← Chapters

အခန်း ၁၈၂၄

Vol. 122 Ch. 1824

အခန်း ၁၈၂၄

Vol. 122 Ch. 1824

အပိုင်း ( 1824 ) လုံချန် လှုပ်ရှားပြီ။

ခရမ်းရောင်မီးလျှံအိမ်တော်သည် မီးနိယာမကို လေ့ကျင့်ကြသော်လည်း ယခုအချိန်မှာတော့ နှိမ့်ချခံနေရသည်။ ဒါက သူတို့၏ မျက်နှာများကို ပို၍ အကြည့်ရဆိုးသွားစေသည်။

"ငါ မင်းနဲ့ တိုက်ခိုက်မယ်"

လူတစ်ယောက်က ဟိန်းဟောက်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ပြေးတက်သွားသည်။

၎င်းက ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်ခေါင်းဆောင် ရှောင်းမုချန်ပင်။ သူက ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တစ်ပါးလည်း ဖြစ်သည်။

စင်စစ်တွင်၊ ထိပ်တန်းပါရမီရှင် အများစု၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိကြသည်။

နောက်ဆုံးတွင်၊ လူငယ်များကြားမှာ အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်နိုင်သူက အလွန်နည်းပါးသည်။ ယင်းက အတားအဆီးတစ်ခုကဲ့သို့ဖြစ်ပြီး ချိုးဖောက်ရန် မလွယ်ကူပေ။

ဟုတ်သည်၊ အဆင့်တူသူများကြားမှာလည်း တိုက်ခိုက်ရေးအင်အား ကွဲပြားမှုများတော့ ရှိခဲ့ပေသည်။

"သေ"

ရှောင်းမုချန်က တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လာပြီးနောက် တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ သူ့လက်သီးများနှင့် အဆက်မပြတ် ထိုးနှက်လိုက်၏။ ကောင်းကင်တွင် ခရမ်းရောင်မီးတောက်များ တောက်လောင်နေသော ဥက္ကာခဲကြီးများက ယုကျစ်ဆီသို့ ကျရောက်လာတော့သည်။

ယုကျစ်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အဖြူရောင်မီးတောက်များက ဓားများအဖြစ်သို့ စုဖွဲ့သွားခဲ့သည်။ ၎င်းတို့က ပြင်းထန်စွာ ခုတ်ထစ်ပြီး ဥက္ကာခဲများကို တစ်ခုပြီးတစ်ခု ခွဲထုတ်လိုက်၏။

တိုက်ပွဲစင်မြင့်တွင် ဆက်တိုက် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ယခင်ထက် ပိုမိုပြင်းထန်လာတော့သည်။

ရှောင်းမုချန်၏ တိုက်ခိုက်နိုင်စွမ်းက ခရမ်းရောင်မီးလျှံအိမ်တော်၏ ယခင်ပါရမီရှင်များထက် ပိုမိုအားကောင်းသည်။ သူ၏ နတ်ဘုရားစွမ်းရည်က အနည်းဆုံး ခုနစ်ဆယ်ရာခိုင်နှုန်း ပိုလေးနက်၏။ ယင်းက အလွန်အားကောင်းသည်။

နှစ်ယောက်သား တိုက်ခိုက်မှုပေါင်း တစ်ရာကျော် ဖလှယ်ခဲ့ပေသည်။

တိုက်ပွဲစင်မြင့်တွင် အဖြူနှင့် ခရမ်းရောင် မီးတောက်များက အချင်းချင်း တိုက်ခိုက်နေကြသည်။

သို့သော်လည်း အကြိမ်တစ်ရာကျော် ထိုးနှက်ပြီးနောက် ရှောင်းမုချန်က အရေးနိမ့်နေဆဲဖြစ်ပြီး အားနည်းသည့်ဘက်ကို တဖြည်းဖြည်း ကျဆင်းသွားတော့သည်။

တိုက်ခိုက်မှု တစ်ရာကျော်ပြီးနောက်၊ ရှောင်းမုချန်ကို ယုကျစ်က တိုက်ပွဲစင်မြင့်မှ ဖယ်ရှားခဲ့သည်။

ရှောင်းမုချန်လည်း ရှုံးနိမ့်သွားပြီ။

တစ်ခုတည်းသောနတ်နန်းတော်မှ တပည့်များ၏ တိုက်ခိုက်ရေးစွမ်းအားက အမှန်တကယ်ပင် အံ့မခန်း ဖြစ်သည်။

"မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာ အခြား ဘယ်သူရှိသေးသလဲ။ လာပြီး တိုက်ခိုက်လှည့်ပါ"

ယုကျစ်က အော်လိုက်သည်။ သူက လျှပ်စီးလက်နေသော မျက်လုံးများဖြင့် ခရမ်းရောင်မီးလျှံအိမ်တော်မှ လူများကို စိုက်ကြည့်လိုက်၏။

ခရမ်းရောင်မီးလျှံအိမ်တော်မှ လူများအားလုံး နှုတ်ဆိတ်နေခဲ့သည်။

သူတို့၏ခေါင်းဆောင် ရှောင်းမုချန်ပင်လျှင် ရှုံးနိမ့်ခဲ့ပြီ။ သူတို့ တက်သွားပါက ကိုယ့်အရှက်ကို ကိုယ်ခွဲခြင်းသာ ဖြစ်မည်။

"ဟားဟားဟား၊ မင်းတို့က တကယ်ကို အားနည်းတာပဲ။ ပြောရရင် ဂိုဏ်းတူအစ်ကို ယုကျစ်က တစ်ခုတည်းသော နတ်နန်းတော်ရဲ့ ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တွေထဲမှာ အသန်မာဆုံး မဟုတ်ဘူး"

တစ်ခုတည်းသော နတ်နန်းတော်မှ လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။

ယင်းက ခရမ်းရောင်မီးလျှံအိမ်တော်နှင့် အိုးရန်ဝူရွှမ့်တို့၏ နှလုံးသားများကို လေးလံသွားစေခဲ့သည်။

ယုကျစ်က တစ်ခုတည်းသောနတ်နန်းတော်၏ ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်များထဲတွင် အသန်မာဆုံး မဟုတ်ပါ။ ဒါက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

ယုကျစ်၏ တိုက်ခိုက်ရေး စွမ်းအားက ဘုရင်နိယာမကို ထိန်းချုပ်သည့် ဘုရင်ခန္ဓာ သို့မဟုတ် အဆင့်မြင့် ကောင်းကင် ဝိညာဉ်ခန္ဓာမဟုတ်လျှင် တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သောလူများက နေရာတိုင်းတွင်တွေ့နိုင်သော ဂေါ်ဖီထုပ်များမဟုတ်ပေ။

သို့သော်လည်း တစ်ခုတည်းသောနတ်နန်းတော်မှာတော့ ယုကျစ်ထက် ပို၍သန်မာသော မဟာသူတော်စင်များ ရှိနေသည်။ တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်များက အလွန်မောက်မာသကဲ့သို့ အိုးရန်ဝူကျိက ယုံကြည်အမှုအပြည့်ရှိနေတာ အံ့ဩစရာမဟုတ်ပါ။

"နဝမမြောက် ညီလေး၊ မင်း ကိုယ်တိုင် မြင်တွေ့ရပြီ မဟုတ်လား"

အိုးရန်ဝူကျိက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အခုမှ ကစားပွဲကစမှာ၊ ဆဋ္ဌမမြောက်အစ်ကို ဘာတွေဆန္ဒစောနေတာလဲ"

အိုးရန်ဝူရွှမ့်က ပြောလိုက်၏။

"ဪ၊ ဒီလိုဆိုရင် ဆက်ကြရအောင်။ မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာ ဘယ်သူကမှ မတိုက်ခိုက်ဝံ့တော့တဲ့အတွက် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်ကို ပြောင်းလဲလိုက်ကြရအောင်"

အိုးရန်ဝူကျိက အေးစက်စက် အော်ပြောလိုက်သည်။

ယုကျစ်က တိုက်ပွဲစင်မြင့်မှ ထွက်ခွာလိုက်သည်နှင့် တပြိုင်နက်၊ တစ်ခုတည်းသောနတ်နန်းတော်မှ အခြား လူငယ်တစ်ယောက်က တိုက်ပွဲစင်မြင့်သို့တက်လှမ်းပြီး မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် အရှိန်အဝါများ ထုတ်ဖော်လိုက်သည်။

အိုးရန်ဝူကျိက အဆင့်တိုင်းတွင် အိုးရန်ဝူရွှမ့်ကို လုံးဝ ချေမှုန်းလိုပေသည်။

"မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်၊ ဘယ်သူက ငါနဲ့ တိုက်ခိုက်ချင်သလဲ"

တစ်ခုတည်းသောနတ်နန်းတော်က မာနထောင်လွှားစွာ ပြောလိုက်သည်။

ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက အမူအရာများ အလွန် လေးနက်သွားကြသည်။ နောက်ဆုံးတွင်၊ မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွား၏။

ကံမကောင်းစွာဖြင့်၊ သူက တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်နှင့် မယှဉ်နိုင်ပေ။ ယခင်ကအတိုင်း အခြေခံအားဖြင့် တစ်ဖက်သတ်တိုက်ပွဲ ဖြစ်ခဲ့သည်။ တိုက်ခိုက်မှု ဒါဇင်အနည်းငယ်မျှဖြင့် တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်က ရှုံးနိမ့်ခဲ့ပေသည်။

ထို့နောက် ခရမ်းရောင်မီးလျှံအိမ်တော်က နောက်ထပ် ပါရမီရှင်တစ်ဦးကို စေလွှတ်ခဲ့သည်။ သို့ရာတွင်၊ သူကလည်း တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်ကို မယှဉ်နိုင်ခဲ့ပေ။

မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်နှင့် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့် နှစ်ခုစလုံးတွင် ချေမှုန်းခံခဲ့ရသည်။

"နဝမမြောက်ညီလေး၊ မင်းက စမ်းသပ်မှုမှာ ပါဝင်ရင်တောင် မင်းမှာ အခွင့်အရေးမရှိဘူးလို့ ငါပြောပါတယ်။ မင်း ဘာဖြစ်လို့ ငါ့ကို လာမကူညီတာလဲ"

အိုးရန်ဝူကျိက ဆက်ပြောလိုက်သည်။

"ငါတို့က အဆင့်နှစ်ဆင့်ပဲ ပြီးသေးတာပါလေ၊ မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှာ မတိုက်ရသေးဘူး။ ဆဋ္ဌမမြောက်အစ်ကို ပြောဖို့က စောလွန်းပါသေးတယ်"

အိုးရန်ဝူရွှမ့်က ပြောသည်။

"မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်တွေက တိုက်ခိုက်ဖို့လိုသေးလို့လား။ ဒီအဆင့်ရှိသူတွေက ဒီစမ်းသပ်မှုမှာ အသုံးမဝင်‌သလောက်ပဲ"

အိုးရန်ဝူကျိက မထီမဲ့မြင် ပြုံးလိုက်၏။

ယခုတစ်ကြိမ်တွင် သူတို့က အသန်မာဆုံး ပါရမီရှင်များကိုသာ ဖိတ်ခေါ်ထားကြခြင်း ဖြစ်သည်။ သူတို့၏ ဝိညာဉ်ခန္ဓာများက သန်မာသည့်အပြင် ကျင့်ကြံမှုပလည်း မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ။ အများစုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သည်။

မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်များက တိုက်ပွဲအပေါ်တွင် သက်ရောက်မှုရှိမည် မဟုတ်ပေ။

"ငါတို့ မတိုက်ခိုက်ကြည့်ရင် ဘယ်လိုသိမှာလဲ"

အိုးရန်ဝူရွှမ့်က ပြောသည်။

"နဝမမြောက်ညီလေးက ဒီလောက်ထိ အခိုင်အမာဆို‌နေမှတော့ ငါ အဖော်ပြုပေးမယ်။ ငါ့ဘက်မှာ မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်က မဟာသူတော်စင်တစ်ပါး ရှိတယ်"

အိုးရန်ဝူကျိက ပြောလိုက်သည်။

ထို့နောက် တစ်ခုတည်းသော နတ်နန်းတော်၏ လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာလေသည်။

"မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်၊ ဘယ်သူက ငါနဲ့ တိုက်ခိုက်ချင်သလဲ"

ထိုလူငယ်က အော်လိုက်သည်။

ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ကြားတွင် မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှ ပါရမီရှင် မရှိပေ။

"ဒီတိုက်ပွဲကို ငါတိုက်မယ်"

လုံချန်က မတ်တပ်ထရပ်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လိုက်သည်။

လုံချန်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့် ဖြစ်သည်။

"နဝမမြောက်ညီလေး၊ မင်းက ရှေးဟောင်းလ မြင့်မြတ်နယ်မြေကနေ လူတချို့ကို ကူညီဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ကြားတယ်။ အဲဒါက သူတို့ ဖြစ်နိုင်မလား။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုကတော့ နည်းနည်း အားနည်းနေသေးတယ်"

အိုးရန်ဝူကျိက ပြက်ရယ်ပြုကာ ပြုံးလိုက်သည်။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ သူဖိတ်ကြားခဲ့သော ပါရမီရှင်များက မော့လန်နှင့် ရွှေကျီးကန်းဒုတိယမင်းသားတို့က မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်များ ဖြစ်ကြသည်။ သူတို့က တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်များကဲ့သို့ မသန်မာသော်လည်း အားနည်းသူများ မဟုတ်ပေ။

"လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးအင်အားကို သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က အမြဲတမ်း အဆုံးအဖြတ်မပေးနိုင်ဘူး"

အိုးရန်ဝူရွှမ့်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဪ၊ တကယ်ပဲလား။ လူတိုင်းက နဝမမြောက်ညီလေးလို အရည်အချင်းရှိတာ မဟုတ်ဘူးနော်"

အိုးရန်ဝူကျိက ပြုံးလိုက်၏။

တိုက်ပွဲစင်မြင့်ပေါ်တွင်၊ လုံချန်က လက်နှစ်ဖက်ကို နောက်သို့ပစ်၍ ရပ်နေသည်။ သူ၏အရှိန်အဝါက ထူးကဲသော်လည်း တစ်ခုတည်းသောနတ်နန်းတော်၏ လူများကို မယှဉ်နိုင်ပေ။

"မင်းက ငါ့ကို တိုက်ချင်တာလား။ ငါ မင်းကို စင်ပေါ်ကနေ ချက်ချင်းဆင်းသွားဖို့ အကြံပေးချင်တယ်"

တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်က မာနထောင်လွှားစွာ ပြောလိုက်သည်။

"မင်း ငါ့ရဲ့ တိုက်ခိုက်မှု သုံးခုကို ခံနိုင်မယ်ဆိုရင် ငါ ရှုံးနိမ့်တာကို ဝန်ခံလိုက်မယ်"

လုံချန်က တည်ငြိမ်စွာ ပြောသည်။

"ဘာ၊ မင်းရဲ့ တိုက်ခိုက်မှု သုံးခုလား။ ဟားဟားဟား"

တစ်ခုတည်းသောနတ်နန်းတော်၏ လူငယ်က ဟားတိုက်ရယ်မောလိုက်သည်။ သူသာမကဘဲ တိုက်ပွဲစင်မြင့်အောက်မှ အားလုံးကလည်း ကျယ်လောင်စွာ ရယ်မောလိုက်၏။

တစ်ခုတည်းသော နတ်နန်းတော်မှ ပါရမီရှင်တိုင်းက တူညီသောအဆင့် တိုက်ပွဲတစ်ခုတွင် ပြိုင်ဘက်ကင်းသလောက်ပင်။ ယခုမူ၊ လုံချန်က တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်ကို သုံးကွက်တည်းဖြင့် အနိုင်ယူမည်ဟု ပြောခဲ့သည်။ ဒါက ရယ်စရာမကောင်းပေဘူးလား။

"နဝမမြောက်ညီလေး၊ မင်းရဲ့သူငယ်ချင်းက တကယ်ပဲ..."

အိုးရန်ဝူကျိက လုံချန်ကို လှောင်ပြောင်လိုက်သော်လည်း သူ့စကားသံက လည်ချောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ဆင်တစ်ကောင်၏ အော်မြည်သံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။ လုံချန်၏ လက်တစ်ဖက်က လျင်မြန်စွာ ဖောင်းကားလာ၏။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တိုက်ပွဲစင်မြင့်က တုန်လှုပ်သွားရသည်။ ထို့နောက်တွင်၊ သူက တစ်ခုတည်းသောနတ်နန်းတော်မှ ပါရမီရှင်ကို လက်သီးဖြင့်ထိုးချလိုက်တော့သည်။

"ဝုန်း"

လက်သီးချက် ဖြတ်သန်းသွားတိုင်း ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။ လေက ချက်ချင်း အငွေ့ပျံသွားပြီး ကြောက်စရာကောင်းသော လေဟာနယ်တစ်ခု ဖြစ်လာရ၏။

ကြောက်စရာကောင်းသော အင်အားက တစ်ခုတည်းသောနတ်နန်းတော်မှ ပါရမီရှင်ကို မျက်နှာပျက်သွားစေသည်။

"ပိတ်ဆို့"

တစ်ခုတည်းသောနတ်နန်းတော်၏ ပါရမီရှင်က ၎င်းကိုတားဆီးရန် အစွမ်းရှိသမျှ အသုံးပြုခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

လုံချန်၏လက်သီးအင်အားက အတားအဆီးမှန်သမျှကို ဖြတ်ကျော်သွားခဲ့သည်။

တစ်ခုတည်းသော နတ်နန်းတော်၏ ပါရမီရှင်က နာကျင်စွာအော်ဟစ်ပြီး လွင့်စဉ်သွားသည်။ သူက တိုက်ပွဲစင်မြင့်ပေါ်မှ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ့ခန္ဓာကိုယ်မှ အရိုးတစ်ဝက်ခန့် ကျိုးသွားခဲ့ပြီး သေလုမျောပါး ဖြစ်သွားတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

တစ်ခုတည်းသောနတ်နန်းတော်၏ အခြားလူများအားလုံး ဝုန်းခနဲ ထရပ်လိုက်မိသည်။ သူတို့၏ မျက်နှာများမှာလည်း မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေတော့သည်။

All Chapters