← Chapters

အခန်း ၁၈၄၄

Vol. 123 Ch. 1844

အခန်း ၁၈၄၄

Vol. 123 Ch. 1844

အပိုင်း ( 1844 ) တစ်ခုတည်းသော နတ်နန်းတော်။

"လုမင်... သခင်လေး... လုမိသားစု... သခင်မကြီး..."

"ဘာကြောင့်လဲ... ငါ ဘာဖြစ်လို့ မမှတ်မိနိုင်တာလဲ... ဘာကြောင့်လဲ"

ချင်ယွဲ့က ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများက အရိပ်အယောင်အမျိုးမျိုး ဖြစ်ပေါ်လာ၏။ နောက်ဆုံးတွင် နာကျင်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

"ဘာကြောင့်လဲ... ဘာကြောင့်များလဲ။ ဆရာ့ကို​မေးမယ်... ဆရာ့ကိုမေးရမယ်"

ချင်ယွဲ့က အော်လိုက်သည်။ ထို့နောက်မှာတော့ သူက ကောင်းကင်သို့ ပြေးတက်ကာ အစီရင်အလွှာများကို ဖြတ်ကျော်ပြီး ရုတ်တရက် ထွက်ခွာသွားတော့သည်။

"ဂိုဏ်းတူ ညီမလေး..."

တစ်ခုတည်းသော နတ်နန်းတော်မှ ယုကျစ်က ဒေါသတကြီး အော်လိုက်သည်။

"ချင်ယွဲ့၊ မင်းဘာဖြစ်ခဲ့တာလဲဆိုတာ ငါသိအောင်လုပ်မယ်"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူ့ပခုံးပေါ်မှ ဒဏ်ရာကမူ လျင်မြန်စွာ ပြန်ကောင်းလာနေပြီ။

ချင်ယွဲ့က သူမ၏ စွမ်းအားအများစုကို ရုတ်သိမ်းလိုက်သောကြောင့် ဒဏ်ရာက မပြင်းထန်ပါ။ လုမင်၏ ဝိညာဉ်ခန္ဓာ၏ ခွန်အားဖြင့် အခြေခံအားဖြင့် အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားနိုင်သည်။

ထို့နောက် လုမင်က ပူဖောင်းလေးကို လှမ်းကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လျှပ်စီးလက်သကဲ့သို့ ပူဖောင်းလေးထံ ပြေးသွား၏။

လေထဲတွင် အစီရင်များ ပေါ်ပေါက်လာပြီး လုမင်ကို တိုက်ခိုက်ကြသော်လည်း အသုံးမဝင်ပေ။

"ထွက်သွားကြစမ်း"

လုမင်က အနီးသို့ရောက်လာပြီးနောက် ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို ထုတ်ဖော်လိုက်သည်။ ဧရာမ လက်ချောင်းကြီးက အံ့မခန်း အမြန်နှုန်းဖြင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်များထံ ဖိနှိပ်လာတော့သည်။

တာ့လော့ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်များက ခုခံရန် ကြိုးစားကြသော်လည်း မစွမ်းသာသေးဘဲ လွင့်စဉ်သွားကြသည်။

ထို့ကြောင့် နိယာမအတားအဆီးက ကျိုးပေါက်သွားပြီး ပူဖောင်းလေးမှာ ရုတ်တရက် ပြေးထွက်လာတော့သည်။

"ပူဖောင်းလေး၊ မင်းသွားပြီးတော့ အလံကိုယူလိုက်ပါ။ ဒီလူတွေကို ငါ့ဆီ အပ်လိုက်"

လုမင် ပြောလိုက်သည်။

"ဟုတ်"

ပူဖောင်းလေး၏ ပုံရိပ်က လှုပ်ရှားလာပြီး တောင်ထိပ်ကို ပြေးတက်သွားတော့သည်။

"သူ့ကို တားဆီးကြ"

ပိုင်မုက အော်ဟစ်လိုက်သည်။

"မင်းတို့ရဲ့ပြိုင်ဘက်က ငါပဲ"

လုမင်က ခြေတစ်လှမ်းဖြင့် သူတို့၏ရှေ့တွင် ပေါ်လာသည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်သီးချက်များ ဆက်တိုက် ထုတ်ဖော်လိုက်၏။ ကျောက်စာချပ်ပုံရိပ်များက တာ့လော့ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်များထံ ဖိနှိပ်လာတော့သည်။

"ဝုန်း... ဝုန်း..."

လုမင်၏ တိုက်ခိုက်မှုတစ်ခုစီက ကောင်းကင်ကို ဖြိုခွင်းနိုင်သည့် စွမ်းအားမျိုးကို သယ်ဆောင်ထားပုံရသည်။ တာ့လော့ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်များ၏ ပါးစပ်မှ သွေးများ အန်လာပြီး လွင့်စဉ်သွားတော့သည်။

"သတ်"

ပိုင်မုက ဒေါသတကြီး ကြိမ်းမောင်းပြီး တိုက်ခိုက်လိုက်သည်။

ပိုင်မု၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက သာမန် အဆင့်တူ ကျင့်ကြံသူများထက် အဆပေါင်းများစွာ အားကောင်း၏။ ဝမ်ကျန်းရန်၊ မော့လန်နှင့် ရွှေကျီးကန်း ဒုတိယမင်းသားတို့ကဲ့သို့ ပါရမီရှင်များက ပိုင်မု၏ရှေ့တွင် အလွယ်တကူ ရှုံးနိမ့်ကြလိမ့်မည်။

လုမင်သည်ပင် အဆင့်မတက်နိုင်သေးမီအချိန်မှာ ပိုင်မုကို အနိုင်ယူနိုင်မည် မဟုတ်ပါ။

သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က လုမင်၏ ကျင့်ကြံမှုမှာ အဆင့်တက်ခဲ့သည်။ သူ၏ စွမ်းရည်များမှာလည်း အလွန်တိုးတက်ခဲ့၏။ အကြိမ်ရေအနည်းငယ် ထိုးနှက်ပြီးနောက် ပိုင်မု၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ခြေလှမ်း ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်သွားရတော့သည်။

"ကစဉ့်ကလျားရဲ့သားတော်ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို အံ့ဩစရာပဲ"

ပိုင်မု၏ မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်သွားသည်။

"ထပ်လာမယ်"

လုမင်က လက်သီးချက်များ ဆက်တိုက်ထုတ်ဖော်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ၎င်းတို့က တာ့လော့ကောင်းကင်ဂိုဏ်းမှ အခြား ပါရမီရှင်များကို ဖိနှိပ်ပြီး သူတို့၏လမ်းကို ပိတ်ဆို့ထားတော့သည်။

ထိုအချိန်တွင် ပူဖောင်းလေး၏ ပုံရိပ်က တောင်ထိပ်သို့ ချဉ်းကပ်သွားခဲ့ပြီ ဖြစ်သည်။

"မဟုတ်ဘူး..."

အိုးရန်ဝူတောက်က ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက နီရဲလာ၏။ ဤအမှန်တရားကို သူ လက်မခံနိုင်ပေ။

အိုးရန်ဝူကျိမှာလည်း သွေးအန်တော့မည် ဖြစ်သည်။ သူနှင့် အိုးရန်ဝူတောက်က အတူတူ ပူးပေါင်းထားသည့်တိုင် အိုးရန်ဝူရွှမ့်ကို မတားနိုင်ဘူးဟု သူ မမျှော်လင့်ခဲ့ပေ။

သူတို့က အနည်းငယ်မျှ ဆန္ဒမရှိသော်လည်း ပူဖောင်းလေးကို မရပ်တန့်နိုင်ခဲ့ကြပါ။ ပူဖောင်းလေးက အလံအနီးသို့ အလျင်အမြန် ချဉ်းကပ်နေသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်သည်။

ထို့နောက် ပူဖောင်းလေးက အလံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ ဆွဲမြှောက်လိုက်၏။

အိုးရန်ဝူတောက်နှင့် အိုးရန်ဝူကျိတို့၏ နှလုံးသားများမှာလည်း ကျောက်တုံးကြီးဖြင့် ဖိခံလိုက်ရသလို လေးလံသွားတော့သည်။

"ကောင်းတယ်ဟေ့"

လုံချန်၊ ဟွမ်လင်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များမှာတော့ အလွန်ဝမ်းသာသွားကြသည်။

အလံကို ကိုင်ထားပြီးနောက် ဤပြိုင်ပွဲက ပြီးဆုံးသွားပြီ။

အားလုံးက ပြန်လည်ဆုတ်ခွာပြီး ပြိုင်ပွဲကို ရပ်လိုက်ကြသည်။

အိုးရန်ဝူတောက်ကမူ လုမင်နှင့် ပူဖောင်းလေးကို မှုန်ကုပ်ကုပ် မျက်လုံးများဖြင့် ကြည့်နေတော့သည်။

အကဲဖြတ်မှု၏ ဒုတိယနှင့် တတိယအကျော့တို့တွင် သူက လုမင်နှင့် ပူဖောင်းလေးတို့ကြောင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သူတို့ကြောင့်သာမဟုတ်လျှင် အိုးရန်ဝူရွှမ့်က သူ၏ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။

ဒါတောင် ပထမအချီက လုမင်၏ အကြံအစည်ဖြစ်မှန်း မသိရသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သူ သွေးပွက်ပွက်အန်လိမ့်မည်။

"ဝှစ်... ဝှစ်"

ကောင်းကင်တွင်၊ ရှန်းယ်ွအင်ပါယာ၏ အကြီးအကဲများစွာ ပေါ်လာပြီး ဤဧရိယာ၏ အစီရင်ကြီးကို ဖယ်ရှားလိုက်သည်။

"အကဲဖြတ်မှု ပြီးသွားပြီ။ တတိယအချီမြောက် ရလဒ်တွေအရ အိုးရန်ဝူရွှမ့်ဟာ ပထမ ဖြစ်တယ်။ ဒါကြောင့် နောက်သုံးရက်အကြာမှာ အိုးရန်ဝူရွှမ့်က အိမ်ရှေ့စံမင်းသားအဖြစ် သရဖူဆောင်းရမယ်"

အကြီးအကဲသူတစ်ဦးက ကြေညာလိုက်သည်။

အိုးရန်ဝူတောက်နှင့် အိုးရန်ဝူကျိတို့က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြ၏။ ယခုမှစ၍ အိုးရန်ဝူရွှမ့်၏ ခြေဖဝါးအောက်ကို သူတို့ ကျရောက်ရတော့မည်။

ထို့နောက် လူတိုင်းက မိမိတို့၏ အိမ်တော်သို့ ပြန်သွားကြသည်။ အိုးရန်ဝူရွှမ့်၏ အိမ်တော်မှာတော့ သဘာဝအတိုင်း အခမ်းအနားများဖြင့် ပြည့်နှက်နေပြီး စားသောက်ပွဲကြီးကိုလည်း သုံးရက်ဆက်တိုက် ကျင်းပခဲ့ပေသည်။

သုံးရက်အကြာတွင် ရှန်းယွမ်အင်ပါယာက အိမ်ရှေ့စံမင်းသားရာထူး ခံယူခြင်း အခမ်းအနားကို ကျင်းပသည်။ တာ့လော့ကောင်းကင်ဂိုဏ်းမှလွဲ၍ တစ်ခုတည်းသောနတ်နန်းတော်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်တို့ နှစ်ခုစလုံးက ဂုဏ်ပြုရန် လူများကို စေလွှတ်ခဲ့ကြလေသည်။

အခမ်းအနားအပြီးတွင်၊ အိုးရန်ဝူရွှမ့်က အိမ်ရှေ့မင်းသားအဖြစ် တရားဝင် သရဖူ ဆောင်းခဲ့သည်။ လုမင်နှင့် ကျန်သူများအတွက်လည်း သူတို့၏ ကနဦး ရည်မှန်းချက်ကို အောင်မြင်ခဲ့ကြပြီ။

သို့ရာတွင်၊ လုမင်အတွက်တော့ နောက်ထပ် ရည်မှန်းချက်တစ်ခု ရှိလာသည်။ ချင်ယွဲ့၏ အတိတ်က အဖြစ်ပျက်ခဲ့သည်များကို စုံစမ်းရမည်။ ထို့ပြင် သူမကို ပြန်လည်သတိရလာစေရန် မည်သို့ပြုလုပ်ရမည်နည်း။

ထို့ကြောင့် အိုးရန်ဝူရွှမ့်က အိမ်ရှေ့မင်းသားအဖြစ် သရဖူ ဆောင်းပြီးနောက် ခုနစ်ရက်မြောက်သောနေ့တွင်၊ လုမင်နှင့် အိုးရန်ဝူရွှမ့်တို့က တစ်ခုတည်းသော နတ်နန်းတော်သို့ အတူတကွ သွားခဲ့ကြသည်။

တစ်ခုတည်းသော ကောင်းကင်တွင် ဆိုင်းငံ့ထားသည့် ရှေးဟောင်းနန်းတော်ကြီးတစ်ခု ဖြစ်သည်။ ၎င်းကို တိမ်များနှင့် မြူခိုးများ ဝိုင်းရံထားပြီး နတ်ဘုံအလား ထင်မှတ်ရပေသည်။

တစ်ခုတည်းသော နတ်နန်းတော်သို့ ရှေ့မှာတော့ လှေကားတစ်ခု ရှိသည်။ သို့ရာတွင်၊ လှေကားထစ်ပေါင်း အနည်းဆုံး သောင်းဂဏန်း ရှိ၏။

လုမင်နှင့် အိုးရန်ဝူရွှမ့်တို့လည်း လှေကားအတိုင်း တက်ခဲ့ကြလေသည်။ များမကြာမီတွင် လှေကားထစ်ထောင်ပေါင်းများစွာ တက်ခဲ့ကြသော်လည်း လှေကားထိပ်တွင် လူနှစ်ဦးက တားဆီးခံလိုက်ရသည်။

"ဘယ်သူတွေလဲ၊ တစ်ခုတည်းသော နတ်နန်းတော်ကို အနှောင့်အယှက်ဖြစ်စေလို့မရဘူး"

ထိုလူနှစ်ယောက်က တံခါးစောင့်များ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ပြီး ပြောလိုက်၏။

"ကျုပ်က အိုးရန်ဝူရွှမ့်ပါ၊ အကြီးအကဲ ပင်းမုကို တွေ့ဆုံချင်လို့ပါ"

အိုးရန်ဝူရွှမ့်က လက်ယှက်ပြလိုက်သည်။

ပင်းမုက ချင်ယွဲ့၏ဆရာ ဖြစ်သည်။ သူက ချင်ယွဲ့ကို ရှမ်းဟွမ်တိုက်ကြီးမှ ခေါ်ဆောင်လာသူဆိုလျှင်လည်း မမှားပေ။

"အိုးရန်ဝူရွှမ့်လား၊ လက်စသတ်တော့ ရှန်းယွမ်အင်ပါယာရဲ့ အိမ်ရှေ့မင်းသားပဲ။ ရိုင်းစိုင်းမိသွားရင် တောင်းပန်ပါတယ်"

တံခါးစောင့်နှစ်ယောက်၏ မျက်နှာအမူအရာများက ပြောင်းလဲသွားသည်။

ရှန်းယွမ်အင်ပါယာ၏ သာမာန်မင်းသားတစ်ဦးဖြစ်ခဲ့ပါက၊ ၎င်းတို့သည် လျစ်လျူရှုနိုင်သော်လည်း အိမ်ရှေ့မင်းသားက မတူပေ။ သူက အနာဂတ်တွင် ရှန်းယွမ်အင်ပါယာကို အုပ်ချုပ်ရမည့်သူ ဖြစ်သည်။ သူ့အဆင့်အတန်းက သာမန်မင်းသားများနှင့် လုံးဝ မတူပါ။

"ခဏလောက်စောင့်ပါ အိမ်ရှေ့စံမင်းသား၊ ကျုပ် အခုပဲ သတင်းပို့လိုက်ပါမယ်"

တံခါးစောင့်တစ်ဦးက ပြောလိုက်သည်။

"ခဏနေဦး၊ သူတို့ကို မဝင်စေနဲ့"

ထိုအချိန်တွင် အေးစက်စက်အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် နန်းတော်၏ နက်နဲရာအရပ်မှ လူအချို့ ထွက်လာကြ၏။

"ယုကျစ်"

လုမင်၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ယုကျစ် ဖြစ်သည်။ သူ့နောက်မှ လိုက်လာကြသူများမှာလည်း အားနည်းကြပုံမပေါ်ပေ။

တံခါးစောင့်နှစ်ယောက်က ယုကျစ်နှင့် တခြားသူများကို ဦးညွှတ်လိုက်ကြသည်။ တစ်ခုတည်းသော နတ်နန်းတော်ရှိ ယုကျစ်၏ အဆင့်အတန်းက နိမ့်ကျသည်မဟုတ်ကြောင်း ထင်ရှားလှပေသည်။

"အိုး၊ အိမ်ရှေ့မင်းသား ဝူရွှမ့်ပဲ။ မင်းက တစ်ခုတည်းသော နတ်နန်းတော်မှာ ဘာလာလုပ်တာလဲ"

ယုကျစ်က အပေါ်ယံအပြုံးမျိုးဖြင့် ပြုံးလျက် မေးလိုက်သည်။

"လုမင်နဲ့ ငါက အကြီးအကဲပင်းမုကို ဂါရဝပြုရင်း တွေ့ဆုံရအောင် လာကြတာပါ"

အိုးရန်ဝူရွှမ့်က သူ့ဒေါသကိုထိန်းပြီး ထပ်ပြောလိုက်သည်။

"မဟာ အထွတ်အမြတ် အကြီးအကဲကို တွေ့ချင်လို့လား၊ ဒီလိုဆိုရင် မင်းတို့ကို ပြန်သွားဖို့ အကြံပေးချင်တယ်။ မဟာ အထွတ်အမြတ် အကြီးအကဲက မင်းတို့အလိုရှိတိုင်း တွေ့ဆုံနိုင်သူ မဟုတ်ဘူး"

ယုကျစ်က လျစ်လျူရှုစွာ ပြောသည်။

"မင်း သတင်းပို့မှာသာပို့လိုက်ပါ၊ အကြီးအကဲပင်းမုက ငါတို့နဲ့ တွေ့မလား၊ မတွေ့ဘူးလားဆိုတာ ဘယ်လိုပြောနိုင်မှာလဲ"

လုမင်က ပြောလိုက်၏။

"သတင်းပို့ရမှာလား၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ။ ငါမင်းကိုပြောလိုက်မယ်၊ မဟာ အထွတ်အမြတ်အကြီးအကဲပင်းမုက တိတ်တဆိတ်လေ့ကျင့်နေပြီး ဘယ်သူနဲ့မှမတွေ့ဘူး။ မင်း ထွက်သွားလိုက်တော့"

ယုကျစ်၏ မျက်နှာက မည်းမှောင်သွားကာ ကြိမ်းမောင်းလိုက်သည်။

"တကယ်လို့ အကြီးအကဲက ဒီနေ့မအားလပ်ရင် မနက်ဖြန် ငါထပ်လာခဲ့မယ်။ မနက်ဖြန်မှ မလွတ်ရင် သန်ဘက်ခါ ငါပြန်လာခဲ့မယ်။ တစ်နေ့မှာတော့ အကြီးအကဲပင်းမုနဲ့ တွေ့ရမှာပေါ့"

လုမင်က ပြောလိုက်သည်။

All Chapters