အခန်း ၁၈၃၅
Vol. 123 Ch. 1835
အပိုင်း ( 1835 ) စစ်ရေးဗျူဟာ။
"ကောင်းပြီ၊ အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်"
သွေးသစ္စာကျိန်ဆိုပြီးနောက် လုမင်က ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များကို လျစ်လျူရှုခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေထဲတွင် မြေပုံတစ်ခု ပေါ်လာသည်။
မြေပုံထောင့်စွန်းသုံးခုတွင် စခန်းသုံးခုကို ကိုယ်စားပြုသော အလင်းစက်သုံးခု ရှိ၏။
၎င်းတို့၏ လက်ရှိတည်နေရာက သူတို့၏ စစ်စခန်းနှင့် အတော်လေး ဝေးသည်။
"အိုးရန်ဝူတောက်က ငါတို့ရဲ့စခန်းကို သိမ်းပိုက်ဖို့ သူ့စစ်တပ်ကို မကြာခင် စေလွှတ်လိမ့်မယ်လို့ ငါယုံကြည်တယ်။ အဲဒီနည်းနဲ့ အိုးရန်ဝူတောက်က လုံးဝ အသာစီးရလိမ့်မယ်။ နောက်ထပ် မတိုက်ခိုက်တော့ဘဲ ဒီအခြေအနေအတိုင်း ဆက်သွားနေရင်တောင် အိုးရန်ဝူတောက်က အနိုင်ရတုန်းပဲ"
"ဒါပေမဲ့ ဒါကို အိုးရန်ဝူကျိက မြင်ချင်မှာမဟုတ်ဘူး။ သူက အိုးရန်ဝူတောက်နဲ့ ယှဉ်ပြိုင်ချင်ရင် သူ့မှာ ကောင်းမွန်တဲ့ တိုက်ပွဲမှတ်တမ်းတစ်ခု ရှိရလိမ့်မယ်။ ဒါကြောင့် အိုးရန်ဝူကျိက ငါတို့ရဲ့စခန်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရင် သူ့ရဲ့ရမှတ်က မြင့်မားလာလိမ့်မယ်"
လုမင်က ရှင်းပြလိုက်သည်။ လူတိုင်းကလည်း ဂရုတစိုက် နားထောင်ကြလေသည်။
"ဒါပေမဲ့ အိုးရန်ဝူတောက်ရဲ့ ပြတ်သားတဲ့ စရိုက်အရ သူ့ပါးစပ်ထဲက အသားတုံးကို အလွတ်ပေးမှာ မဟုတ်ဘူး။ အခုဆိုရင် ငါတို့က သူ့အမြင်မှာ ခြိမ်းခြောက်မှုမရှိတော့ဘဲ ချောက်ကမ်းပါးအစွန်းမှာ ရုန်းကန်နေကြရသူတွေနဲ့မခြားဘူး။ ဒါကြောင့် ငါတို့ရဲ့စခန်းမှာ မင်းသားနှစ်ပါးက အပြင်းအထန် တိုက်ခိုက်ကြလိမ့်မယ်။ ဒီအခြေအနေက ငါတို့အတွက် အကောင်းဆုံးပဲ။ နှစ်ဘက်စလုံး အထိနာသွားချိန်မှာ တံငါသည်လို အကျိုးအမြတ်ကို ဝင်ပြီးယူနိုင်တယ်"
လုမင်က သူ့အစီအစဉ်ကို ရှင်းပြလိုက်သည်။
ယခင်က လူနှစ်သောင်းကျော်ကို စတေးခဲ့ခြင်းမှာ အခြားသူများ၏သတိကို လျှော့ချရန် ဖြစ်သည်။ ဤနည်းဖြင့် အခြားအင်အားနှစ်ခုကို အချင်းချင်း တိုက်ခိုက်စေနိုင်လိမ့်မည်။
"ဟမ့်၊ ဒါတွေအားလုံးက မင်းရဲ့ ထင်ကြေးတွေချည်းပဲလေ။ စိတ်ကူးထဲမှာ အရာအားလုံးက ပြီးပြည့်စုံပေမဲ့ လက်တွေ့ အမှန်တရားက ရက်စက်တယ်"
ရှောင်းမုချန်က လှောင်ပြောင်လိုက်သည်။
"တကယ်လား၊ ဒီလိုဆိုရင် နောက်ပိုင်း အခြေအနေကို ဆက်ကြည့်ကြရအောင်။ နဝမမင်းသား၊ ဒီအတောအတွင်းမှာ အခြေအနေကို စောင့်ကြည့်ရအောင် ကင်းထောက်တွေ စေလွှတ်ထားလိုက်ပါ"
လုမင်က ပြောလိုက်သည်။
"ကောင်းပြီ"
အိုးရန်ဝူရွှမ့်လည်း ခေါင်းညိတ်ပြပြီး သတင်းစုဆောင်းရန် ကင်းထောက်များကို စေလွှတ်လိုက်လေသည်။
မကြာမီ၊ အိုးရန်ဝူတောက်က သူ့စစ်တပ်ကို ဦးဆောင်ပြီး သူတို့၏စခန်းကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
"နဝမညီလေးက တော်တော်ကို ပြေးတာမြန်တယ်၊ ဒါပေမဲ့ သူတို့က လူထောင်ဂဏန်းလောက်ပဲ ကျန်တော့တာကြောင့် ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ သူတို့က ချောက်ကမ်းပါးအစွန်းမှာ ရုန်းကန်နေရပြီ"
စခန်းထဲတွင် အိုးရန်ဝူတောက်က အထင်မြင်သေးစွာ ပြောလိုက်သည်။
အိုးရန်ဝူတောက်နှင့် အိုးရန်ဝူရွှမ့်ကြားမှ တိုက်ပွဲသတင်းက မကြာမီ အိုးရန်ဝူကျိထံသို့ ရောက်လာခဲ့ပေသည်။
အိုးရန်ဝူကျိ၏ စခန်းတွင် လူတိုင်းက ဆွေးနွေးနေကြသည်။
"အိုးရန်ဝူရွှမ့်က တကယ်ကို မိုက်မဲတယ်။ သူက အိုးရန်ဝူတောက်ကို တကယ်ကြီး ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လေ။ ဒီလိုနဲ့ အဆုံးမှာ ပျက်သုဉ်းခဲ့ရတယ်။ အခုတော့ အိုးရန်တောက်က အသာစီးရသွားပြီ။ ချီးတဲ့မှပဲ"
အိုးရန်ဝူကျိက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ဆဋ္ဌမမင်းသား၊ ငါတို့ဘာဆက်လုပ်ကြမလဲ"
တစ်ယောက်ယောက်က မေးသည်။
"အခုအချိန်မှာ၊ အိုးရန်ဝူရွှမ့်က လူထောင်ဂဏန်းပဲ ကျန်ရှိတော့လို့ သူ့ စခန်းကိုတောင် စွန့်ပြီး ထွက်ပြေးသွားရပြီ။ သူက သေမင်းတံခါးဝမှာ ရုန်းကန်နေရပြီလေ။ နောက်ဆုံးနေရာက သူ့အတွက် ဖြစ်လိမ့်မယ်။ ဒါက စိတ်ပူစရာ မရှိဘူး"
"ဒါပေမဲ့ အိုးရန်ဝူတောက်က အိုးရန်ဝူရွှမ့်ရဲ့ တပ်သား နှစ်သောင်းငါးထောင်ကို ချေမှုန်းပြီး အိုးရန်ဝူရွှမ့်ရဲ့စခန်းကို သိမ်းပိုက်လိုက်ပြီ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပထမနေရာက သူ့အတွက်ပဲ။ ဒါကြောင့် အိုးရန်ဝူရွှမ့်ရဲ့စခန်းကို ငါတို့လက်မလွှတ်နိုင်ဘူး"
"ငါတို့သာ စစ်စခန်းကို သိမ်းပိုက်နိုင်ရင် ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ အိုးရန်ဝူတောက်ကို ယှဉ်ပြိုင်နိုင်လိမ့်မယ်။ နောက်ပြီးတော့ ငါတို့က အရေအတွက်ပိုင်းမှာ အားသာချက်ရှိတယ်။ ဒီနည်းနဲ့ ငါတို့က အိုးရန်တောက်ကို အနိုင်ယူပြီး ပထမနေရာကိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရှိမယ်"
အိုးရန်ဝူကျိက ပြောလိုက်သည်။
"အမှန်ပဲ၊ ငါတို့က စစ်တပ်ကို ချက်ချင်း စေလွှတ်ပြီး အိုးရန်ဝူရွှမ့်ရဲ့ စစ်စခန်းကို တစ်ရှိန်ထိုး သိမ်းပိုက်ဖို့ အကြံပေးချင်တယ်"
တစ်ခုတည်းသော နတ်နန်းတော်မှ ပါရမီရှင်ကလည်း မာနထောင်လွှားစွာ ပြောလိုက်၏။
ချက်ခြင်းဆိုသလိုပင် အိုးရန်ဝူကျိက သူ၏စစ်သည် အားလုံးနီးပါးကို စည်းရုံးခဲ့သည်။ စစ်စခန်းကို စောင့်ကြပ်ရန် လူထောင်ဂဏန်းမျှသာ ကျန်တော့သည်။ ကျန်စစ်သည်များက အိုးရန်ဝူရွှမ့်၏ စစ်စခန်းဆီသို့ ဦးတည်သွားကြသည်။
မကြာမီ၊ အိုးရန်ဝူကျိ၏ စစ်တပ်က စစ်စခန်းနှင့် မနီးမဝေးသို့ ရောက်ရှိလာပေသည်။
"ဒုံ... ဒုံ"
စစ်စခန်းများတွင် ဗုံသံများကြားလိုက်ရသည်။ ထို့နောက် ခရမ်းရောင်စစ်တပ်ကြီးက လေထဲမှ ပျံသန်းလာ၏။ ခေါင်းဆောင်မှာ အိုးရန်ဝူတောက် ဖြစ်သည်။
"ဆဋ္ဌမမြောက် ညီလေး၊ မင်းလာမယ်ဆိုတာ ငါသိတယ်"
အိုးရန်ဝူတောက်က ပြောလိုက်သည်။
"ဟုတ်လား၊ ဒီစစ်ခန်းမှာ မင်းရဲ့အင်အား တစ်စိတ်တစ်ပိုင်းပဲရှိတာ စိတ်မကောင်းစရာပဲ။ ငါပ မင်းတို့အားလုံးကို ချေမှုန်းပြီး စစ်စခန်းတွေကို သိမ်းပိုက်နေသရွေ့ နောက်ဆုံးအောင်ပွဲကို ငါပိုင်လိမ့်မယ်"
အိုးရန်ဝူကျိက ရယ်မောလိုက်၏။ သူ့မျက်လုံးများမှာလည်း အလင်းရောင်များ တောက်လောင်နေတော့သည်။
"ဟုတ်လားကွ"
အိုးရန်ဝူတောက်က ပြုံးလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ စစ်ဗုံသံများ ထပ်မံမြည်လာပြန်၏။
"ဝေါင်း... ဝေါင်း"
အိုးရန်ဝူကျိ၏ စစ်တပ်အနောက်ဘက်မှ ဟိန်းဟောက်သံများကို ကျားလိုက်ရသည်။ ကျားဖြူနှင့် အနက်ရောင်လိပ်ကြီးက လေထဲတွင် ပေါ်လာတော့သည်။
အိုးရန်ဝူတောက်၏ နောက်ဘက်မှ စစ်သည်များကလည်း အစီရင်ကြီးများကို ဖွဲ့စည်းလိုက်ကြသည်။ မိုးပြာရောင် နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင်တို့ ပေါ်လာပြန်တော့သည်။
"သင်္ကေတလေးခု မဟာအစီရင်၊ မင်းက လူတိုင်းကို ဒီကို ခေါ်လာခဲ့တာပဲ"
အိုးရန်ဝူကျိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
"အမှန်ပဲ၊ မင်းတို့အားလုံးကို ရှင်းပစ်ရအောင် ငါက ကြိုစောင့်နေတာ။ သတ်"
အိုးရန်ဝူတောက်က အမိန့်ပေးလိုက်သည်။
"အစီရင်ဖွဲ့စည်းကြ"
အိုးရန်ဝူကျိကည်း အမိန့်ပေးလိုက်၏။
အိုးရန်ဝူကျိ၏ စစ်တပ်က ကြီးမားသော အစီရင်ကြီးကို ဖွဲ့စည်းလိုက်ကြသည်။ ကြီးမားသော ဓားခုတ်ကောင်တစ်ကောင်က ကောင်းကင်တွင် ပေါ်လာတော့သည်။
ဤသည်မှာ ဓားခုတ်ကောင် အစီရင်ကြီး ဖြစ်သည်။ ဓားခုတ်ကောင်၏ ရှေ့ခြေသည်းနှစ်ချောင်းက ဓားသွားများကဲ့သို့ ထက်မြက်ပေသည်။
"သတ်"
"သတ်"
အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကောင်းကင်က တုန်ခါခါသွားသည်။ မိုးပြာနဂါး၊ လိပ်နက်၊ ကျားဖြူနှင့် ဖီးနစ်တို့က ဓားခုတ်ကောင်ကြီးများထံသို့ ပြေးသွားကြ၏။ ဓားခုတ်ကောင်ကြီးများကလည်း ဟင်းလင်းပြင်ကို ပိုင်းဖြတ်နိုင်သကဲ့သို့ ၎င်း၏ ရှေ့ခြေသည်းများကို ဝှေ့ယမ်းလိုက်တော့သည်။
သားရဲကြီးငါးကောင်က အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
သင်္ကေတလေးခု အစီရင်ကြီးက အားကောင်းသော်လည်း လူအရေအတွက်ကို ပိုင်းခြားထားသည်။ တစ်ဖက်တွင်၊ အိုးရန်ဝူကျိ၏ အစီရင်က လူသုံးသောင်းနီးပါး ရှိ၏။ ထို့ကြောင့် သူ၏အစီရင်က အလွန်အားကောင်းကာ အချိန်တိုအတွင်း အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲသည်။
နှစ်ဖက်စလုံးက တစ်ဖက်ကို အနိုင်ယူရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
ယခုအခါ အိုးရန်ဝူရွှမ့်က စိုးရိမ်စရာမရှိတော့ပါ။ တစ်ဖက်ကို အနိုင်ယူနိုင်သရွေ့ ကျန်တစ်ဦးက အသာစီးရပြီး ပထမနေရာကို ရယူနိုင်မည် ဖြစ်သည်။
နှစ်ဘက်စလုံးက အပြင်းအထန် တိုက်ခိုက်ကြပေသည်။ တိုက်ပွဲအတွင်းမှာ အလင်းတန်းများအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသူများလည်း ပေါ်လာခဲ့ကြသည်။
ထိုအခိုက်တွင် လျှို့ဝှက်ချိုင့်ဝှမ်းတစ်ခုမှ လူငါးထောင်ရှိသော စစ်သည်များ စုရုံးရောက်နေသည်။ ၎င်းတို့က ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ။ ကင်းထောက်များကလည်း သတင်းများကို အဆက်မပြတ် ပို့နေကြသည်။
"သတင်းပို့ပါတယ်၊ ပထမမင်းသားက ကျုပ်တို့စခန်းကို သိမ်းပိုက်လိုက်ပြီ"
"အစီရင်ခံပါတယ်၊ ဆဋ္ဌမမင်းသားက ကျုပ်တို့စခန်းကို တိုက်ခိုက်ဖို့ စစ်တပ်ကို စေလွှတ်လိုက်ပြီ"
"အစီရင်ခံပါတယ်၊ ဆဋ္ဌမမင်းသားနဲ့ ပထမမင်းသားတို့က ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို စတင်နေပြီ"
..........
သတင်းထွက်လာသည်နှင့်အမျှ ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များ၏ မျက်နှာများက ပို၍ မည်းမှောင်လာကြသည်။
အကြောင်းမူ၊ အရာအားလုံးသည် ယခင်က လုမင်၏ တွက်ဆမှုနှင့် တူညီနေသောကြောင့်ပင်။
"ဟမ့်၊ ပထမမင်းသားနဲ့ ဆဋ္ဌမမင်းသားက အချင်းချင်း တိုက်ခိုက်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရရင်တောင် ငါတို့မှာ လူငါးထောင်ပဲ ကျန်တော့တယ်။ သူတို့ကို ကိုင်တွယ်ဖို့ ငါတို့မှာ အင်အားမရှိဘူး"
ရှောင်းမုချန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
လုမင်၏ ခန့်မှန်းချက်က မှန်ကန်လျှင်ပင် ဘာဖြစ်သေးသနည်း။ နောက်ဆုံးမှာတော့ သူတို့ဟာ ကိုယ်ပိုင်အင်အားကို အားကိုးရမည် ဖြစ်သည်။ သူတို့တွင် လူငါးထောင်သာ ကျန်ရှိတော့သဖြင့် တိုက်ပွဲကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
"ရလဒ်ကို မကြာခင် သိရမှာပါ၊ ဘာတွေအလျင်လိုနေတာလဲ"
လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ၏ ပေါ့ပါးသော အမူအရာက ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များကို ဆိုးရွားသော ခံစားမှုများ ဖြစ်စေခဲ့ပေသည်။
လုမင်က တကယ် ယုံကြည်ချက်ရှိတာလား။ သူတို့မသိသော အခြား အကြောင်းအရာများ ရှိနေဦးမလား။
ထိုအချိန်တွင် အိုးရန်ဝူတောက်နှင့် အိုးရန်ဝူကျိအကြားမှ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။ နှစ်ဖက်တပ်များက အချင်းချင်း သတ်ဖြတ်ချေမှုန်းရန် ကြိုးစားကြ၏။
အိုးရန်ဝူတောက်သည် ယခင်တိုက်ပွဲတွင် လူနှစ်ထောင်ခန့်ကို ဆုံးရှုံးခဲ့ပြီး အိုးရန်ဝူကျိကလည်း သူ၏လူအချို့ကို စခန်းတွင် အစောင့်ထားခဲ့သည်။
ထို့ကြောင့် အင်အားချင်းက ညီမျှနေခဲ့ပေသည်။
သို့ရာတွင်၊ အချိန်ကြာလာသည်နှင့်မျှ သင်္ကေတလေးခု အစီရင်က အမှန်တကယ် ပိုအားကောင်းပြီး အသာစီးရလာသည်။ သို့သော်လည်း အသာစီးရရုံဖြစ်ပြီး မချေမှုန်းနိုင်သောကြောင့် နှစ်ဖက်စလုံးမှာ အသေအပျောက်များလာတော့သည်။