အခန်း ၁၈၃၂
Vol. 123 Ch. 1832
အပိုင်း ( 1832 ) လုမင်၏ ဒုတိယမြောက် တိုက်ရိုက်တပည့်။
လုမင်က သူ့စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။ အိုးရန်မော့လီက ကြင်နာမှုကို မည်သို့ပြန်ပေးဆပ်ရမည်မှန်း ကောင်းစွာသိပြီး စရိုက်ကောင်းရှိပေသည်။ လုမင်က သူ့ကို အတော်သဘောကျမိသည်။
"ကောင်းပြီ၊ မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် လေးစားဖို့ တောင်းဆိုတဲ့အတွက် မင်းကို ငါ့တပည့်အဖြစ် လက်ခံပေးမယ်"
လုမင်က ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။
ပြန်လည်ဝင်စားခြင်း၏သားတော်က ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည်။ ရှေးခေတ်ကတည်းက သူတို့သည် လူအနည်းစုသာ ရှိပေသည်။ လုမင်သည်လည်း ထိုသို့သော ပါရမီရှင်၏ ဆွဲဆောင်မှုကို ခံရသည်။ သူက ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
"ဒါပေမဲ့ မင်းက အဲဒီအကြီးအကဲရဲ့ အမွေကိုလည်း ဆက်ခံရမယ်၊ အဲဒီအကြီးအကဲကိုလည်း မင်းရဲ့ဆရာအဖြစ် လေးစားရမယ်၊ နားလည်ရဲ့လား"
လုမင်က ပြောလိုက်သည်။
အိုးရန်မော့လီလည်း အလွန်ဝမ်းသာသွားပြီး ဒူးတစ်ဖက်ထောက်ကာ ဦးညွတ်လိုက်လည်။
"နားလည်ပါပြီဆရာ၊ ဆရာ့ကို နှုတ်ခွန်းဆက်ပါတယ်"
"ကောင်းပါပြီ၊ ထတော့"
လုမင်က ပြောလိုက်၏။ အိုးရန်မော့လီလည်း နာခံစွာ ပြန်ထလိုက်လေသည်။
"မင်းရှေ့မှာ ငါက အမည်ခံတပည့်နှစ်ယောက်နဲ့ တိုက်ရိုက်တပည့်နှစ်ယောက်ကို လက်ခံထားပြီးပြီ။ အခု မင်းက တိုက်ရိုက်တပည့်တွေထဲမှာ ဒုတိယအဆင့် ရောက်သွားလိမ့်မယ်၊ နားလည်ရဲ့လား"
လုမင်က ဆက်ပြောသည်။
"နားလည်ပါတယ် ဆရာ"
အိုးရန်မော့လီက လေးစားစွာ ပြောလိုက်၏။
"အင်း၊ အခု မင်းအကြောင်းကို ပြောကြရအောင်။ မင်းရဲ့မျိုးရိုးအမည်က အိုးရန်နော်... မင်းက ရှန်းယွမ်အင်ပါယာရဲ့ တော်ဝင်မိသားစုထဲက ဖြစ်သင့်တယ်။ ဒါတောင်မှ အဲဒီကောင်လေးတွေက မင်းကို ဘာဖြစ်လို့ ဒီလိုဆက်ဆံကြတာလဲ"
လုမင်က မေးလိုက်သည်။
အိုးရန်မော့လီကို သူ့တပည့်အဖြစ် လက်ခံပြီးပြီမို့ သူ့အကြောင်းကို ပို၍ သိရှိထားရခြင်းမှာ သဘာဝပင်။
"ဆရာ၊ ကျွန်တော်က တော်ဝင်မိသားစုထဲက လူတစ်ယောက်ဖြစ်ပေမဲ့ တော်ဝင်မိသားစုရဲ့ ကိုင်းခွဲတစ်ခုကပါ"
ထို့နောက်တွင်၊ အိုးရန်မော့လီက ရှင်းပြလိုက်သည်။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာပြီးနောက်၊ ရှန်းယွမ်အင်ပါယာ၏ အိုးရန်တော်ဝင်မိသားစုသည် မရေမတွက်နိုင်သော ကိုင်းခွဲများကို မွေးဖွားပေးခဲ့သည်။ လူဦးရေကလည်း မထင်မှတ်လောက်အောင် များပြားခဲ့ပေသည်။
အိုးရန်မော့လီက ထိုကိုင်းခွဲမျိုးနွယ်များမှ လူတစ်ဦး ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သောနှစ်အနည်းငယ်က သူ့မိဘများ အပြင်ဘက်တွင် လေ့ကျင့်နေစဉ် တာ့လော့ကောင်းကင်ဂိုဏ်းမှလူများ၏ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ယခုတော့ သူ့မျိုးရိုးမှ မိသားစုတွင် သူတစ်ဦးတည်းသာ ကျန်တော့သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က၊ နန်းတွင်းမှာ အလုပ်ရရန် အိုးရန်မိသားစု၏ ဆင်းသက်လာသူအဖြစ် သူ၏အထောက်အထားကို မှီခိုအားထားခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူသည် သူ၏သွေးမျိုးဆက်ကို မနှိုးနိုင်ခဲ့ပေ။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့သည့်တိုင် သူ၏ ကျင့်ကြံမှုက သိုင်းစစ်သည်နယ်ပယ်တွင်သာ ရှိခဲ့သည်။
ထို့ပြင် သူက တစ်ယောက်တည်း ဖြစ်နေသောကြောင့် သဘာဝအတိုင်း အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရတတ်သည်။ သို့သော်လည်း၊ တစ်နေ့တွင် သူ၏သွေးမျိုးဆက်ကို နိုးထစေပြီး ကောင်းကင်သို့ ပျံတက်မည်ဟု မျှော်လင့်လျက် အနိုင်ကျင့်မှုနှင့် ခက်ခဲကြမ်းတမ်းမှုများကို အမြဲသည်းခံထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့မိဘများအတွက် လက်စားချေနိုင်လိမ့်မည်။
ဤတစ်ကြိမ်မှာတော့ သူ၏ အလုပ်ကြိုးစားမှုကြောင့် အကြီးအကဲများက သူ့ကို တင်းယွမ်ဆေးတစ်လုံး ဆုချီးမြှင့်ခဲ့သည်။ ဤဆေးလုံးဖြင့် သူ၏ သွေးမျိုးဆက်ကို နိုးထစေရန် သူမျှော်လင့်ခဲ့ပေသည်။ သို့သော်လည် အဝါရောင်ဝတ်စုံဝတ် လူငယ်များနှင့် အခြားသူများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ သူတို့က သူ၏ တင်းယွမ်ဆေးလုံးကို လုယူချင်ကြ၏။
အဝါရောင်ဝတ်စုံဝတ် လူငယ်နှင့် အခြားသူများသည်လည်း အိုးရန်တော်ဝင်မိသားစုမှ ဖြစ်ကြသည်။ သို့ရာတွင်၊ သူတို့က ၎င်းတို့၏ သွေးမျိုးဆက်များကို နိုးထနိုင်သောကြောင့် ၎င်းတို့၏ ကျင့်ကြံမှုကလည်း အိုးရန်မော့လီထက် သဘာဝအားဖြင့် မြင့်မားသည်။
လုမင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။ ယွမ်လုတစ်ခုလုံးတွင် ထိုသို့သောဖြစ်ရပ်များက တစ်ချိန်လုံး ဖြစ်ပျက်နေသည်။
ထိုစဉ်က သူကိုယ်တိုင်ပင် ဤအခြေအနေကို ရင်ဆိုင်ခဲ့ရသေးသည်။
ကံကောင်းထောက်မစွာဖြင့်၊ သူ့ကိုတော့ လုမင်က ယခုအချိန်မှာ ရှာဖွေတွေ့ရှိခဲ့သည်။ မဟုတ်လျှင်၊ ပါရမီရှင်တစ်ယောက်က ဤအတိုင်း တိမ်မြုပ်ပျောက်ကွယ်သွားလိမ့်မည်။
စင်စစ်တွင်၊ ဤကမ္ဘာကြီးက ပါရမီရှင်အားလုံး နိုးထနိုင်ကြတာ မဟုတ်ပါ။ တချို့က ပင်ကိုယ်ပါရမီများ ပျောက်ကွယ်နေတတ်သည်။ ရှေးခေတ်ကတည်းက မရေမတွက်နိုင်သော ပါရမီရှင်များကို မြှုပ်နှံထားခဲ့ပေသည်။
အချို့သော အထူးခန္ဓာနှင့် အချို့သော ပါရမီရှင်များကတော့ ငယ်စဉ်ကတည်းက ထူးချွန်ခဲ့ပြီး ရှားပါးသော အရည်အချင်းများကို ပြသခဲ့ကြသည်။ သဘာဝအတိုင်း သူတို့က တိမ်မြုပ်နေမည် မဟုတ်ပေ။ သူတို့ကို မဟာပုဂ္ဂိုလ်ကြီးများက ရှာဖွေတွေ့ရှိပြီး သူတို့ကို ပြုစုပျိုးထောင်ရန် အာရုံစိုက်ကြမည် ဖြစ်သည်။
သို့သော်လည်း အချို့သော အထူးခန္ဓာနှင့် သွေးမျိုးဆက်များက ပျောက်ကွယ်နေတတ်သည်။ ကျွမ်းကျင်သူများ၏ အကူအညီမရှိလျှင် သူတို့ကို နှိုးဆွရန် ခက်ခဲလိမ့်မည်။
ဥပမာအားဖြင့်၊ အိုးရန်မော့လီတွင် ပြန်လည်ဝင်စားခြင်းခန္ဓာရှိသော်လည်း လျှို့ဝှက်စွာရှိခဲ့သည်။ ထို့ပြင်၊ သူက အိုးရန်တော်ဝင်မိသားစုမှ ဖြစ်၏။ သူ့ကို မည်သူမျှ ဂရုမစိုက်ကြဘဲ ကံဆိုးသူတစ်ဦးဟုသာ သတ်မှတ်လိုက်ကြသည်။ လုမင်သည်ပင် ဆမ်ဆာရာလှံပုဆိန်၏ တုံ့ပြန်ခြင်းမရှိပါက သူ့ကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။
ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် ဤပါရမီရှင်က ဆယ်စုနှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားနိုင်သည်။
ထို့ကြောင့် အချို့သော အင်အားစုကြီးများက နွံနစ်နေသော ကျောက်ရိုင်းတုံးများကို ရှာဖွေရန်အလို့ငှာ ကမ္ဘာအနှံ့သို့ ခရီးသွားရန် ကျွမ်းကျင်သူများကို စေလွှတ်တတ်ကြသည်။
ထိုစဉ်က တစ်ခုတည်းသော နတ်နန်းတော်၏ အကျော်အမော်ကလည်း ချင်ယွဲ့ကို ဤနည်းဖြင့် ရှာဖွေတွေ့ရှိပြီး ခေါ်ဆောင်သွားခဲ့သည် မဟုတ်လော။
"အနာဂတ်မှာ ကျွန်တော်ရဲ့ ခွန်အားက လုံလောက်အောင် သန်မာရင် တာ့လော့ကောင်းကင်ဂိုဏ်းကိုသွားပြီး ကျွန်တော်ရဲ့ မိဘတွေအတွက် လက်စားချေရမယ်"
သူ့စကားအဆုံးတွင် အိုးရန်မော့လီက လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
"ဒါဆိုရင် မင်းရဲ့ ကျင့်ကြံမှုကို အာရုံစိုက်သင့်တယ်။ အခု မင်းကို အမွေအနှစ် အရင်ဆုံးလွှဲပေးမယ်။ ထိုင်လိုက်ပါ"
လုမင်က ပြောလိုက်သည်။
အိုးရန်မော့လီလည်း ချက်ချင်း ထိုင်ချလိုက်လေသည်။ ထို့နောက်တွင် လုမင်က ဆမ်ဆာရာဧကရာဇ်၏ ကမ္ဘာအမြုတေကို ထုတ်ယူပြီး အိုးရန်မော့လီ၏ အသိစိတ်ပင်လယ်အတွင်း၌ တံဆိပ်ခတ်လိုက်သည်။
အိုးရန်မော့လီ၏ ခန္ဓာကိုယ်က ချက်ချင်းပင် အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ငရဲပြည်ကို ရောက်သွားသကဲ့သို့ သူ့ဦးခေါင်းထက်မှာ အနက်ရောင် ရေဝဲကြီးတစ်ခု လှည့်ပတ်လာတော့သည်။
မကြာမီ၊ ရေဝဲက ရုတ်တရက် တုန်ခါသွားပြီး ရေဝဲနှစ်ခုအဖြစ် ကွဲသွားသည်။
ခဏအကြာတွင် နောက်ထပ်ရေဝဲတစ်ခု ပေါ်လာခဲ့၏။ ယခုအခါ ရေဝဲသုံးခု ရှိနေပြီ။
ရေဝဲတစ်ခု ထွက်ပေါ်လာတိုင်း အိုးရန်မော့လီ၏ အရှိန်အဝါက မြင့်တက်လာတတ်သည်။
နာရီအနည်းငယ်အကြာတွင် အိုးရန်မော့လီ၏ ဦးခေါင်းထက်မှာ ရေငွေ့ခြောက်ခု ရှိနေပြီ။ ဒါက အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
"ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်"
လုမင်၏ မျက်လုံးများက တောက်ပလာကာ ရေရွတ်လိုက်သည်။
ဒါက တကယ်ကို ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်ပင်။
'မော့လီရဲ့ ကျင့်ကြံမှုက သိုင်းဘုရင်နယ်ပယ်ကို ရောက်နေပြီ'
လုမင်က သူ့နှလုံးသားထဲမှ အော်ပြောလိုက်သည်။
အိုးရန်မော့လီက ဆမ်ဆာရာဧကရာဇ်၏ ကမ္ဘာအမြုတေနှင့် ယခုလေးတင် ပေါင်းစည်းခဲ့ပြီး သူ၏ ကျင့်ကြံမှုကလည်း သိုင်းဘုရင်နယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီ။
နောက်ထပ်နှစ်နာရီကြာပြီးနောက် အိုးရန်မော့လီက သူ့မျက်လုံးကို ဖွင့်လိုက်သည်။
“ငါ့ရဲ့ ကျင့်ကြံမှု..."
အိုးရန်မော့လီသည် သူ့ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့စွမ်းအင်များကို ခံစားလိုက်ရပြီးနောက် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ့မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ပေါ်လာခဲ့၏။
"မော့လီ၊ မင်းက ကမ္ဘာအမြုတေနဲ့ ပေါင်းစပ်လိုက်တာကြောင့် မင်းရဲ့ ကျင့်ကြံမှုအဆင့်က တိုးတက်လာခဲ့ပြီ။ ဒါပေမဲ့ အပြင်ကိုမထွက်နဲ့ဦး၊ ဒီအချိန်အတောအတွင်းမှာ ငါ့ရဲ့ တောင်နဲ့မြစ်ပန်းချီကားအတွင်းမှာနေပြီး မင်းရဲ့ တိုးတက်လာတဲ့ စွမ်းအားတွေနဲ့ ရင်းနှီးအောင် အရင်လုပ်လိုက်ပါ။ နောက်ပြီးတော့ မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို မတိုးတက်စေနဲ့ဦး"
လုမင်က သတိပေးလိုက်သည်။
သူ၏ ကျင့်ကြံမှုအဆင့်က လျင်မြန်စွာ တိုးတက်လာခြင်းသည် ကောင်းမွန်သောအရာ မဟုတ်ပေ။ သူ့အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင် ဦးစွာ လုပ်ရမည် ဖြစ်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
အိုးရန်မော့လီက ဦးညွတ်လိုက်သည်။
"အင်း၊ ကောင်းကောင်းလေ့ကျင့်ပါ။ မင်းမှာ နားမလည်တာရှိရင် ငါ့ကို အချိန်မရွေး တွေ့နိုင်တယ်။ နောက်ပြီးတော့ ဒီဆမ်ဆာရာလှံပုဆိန်က မင်းအတွက်ပဲ"
လုမင်က ဆမ်ဆာရာလှံပုဆိန်ကို ထုတ်ယူပြီး အိုးရန်မော့လီအား ပေးလိုက်သည်။ အိုးရန်မော့လီကလည်း ရိုရိုသေသေ လက်ခံယူရင်း ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
လုမင်ကတော့ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်ဆီသွားပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို နားလည်ဆင်ခြင်လိုက်သည်။
အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားပြီ။
ထို့ပြင်၊ လုမင်က အိုးရန်ဝူရွှမ့်၏ စစ်ရေးလေ့ကျင့်ခြင်းကို ကြည့်ရှုရန် အစီရင်ကမ္ဘာသို့ မကြာခဏ သွားလေ့ရှိသည်။
အိုးရန်ဝူရွှမ့်က တပ်အင်အားသုံးသောင်းကို နှစ်ဖွဲ့ခွဲထားသည်။ အဖွဲ့တစ်ဖွဲ့တွင် ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်ကို ဆက်လက်မွေးမြူသူ နှစ်သောင်းငါးထောင်ရှိ၏။ ကျန်လူငါးထောင်ကိုတော့ အိုးရန်ဝူရွှမ့်က သီးခြားခေါ်ဆောင်ပြီး အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်ကို လေ့ကျင့်စေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လတာ လေ့ကျင့်ချိန် ကုန်ဆုံးသွားခဲ့ပြီ။
ယနေ့တွင် လုမင်၊ ဟွမ်လင်၊ လုံချန်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက အစီရင်ကမ္ဘာသို့ ဝင်ရောက်လာခဲ့ကြသည်။
လူသုံးသောင်းရှိသော စစ်တပ်ကြီးက အိုးရန်ဝူရွှမ့်နှင့်အတူ ကုန်းမြင့်ပေါ်တွင် ရပ်နေကြ၏။
"သွားကြရအောင်"
အိုးရန်ဝူရွှမ့်က အမိန့်ပေးပြီး လူသုံးသောင်းရှိသော စစ်တပ်ကို ဦးဆောင်ကာ အဝေးကို ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ အခြားတပ်ဖွဲ့နှစ်ဖွဲ့သည်လည်း အစီရင်ကမ္ဘာ၏ ဗဟိုဆီသို့ ထွက်ခွာသွားခဲ့သည်။
မကြာမီ တပ်ဖွဲ့သုံးဖွဲ့ဟာ အစီရင်ကမ္ဘာ၏ အလယ်ဗဟိုမှာ တွေ့ဆုံခဲ့ကြသည်။
တပ်ဖွဲ့သုံးဖွဲ့က တြိဂံပုံသဏ္ဍာန်နှင့် ထိပ်တိုက်တွေ့နေသော်လည်း မည်သူမျှ မလှုပ်ရှားသေးပေ။
လုမင်၏ ဘယ်ဘက်တွင် ခရမ်းရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော တပ်ဖွဲ့ဝင်တစ်စု ရှိသည်။ အမှတ်တမဲ့ကြည့်လိုက်ပါက ခရမ်းရောင်ပင်လယ်ကြီးကဲ့သို့ပင်။ ဤသည်မှာ ပထမမင်းသား အိုးရန်ဝူတောက် ဦးဆောင်သော စစ်တပ် ဖြစ်သည်။
သူတို့၏ ညာဘက်မှာတော့ ငွေရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားသော တပ်ဖွဲ့ တစ်စု ရှိပေသည်။ ဤသည်မှာ အိုးရန်ဝူကျိ ဦးဆောင်သော စစ်တပ် ဖြစ်သည်။
"ဆဋ္ဌမမြောက်ညီလေးနဲ့ နဝမမြောက်ညီလေး၊ မင်းတို့ လက်လျှော့လိုက်ရင် ပိုကောင်းမယ်။ ဒီတစ်ခါ အိမ်ရှေ့မင်းသားရာထူးက ငါ့ရဲ့အပိုင်ပဲ။ မင်းတို့ ငါ့ကို အနိုင်ယူလို့မရဘူး"
ခရမ်းရောင် ချပ်ဝတ်တန်ဆာဝတ် တပ်ဖွဲ့အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။