← Chapters

အခန်း ၁၈၄၅

Vol. 123 Ch. 1845

အခန်း ၁၈၄၅

Vol. 123 Ch. 1845

အပိုင်း ( 1845 ) ချင်ယွဲ့၏မှတ်ဉာဏ်များ ပျောက်ဆုံးခဲ့ခြင်း၏ နောက်ကွယ်မှ အမှန်တရား။

"လုမင်၊ မင်းက ဘာဖြစ်လို့ ဒီလောက်အရေထူနေတာလဲ။ မင်းဒီကို ဘာအတွက်ရောက်လာတာလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့။ မင်းက ဂိုဏ်းတူညီမလေးချင်ယွဲ့နဲ့ ရင်းနှီးချင်လို့မဟုတ်လား။ ငါမင်းကိုပြောလိုက်မယ်၊ သူက မင်းနဲ့ လုံးဝ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူ့ကို မနှောင့်ယှက်နဲ့တော့"

ယုကျစ်က ဒေါသတကြီး ပြောလိုက်၏။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူက စိတ်ရှည်ရှည်ထားပြီး သည်းခံနေသော်လည်း တစ်ဖက်လူက သူ့အတွက် ခက်ခဲသောအရာများကို တမင်တကာ လုပ်နေသည်။

"ဒုန်း"

လုမင်က ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ပြင်းထန်သော အရှိန်အဝါတစ်ခုက ယုကျစ်အပေါ် ဖိနှိပ်လာ၏။

ယုကျစ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ မင်းက တစ်ခုတည်းသော နတ်နန်းတော်ကို အတင်းအဓမ္မ ဝင်ချင်နေတာလား။ အတင့်ရဲလိုက်တာ၊ လာကြစမ်း... ဒီလူကို သတ်ကြ"

ရှန်းယွမ်အင်ပါယာ၏ အကဲဖြတ်မှုအတွင်း သူသည် လုမင်၏လက်၌ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် သူ့နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့ပြီ။ ယခု‌မူ အခွင့်အရေးတစ်ခုရှိလာပြီမို့ သူက ၎င်းကို သဘာဝအတိုင်း ဆုပ်ကိုင်ပြီး လုမင်ကို သတ်ပစ်ချင်သည်။

ယုကျစ်၏ စကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ တစ်ခုတည်းသော နတ်နန်းတော်အတွင်းမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ လူရိပ်အချို့က လေထဲမှ ပျံသန်းလာကြ၏။

လူတစ်ဦးစီက နိယာမမြစ်ကြီးများဖြင့် ဝန်းရံထားသည်။ ဤရုပ်သွင်များက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များပင်။

"ရပ်လိုက်"

ဤအခိုက်အတန့်တွင် ဘုန်းအာနုဘော်အပြည့်ဖြင့် အသံတစ်ခုက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။

ယုကျစ်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တို့အားလုံး အမူအရာ ပြောင်းလဲသွား၏။ သူတို့က ချက်ချင်း ရပ်တန့်ကာ တစ်ခုတည်းသော နတ်နန်းတော်၏ နက်နဲရာဆီသို့ ဦးညွှတ်လိုက်ကြသည်။

"အထွဋ်အမြတ် အကြီးအကဲ ပင်းမု"

"လုမင်ကို ငါ့ကိုတွေ့ဖို့ ခေါ်လာခဲ့ပါ"

ထိုအသံက ထပ်မံ ထွက်ပေါ်လာသည်။

ယုကျစ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။ အကြီးအကဲ ပင်းမုက ဤနေရာမှ အခြေအနေအကြောင်း သိပုံရသည်။

'ကောင်လေး၊ ဒီနေ့ မင်း ကံကောင်းသွားတယ်'

ယုကျစ်က အေးစက်စက်ဖြင့် လုမင်ကို အသံပို့လွှတ်ကာ ပြောဆိုပြီးနောက် လှည့်ထွက်သွားတော့သည်။

"သခင်လေး လုမင်၊ ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပါ။ အကြီးအကဲ ပင်းမုက ခင်ဗျားကို တွေ့ချင်တယ်"

တံခါးစောင့်တစ်ဦးက ယဉ်ကျေးစွာ ပြောလိုက်သည်။

"အိုးရန်၊ မင်းအရင်ပြန်သွားနှင့်ပါ... ငါ့ကိုစောင့်စရာမလိုဘူး"

လုမင်က အိုးရန်ဝူရွှမ့်ကို ပြောလိုက်သည်။

"အလျင်မလိုပါဘူး၊ ငါဒီမှာစောင့်လို့ရတယ်"

အိုးရန်ဝူရွှမ့်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူထွက်သွားပါက လုမင် တစ်ခုခုဖြစ်သွားမှာကို သူကြောက်သည်။ ရှန်းယွမ်အင်ပါယာ၏ အိမ်ရှေ့မင်းဖြစ်သော သူရှိနေလျှင်တော့ တစ်ဖက်လူက အနည်းငယ်ပို၍ သတိထားကြလိမ့်မည်။

လုမင်လည်း ထပ်မပြောတော့ဘဲ တံခါးမှူးနှင့်အတူ တစ်ခုတည်းသောနတ်နန်းတော်၏ နက်နဲရာသို့ လျှောက်သွားသည်။

တစ်ခုတည်းသော နတ်နန်းတော်တွင် မြောက်များစွာသော ခန်းမများရှိသည်။ မျက်စိတစ်ဆုံး မြင်သမျှက ခန်းမနှင့် အဆောင်များ ဖြစ်၏။ ခန်းမများစွာကို ဖြတ်ကျော်လာပြီးနောက် ခန်းမငယ်တစ်ခုကို ရောက်လာခဲ့ကြသည်။

"ဒါက အထွတ်အမြတ်အကြီးအကဲပင်းမုရဲ့ နေထိုင်ရာပါ၊ ခင်ဗျား ဝင်သွားလို့ရတယ်"

တံခါးမှူးက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။

လုမင်လည်း တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့လေသည်။ တံခါးအတွင်းတွင် သေးငယ်သော ခြံဝင်းတစ်ခု ရှိသည်။ ခြံဝင်းအတွင်း၌ လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး သူ့ကိုကျောပေးကာ ရပ်နေသော အမျိုးသမီးတစ်ဦး ရှိ၏။

လုမင်က တံခါးကိုပြန်ပိတ်ပြီးနောက် ထိုအမျိုးသမီး၏နောက်သို့ လျှောက်သွားကာ လက်ယှက်ပြီး ပြောလိုက်သည်။

"အငယ်လေး လုမင်က အကြီးအကဲပင်းမုကို နှုတ်ခွန်းဆက်ပါတယ်"

"အင်း"

အမျိုးသမီးက ခေါင်းညိတ်ပြီး လှည့်ကြည့်လိုက်လေသည်။ ချောမောလှပသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။

"ရှန်းယွမ်အင်ပါယာမှာ စမ်းသပ်မှုဖြတ်ကျော်နေချိန် မင်းက ချင်ယွဲ့ရဲ့သခင်လေးလို့ ပြောခဲ့တယ်၊ ဟုတ်တယ် မဟုတ်လား"

သတ်လတ်ပိုင်း အမျိုးသမီးက စကားစလိုက်သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ပျံ့နှံ့သွားပြီး လုမင်ပေါ်သို့ ကျရောက်လာ၏။

ဤအခိုက်အတန့်တွင်၊ လုမင်က တုနှိုင်းမရအောင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု၏ ပစ်မှတ်ထားခံနေရသလို ခံစားလိုက်ရသည်။ တစ်ဖက်လူက သူ့ကို အတွေးတစ်ခုဖြင့် ပြာကျသွားအောင် စွမ်းနိုင်သကဲ့သို့ပင်။

လုမင်၏ နောက်ကျောပြင်က အေးစက်သော ချွေးများဖြင့် စိုရွှဲလာသည်။ ဒါက သူ့ခန္ဓာကိုယ်၏ မသိစိတ်မှ တုံ့ပြန်မှုပင်။

ဤလူလတ်ပိုင်းအမျိုးသမီးက တုနှိုင်းမရအောင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်မည်မှာ သေချာသည်။ သူမ၏ ကျင့်ကြံမှုကလည်း နားမလည်နိုင်အောင်ပင်။ လုမင်မှာ အမျိုးသမီးက သူ့ကို ထိုးဖောက်မြင်နေသကဲ့သို့ ခံစားရသည်။ သူက အနည်းငယ် လိမ်ညာမိသည်နှင့် သူ့ကို တိုက်ရိုက်အမှုန့်ကြိတ်ပစ်မည်ဆိုတာ သံသယရှိစရာ မလိုပေ။

"အကြီးအကဲ၊ ကျုပ်ပြောခဲ့တာ အမှန်ပါပဲ။ ကျုပ်က ရှမ်းဟွမ်တိုက်ကြီးမှာရှိတဲ့ လောင်ကျွမ်းနေသော နေအင်ပါယာရဲ့ လုမိသားစုကပါ။ အဲဒီအချိန်က ခင်ဗျား ချင်ယွဲ့ကို ခေါ်ဆောင်သွားတဲ့အခါ စကားတစ်ခွန်းပြောခဲ့တယ် မဟုတ်လား။ 'ရှမ်းဟွမ်ရဲ့အထက်၊ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော'တဲ့"

လုမင်က နှိမ့်ချမှု၊ မောက်မာမှုမရှိသော အမူအရာဖြင့် ပြောလိုက်သည်။

ပင်းမု၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သို့သော်လည်း သူ့အကြည့်များက ချက်ချင်း အေးစက်စွားပြီး ပြောလိုက်၏။

"မင်းပြောတာ မမှားပါဘူး၊ ဒါပေမဲ့ ဒီလိုဆိုရင် မင်းက ချင်ယွဲ့ကို မင်းရဲ့အစေခံပြန်ဖြစ်စေဖို့ ဒီကိုရောက်လာတာလား"

"အကြီးအကဲ၊ ခင်ဗျား နားလည်မှုလွဲနေပြီ။ ကျွန်တော်က ချင်ယွဲ့ကို အစေခံတစ်ဦးလို တစ်ခါမှ မဆက်ဆံဖူးဘူး။ ချင်ယွဲ့က ကျွန်တော်နဲ့အတူ ကြီးပြင်းခဲ့ပြီး သူ့ကို ကျွန်တော်ရဲ့မိသားစုဝင်တစ်ဦးလို အမြဲဆက်ဆံခဲ့တာပါ"

လုမင်က ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားမှ ပင်းမု၏ အငွေ့အသက်များက ပြန်လည်ဆုတ်ခွာသွားလေသည်။ သူ့မျက်နှာပေါ်တွင်လည်း နွေးထွေးမှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

လုမင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ တစ်ဖက်လူသည် အလွန် ကြောက်စရာကောင်း၏။ အရှိန်အဝါသက်သက်ကပင် သူ့ကို ကြောက်မက်ဖွယ်ဖိအားများ ခံစားရစေသည်။

ပင်းမုက လုမင်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းက ရှမ်းဟွမ်တိုက်ကြီးထဲကနေ ရုန်းထွက်ပြီး ဒီလိုအောင်မြင်မှုတွေ ရလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ခဲ့မိဘူး"

ရှန်းယွမ်အင်ပါယာ၏ စမ်းသပ်မှုမှ လုမင်၏အကြောင်းကို သူ သိရှိထားပြီး ဖြစ်သည်။ ထိုသူက သူ့တပည့်ချင်ယွဲ့နှင့် ဆက်နွယ်နေသူဖြစ်ကြောင်းကို သူမက မည်ကဲ့သို့ မသိဘဲနေမည်နည်း။

သို့သော်လည်း လုမင်က ရှမ်းဟွမ်တိုက်ကြီးမှ ရုန်းထွက်ပြီး ယွမ်လုသို့ ရောက်လာနိုင်သည့်အတွက် သူမ တကယ်ကို အံ့အားသင့်မိသည်။ ထို့ပြင်၊ သူက ဤကဲ့သို့ ထိတ်လန့်ဖွယ်ရာ အောင်မြင်မှုများကို ရရှိခဲ့ပြီး ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေရှိ ပါရမီရှင်များကိုပင် ဖိနှိပ်ခဲ့သေးသည်။ ဒါက မယုံနိုင်စရာကောင်းလွန်းသည်။

ထိုအချိန်က ချင်ယွဲ့ကို ခေါ်ဆောင်လာသည့်အခါ 'ရှမ်းဟွမ်အထက်၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော'ဟူသော စကားများကို ချန်ထားခဲ့သည်။ သို့သော်လည်း ဒါက ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုမျှသာ ဖြစ်၏။ တစ်ယောက်ယောက်က သူမကို အမှန်တကယ်ရှာတွေ့လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

"အကြီးအကဲက ကျွန်တော်ကို ချီးမွမ်းလွန်ပါပြီ။ ကျွန်တော်က ကံကောင်းခဲ့လို့ပါ"

လုမင်က နှိမ့်ချစွာ ပြောလိုက်သည်။

"ကံကောင်းတာတဲ့လား၊ ဟင်းဟင်း... ဒီအဆင့်ကိုရောက်ဖို့ ကံကိုအားကိုးတဲ့သူကို ငါ တစ်ခါမှ မကြားဖူးဘူး။ ထားပါ၊ မင်း ဒီကိုရောက်လာတာက ချင်ယွဲ့အကြောင်းကို မေးဖို့လား"

ပင်းမုက ပြောသည်။

"ဟုတ်ပါတယ် အကြီးအကဲ၊ ချင်ယွဲ့က ဘာဖြစ်လို့ ကျွန်တော်ကို မေ့သွားတာလဲ။ နောက်ပြီး သူက ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြောပြတဲ့အခါ လုံးဝ မမှတ်မိဘူး။ ချင်ယွဲ့မှာ ဘာဖြစ်သွားခဲ့တာလဲ"

လုမင်က မေးခွန်းများကို ဆက်တိုက်မေးလိုက်သည်။

"ချင်ယွဲ့က သူ့ရဲ့မှတ်ဉာဏ်တွေ ဖျောက်ခံလိုက်ရတာ"

ပင်းမုက သက်ပြင်းချလိုက်သည်။

"ဘာ၊ သူ့ရဲ့ မှတ်ဉာဏ်ကို ဖျောက်ခံလိုက်ရတာလား"

လုမင် အံ့ဩသွား၏။ သူ့မျက်လုံးထဲမှာလည်း အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာတော့သည်။

ဒါက ဘယ်သူလဲ။ သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်တာက ဘာအဓိပ္ပာယ်လဲ။

"ဟုတ်တယ်၊ သူက တာ့လော့ကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် လော့စန်းချုံးပဲ။ သူ့မှာ ဘုရင်ခန္ဓာရှိပြီး သိမ်းယူပယ်‌‌ဖျက်ခြင်းနိယာကို ကျွမ်းကျင်တယ်။ သူက မှတ်ဉာဏ်အပါအဝင် အရာအားလုံးကို သိမ်းယူပစ်နိုင်တယ်"

ပင်းမုက ပြောလိုက်သည်။

"ဘာလို့လဲ၊ သူက ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ"

လုမင်၏ မျက်လုံးများက အေးစက်လာသည်။

"ဘာလို့လဲဆို​တော့ လော့စန်းချုံးက ချင်ယွဲ့ကိုသဘောကျ‌ပြီး လိုက်စားနေလို့ပဲ။ ဒါပေမဲ့ ချင်ယွဲ့ရဲ့ နှလုံးသားထဲမှာ လူတစ်ယောက်က နေရာယူထားပြီးသားပဲလေ၊ အဲဒီလူက မင်းပဲ။ မင်းက သူ့ဆီကို ရောက်လာလိမ့်မယ်လို့ သူ အမြဲယုံကြည်နေခဲ့တယ်။ သူက လော့စန်းချုံးကို ဘယ်လိုလုပ်ပြီး ဂရုစိုက်ပါ့မလဲ"

"ဒါကြောင့် လော့စန်းချုံးက အရမ်းဒေါသထွက်ပြီး ချင်ယွဲ့ရဲ့ ရှမ်းဟွမ်တိုက်ကြီးက အမှတ်တရတွေအားလုံးကို အမှတ်တရတွေအားလုံးကို ဖျောက်ဖျက်ပစ်ခဲ့တယ်။ အခု ချင်ယွဲ့မှာ ယွမ်လု အမှတ်တရတွေပဲကျန်တော့တယ်။ သူက ချင်ယွဲ့ကို အတိတ်ကိုမေ့ပြီး သူ့ကိုလက်ခံစေချင်တာ"

ပင်းမုက အမှန်အတိုင်း ပြောလိုက်သည်။

"သေစမ်း"

လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ အေးစက်စက် လူသတ်ချင်စိတ်တစ်ခုကလည်း ပျံ့နှံ့သွား၏။ ဤအဖြစ်မျိုးတွေ ဖြစ်ခဲ့မည်ဟု သူ မမျှော်လင့်ထားပေ။

ချင်ယွဲ့၏ နှလုံးသားတွင် လူတစ်ယောက်က နေရာယူထားသောကြောင့် သူမ၏ အမှတ်တရများကို ဖျောက်ဖျက်ပစ်ခဲ့ခြင်း ဖြစ်သည်။

ဤလုပ်ရပ်က အလွန်ရယ်စရာကောင်းပြီး အသတ်ခံရသင့်ပေသည်။

"အကြီးအကဲ၊ ခင်ဗျားက ချင်ယွဲ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ သူ ဒီလိုဆက်ဆံခံရပြီးနောက် သူ့အတွက် လက်စားမချေမှာတော့ မဟုတ်ဘူးလား"

လုမင်က ပင်းမုကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးအကြည့်များက ဒေါသအရိပ်အယောင်များပင် ရှိနေသေးသည်။

"ဒါပေါ့၊ ငါ ချင်ယွဲ့အတွက် လက်စားချေချင်တယ်။ ဒါကြောင့် တာ့လော့ကောင်းကင်ဂိုဏ်းကို ဒေါသတကြီးနဲ့ တစ်ခေါက်သွားခဲ့ပေမယ့် နောက်ဆုံးမှာ ငါ ပြန်ထွက်ခဲ့ရတယ်။ ဒါက ဘာကြောင့်လဲဆိုတာ သိလား"

"အဲဒါက လော့စန်းချုံးရဲ့အဖိုးဟာ မဟာဧကရာဇ်ကြီးဖြစ်လို့ပဲ။ အရင်က ဒဏ္ဍာရီတစ်ခုပဲဆိုပေမဲ့ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်။ လော့စန်းချုံးကလည်း သူ့အဖိုးက မဟာဧကရာဇ်ကြီးဖြစ်တာကြောင့် ဥပဒေမဲ့ဖြစ်နေခဲ့ပြီး သူ့ကို ဘယ်သူမှ မထိရဲကြဘူး"

ပင်းမုက အကူအညီမဲ့နေသောလေသံဖြင့် ပြောလိုက်သည်။

All Chapters