← Chapters

အခန်း ၁၈၄၁

Vol. 123 Ch. 1841

အခန်း ၁၈၄၁

Vol. 123 Ch. 1841

အပိုင်း ( 1841 ) ကျားပါးစပ်အတွင်းမှ အစာကိုလုခြင်း။

၎င်းက အန္တိမသူတော်စင်လက်နက် ဖြစ်သည်။ အန္တိမသူတော်စင်လက်နက်တစ်ခု ပေါက်ကွဲသောအခါ အဖျက်စွမ်းအားသည် အလွန်ကြီးမား၏။ ကြောက်စရာကောင်းသော စွမ်းအားက လူလတ်ပိုင်းအရွယ် အမျိုးသားကို လွှမ်းခြုံသွားတော့သည်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

တစ်ချိန်တည်းမှာပင်၊ လုမင်က လက်ညှိုးတစ်ချက်ညွှန်ပြလိုက်သည်။ ဤတစ်ကြိမ်တွင် လုမင်က သူ၏ခွန်အားကို အပြည့်အဝ အသုံးပြုခဲ့၏။

လူလတ်ပိုင်းအရွယ် အမျိုးသားမှာ မူလကတည်းက ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးလုနီးပါးဖြစ်နေပြီ။ ယခုကဲ့သို့ အန္တိမသူတော်စင်လက်နက်၏ ပေါက်ကွဲမှုနှင့် ကစဉ့်ကလျားကပ်ဘေးလက်ချောင်း၏ စွမ်းအားအပြည့် တိုက်ခိုက်မှုတို့ဖြင့် ရုတ်တရက် တိုက်ခိုက်ခံရပြီးနောက် လုံးဝမခုခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က တိုက်ရိုက်ပေါက်ကွဲပြီး သူ့ဝိညာဉ်သည်ပင် ပျက်သုဉ်းသွားခဲ့သည်။

လုမင်က ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို အသုံးပြုပြီးနောက်၊ ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် နိယာမကို ချက်ချင်း အသုံးပြုလိုက်သည်။ လုမင်၏ပုံရိပ်က ဝေဝါးလာပြန်တော့သည်။

"မကောင်းတော့ဘူး၊ တိုက်ခိုက်ကြ"

အိုးရန်ဝူတောက်က ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာ၏။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုက လုမင်အပေါ်သို့ ကျရောက်လာတော့သည်။

လုမင်က သူ၏ အမှတ်အသားကို လုယူဝံ့သည်။ သူ သေသင့်၏။

သို့သော်လည်း တိုက်ခိုက်မှု ကျရောက်လာသောအခါတွင် လုမင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နောက်အခိုက်အတန့်တွင် သူက တိုက်ပွဲမြေပြင်မှ အဝေးတွင် ပြန်ပေါ်လာတော့သည်။

ထို့ပြင်၊ သူ၏ သလင်းကျောက်ထဲမှာ နောက်ထပ် အမှတ်အသားတစ်ခု ရှိနေခဲ့သည်။

အဖြစ်အပျက်အားလုံးက မြန်ဆန်လွန်းပေသည်။

လုမင်က ပူဖောင်းလေးကို အကူအညီတောင်းပြီး တိုက်ပွဲမြေပြင်တွင် ရုတ်တရက် ပေါ်လာသည်။ လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် အန္တိမသူတော်စင်လက်နက်ကို ပေါက်ကွဲစေခဲ့၏။ တချိန်တည်းမှာပင် ကစဉ့်ကလျားကပ်ဘေးလက်ချောင်း၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့နောက်မှာတော့ ပူဖောင်းလေး၏ အကူအညီဖြင့် သူက နောက်ကိုပြန်ဆုတ်သွားတော့သည်။

ဒါတွေအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် လုမင်က လူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ခဲ့ပြီး အမှတ်အသားကို ရရှိခဲ့ပြီ ဖြစ်သည်။

"မင်း သေချင်နေတာပဲ"

အိုးရန်ဝူတောက်က ဟိန်းဟောက်ပြီး နောက်မှလိုက်လာကာ လုမင်ကို တိုက်ခိုက်လိုက်သည်။

လုမင်က ကျားပါးစပ်မှအစာကို လုယူပြီး သူ့အမှတ်အသားကို လုယက်ဝံ့ပေသည်။ သေလမ်းရှာနေခြင်း ဖြစ်မည်။

အခြားသူများကလည်း အိုးရန်ဝူတောက်နှင့်အတူ လုမင်နောက်ကို လိုက်ကြသည်။

လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ ဟင်းလင်းပြင်အတက်အကျလှိုင်းများ ဖြစ်‌လာပြီးနောက် လုမင်၏ပုံရိပ်က အိုးရန်ဝူတောက်နှင့် အခြားသူများ၏အဝေးသို့ တစ်ဖန် ရောက်ရှိသွားပြန်တော့သည်။

"ငါ အမှတ်အသားကိုရလာပြီ။ သွားကြရအောင်"

လုမင်က ပြောလိုက်သည်။ ထို့နောက်တွင် လူတိုင်းက လေထဲသို့ ခုန်တက်ပြီး အဝေးသို့ ပျံသန်းသွား၏။

"အိုးရန်ဝူရွှမ့်၊ ဒီကိုပြန်လာခဲ့စမ်း"

အိုးရန်ဝူတောက်က အမိန့်ပေးသော လေသံဖြင့် အော်လိုက်သည်။

သူက အိုးရန်ဝူရွှမ့်ကို ပြန်လာခဲ့ဟုဆိုလျှင် ပြန်လာရမည်ကဲ့သို့ပင်။

"ရယ်စရာပဲ"

အိုးရန်ဝူရွှမ့်က အရှိန်အပြည့်ဖြင့် ဆက်လက် ပျံသန်းသွားသည်။ အထင်မြင်သေးခြင်းများ ပြည့်နှက်နေသော အသံသည်သာ နောက်ဘက်တွင် ပျံ့လွင့်ကျန်ရစ်ခဲ့လေသည်။

"အမှတ်အသား ဆယ့်နှစ်ခုစလုံး ပေါ်လာပြီ၊ စမ်းသပ်မှုပြီးသွားပြီ။ ပြန်လာခဲ့ကြတော့"

ထိုအချိန်တွင်၊ လူတိုင်း၏နားထဲမှာ အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းက ရှန်းယွမ်အင်ပါယာမှ အကြီးအကဲတစ်ဦး၏ အသံပင်။

"အမှတ်အသားဆယ်နှစ်ခုစလုံး ပေါ်လာပြီလား၊ ဒါက မင်းပဲ"

အိုးရန်ဝူတောက်က ရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများကလည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။

သူ့လက်ထဲတွင် အမှတ်အသား လေးခုသာရှိပြီး စုစုပေါင်း၏ သုံးပုံတစ်ပုံသာ ရှိသည်။ ဤအရေအတွက်က အလွန်အန္တရာယ်များသေးသည်။

အကယ်၍ အိုးရန်ဝူရွှမ့် သို့မဟုတ် အိုးရန်ဝူကျိတို့တွင် အမှတ် ငါးမှတ်ရရှိပါက သူရှုံးလိမ့်မည်။

လူတစ်ဦးစီတွင် အမှတ်လေးခုရှိရင်လည်း သရေပွဲသာ ဖြစ်မည်။

သူလိုချင်တာက သရေမဟုတ်ဘဲ ပထမနေရာပင်။

ဤအရာက လုမင်နှင့် အိုးရန်ဝူရွှမ့်ကို ပို၍မုန်းတီးစေခဲ့သည်။ အကယ်၍ သူသာ ထိုအမှတ်အသားကို ရခဲ့ပါက၊ သူသည် အမှတ်ငါးမှတ်နှင့် ရလဒ်ကောင်းလိမ့်မည်။ ယခုအခါမှာတော့ လူတစ်ဦးကို အမှတ်လေးမှတ်သာ ရရှိကြစေရန် မျှော်လင့်နိုင်ခဲ့သည်။ ဒါမှသာ သူ့မှာ အခွင့်အရေးရှိလိမ့်မည်။

"ပြီးပြီ၊ ပြန်သွားရအောင်"

အိုးရန်ဝူရွှမ့်နှင့် အခြားသူများက အပြင်သို့ပြေးထွက်သွားကြသည်။

"ဟားဟားဟား၊ ငါတို့မှာ အမှတ်အသား ငါးခုရှိတယ်။ ဒီတစ်ကျော့မှာ ငါတို့အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းများပြီပဲ"

ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်က ရယ်မောလိုက်သည်။

အမှတ် ငါးမှတ်က သူတို့ အနိုင်ရရှိရန် အခွင့်အလမ်း အလွန်များ၏။ အိုးရန်ဝူကျိတွင် အမှတ်သုံးမှတ်ရှိသရွေ့ အိုးရန်တူတောက်က အမှတ်လေးမှတ်သာ ရရှိမည်ဖြစ်ပြီး သူတို့ အနိုင်ရလိမ့်မည်။

အိမ်ရှေ့မင်းသားရာထူးက အိုးရန်ဝူရွှမ့်အတွက် သေချာသလောက်ရှိနေပြီ ဖြစ်သည်။

အားလုံးက အပြင်ကို လျင်မြန်စွာ ပြေးထွက်သွားလေသည်။

အိုးရန်ဝူတောက်လည်း သူ့လူများကို ခေါ်ဆောင်ကာ မှုန်ကုပ်ကုပ်မျက်နှာအမူအရာဖြင့် အပြင်သို့ ပြေးသွားခဲ့သည်။

သို့သော်လည်း သူတို့က လမ်းတွင် အိုးရန်ဝူကျိနှင့် တစ်ခုတည်းသော နတ်နန်းတော်မှ ပါရမီရှင်များကို တွေ့ဆုံခဲ့ကြပေသည်။

ထိုအချိန်တွင် အိုးရန်ဝူကျိ၏ မျက်နှာက မည်းမှောင်နေသည်။

သူက ရှုံးနိမ့်သွားပြီး အိမ်ရှေ့မင်းသားရာထူးအတွက် အခွင့်အလမ်းမရှိတော့ကြောင်း သိရှိနေပြီ မဟုတ်လော။

"အိုးရန်ဝူကျိ၊ မင်းက အမှတ်အသား ဘယ်လောက်ရခဲ့လဲ"

အိုးရန်ဝူတောက်က အိုးရန်ဝူကျိကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။ အိုးရန်ဝူကျိသည်လည်း အမှတ်လေးမှတ် ရရှိရန် သူ မျှော်လင့်မိ၏။ ထိုသို့ဖြင့် ဤအကျော့ စမ်းသပ်မှုက သရေဖြစ်လိမ့်မည်။

"သုံးခု"

သို့သော်လည်း အိုးရန်ဝူကျိ၏ စကားက အိုးရန်ဝူတောက်၏မျက်နှာကို အမူအရာပျက်ယွင်းသွားစေခဲ့သည်။

အိုးရန်ဝူကျိတွင် အမှတ်အသားသုံးခုသာ ရှိသည်။ တစ်နည်းဆိုရသော်၊ အိုးရန်ဝူရွှမ့်က အမှတ်အသားငါးခုကို ရရှိပြီး ပထမနေရာအတွက် ခိုင်မာသွားခဲ့ပြီ။

အိုးရန်ဝူရွှမ့်က နှစ်ချီဆက်တိုက် အနိုင်ရပြီးနောက် နောက်တစ်ချီ စမ်းသပ်ရန် မလိုအပ်တော့ပေ။ အိမ်ရှေ့မင်းသားရာထူးကို အိုးရန်ဝူရွှမ့်က ပိုင်သည်။

"ချီးပဲ"

အိုးရန်ဝူတောက်၏ မျက်လုံးများက လူသတ်ချင်စိတ်များ ပြည့်နှက်သွားသည်။

ဒါတွေအားလုံးက လုမင်၏ အပြစ်ပင်။ အကယ်၍ သူသာ မလှုပ်ရှားဘဲ နောက်ဆုံး အမှတ်အသားကို လုယူခြင်းမပြုခဲ့ပါက သူဟာ အောင်နိုင်သူ ဖြစ်လာမည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူက လုမင်ကို ပို၍မုန်းတီးသွားတော့သည်။

"အိုးရန်ဝူတောက်၊ ငါတို့တွေ ဘာဖြစ်လို့ မပူးပေါင်းကြရမှာလဲ"

အိုးရန်ဝူကျိ၏ မျက်လုံးများက စူးရှသော အလင်းရောင်တို့ တောက်ပလာသည်။

အိုးရန်ဝူရွှမ့်က အိမ်ရှေ့မင်းသားရာထူးကို ရရှိလိုလျှင် ဤမျှလွယ်ကူမည် မဟုတ်ပေ။

"ပူးပေါင်းကြမှာတဲ့လား... ဘယ်လိုလုပ်မှာလဲ။ အခု အိုးရန်ဝူရွှမ့်က နှစ်ချီဆက်တိုက် အနိုင်ရခဲ့ပြီ။ သူအနိုင်ရသွားပြီ"

အိုးရန်ဝူတောက်က အလိုမကျစွာ ပြောလိုက်သည်။

"ဒါက အတိအကျတော့ မဟုတ်ပါဘူး"

အိုးရန်ဝူကျိက နှုတ်ခမ်းကိုမဲ့ကာ ပြုံးလိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ အဘိုးအိုတစ်ဦး ပေါ်လာခဲ့၏။

"ဒီလူမှာ အမှတ်အသားတစ်ခုရှိတယ်၊ ဒါပေမဲ့ ငါ သူ့ကို မသတ်ခဲ့ဘူးလေ။ ငါ သူ့ကို အခု မင်းအတွက် ထားခဲ့မယ်"

အိုးရန်ဝူကျိက ပြောလိုက်သည်။

အိုးရန်ဝူတောက်၏ မျက်လုံးများက အရောင်တဖိတ်ဖိတ် တောက်ပလာသည်။ အိုးရန်ဝူကျိက လူတစ်ဦးကို အသက်ရှင်ကျန်ရစ်စေမည်ဟု မမျှော်လင့်ထားပေ။

"မင်း ငါ့ဆီကနေ ဘာလိုချင်လဲ"

အိုးရန်ဝူတောက်က မေးသည်။

"ဘာမှမလိုဘူး။ အိုးရန်ဝူရွှမ့်ကို အိမ်ရှေ့မင်းသားရာထူးကို မရစေချင်ရုံပဲ"

အိုးရန်ဝူကျိက အေးစက်စက် ပြောလိုက်၏။

သူ့တွင် မျှော်လင့်ချက်မရှိသောကြောင့် အိုးရန်ဝူရွှမ့်ကိုလည်း ခွင့်မပြုနိုင်ပေ။

"ဝုန်း"

အိုးရန်ဝူတောက်က ရှေ့ကို လှမ်းလာပြီး အဖိုးအိုကို လက်သီးဖြင့် ထိုးသတ်လိုက်သည်။ ယခုတော့ သူ့ထံတွင် အမှတ်အသားငါးခု ရှိချေပြီ။

"ကောင်းတယ်၊ ဟားဟားဟား"

အိုးရန်ဝူတောက်က အလွန်ဝမ်းသာသွားသည်။

ဤနည်းအားဖြင့် သူနှင့် အိုးရန်ဝူရွှမ့်တို့သည် ဤအကျော့တွင် သရေကျလိမ့်မည်။ ထို့နောက် တတိယအချီတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

တတိယအချီတွင် သူက ပထမနေရာရရှိခဲ့ပြီး၊ အိုးရန်ဝူရွှမ့် နောက်ဆုံးဖြစ်ခဲ့ပါက အိမ်ရှေ့မင်းသားရာထူးမှာ သူ့အတွက်ပင်။

"ဒီလိုဆိုရင် ငါတို့က အိုးရန်ဝူရွှမ့်ကို တတိယအကျော့မှာ‌ နောက်ဆုံးနေရာကို ရောက်စေမယ်"

အိုးရန်ဝူကျိက အေးစက်စက် ပြောလိုက်သည်။

"ဟားဟားဟား၊ ဆဋ္ဌမမြောက်ညီလေး... ရှန်းယွမ်အင်ပါယာကို ငါ အုပ်ချုပ်တဲ့အခါ မင်းကို ငါမမေ့ပါဘူး"

အိုးရန်ဝူတောက်က ရယ်မောလိုက်သည်။ ထို့နောက်မှာတော့ အုပ်စုလိုက် ပြေးထွက်သွားတော့သည်။

သွေးဝိညာဉ်ဂိုဏ်းမှ ထွက်လာသောအခါ၊ အိုးရန်ဝူရွှမ့်နှင့် အခြားသူများလည်း ရောက်လာကြသည်ကို တွေ့လိုက်ရသည်။

အိုးရန်ဝူတောက်နှင့် အိုးရန်ဝူကျိတို့က အိုးရန်ဝူရွှမ့်နှင့် လုမင်တို့ကို အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ဖြင့် ကြည့်လိုက်သည်။

"ကိုင်း၊ အားလုံးစုံညီပြီ။ အခု မင်းတို့ရဲ့ သလင်းကျောက်တွေကို ထုတ်ယူပြီး ဘာတွေရခဲ့လဲ ကြည့်ရအောင်"

အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

လုမင်နှင့် အခြားသူများက ခေါင်းညိတ်ပြပြီး ၎င်းတို့၏ သလင်းကျောက်များကို ထုတ်ယူလိုက်ကြသည်။

အိုးရန်ဝူရွှမ့်တွင် အမှတ်အသား သုံးခုရှိပြီး လုမင်တွင် အမှတ်အသား နှစ်ခု ရှိ၏။ စုစုပေါင်း အမှတ်အသား ငါးခု ဖြစ်သည်။

"အမှတ်အသားငါးခု၊ မဆိုးဘူး"

အကြီးအကဲက ခေါင်းညိတ်ပြပြီး အိုးရန်ဝူတောက်နှင့် ကျန်လူများကို ကြည့်လိုက်သည်။

အိုးရန်ဝူတောက်နှင့် အပေါင်းပါများလည်း သူတို့၏ သလင်းကျောက်များကို ထုတ်ယူခဲ့ကြလေသည်။

"အမှတ်အသားငါးခုလား"

အိုးရန်ဝူရွှမ့်နှင့် ကျန်သူများ အံ့သြသွားကြသည်။

အိုးရန်ဝူတောက်ကို အမှတ်အသားငါးခုရှိရန် မမျှော်လင့်ထားပေ။ သို့ဆိုလျှင်၊ အိုးရန်ဝူကျိက အမှတ်အသားနှစ်ခုသာ ရှိနိုင်သည်။

"ညံ့ချက်၊ အိုးရန်ဝူကျိက ဘာဖြစ်လို့ ဒီလောက်တောင် အသုံးမကျရတာလဲ။ သူ့မှာ နှစ်ခုပဲရှိတယ်"

ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်တစ်ယောက်က ရေရွတ်လိုက်သည်။

အကယ်၍ အိုးရန်ဝူကျိသာ သုံးမှတ်ရရှိခဲ့ပါက သူတို့ အနိုင်ရလိမ့်မည်။ မမျှော်လင့်ဘဲ၊ အိုးရန်ဝူကျိက အသုံးမကျစွာ နှစ်မှတ်သာ ရခဲ့သည်။

All Chapters