← Chapters

အခန်း ၁၈၃၃

Vol. 123 Ch. 1833

အခန်း ၁၈၃၃

Vol. 123 Ch. 1833

အပိုင်း ( 1833 ) ပထမမင်းသား၏ စခန်းကို တိုက်ခိုက်ခြင်း။

"အိုးရန်ဝူတောက်"

အိုးရန်ဝူရွှမ့်က ခပ်တိုးတိုး ပြောလိုက်သည်။ သူ့အနားတွင် ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များလည်း အမူအရာများ လေးနက်လာပုံရသည်။

ပထမမင်းသား အိုးရန်ဝူတောက်က အလွန်ထက်မြက်ပြီး နက်နဲ‌သော ကျင့်ကြံမှုရှိသည်။ သူသည် ကြီးစိုးပြီး အလွန်ပြတ်သားမှု ရှိ၏။ တာ့လော့ကောင်းကင်ဂိုဏ်း၏ ပံ့ပိုးမှုနှင့်အတူ သူက အိမ်ရှေ့မင်းသားဖြစ်လာရန် အလားအလာရှိဆုံး ဖြစ်သည်။

"အစ်ကိုကြီး၊ တိုက်ပွဲမစခင်မှာ လက်နက်ချတာက အိုးရန်မိသားစုရဲ့ ပုံစံမဟုတ်ဘူး။ မင်းက အိမ်ရှေ့မင်းသားဖြစ်ချင်ရင် မင်းမှာ အရည်အချင်းရှိမရှိ အရင်ကြည့်ရမယ်"

အိုးရန်ဝူကျိ၏ အသံက ငွေရောင်ချပ်ဝတ်တန်ဆာဝတ် တပ်ဖွဲ့များကြားမှ ထွက်ပေါ်လာသည်။

"အစ်ကိုကြီး၊ မင်း အိမ်ရှေ့မင်းသားဖြစ်လာပြီး ရှန်းယွမ်အင်ပါယာကို အုပ်စိုးချင်တယ်ဆိုရင် မင်းရဲ့ခွန်အားကို ငါတို့ကိုပြပါ"

အိုးရန်ဝူရွှမ့်ကလည်း ပြော၏။

"ခေါင်းမာတယ်"

အိုးရန်ဝူတောက်၏ အသံက အေးစက်သွားသည်။ သူက ကိုယ်ခန္ဓာ ထွားကျိုင်းပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပေသည်။

"အိုးရန်ဝူကျိနဲ့ အိုးရတ်ဝူရွှမ့်တို့က ခရမ်းရောင်မီးလျှံအိမ်တော်နဲ့ တစ်ခုတည်းသောနတ်နန်းတော်ရဲ့ ပံ့ပိုးမှုကြောင့် ပထမမင်းသားကို ယှဉ်နိုင်မယ်လို့ ထင်နေကြတယ်။ ရယ်စရာကောင်းပါတယ်၊ နောက်မှ သူတို့ကို နောင်တရစေရမယ်"

အိုးရန်ဝူတောက်၏အနားမှ အေးစက်စက် အမူအရာဖြင့် လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူက တာ့လော့ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်ဖြစ်ပြီး အလွန်ထက်မြက်၏။ ၎င်းက ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေတွင် အလွန်ကျော်ကြားသည်။

တပ်ဖွဲ့သုံးဖွဲ့က ထိပ်တိုက်တွေ့ကြသော်လည်း မည်သူမျှ မလှုပ်ရှားသေးပေ။

တပ်ဖွဲ့သုံးခုတွင် ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံမှုဖြင့် တပ်သားသုံးသောင်းစီ ရှိသည်။ ၎င်းတို့၏ အင်အားက တူညီနေသောကြောင့် အခြား တပ်ဖွဲ့နှစ်ခုကို တိုက်ခိုက်အနိုင်ယူရန် မည်သူမျှ ယုံကြည်ချက်မရှိပေ။

ခဏအကြာတွင် တပ်ဖွဲ့သုံးခုက တစ်ချိန်တည်း ဆုတ်ခွာသွားခဲ့သည်။

လုမင်နှင့် အခြားသူများသည်လည်း စစ်စခန်းဆီသို့ ဆုတ်ခွာသွားကြလေသည်။

စစ်စခန်းတွင် အိုးရန်ဝူရွှမ့်နှင့် သူ၏ လူယုံအချို့၊ လုမင်၊ လုံချန်၊ ဟွမ်လင်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်၏ အ်ရမီရှင်များက စုဝေးကာ တိုက်ခိုက်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

"အခုအခြေအနေအရ တောင်ပေါ်မှာထိုင်ပြီး ကျားတွေတိုက်ခိုက်တာကို စောင့်နေတာဟာ အကောင်းဆုံးလို့ထင်တယ်။ စစ်စခန်းမှာနေပြီးတော့ ပထမမင်းသားနဲ့ ဆဋ္ဌမမင်းသားတို့ တိုက်ခိုက်တာကို စောင့်နေမယ်။ သူတို့နှစ်ယောက်လုံး ဒဏ်ရာရသွားတဲ့အခါမှ အရှုပ်အရှင်းတွေကို ရှင်းပြီး ပထမအချီမှာ အောင်နိုင်မယ်"

ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင် ရှောင်းမုချန်က ပြောလိုက်သည်။

"အခြား တပ်ဖွဲ့နှစ်ခု တိုက်ခိုက်တာကို စောင့်ဆိုင်းရမှာလား။ ဟားဟားဟား၊ အဲဒါက ရယ်စရာကောင်းတယ်။ တစ်ဦးတစ်ယောက်က မကျရှုံးခင်မှာ အခြား အင်အားနှစ်ခုက ဘယ်လိုလုပ်ပြီး တိုက်ခိုက်ကြမှာလဲ။ သူတို့ကလည်း ငါတို့လိုပဲ ကြံစည်နေမှာ သေချာတယ်။ တခြားတပ်ဖွဲ့နှစ်ခုက တိုက်ခိုက်မဲ့အချိန်ကို စောင့်ပြီးတော့ အကျိုးအမြတ်ကို ရအောင်ယူချင်ကြတယ်။ ဒါပေမဲ့ ဒီအတိုင်းဆက်သွားရင်တော့ ရှေ့မတိုးနောက်မဆုတ် ဖြစ်သွားလိမ့်မယ်။ “

လုမင်က လှောင်ပြောင်လိုက်၏။

ရှောင်းမုချန်၏ မျက်နှာက မည်းမှောင်သွားသည်။

"ဪ၊ ဒီလိုဆိုရင် မင်းရဲ့အမြင်ကိုလည်း ပြောပါဦး။ ငါတို့က ဘာလုပ်သင့်သလဲ"

"အစပြုပြီး တိုက်ခိုက်မယ်"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဘာ၊ အစပြုပြီး တိုက်ခိုက်ဖို့လား။ ဟားဟားဟား... ဒါကမှ ရယ်စရာကောင်းတာ၊ တကယ်ကို ရယ်စရာကောင်းတယ်။ လုမင်၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက သန်မာပေမဲ့ မင်းရဲ့တပ်တွေကို ကွပ်ကဲရာမှာတော့ အားနည်းနေသေးတယ်"

"မင်းကိုယ်တိုင်ပြောပြီးပြီပဲ၊ တခြားတပ်ဖွဲ့နှစ်ဖွဲ့ကလည်း ငါတို့အချင်းချင်း တိုက်ခိုက်ဖို့စောင့်ပြီး အကျိုးအမြတ်ကို လိုချင်ကြမှာ...၊ ဒီလိုဆိုရင် ငါတို့က ဘယ်အင်အားစုကိုပဲ တိုက်ခိုက်သည်ဖြစ်စေ... တတိယအင်အားစုကို ကူညီရုံသာ ဖြစ်လိမ့်မယ်။ မင်းက ကိုယ့်စကားကိုတောင် ‌အလေးအနက်ထားရဲ့လား"

ရှောင်းမုချန်က ရယ်မောလိုက်သည်။

ခရမ်းရောင်မီးလျှံအိမ်တော်မှ အခြား ပါရမီရှင်၏ မျက်နှာပေါ်တွင်လည်း လှောင်ပြောင်သည့် အရိပ်အယောင်တို့ ပေါ်လာကြပေသည်။

"ဒါက ငါလုပ်ချင်တာ အတိအကျပဲ။ မဟုတ်လို့ ရှေ့မတိုးနောက်မဆုတ်သာ ဆက်ဖြစ်နေရင် အချိန် ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူသိမလဲ။ ပထမအကျော့ကို အနိုင်ရဖို့ အကောင်းဆုံးနည်းလမ်းက မြန်မြန်အဆုံးသတ်ဖို့ပဲ"

လုမင်က ပြောသည်။

"ပထမအချီမှာ အနိုင်ရဖို့လား။ ဒါက ဘယ်လိုလုပ်ရမှာလဲ။ မင်းရဲ့နည်းလမ်းအတိုင်း လုပ်နေမယ်ဆိုရင် ငါတို့က အရင်ဆုံး ဖယ်ထုတ်ခံရမှာကို ငါကြောက်တယ်"

ရှောင်းမုချန်က လှောင်ပြောင်လိုက်သည်။

လုမင်က ရှောင်းမုချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို လျစ်လျူရှုကာ ဂရုမစိုက်တော့ပေ။ သူက အိုးရန်ဝူရွှမ့်ကိုကြည့်ပြီး ပြောလိုက်သည်။

"နဝမမင်းသား၊ ပထမမင်းသားရဲ့ စစ်တပ်ကို အရင်တိုက်ခိုက်ဖို့ အကြံပေးပါတယ်။ ဒါပေမဲ့ သိပ်ပြီး သိသာလွန်းလို့ မရဘူး။ သတင်းစုဆောင်းဖို့ ကင်းထောက်တွေကို စေလွှတ်ပြီးတော့မဗ အမှောင်ထဲမှာ တိုက်ခိုက်ဖို့ အကြံပေးချင်တယ်"

"ကောင်းပြီ၊ ဒီအတိုင်း လုပ်ရအောင်"

နဝမမင်းသားက ပြောလိုက်၏။

ဤသည်မှာ လုမင်နှင့် ယခင်က ဆွေးနွေးခဲ့သော တန်ပြန် တုံ့ပြန်မှု ဖြစ်သည်။ မှန်သည်၊ သူ ယခုအချိန်မှာ အားလုံးကို မရှင်းပြ‌နိုင်သေးပေ။ ဤသတင်း ပျံ့သွားပါက သူတို့၏အစီအစဉ် ပျက်စီးသွားနိုင်သည်။

"နဝမမြောက်မင်းသား၊ ဒီလိုမလုပ်ရဘူးလေ။ မင်းသေချာပေါက် ရှုံးလိမ့်မယ်"

ရှောင်းမုချန်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အိုးရန်ဝူရွှမ့်ကို တားဆီးရန် မျှော်လင့်ကာ အော်ဟစ်လိုက်သည်။

"ဟုတ်တယ်၊ မင်းအဲလိုမလုပ်နိုင်ဘူး။ မဟုတ်ရင် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလို ဖြစ်လိမ့်မယ်"

"နဝမမင်းသား၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး"

ခရမ်းရောင်မီးလျှံအိမ်တော်မှ အခြား ပါရမီရှင်များကလည်း တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြ၏။

"အားလုံးပဲ စိတ်မပူပါနဲ့။ ငါဘာလုပ်နေလဲ ငါသိတယ်။ ငါ့ကို စည်းရုံးနေစရာ မလိုတော့ဘူး"

အိုးရန်ဝူရွှမ့်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"နဝမမင်းသား... ပထမအချီမှာ ရှုံးရင် နောက်အခါမှာ ခက်လိမ့်မယ်။ နဝမမင်းသား၊ မင်း သေချာစဉ်းစားရမယ်"

ရှောင်းမုချန်က မျက်နှာမကောင်းတော့ပေ။

"ငါ ဆုံးဖြတ်ပြီးပြီ"

အိုးရန်ဝူရွှမ့်က ပြောသည်။

"ဟင်း... ဒီလိုဆိုရင် ငါ မပြောတော့ပါဘူး၊ အိမ်ရှေ့မင်းသားရာထူးက ပထမမင်းသားနဲ့ ဆဋ္ဌမမင်းသားတို့အပေါ် ရောက်သွားတော့မဲ့ပုံရတယ်"

ရှောင်းမုချန်က သက်ပြင်းချလိုက်လေသည်။

ဤတစ်ချီကို သူတို့ ရှုံးတော့မည် ဖြစ်သည်။

အိုးရန်ဝူရွှမ့်ကတော့ အများကြီး မပြောခဲ့ပါ။ သူက အိုးရန်ဝူတောက်၏ စစ်တပ်အကြောင်း စုံစမ်းရန် ကင်းထောက်များကို ချက်ချင်း စေလွှတ်ခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် အိုးရန်ဝူတောက်နှင့် ပတ်သက်သော သတင်းများကို ကြားလာရသည်။

ဤရက်များတွင် အိုးရန်ဝူတောက်နှင့် အိုးရန်ဝူကျိ၏ စစ်တပ်များက ထူးထူးခြားခြား လှုပ်ရှားမှုမရှိဘဲ ၎င်းတို့၏ စစ်စခန်းများတွင် တပ်စွဲထားသည်။

ထိုအချိန်တွင်၊ အိုးရန်‌ဝူတောက်၏ စစ်စခန်းတွင်လည်း စစ်ရေးအခြေအနေများကို ဆွေးနွေးနေကြသည်။

"ပထမမင်းသား၊ ဒီရက်ပိုင်းမှာ နဝမမင်းသားက ကျွန်တော်တို့ရဲ့ အခြေအနေကို စုံစမ်းဖို့ ကင်းထောက်တွေကို ကျွန်တော်တို့ရဲ့နယ်မြေထဲ အဆက်မပြတ် စေလွှတ်နေပါတယ်။ သူတို့က မကြာခင် လှုပ်ရှားဖြစ်တော့မယ် ထင်တယ်"

တပ်သားတစ်ဦးက အိုးရန်ဝူတောက်ကို သတင်းပို့လာသည်။

"ငါ့အမြင်အရ၊ နဝမမင်းသားက ငါတို့ကို အလစ်အငိုက် တိုက်ခိုက်ချင်နေတာပဲ"

တာ့လော့ကောင်းကင်ဂိုဏ်းမှ ဉာဏ်ကြီးရှင်တစ်ဦးက ပြောသည်။

"ငါတို့ကို ခိုးဝင်တိုက်ခိုက်ချင်တာလား။ အဲဒါက ဖြစ်ဖို့များတယ်။ နဝမ မင်းသား၊ မင်းက စိတ်မြန်လွန်းတယ်ကွာ၊ ဟားဟားဟား"

အိုးရန်ဝူတောက်က ရယ်မောလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်ရက်ကြာသွားပြီ။

သတ္တမနေ့ည အစောပိုင်းတွင် အိုးရန်ဝူရွှမ့်က တပ်သားနှစ်သောင်းငါးထောင်ကို လူယုံတစ်ဦးကို ဦးဆောင်စေပြီး အိုးရန်ဝူတောက်၏ စစ်စခန်းသို့ တိတ်တဆိတ် စေလွှတ်ခဲ့သည်။

ညမိုးချုပ်သောအခါတွင်၊ အိုးရန်ဝူရွှမ့်၏ စစ်တပ်က ပထမမင်းသား၏ စစ်စခန်းနှင့် မဝေးသောနေရာသို့ ရောက်လာကြ၏။ စစ်စခန်းက အဝေးမှကြည့်လျှင် အလွန်အေးချမ်းသည်။ လူအချို့က အနားယူကြပြီး အချို့သာ ကင်းလှည့်နေကြလေသည်။

"တိုက်ခိုက်ကြ"

တပ်မှူးက လွမ်ဖေးဟုခေါ်သော အိုးရန်ဝူရွှမ့်၏ လူယုံတော် ဖြစ်သည်။ ယခုအချိန်တွင် သူက သူ့လက်ကို ဝှေ့ယမ်းပြီး စစ်တပ်များနှင့်အတူ ပထမမင်းသား၏ စစ်စခန်းသို့ ပြေးသွားကြ၏။

"မကောင်းတော့ဘူး၊ ရန်သူတိုက်ခိုက်တယ်"

ကင်းလှည့်နေသူများလည်း ရုတ်တရက် ထွက်ပေါ်လာသော စစ်တပ်ကြီးကို တွေ့မြင်ပြီးနောက် မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ အော်ဟစ်ကြတော့သည်။

"သတ်"

လွမ်ဖေးက ညာသံပေးပြီး ရှေ့ဆုံးမှ ပြေးတက်သွားသည်။ ကင်းလှည့်နေသောလူများက ချက်ချင်း သေဆုံးသွားပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

အစီရင်ကမ္ဘာတွင် အသတ်ခံလိုက်ရသည်နှင့် ထွက်ခွာသွားရမည် ဖြစ်သည်။ ပြိုင်ပွဲမပြီးခင်မှာ အစီရင်ကမ္ဘာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်မည် မဟုတ်တော့ပေ။

"တိုက်ခိုက်ကြ"

လွမ်ဖေးက အော်ဟစ်ပြီး စစ်သည်များကို ဦးဆောင်ကာ ပထမမင်းသား၏ စခန်းအတွင်းသို့ ပြေးဝင်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက စုရုံးပြီး တဲများဆီသို့ ကျရောက်သွား၏။

တဲထဲမှာ လူများရှိနေပါက အပိုင်းပိုင်း ပေါက်ကွဲသွားမည်မှာ သေချာသည်။

"ဝုန်း... ဝုန်း"

တဲများက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။ သို့သော်၊ အတွင်းတွင် မည်သူမျှ မရှိပေ။

"မကောင်းတော့ဘူး၊ ငါတို့ အကွက်ချခံရပြီ။ နောက်ပြန်ဆုတ်ကြ"

လွမ်ဖေး၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"အခုမှ ထွက်သွားချင်ရင် နောက်ကျသွားပြီ။ သတ်"

ပထမမင်းသားက ကောင်းကင်တွင် ပေါ်လာပြီး အမိန့်ပေးလိုက်၏။

"ဝှစ်... ဝှစ်... ဝှစ်"

အောက်ဘက်မြေပြင်တွင် အဆုံးမဲ့ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အိုးရန်ဝူရွှမ့်၏ စစ်တပ်ဆီသို့ ဖြတ်သန်းလာတော့သည်။

တစ်ချိန်တည်းမှာပင် အဆုံးမရှိသော တိုက်ခိုက်မှုများက ကောင်းကင်မှ ဆင်းသက်လာပြီး စစ်တပ်ဆီသို့ ကျရောက်လာခဲ့သည်။

ခဏချင်းမှာပင် အော်ဟစ်ညည်းညူသံများကို ကြားလိုက်ရသည်။ စစ်သည်များစွာက ကျဆုံး၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီ။

"သတ်"

အရပ်လေးမျက်နှာမှ လူရိပ်များက ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။ ဤအခိုက်တွင် သူတို့က သက်ရှိပစ်မှတ်များ ဖြစ်လာပုံရပေသည်။

All Chapters