← Chapters

အခန်း ၁၈၃၀

Vol. 122 Ch. 1830

အခန်း ၁၈၃၀

Vol. 122 Ch. 1830

အပိုင်း ( 1830 ) လုမင်၏ ဗျူဟာ။

လုမင်နှင့် အခြားသူများလည်း ပေါ့ပေါ့ပါးပါးကြည့်ပြီး နေရာမှ ထွက်ခွာသွားကြသည်။

ပထမအကျော့က သူတို့နှင့် ဘာမှမဆိုင်ပေ။

နောက်ရက်များတွင် အိုးရန်ဝူရွှမ့်က စစ်သည်များအား လေ့ကျင့်ပေးပြီး စစ်သည်သုံးထောင်နှင့်အတူ ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်အား လေ့ကျင့်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားပြီ။

ဤကာလအတွင်း၌ လုမင်က စိတ်နှစ်ကာ လေ့ကျင့်ခဲ့ပေသည်။ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

သို့သော်လည်း မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏တိုးတက်မှုမှာ နှေးကွေးလာသလို ပို၍ခက်ခဲလာခဲ့သည်။

လဝက်ကြာ လေ့ကျင့်ပြီးနောက် လုမင်က ရပ်တန့်လိုက်လေသည်။ သူက အစီရင်ကမ္ဘာအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ စစ်သည်များကို လေ့ကျင့်ရန် ဤအချိန်ကာလအတွင်း၌ အိုးရန်ဝူရွှမ့်က မည်ကဲ့သို့လုပ်ဆောင်နေသည်ကို သူမြင်ချင်မိသည်။

"ဝုန်း... ဝုန်း"

မြေပြင်တွင် စစ်သည်သုံးထောင်တို့က အရှိန်အဟုန်ဖြင့် မြေပြင်ပေါ်တွင် ပြေးလွှားနေကြသည်။ မြေပြင်က တုန်ခါနေပြီး သူတို့၏ အရှိန်အဝါများကလည်း အားကောင်းပေသည်။

မျက်စိဖြင့် မြင်နိုင်သမျှက အနက်ရောင်ရေစီးကြောင်းကဲ့သို့ လူများ ဖြစ်သည်။

ယွမ်ချီစွမ်းအင်က စီးဆင်းလာပြီးနောက် စစ်သည်သုံးသောင်း၏အထက် ကောင်းကင်ယံတွင် ဧရာမကျားကြီးတစ်ကောင်ကို ဖွဲ့စည်းခဲ့ပေသည်။

ဤကျားကြီးက ပေပေါင်း သောင်းနှင့်ချီမြင့်မားပြီး တောင်ကြီးတစ်လုံးထက်ပင် ကြီးမားသည်။ ၎င်း၏ အရှိန်အဝါကလည်း ကြောက်မက်ဖွယ်ကောင်း၏။

ဤသည်မှာ ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင် ဖြစ်သည်။ ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် စစ်သည်သုံးသောင်းက ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်ကို ဖွဲ့စည်းလိုက်ချိန်တွင် သူတော်စင်တစ်ပိုင်းများပင် ကျဆုံးရလိမ့်မည်။

ထို့ပြင် စစ်သည်သုံးသောင်းက အချိန်ကြာမြင့်စွာ လေ့ကျင့်ကြပြီး အစီရင်နှင့် ရင်းနှီးလာသည်နှင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကလည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။

လုမင်က ကောင်းကင်တွင် ရပ်ကာ တည်ငြိမ်စွာ ကြည့်နေလေသည်။

နာရီအနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် စစ်သည်များက အနားယူရန် ရပ်တန့်ခဲ့သည်။

ထိုအချိန်တွင် လူရိပ်တစ်ခုက လုမင်ဆီသို့ ပျံသန်းလာသည်။ ဒါက အိုးရန်ဝူရွှမ့်ပင်။

"လုမင်၊ မင်း ဒီနေ့မှာ ဘာဖြစ်လို့ ရောက်လာရတာလဲ"

အိုးရန်ဝူရွှမ့်က ပြုံးပြီး ပြောလိုက်သည်။

"မင်းရဲ့ လေ့ကျင့်ရေးက ဘယ်လိုအခြေအနေရှိပြီလဲဆိုတာ လာကြည့်တာပါ။ ဘယ်လိုလဲ၊ ပထမအကျော့ စမ်းသပ်မှုအတွက် ယုံကြည်မှုရှိသလား"

လုမင်က မေးလိုက်သည်။

"ငါ မသေချာဘူး"

အိုးရန်ဝူရွှမ့်က ခေါင်းယမ်းလိုက်၏။

"ငါ အရင်က မထင်မှတ်ဘဲ ကောင်းကင်ကျားရဲ့ဟိန်းဟောက်သံ အစီရင်ကို ရရှိခဲ့ဖူးတယ်။ အဲဒါက အရမ်းအားကောင်းပါတယ်၊ ဒါပေမဲ့ အိုးရန်ဝူကျိနဲ့ အိုးရန်ဝူတောက်က အစွမ်းထက်တဲ့ အစီရင်တွေ မရှိဘူးဆိုတာကို ငါ အာမမခံနိုင်ပါဘူး"

"သူတို့မှာ ငါ့ထက် အားမနည်းတဲ့ အစီရင်ရှိရင် ဒီတိုက်ပွဲက အရမ်းခက်ခဲလိမ့်မယ်။ နောက်ပြီးတော့ အင်အားစုသုံးခုဖြစ်ပြီး တစ်ဦးကိုတစ်ဦး စောင့်ကြည့်နေရတဲ့အပြင် အခြေအနေက လျင်မြန်စွာပြောင်းလဲနေတာကြောင့် ဘယ်သူကမှ အနိုင်ယူဖို့ ယုံကြည်မှုမရှိဘူး"

အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။

လုမင်က ခေါင်းညိတ်လိုက်လေသည်။ သုံးဦးစလုံးတွင် စစ်သည်သုံးသောင်းစီရှိ၍ အင်အားချင်း အတူတူပင် ဖြစ်သည်။ သူတို့ အချင်းချင်း ထိန်းကျောင်းနေချိန်တွင် အခြေအနေက အမြဲတမ်း ပြောင်းလဲနေပေသည်။

ရလဒ်တွေမထွက်ခင်မှာ မည်သူက အနိုင်ရမယ်ဆိုတာ ခန့်မှန်းလို့မရပေ။

လုမင်က ခေါင်းငုံ့ကာ ခဏစဉ်းစားနေပြီးနောက် ပြောလိုက်သည်။

"ငါ့မှာ အစီရင်တစ်ခုရှိတယ်။ သူ့ရဲ့ စွမ်းအားက ကောင်းကင်ကျားရဲ့ဟိန်းဟောက်သံ အစီရင်ထက် အများကြီးသာလွန်တယ်။ မင်းစမ်းကြည့်လို့ရတယ်"

"သူ့ရဲ့ စွမ်းအားက ကောင်းကင်ကျားရဲ့ဟိန်းဟောက်သံ အစီရင်ထက် အဆများများ ပိုအားကောင်းတာလား"

အိုးရန်ဝူရွှမ့်၏ မျက်လုံးများက တောက်ပလာသည်။

"ဟုတ်တယ်၊ ဒီအစီရင်ကို အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်လို့ ခေါ်တယ်"

လုမင်က ခေါင်းညိတ်ပြပြီး ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ကာ အိုးရန်ဝူရွှမ့်ကို ပေးလိုက်သည်။

ဤတိုက်ပွဲအစီရင်ကို နဝမနဂါး၏ အမှတ်တရများတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ စွမ်းအားက ကောင်းကင်ကျား၏ဟိန်းဟောက်သံအစီရင်ထက် အဆပေါင်းများစွာ သန်မာပေသည်။

အိုးရန်ဝူရွှမ့်က ဝိညာဉ်အသိဖြင့် ကြည့်ရှုပြီးနောက် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ပေါ်လာခဲ့သည်။

"ဒီတိုက်ပွဲအစီရင်နဲ့ဆိုရင် ငါ ပိုပြီးတော့ ယုံကြည်မှုရှိလာပြီ"

အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။

"ဒါက အတိအကျတော့ မဟုတ်သေးဘူး။ ဒါကို ကောင်းကောင်း မသုံးတတ်ရင် ငါတို့က အရင်ဆုံး ဖယ်ထုတ်ခံရမှာ ကြောက်ရတယ်"

လုမင်က ပြောလိုက်သည်။ သူက ဤမျှအကောင်းမြင်ခြင်း မရှိပေ။

"မင်းဆိုလိုတာက အိုးရန်ဝူကျိနဲ့ အိုးရန်ဝူတောက်ရဲ့ တပ်တွေလား"

အိုးရန်ဝူရွှမ့်ကလည်း ထက်မြက်သူတစ်ယောက် ဖြစ်သည်။ တွေးကြည့်လိုက်ပြီးနောက် လုမင်၏ ဆိုလိုရင်းကို သူနားလည်သွားပေသည်။

သူ၏ တိုက်ပွဲအစီရင်က သန်မာလွန်းပြီး အိုးရန်ဝူကျိနှင့် အိုးရန်ဝူတောက်တို့ကို ခြိမ်းခြောက်လာပါက၊ နှစ်ဘက်စလုံးက သူ့ကို တိုက်ခိုက်ရန် တွန်းအားပေးမည် ဖြစ်သည်။ ထိုအခြေအနေတွင် အစီအမှန်နဂါးအစီရင်က မည်မျှပင် သန်မာနေစေကာမူ အန္တရာယ်ရှိလိမ့်မည်။

"ဒါကြောင့် အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်ကို လေ့ကျင့်ဖို့ လူငါးထောင်လောက်ပဲ ထုတ်လိုက်ပါ။ ကျန်တဲ့ လူနှစ်သောင်းငါးထောင်က ကောင်းကင်ကျားရဲ့ဟိန်းဟောက်သံ အစီရင်ကို ဆက်လက်လေ့ကျင့်ကြလိမ့်မယ်။ တိုက်ပွဲအတွင်းမှာ အဲဒီလူနှစ်သောင်းငါးထောင်ကို စတေးပစ်နိုင်ရင် အကောင်းဆုံးပဲ..."

လုမင်က အစီရင်တစ်ခုကို ပြောပြလိုက်သည်။

သူ့အစီအစဉ်က အလွန်ရိုးရှင်းပေသည်။ နှစ်ဖက်တိုက်ပွဲဖြစ်သောအခါ လူပေါင်း နှစ်သောင်းငါးထောင်ကို စတေးရမည် ဖြစ်သည်။ ဤနည်းဖြင့် လူထောင်ဂဏန်းသာ ကျန်လိမ့်မည်။ အိုးရန်ဝူရွှမ့်ကလည်း အခြားနှစ်ဘက်အတွက် ခြိမ်းခြောက်မှုများစွာရှိမည် မဟုတ်တော့ပေ။

သူတို့၏ အာရုံက သူတို့အချင်းချင်းသာ ရှိမည်။ ဤနည်းအားဖြင့် အိုးရန်ဝူရွှမ့်က နောက်ဆုံးတွင် အကျိုးကျေးဇူးများကို ရရှိနိုင်လိမ့်မည်။

ဟုတ်သည်၊ ဤအစီအစဥ်အရ ကျန်သော လူအင်အား ထောင်ဂဏန်းမှာ အလွန်အားကောင်းသော အစီရင်ကို လေ့ကျင့်နိုင်မှသာ ဖြစ်သည်။ မဟုတ်လျှင်၊ အကျိုးအမြတ်ကို ရိတ်သိမ်းလျှင်ပင် အသုံးမဝင်ပေ။

"ကောင်းပြီ၊ ဒီအစီအစဥ်အတိုင်း လုပ်ကြရအောင်"

အိုးရန်ဝူရွှမ့်က အလွန်ပင် ပြတ်သားသူတစ်ယောက် ဖြစ်သည်။ သူက လုမင်၏ အစီအစဉ်ကို အသုံးပြုရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။

"အိုးရန်၊ မင်းအနိုင်ရနိုင်မယ်လို့ ငါမျှော်လင့်တယ်"

လုမင်က ပြုံးလိုက်သည်။

အိုးရန်ဝူရွှမ့်က ငွေအဆင့် အမွေဆက်ခံသူတစ်ဦးဖြစ်ပြီး သူ၏အမိန့်ကို နားထောင်ရပေသည်။ ထို့ကြောင့် လုမင်သည် အိုးရန်ဝူရွှမ့်ကို အနိုင်ရရှိပြီး အိမ်ရှေ့မင်းသားရာထူးကို သိမ်းပိုက်၍ ရှန်းယွမ်အင်ပါယာအား ထိန်းချုပ်စေနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

ဤနည်းအားဖြင့် လုမင်အတွက်လည်း အကျိုးရှိမည် ဖြစ်သည်။

အိုးရန်ဝူရွှမ့်က အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်ကို လျှို့ဝှက်လေ့ကျင့်ရန် လူငါးထောင်ကို ချက်ချင်း ရွေးချယ်ခဲ့ပေသည်။

ထို့နောက်တွင်၊ လုမင်က အစီရင်ကမ္ဘာမှ ထွက်ခွာပြီး ရှန်းယွမ်အင်ပါယာအတွင်း လှည့်လည်ခဲ့သည်။ သူက ပစ္စည်းအချို့ကို ပေါ့ပေါ့ပါးပါး ဝယ်ယူပြီးနောက် အိုးရန်ဝူရွှမ့်၏ နေအိမ်ဆီသို့ ပြန်လျှောက်သွား၏။

"မင်း အမှိုက်ကောင်... မင်းရဲ့ ဆေးလုံးတွေကို မြန်မြန် လွှဲပေးစမ်း။ မဟုတ်ရင် ငါ မင်းကို ရိုက်ရလိမ့်မယ်"

လုမင်က အိမ်တော်တစ်လုံးဘေးမှ ဖြတ်သန်းသွားချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။

"အဲဒါကို မစဉ်းစားနဲ့၊ ဒါက တစ်နှစ်တာ ကြိုးကြိုးစားစား လုပ်ခဲ့တဲ့ ငါ့ရဲ့ ဆုလာဘ်ပဲ။ ဒါကို ယူဖို့ စဉ်းတောင်မစဉ်းစားလိုက်နဲ့။ မင်းတတ်နိုင်ရင် ငါ့ကို သတ်လိုက်ပါ"

ထိုအချိန်တွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာ၏။

အသံများအရ သူတို့ဟာ အသက်ကြီးသေးပုံမရပေ။

လုမင်လည်း အနည်းငယ် စူးစမ်းမိသည်။ သူက ခြေတစ်ချက်ဆောင့်ပြီး အိမ်အမိုးပေါ်သို့ ခုန်တက်သွား၏။ ထို့နောက်တွင် သူက ရှေ့ကို လှမ်းကြည့်လိုက်လေသည်။

သူ့ရှေ့တွင် လူငယ် ငါးဦး၊ ခြောက်ဦးခန့် ရှိသည်။ သူတို့အားလုံးက ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်ခန့်သာ ရှိဦးမည်။ ယခုအချိန်တွင် လူငယ်ငါးဦးက ဝတ်စုံနက်ဝတ် လူငယ်တစ်ဦးကို ဝိုင်းရံထားကာ ခက်ထန်စွာ စိုက်ကြည့်နေကြသည်။

ဝတ်စုံနက်ဝတ် လူငယ်ကလည်း သူတို့အား ခေါင်းမာမာဖြင့် စိုက်ကြည့်နေပေသည်။

"အိုးရန်မော့လီ၊ မင်း သေချင်နေတာပဲ... ဒီလိုဆိုရင် မင်းရဲ့ဆန္ဒကို ငါတို့ ဖြည့်ဆည်းပေးမယ်။ ငါက မင်းကို မသတ်ဝံ့ဘူးလို့ မထင်နဲ့။ သွေးမျိုးဆက်ကို မနိုးထနိုင်တဲ့ မင်းလိုအမှိုက်ကို သတ်လိုက်ရင်တောင် မင်းကို ဘယ်သူက ဂရုစိုက်မှာလဲ"

လူငယ်ငါးဦးတွင် ဝတ်စုံဝါဝတ် လူငယ်တစ်ဦးက လှောင်ပြောင်ပြောဆိုလိုက်သည်။

"အမှန်ပဲ၊ ဆေးလုံးကို လွှဲပေးလိုက်ပါ။ မင်းလို အမှိုက်အတွက် တင်းယွမ်ဆေးလုံးကို ရရှိရင်တောင် နတ်ဘုရားရဲ့လက်ဆောင်ကို ဖြုန်းတီးတာပဲဖြစ်လိမ့်မယ်။ ဒီအစား ငါတို့ကို လွှဲအပ်တာက အကောင်းဆုံးပဲ"

"အနာဂတ်မှာ ငါတို့အတွက် သစ္စာစောင့်သိပါ... ဒီလိုဆိုရင် မင်းလို အသက်ရှင်နေတဲ့ အမှိုက်ကို လွှတ်ပေးလိုက်မယ်။ မဟုတ်ရင် မင်းသေရလိမ့်မယ်"

တခြားလူငယ်များကလည်း လှောင်ပြောင်လိုက်ကြသည်။

"အဲဒါကို မစဉ်းစားနဲ့။ တင်းယွမ်ဆေးလုံးက ငါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။ ဒါကို လိုချင်တယ်ဆိုရင် ငါ့ကို အရင်သတ်ရလိမ့်မယ်"

ဝတ်စုံနက်ဝတ် လူငယ်လေး အိုးရန်မော့လီက ဟိန်းဟောက်လိုက်သည်။

"ဟမ့်၊ ဒီလိုဆိုမှတော့​ မင်းရဲ့ဆန္ဒကို ငါ​ဖြည့်ဆည်း​ပေးမယ်​"

ဝတ်စုံဝါဝတ် လူငယ်က အိုးရန်မော့လန်၏ဗိုက်ကို ကန်ထုတ်လိုက်သည်။ အိုးရန်မော့လီက အော်ဟစ်ပြီး လွင့်သွား၏။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး မျက်နှာမှာလည်း ဖြူဖျော့နေတော့သည်။

သို့သော်လည်းလည်း အဝါရောင်ဝတ်စုံဝတ် လူငယ်နှင့် အခြားလူများကို စိုက်ကြည့်ရင်း သူ့အကြည့်များက ခိုင်မာဆဲ ဖြစ်သည်။

"ငါမသေရင် မင်းကို ဆယ်ဆပြန်ပေးစပ်စေမယ်"

အိုးရန်မော့လီက ပြောလိုက်သည်။ သူ့မျက်လုံးများက အေးစက်နေပြီး လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။

ဤအကြည့်များက အဝါရောင်ဝတ်စုံဝတ် လူငယ်နှင့် အခြားသူတို့၏ စိတ်နှလုံးကို အေးစက်သွားစေခဲ့သည်။

"မင်းမှာ အခွင့်​အ​ရေးမရှိပါဘူး..ဒီ​နေ့က မင်း​သေရမဲ့နေ့ပဲ"

ဝတ်စုံဝါဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။ သူ၏ ယွမ်ချီစွမ်းအင်က မြင့်တက်လာပြီး အိုးရန်မော့လီကို တိုက်ခိုက်တော့မည်။

ထိုအချိန်တွင် လုမင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

သူ့လက်ဝါးတွင် အရောင်လက်သွားပြီး ဆမ်ဆာရာလှံပုဆိန်က သူ့လက်ထဲတွင် ပေါ်လာခဲ့၏။

သို့သော်လည်း ယခုအချိန်တွင် ဆမ်ဆာရာလှံပုဆိန်က တုန်ခါပြီး ခပ်တိုးတိုးအသံတချို့ပင် ထွက်ပေါ်နေတော့သည်။

All Chapters