အခန်း ၁၈၃၄
Vol. 123 Ch. 1834
အပိုင်း ( 1834 ) မိမိကိုယ်ကို လောင်းကြေးထပ်ခြင်း။
"အစီရင်ကို ဖွဲ့စည်းကြ၊ အစီရင်ကို ဖွဲ့စည်းကြ"
လွမ်ဖေးက အော်ဟစ်ပြီး ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်ကို ဖွဲ့စည်းရန် စစ်သည်များကို စုစည်းလိုက်သည်။
"သူတို့ကို တားဆီးထားကြ"
အိုးရန်ဝူတောက်၏ အသံက ထပ်မံထွက်ပေါ်လာသည်။
"ဝုန်း... ဝုန်း"
အိုးရန်ဝူတောက်၏ စစ်တပ်ကလည်း အစီရင်ကို ဖွဲ့စည်းလိုက်ဟန်ဖြင့် ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။
ကောင်းကင်တွင် ကြီးမားသော ဖီးနစ်တစ်ကောင်က ၎င်း၏အတောင်ပံများကိုဖြန့်ပြီး ပျံဆင်းလာကာ အိုးရန်ဝူရွှမ့်၏ တပ်များကို တိုက်ခိုက်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင်လိပ်ကြီးတစ်ကောင် ပေါ်လာပြီး မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ သူ့လက်ဖြင့် ရိုက်ထုတ်လိုက်သောအခါ စစ်သည်များစွာတို့ လွင့်စဉ်သွား၏။ သူတို့က အသတ်ခံရသည်နှင့် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အစီရင်ကမ္ဘာမှ ပျောက်ကွယ်သွားလိမ့်မည်။
တစ်ချိန်တည်းမှာပင် အခြား အရပ်နှစ်ခုမှ အော်ဟစ်သံများကို ကြားလိုက်ရသည်။ မိုးပြာရောင် နဂါးတစ်ကောင်နှင့် ကျားဖြူတစ်ကောင် ပြေးလာကြ၏။
"သင်္ကေတလေးခု အစီရင်"
လွမ်ဖေး၏ မျက်နှာက ဖြူဖျော့သွားသည်။
သင်္ကေတလေးခု အစီရင်က အလွန် ကြောက်မက်ဖွယ်ကောင်းသော အစီရင်တစ်ခု ဖြစ်သည်။ စစ်သည်များစွာဖြင့် ဖွဲ့စည်းပြီးနောက် ကောင်းကင်နှင့်မြေပြင်၏ သင်္ကေတလေးခုကို ဖြစ်ပေါ်စေပြီး ၎င်း၏စွမ်းအားက ကြောက်စရာကောင်း၏။ ၎င်းက ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်ထက် ပိုမိုအားကောင်းသည်။
သင်္ကေတလေးခု၏ အသွင်အပြင်နှင့်အတူ အိုးရန်ဝူရွှမ့်၏ စစ်သည်များက လုံးဝ ခွဲထုတ်ခံလိုက်ရသည်။ သူတို့က စည်းလုံးမှုရှိရန် မလွယ်တော့ပေ။
"အစီရင်ကို ဖွဲ့စည်းကြ၊ အစီရင်ကို ဖွဲ့စည်းကြ"
ကောင်းကင်ကျားများက အဆက်မပြတ် ဟိန်းဟောက်လိုက်ကြသည်။ ကွဲထွက်သွားသော စစ်သည်များက ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်ကို ချက်ချင်း ဖွဲ့စည်းလိုက်၏။ ချက်ချင်းပင် ကောင်းကင်ယံ၌ ကျားဆယ်ကောင်ကျော် ပေါ်လာတော့သည်။
သို့သော်လည်း စစ်သည်များက လူစုကွဲကုန်ပြီး တကွဲတပြား တိုက်ခိုက်ကြရသည်။ ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်ကလည်း များစွာ အားနည်းသွားပြီး သင်္ကေတလေးခု အစီဖြင့် ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။
ဖီးနစ်က ၎င်း၏အတောင်ပံများကိုဖြန့်ကာ ခြေသည်းများဖြင့် ကုပ်ခြစ်ပြီး ကောင်းကင်ကျားတစ်ကောင်ကို ဖြိုခွင်းလိုက်သည်။ ထိုကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်အတွင်းမှ စစ်သည်များလည်း အသတ်ခံလိုက်ရပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြ၏။
အသက်မသေသူများမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိကုန်သည်။ သို့ရာတွင်၊ အစီရင် ပျက်စီးသွားပြီးနောက် ခုခံရန် ပို၍ မဖြစ်နိုင်တော့ပေ။ ဖီးနစ်က ပါးစပ်ကိုဟလိုက်ပြီး ကြောက်စရာကောင်းသော မီးတောက်များ ပျံ့နှံ့သွားသည်။ စစ်သည်အများအပြားက မီးတောက်ထဲတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြတော့သည်။
တစ်ဖက်တွင်... မိုးပြာနဂါး၊ ကျားဖြူနှင့် လိပ်နက်တို့ကလည်း လွှမ်းမိုးထားခဲ့သည်။ သူတို့က စပါးရိတ်သိမ်းနေသော ကောက်ရိတ်သမားများကဲ့သို့ပင်။
ခဏချင်းမှာပင် မြောက်များစွာသော အလင်းတန်းများက ကောင်ကင်သို့ အရှိန်ပြင်းစွာ ထိုးတက်သွားကြသည်။ ဤမြင်ကွင်းက အနှိုင်းမဲ့ တောက်ပနေခဲ့ပေသည်။
"ချီးပဲ"
လွမ်ဖေးက ဟိန်းဟောက်ပြီး အစွမ်းကုန် ကြိုးစားကာ တိုက်ခိုက်ခဲ့သည်။ သို့သော်၊ ကံမကောင်းစွာဖြင့် အသုံးမဝင်ခဲ့ပါ။ ဝိုင်းရံခံရပြီး အသတ်ခံရရုံသာ ရှိတော့သည်။
နာရီဝက်မပြည့်မီတွင် စစ်သားပေါင်း နှစ်သောင်းငါးထောင် သေဆုံးခဲ့သည်။ လွမ်ဖေးသည်လည်း ကျဆုံးသွား၏။ သူက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
အိုးရန်ဝူတောက်၏ စစ်တပ်ကမူ လူနှစ်ထောင်ခန့်သာ ဆုံးရှုံးခဲ့သည်။
"ပထမမင်းသားကို သတင်းပို့ပါတယ်၊ အိုးရန်ဝူရွှမ့်က ဒီစစ်တပ်ထဲမှာ မရှိပါဘူး"
လူတစ်ယောက်က ပထမမင်းသားကို သတင်းပို့လာသည်။
"ဘယ်လောက်ထိ သတ်နိုင်ခဲ့သလဲ"
အိုးရန်ဝူရွှမ့်က မေးလိုက်၏။
"လူ နှစ်သောင်းခွဲလောက် ရှိပါတယ်"
"ဟားဟားဟား... ကောင်းတယ်၊ နဝမမြောက်ညီလေးက မသေရင်တောင် သူက အားအင် ချိနဲ့နေပြီ။ လူထောင်ဂဏန်းပဲ ကျန်ရှိတော့တဲ့ သူ့အတွက်က နောက်ပိုင်းမှာ ပွဲကြည့်ပရိသတ်ပဲ ဖြစ်နိုင်တော့မယ်"
အိုးရန်ဝူတောက်က ကျေနပ်စွာ ရယ်မောလိုက်သည်။
အစီရင်ကမ္ဘာတွင်းမှ အခြေအနေကို ရှန်းယွမ်အင်ပါယာ၏ ကျင့်ကြံသူများက သေချာပေါက် အာရုံစိုက်နေပေလိမ့်မည်။ ဤတိုက်ပွဲတွင်၊ သူသည် အိုးရန်ဝူရွှမ့်၏ တပ်သား နှစ်သောင်းခွဲကို ချေမှုန်းပစ်ပြီး စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။ နောက်ပိုင်းတွင်၊ သူ မတိုက်ခိုက်ခဲ့လျှင်ပင် ဤပွဲကို သူ အနိုင်ရပြီ။
သို့သော်လည်း သူက ဤအတိုင်း ရပ်မနေနိုင်ပါ။ သူက အိုးရန်ဝူတောက်ဖြစ်ပြီး ဤပွဲကို လှလှပပ အနိုင်လိုချင်သည်။ ပြိုင်ဘက် မင်းသားများကို အနိုင်ယူပြီး ရှန်းယွမ်အင်ပါယာတစ်ခုလုံးကို တုန်လှုပ်စေရန် စိတ်ကူးထား၏။ သူက အိမ်ရှေ့မင်းသားရာထူးကို အခိုင်အမာ ရယူလိုသည်။
"တပ်သားတွေ အနားယူပြီးတာနဲ့ ပြန်လည်ဖွဲ့စည်းပါ။ အိုးရန်ဝူရွှမ့်ရဲ့ စစ်စခန်းကို တစ်ရှိန်ထိုး သိမ်းပိုက်ရမယ်"
အိုးရန်ဝူတောက်က အမိန့်ပေးလိုက်သည်။
ဤနေရာကို ကျွမ်းကျင်သူများက အာရုံစိုက်နေကြပြီး သူတို့ကို အမှတ်ပေးနေမည်မှာ သေချာသည်။ သူတို့က အားသာချက်များ ပိုများလေလေ၊ သူတို့၏ အဆင့်သတ်မှတ်ချက်ကလည်း မြင့်မားလေလေပင်။
သို့ရာတွင်၊ အဝေးမှ ကောင်းကင်ယံတွင် ဤနေရာကို စောင့်ကြည့်နေသူ လူနှစ်ယောက် ရှိနေတာကိုတော့ သူ သတိမပြုမိတော့ပါ။ ထိုလူနှစ်ယောက်မှာ လုမင်နှင့် အိုးရန်ဝူရွှမ့်တို့ ဖြစ်သည်။
"အစီအစဥ်က ချောချောမွေ့မွေ့ ဖြစ်နေပြီ။ နောက်ပိုင်းမှာ အိုးရန်ဝူတောက်က ငါတို့ရဲ့ စစ်စခန်းတွေကို သိမ်းပိုက်ဖို့ သူ့စစ်တပ်ကို လွှတ်လိုက်မယ်ဆိုတာ သေချာတယ်။ ပြန်ဆုတ်ကြရအောင်"
လုမင်က ပြောလိုက်သည်။
"ကောင်းပြီ၊ သွားရအောင်"
အိုးရန်ဝူရွှမ့်လည်း ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ဦးသား ထွက်ခွာသွားတော့သည်။
စစ်စခန်းသို့ ပြန်ရောက်သည်နှင့် အိုးရန်ဝူရွှမ့်က ကျန်ရှိသော စစ်သည်ငါးသောင်းကို စုရုံးပြီး စစ်စခန်းမှထွက်ခွာကာ အဝေးတစ်နေရာသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာတွင် အလွန်ကောင်းစွာ လျှို့ဝှက်ထားသော ချိုင့်ဝှမ်းတစ်ခုရှိ၏။ စစ်သည်ငါးသောင်းက ဂရုတစိုက်နေလျှင် သူတို့ကို ရှာတွေ့နိုင်ရန် ခက်လိမ့်မည်။
ချိုင့်ဝှမ်းအတွင်းမှ ယာယီဂူတစ်ခုတွင်...
အိုးရန်ဝူရွှမ့်၊ လုမင်နှင့် အခြားသူများက စစ်ရေးအခြေအနေများကို ဆွေးနွေးရန် စုဝေးခဲ့ကြသည်။
"ဒီအစီအစဥ်က အလုပ်မဖြစ်ဘူးလို့ ငါအရင်က ပြောဖူးတယ်။ ကံမကောင်းစွာချင်တော့ နဝမမင်းသားက ငါ့စကားကို နားမထောင်ဘူးလေ။ အခု စစ်သည် နှစ်သောင်းခွဲက သေဆုံးသွားကြပြီ။ ဒီတစ်ကျော့မှာတော့ ငါတို့ ရှုံးပြီပဲ"
ရှောင်းမုချန်က မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်လိုက်သည်။
"အမှန်ပဲ၊ ငါတို့မှာ ရည်ရွယ်ချက်ကောင်းရှိပါတယ်၊ ဒါပေမဲ့ နဝမမင်းသားက နားမထောင်ဘူး။ အဲဒီအစား သူက လုမင်ရဲ့ အစီအစဉ်ကိုပဲ သုံးခဲ့တယ်။ အခု ငါတို့ ဆုံးရှုံးသွားတော့ ဘယ်သူက တာဝန်ယူရမှာလဲ"
"မူလက ဒီအချီဟာ ငါတို့ရဲ့ အခွင့်အရေးပဲ။ လူတိုင်းရဲ့အင်အားက အတူတူဖြစ်လို့ ငါတို့သာ အနိုင်ရရင် နောက်အချီတွေမှာ အခွင့်အရေးရလိမ့်မယ်။ တကယ်လို့ ပထမမင်းသားက ပထမအချီမှာ အနိုင်ရခဲ့ရင်... နောက်အချီတွေမှာ တာ့လော့ကောင်းကင်ဂိုဏ်းရဲ့ ပါရမီရှင်တွေက အကူအညီပေးမှုကြောင့် ငါတို့ အနိုင်ရဖို့ အခွင့်အလမ်း မရှိသလောက်ပဲ"
ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များက လုမင်ကို လှောင်ပြောင်ပြောဆိုကြပေသည်။
"တိုက်ပွဲက မပြီးသေးပါဘူး၊ ငါတို့ ရှုံးမယ်ဆိုတာ သေချာလို့လား"
လုမင်က သူတို့ကို လျစ်လျူရှုစွာကြည့်ပြီး ပြောလိုက်သည်။
"အခု ငါတို့မှာ လူငါးသောင်းပဲ ကျန်တော့တယ်။ ဒီလောက်လေးနဲ့ အခြား အင်အားနှစ်ခုကို ဘယ်လိုယှဉ်ပြိုင်ရမှာလဲ။ နောက်ပြီးတော့ စခန်းကိုတောင် လက်လွှတ်ခဲ့ရပြီ။ တကယ်လို့ မတော်တဆမှု မဖြစ်ခဲ့ရင် ဒီအချီမှာ ငါတို့က နောက်ဆုံးအဆင့်ဖြစ်မှာ သေချာတယ်"
ရှောင်းမုချန်က လှောင်ပြောင်လိုက်သည်။
"အို၊ ဒီလိုဆိုရင် ငါတို့က ဘာဖြစ်လို့ အလောင်းအစား မလုပ်ရမှာလဲ"
လုမင်က ပြောလိုက်၏။
"လောင်းမယ်...၊ ဘယ်လိုလောင်းမှာလဲ။ ဘာကို လောင်းရမှာလဲ"
ရှောင်းမုချန်၏ မျက်လုံးများက အရောင်လက်သွားကာ မေးလိုက်သည်။
"ဒီအချီမှာ သေချာပေါက် အောင်နိုင်မယ်လို့ ငါ ထင်တယ်။ တကယ်လို့ ငါရှုံးရင် မင်းရဲ့လက်အောက်ငယ်သားဖြစ်လာပြီး မင်းရဲ့အမိန့်ကို နာခံလိမ့်မယ်။ ဘယ်လိုသဘောရလဲ"
လုမင်က ပြော၏။
ဤစကားများက လူတိုင်းကို တုန်လှုပ်သွားစေသည်။
လုမင်က သူ့ကိုယ်သူ လောင်းကြေးထပ်နေပြီ။
ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များ၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းများ ပေါ်လာကြသည်။
လုမင်၏ အရည်အချင်းက အားလုံးအသိပင်။ သူသည် ကစဉ့်ကလျားနိယာမကို ကျွမ်းကျင်ပြီး အလွန်လည်း အစွမ်းထက်သည်။ အကယ်၍ အနာဂတ်တွင် အပြည့်အဝ ကြီးပြင်းလာပါက၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော အကျော်အမော်တစ်ဦး ဖြစ်လာမည်မှာ သေချာလှပေသည်။
ထိုသို့သောလူက ၎င်းတို့ကို နာခံမည်ဟု ဆိုလာခြင်းမှာ ခံနိုင်ရည်မရှိသော သွေးဆောင်မှုတစ်ခု ဖြစ်သည်။
"ကောင်းပြီ၊ ငါတို့သဘောတူတယ်"
ရှောင်းမုချန်က တိုက်ရိုက် သဘောတူလိုက်သည်။
"အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့လေ၊ ရှုံးနိမ့်ရင် ပေးဆပ်ရမဲ့ အခြေအနေတွေကို ငါမပြောရသေးဘူး။ တကယ်လို့ မင်းတို့ရှုံးရင် ငါ့အမိန့်ကို နာခံရမယ်။ အနည်းဆုံး နောက်ထပ် အနှစ်ငါးဆယ်အတွင်းမှာ မင်းတို့က ငါ့အမိန့်ကို ခြွင်းချက်မရှိ နာခံရမယ်။ ဘယ်လိုလဲ"
လုမင်က ပြောသည်။
"ငါတို့ လုံးဝမရှုံးဘူး"
ရှောင်းမုချန်က အခိုင်အမာ ပြောလိုက်၏။
"ကောင်းပြီလေ၊ အလောင်းအစားဖြစ်လို့ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူဆိုတာ ရှိရမယ်။ အခု ငါတို့နှစ်ဦးစလုံး သွေးသစ္စာ ကျိန်ဆိုကြတာပေါ့။ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့ အမိန့်ကိုနာခံရမယ်"
လုမင်က ပြောလိုက်သည်။
ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များ၏ နှလုံးသားများက လှုပ်ခတ်သွားလေသည်။
အဆုံးတွင် သူတို့က သဘောတူညီမှုရရှိပြီး တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။
"ကောင်းပြီ၊ ငါတို့သဘောတူတယ်"
ရှောင်းမုချန်က ပြောလိုက်သည်။
ဤအချီတွင် အနိုင်ရရန် နည်းလမ်းကို သူတို့ မစဉ်းစားနိုင်ပေ။ လက်ရှိအခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ရလျှင် ရှုံးနိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ သူတို့က အိုးရန်ဝူတောက်နှင့် အိုးရန်ဝူကျိတို့ကို မယှဉ်နိုင်ပေ။
သေချာနေသော အလောင်းအစားတစ်ခုဖြင့် လုမင်က သူတို့၏အစေခံ ဖြစ်လာမည်ဆိုလျှင် အဘယ်ကြောင့် မလုပ်ရမည်နည်း။
ချက်ချင်းဆိုသလိုပင် လုမင်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက သွေးသစ္စာပြုပြီး လောင်းကြေးထပ်ခဲ့ကြသည်။
လုမင်လည်း ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက အလွန်အားကောင်းကြသည်။ သူတို့တစ်ဦးစီတွင် အလယ်အလတ် ကောင်းကင်ဝိညာဉ်ခန္ဓာ ရှိကြ၏။ သူတို့တွင် အလားအလာကောင်းများရှိပြီး အနာဂတ်မှာ အားနည်းနေမည် မဟုတ်ပေ။
အရေးကြီးဆုံးအချက်က၊ ဤပါရမီရှင်များကို ထိန်းချုပ်နိုင်ခြင်းမှာ ခရမ်းရောင်မီးလျှံအိမ်တော်ကို ချုပ်ကိုင်လိုက်ခြင်းနှင့် ညီမျှလိမ့်မည်။