကြီးတစ်ချောင်းက ကောင်းကင်တွင် စုဖွဲ့ကာ တစ်ဖက်လူထံသို့ တိုးဝင်သွားတော့သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်က အဆက်မပြတ် တုန်ခါသွားသည်။ အောက်ဘက်ရှိ အဆောက်အဦများကို အကျော်အမော်များက အကာအကွယ်မပေးထားပါက လုံးဝ ပေါက်ကွဲသွားလိမ့်မည်။

နောက်ဆုံးတွင်၊ ဧရာမလက်ချောင်းကြီးက နတ်ဘုရား၏ လက်ချောင်းကဲ့သို့‌ နေလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဤမြင်ကွင်းက အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေသည်။

"ဝုန်း"

ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါပြီး လွင့်စဉ်သွားခဲ့သည်။ သူက မီတာတစ်သောင်းအကွာထိ လွင့်စဉ်သွားပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ပေသည်။ ထို့နောက် သူ့ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာခဲ့သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

သူက ရှုံးနိမ့်သွားပြီ။ သူသည် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှုရှိသော်လည်း မဟာသူတော်စင်နယ်ပယ် အဆင့်နိမ့်မှ လူတစ်ဦး၏လက်၌ အမှန်တကယ် ရှုံးသွားသည်။ ဒါက မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။

"ကစဉ့်ကလျားနိယာမ၊ သူက နတ်ဘုရားရဲ့သားတော်... ကစဉ့်ကလျားရဲ့သားတော်ပဲ"

တစ်ယောက်က အော်လိုက်သည်။ အခြားသူများကလည်း လုမင်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြလေသည်။

အံ့ဩစရာမရှိတော့ပါ၊ သူက ကစဉ့်ကလျား၏သားတော် ဖြစ်သည်။

"ထွက်သွားစမ်း"

လုမင်က လေထဲတွင်ရပ်နေပြီး လျစ်လျူရှုစွာ အော်ပြောလိုက်သည်။

ခရမ်းရောင်မီးလျှံအိမ်တော်၏ လူများလည်း မျက်နှာများ နီမြန်းလာပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။

လုမင်နှင့် အခြားသူများ ရောက်ရှိလာကတည်းက သူတို့သည် မထီမဲ့မြင်ပြုကာ အထင်သေးခဲ့သည်။

ယခင်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ ထိပ်တန်းပါရမီရှင်အားလုံးနီးပါးသည် ကောင်းကင်ဧကရာဇ်မြို့တော်သို့ ရောက်ခဲ့သည်။ ထို့ကြောင့် သူတို့လည်း ယခင်က မြင်တွေ့ဖူးပေသည်။ သို့ရာတွင်၊ လုမင်နှင့် အခြားသူများကတော့ မရောက်လာခဲ့ပေ။ ထို့ကြောင့် သူတို့၏ ပထမဆုံးအတွေးမှာ လုမင်တို့က အားနည်းလွန်းသဖြင့် မရောက်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့၏ နှလုံးသားထဲမှ အလိုအလျောက် အထင်မြင်သေးခဲ့မိပေသည်။

တစ်ချိန်တည်းမှာပင်၊ ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်နှစ်ယောက်က လမ်းပေါ်တွင် လုမင်ကို အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ်မှ လူတစ်ဦးက လက်ဝါးတစ်ချက်ဖြင့် နောက်ဆုတ်စေကြောင်း မြင်တွေ့ခဲ့ရသည်။ ဒါက သူတို့ကို ပို၍ အထင်မြင်သေးလာစေခဲ့သည်။

ဤတစ်ကြိမ်တွင်၊ အိုးရန်ဝူရွှမ့်ကို ကူညီပေးမည့် ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်တိုင်းက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိကြသည်။ မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ပါရမီရှင်များပင် ရှိသေးသည်။ တခြားမင်းသားများ ဖိတ်ခေါ်ထားသည့် လူများကလည်း အတူတူပဲဖြစ်မည်ဟု သူတို့ ယုံကြည်သည်။ ဤအခြေအနေတွင် လုမင်တို့၏ ကျင့်ကြံမှုအဆင့်က အသုံးမဝင်‌သလောက် ဖြစ်ခဲ့ပေသည်။

ထို့ကြောင့် လုမင်နှင့် အခြားသူများ ပြန်လာသောအခါ လှောင်ပြောင်ခဲ့ကြသည်။ သို့သော်လည်း လုမင်က ရုတ်တရက် ပေါက်ကွဲထွက်ရန် သူတို့ မမျှော်လင့်ခဲ့ပေ။ ထို့ပြင်၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလွန်းသည်။

သူတို့အားလုံးသည် ပါရမီရှင်များ ဖြစ်ကြသော်လည်း လုမင်က အဆင့်သုံးဆင့် ဖြတ်ကျော်ပြီး အနိုင်ယူခဲ့၏။ သူတို့က ဤနေရာတွင် ဘယ်လိုမျက်နှာနှင့် ဆက်နေနိုင်မည်နည်း။

"မင်းတို့က ကိုယ့်ကိုကိုယ် ပိုအထင်ကြီးနေတာ"

လုံချန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

ထို့နောက် မိမိတို့နေထိုင်ရာနေရာသို့ ပြန်သွားကြပြီး တိတ်တဆိတ် လေ့ကျင့်ခဲ့လေသည်။

သို့သော်လည်း နောက်တစ်နေ့နံနက်စောစောတွင်၊ အိုးရန်ဝူရွှမ့်က သူတို့ကို စည်းဝေးတစ်ခုသို့ ဖိတ်ကြားရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။

ခန်းမကတော့ ယခင်အတိုင်းပင်။ လူတိုင်းက ကိုယ့်နေရာမှာ ကိုယ်ထိုင်လိုက်ကြသည်။

သို့ရာတွင်၊ ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များ၏ လုမင်ကိုကြည့်သော အကြည့်များမှာ ခြားနားသွားခဲ့သည်။ သူတို့၏ မျက်နှာအမူအရာများက လေးနက်လာခဲ့ကြပေသည်။

အိုးရန်ဝူရွှမ့်က မသိမသာ ပြုံးလိုက်သည်။ ယမန်နေ့က လုမင်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များကြား တိုက်ပွဲသတင်းကို သူ သဘာဝအတိုင်း လက်ခံရရှိခဲ့ပေသည်။

လုမင်၏ တိုက်ခိုက်ရေး စွမ်းအားက သူ့စိတ်ကူးထက် ကျော်လွန်သွားခဲ့သည်။ သူက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ပါရမီရှင်ကို အမှန်တကယ် အနိုင်ယူနိုင်၏။ သို့သော်လည်း လုမင်က ပိုမိုအားကောင်းလေလေ၊ သူ့အတွက် ပိုအကျိုးရှိလေပင်။

"မင်းသား ဝူရွှမ့်၊ မင်းက ငါတို့ကို ဘာဖြစ်လို့ မနက်အစောကြီး လာခေါ်ရတာလဲ"

ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်တစ်ဦးက မေးလိုက်သည်။

"အိုးရန်ဝူကျိက ငါ့ကို ဖိတ်စာတစ်ခု ပို့လိုက်တယ်။ သူက ငါနဲ့ အပေါင်းအဖော်တွေကို တွေ့ဆုံရအောင် ပွဲတစ်ခု ပြုလုပ်ချင်တယ်"

အိုးရန်ဝူရွှမ့်က ရှင်းပြလိုက်သည်။

"အိုးရန်ဝူကျိက ငါတို့ကို ပွဲတက်ဖို့ ဖိတ်ခေါ်တာလား။ ဒါက ထင်သလောက် မရိုးရှင်းမှာ စိုးရတယ်"

လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်သွားသည်။

အိုးရန်ဝူကျိက အပြိုင်အဆိုင် မင်းသား သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။ သူက တစ်ခုတည်းသော နတ်နန်းတော်၏ ပံ့ပိုးကူညီမှုကို ရရှိခဲ့ပြီး ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ ပါရမီရှင်များစွာကိုလည်း ဖိတ်ကြားခဲ့သေးသည်။ ဤအချိန်တွင် သူတို့ကို ပွဲတက်ရန် ဖိတ်ခေါ်ခြင်းက မရိုးရှင်းကြောင်း သိနိုင်သည်။

"ဘာပဲဖြစ်ဖြစ် သူက ငါတို့ကို ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်တာပဲလေ။ ညစ်ပတ်တဲ့ ကစားနည်းတွေကိုတော့ ကစားဝံ့မယ် မထင်ဘူး"

ဟွမ်လင်က ပြောသည်။

မင်းသားသုံးပါးအတွက် စမ်းသပ်မှုက မစသေးပါ။ အိုးရန်ဝူကျိက ညစ်ပတ်သောကစားကွက်နှင့် သူတို့ကို အန္တရာယ်ပြုဝံ့မည် မဟုတ်သည်မှာ သေချာသည်။ မဟုတ်လျှင် သူ၏ ယှဉ်ပြိုင်ခွင့် အရည်အချင်းက ပျက်ပြယ်သွားလိမ့်မည်။

"အမှန်ပဲ၊ ဒါကြောင့် ငါတို့က အားနည်းချက်ကို မပြနိုင်ဘူး။ အခု အိုးရန်ဝူကျိက ဘာတွေကြံစည်‌ထားသလဲဆိုတာ သွားကြည့်ရအောင်"

အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။

မည်သူမျှ မကန့်ကွက်ကြပေ။ အိုးရန်ဝူကျိနှင့် ၎င်း၏ အကူအညီများကို စောစီးစွာ တွေ့ဆုံထားခြင်းက သူတို့အတွက် အကျိုးရှိသည်။

မိမိကိုယ်တိုင်အပြင် မိမိရန်သူအကြောင်းကို သိထားပါမှ တိုက်ပွဲများကို အောင်နိုင်ပေလိမ့်မည်။

သူတို့က ခဏတာ ဆွေးနွေးပြောဆိုလိုက်ကြသည်။ အချိန်ကျသောအခါ အိုးရန်ဝူရွှမ့်က ဦးဆောင်ပြီး ကျန်လူများက သူ့နောက်မှ လိုက်သွားကြလေသည်။

သူတို့က အိုးရန်ဝူကျိ၏ နေထိုင်ရာ နန်းတော်သို့ ရောက်လာခဲ့ကြသည်။ ထို့နောက်၊ တစ်စုံတစ်ယောက်က သူတို့ကို ကျယ်ဝန်းသော ခြံဝင်းတစ်ခုဆီသို့ ခေါ်သွားခဲ့ပေသည်။

"ဟားဟားဟား၊ နဝမမြောက်ညီလေး... မင်းရောက်လာပြီ။ လူစွမ်းကောင်းလေးတွေလည်း ကျေးဇူးပြုပြီး ထိုင်ပါ"

ရွှေခရမ်းရောင်ဝတ်ရုံနှင့် ရွှေခရမ်းရောင်သရဖူကို ဆောင်းထားသော လူငယ်တစ်ယောက်က ရယ်မောပြီး သူတို့ကို ကြိုဆိုလိုက်သည်။

"ဆဌမမြောက်အစ်ကိုက ယဉ်ကျေးလွန်းပါပြီ"

အိုးရန်ဝူရွှမ့်က ပြုံးလိုက်သည်။

မင်းသားများထဲတွင် အိုးရန်ဝူရွှမ့်က နဝမ၊ အိုးရန်ဝူကျိက ဆဋ္ဌမနှင့် အိုးရန်ဝူတောက်က ပထမ ဖြစ်သည်။ သူ့ကို ပထမမင်းသားအဖြစ် လူသိများပေသည်။

အိုးရန်ဝူကျိနှင့် အိုးရန်ဝူရွှမ့်က ထိပ်ဆုံးတွင် ထိုင်လိုက်ကြသည်။

အိုးရန်ဝူကျိ၏အောက်ဘက် တစ်ဆင့်နိမ့်သော နေရာတွင် ထူးခြားသော အသွင်ပြင်ဖြင့် လူငယ်တစ်ဒါဇင်ခန့် ထိုင်နေသည်။

လုမင်နှင့် ကျန်သူများလည်း ထိုသူများကိုအကဲခတ်ရင်း အိုးရန်ဝူရွှမ့်၏ဘက်တွင် ဝင်ထိုင်လိုက်လေသည်။

"ချင်ယွဲ့"

လုမင်၏အကြည့်က ချင်ယွဲ့အပေါ်သို့ ချက်ချင်း ကျရောက်လာသည်။

ချင်ယွဲ့ကလည်း လုမင်၏အကြည့်ကို ခံစားမိသွားပုံရသည်။ သူက မျက်မှောင်ကြုတ်ကာ လုမင်ကို အေးစက်စက် စိုက်ကြည့်၏။

"မင်းငါ့ကို တကယ်မှတ်မိပုံမရဘူး"

လုမင်လည်း မျက်မှောင်ကြုတ်သွားပေသည်။

"ရွှေကျီးကန်း ဒုတိယမင်းသား၊ ကောင်းကင်ဝံပုလွေမျှော်စင်က မော့လန်..."

ဟွမ်လင်က တစ်ဖက်လူများကို ဝေ့ကြည့်ပြီးနောက် ရေရွတ်လိုက်သည်။

All Chapters