← Chapters

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အပိုင်း ( 1848 ) ဝိညာဉ်လည်ပြန်ဆေးလုံး။

သို့သော်လည်း လုမင်၏ ထိန်းချုပ်မှုအောက်တွင် သူတော်စင်လက်နက်များက လော့ဖိုခုန်းဆီသို့ ထပ်မံပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြု၍ အဆက်မပြတ် ထိုးနှက်လိုက်၏။

လုမင်က မုန်တိုင်းတိုက်ခတ်သကဲ့သို့ စတင်တိုက်ခိုက်ခဲ့ပြီး လော့ဖိုခုန်းကို ဖိနှိပ်လိုက်တော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ယုကျစ်နှင့် အခြားသူများ မယုံကြည်နိုင် ဖြစ်သွားကြသည်။

လုမင်က အမှန်တကယ်ပင် အသာစီးရပြီး လော့ဖိုခုန်းကိုစတင်ဖိနှိပ်နေပြီ။ ဒါက မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။

လုမင်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သာဖြစ်ကြောင်း ထင်ရှားသည်။ လော့ဖိုခုန်းမူကား မဟာသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ။

လော့ဖိုခုန်း၏ အရည်အချင်းဖြင့် သူ့ထက် အဆင့်နှစ်ဆင့် ပိုနိမ့်ကျသူတစ်ဦးထံ အရေးနိမ့်သည်မှာ မယုံနိုင်စရာကောင်းလွန်းသည်။

ကောင်းကင်သားတော်က အမှန်တကယ်ပင် ဤမျှစွမ်းအားကြီးသလော။

ဤတိုက်ပွဲက တစ်ခုတည်းသော နတ်နန်းတော်မှ လူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ လူများစွာက တိုက်ပွဲကို စောင့်ကြည့်နေကြပြီး ဤအခိုက်အတန့်တွင် အားလုံး အံ့သြသွားတော့သည်။

လော့ဖိုခုန်းက ဒေါသတကြီး ဟိန်းဟောက်ပြီး အစွမ်းကုန်ခုခံရန် ကြိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့်၊ သူ၏ ထိုးဖောက်ခြင်းနိယာမက အားကောင်းသည့်တိုင် သူ၏ကံကြမ္မာရန်သူကို ရင်ဆိုင်လိုက်ပုံရသည်။ သူက လုမင်၏ ကစဉ့်ကလျားနိယာမကို မထိုးဖောက်နိုင်ခဲ့ပေ။

"ပိတ်လှောင်"

ထိုအချိန်တွင် လုမင်က ခပ်တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် လော့ဖိုခုန်း၏ လှံရှည်ပေါ်တွင် ထူထပ်သော ရွန်းများပေါ်လာပြီး လော့ဖိုခုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်သွား၏။

၎င်းက အစီရင်နိယာမ၏ ကျမ်းစာလိပ်ကိုးတွဲမှ တံဆိပ်ခတ်ခြင်းကျမ်း ဖြစ်သည်။

ယခုလေးတင် လုမင်က သူတော်စင်လက်နက်တစ်ခုစီတွင် အစီရင်နိယာမကို ထည့်သွင်းအသုံးပြုခဲ့သည်။ သူတော်စင်လက်နက်များနှင့် လော့ဖိုခုန်းအကြား အဆက်မပြတ် တိုက်မိနေချိန်တွင် တံဆိပ်ခတ်ခြင်းကျမ်းက တိတ်တဆိတ် အသက်ဝင်နေခဲ့၏။ ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာပြီး လော့ဖိုခုန်းကို ချက်ခြင်း ချိတ်ပိတ်လိုက်ခြင်း ဖြစ်တော့သည်။

လော့ဖိုခုန်းက ထိတ်လန့်တုန်လှုပ်သွားပြီး အစွမ်းကုန် တွန်းလှန်လိုက်သည်။ သူက တံဆိပ်ကို ချိုးဖျက်ရန် မျှော် လင့်လျက် ကြောက်မက်ဖွယ် ထိုးဖောက်ခြင်းစွမ်းအားတို့ကို ထုတ်လွှတ်လိုက်၏။

သို့သော်လည်း လုမင်က သူ့ကို အခွင့်အရေးမပေးတော့ပေ။

"သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသက်သွင်းပြီး ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကစဉ့်ကလျားနိယာမကို အသုံးပြုပြီး လက်ညှိုးညွှန်ပြလိုက်၏။

လုမင်၏ ကစဉ့်ကလျားကပ်ဘေးလက်ချောင်းက ယခုအခါ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပြီးမြောက်နေပြီ။ ၎င်း၏စွမ်းအားက အံ့ဩစရာဖြစ်ပြီး တောင်များနှင့် မြစ်များကိုပင် ဖြိုခွဲပစ်နိုင်သည်။

"ဝုန်"

ကြောက်စရာကောင်းသော လက်ချောင်းကြီးများက လော့ဖိုခုန်း၏ ခန္ဓာကိုယ်ကို တရစပ်တိုက်ခိုက်ခဲ့သည်။ လော့ဖိုခုန်းက လွင့်စဉ်သွားပြီး သွေးများ အန်ထွက်ခဲ့၏။ သူက ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြပြီ။

လုမင်၏ မျက်လုံးများက အေးစက်နေပြီး ရှေ့သို့လှမ်းကာ လော့ဖိုခုန်းကို တိုက်ခိုက်ရန်ပြင်လိုက်သည်။

"မင်း လုပ်ဝံ့လား"

ရုတ်တရက်၊ လော့ဖိုခုန်းနှင့်အတူ ပါလာသော အဘိုးကြီးတစ်ယောက်က အော်ဟစ်ပြီး လက်ဝါးဖြင့်ရိုက်လိုက်သည်။ ကြီးမားသော လက်ဝါးပုံရိပ်တစ်ခုက လုမင်ဆီသို့ လွင့်သွား၏။

"ဧကရာဇ်တစ်ပိုင်း"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ဤလက်ဝါးရိုက်ချက်ကို ရှောင်တိမ်းရန် အစွမ်းကုန် ဆုတ်ခွာရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

"မဟာသူတော်စင်နယ်ပယ် အငယ်လေးတစ်ဦးက တာ့လော့ကောင်းကင်ဂိုဏ်းရဲ့ ပါရီရှင်ကို ထိခိုက်စေဝံ့တယ်။ မင်းကို ဘယ်သူက သတ္တိတွေပေးထားတာလဲ။ ငါ မင်းကို ဖျက်ဆီးပစ်မယ်"

ထိုအခိုက်အတန့်တွင် နောက်ထပ် အဘိုးအိုတစ်ယောက်ကလည်း အေးစက်စက်ပြောပြီး ထွက်လာသည်။ ကောင်းကင်တွင် ကြီးမားသော ခြေဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး လုမင်ဆီသို့ နင်းချလိုက်၏။

ထိုအချိန်တွင် လုမင်က သူ့ပတ်ဝန်းကျင်တွင် အေးခဲသွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ပူဖောင်းလေးပင်လျှင် ဟင်းလင်းပြင်ကို ဖြိုခွဲပြီး မထွက်သွားနိုင်တော့ပါ။

သိုင်းဧကရာဇ်။

ဤအဘိုးကြီးက သိုင်းဧကရာဇ်နယ်ပယ် အကျော်အမော် ဖြစ်သည်။

ဤသည်မှာ တာ့လော့ကောင်းကင်ဂိုဏ်းပင်။ ၎င်းတို့က အလွန်ကြီးစိုးသည်။ တစ်ခုတည်းသောနတ်နန်းတော်၏ နယ်မြေမှာပင် ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးက လုမင်ကို တိုက်ခိုက်ရန် ကြိုးစားနေပြီ။

ခြေဖဝါးကြီးက လုမင်ပေါ်သို့ ကျရောက်ခါနီးတွင် ရေလှိုင်းကဲ့သို့ စွမ်းအင်လှိုင်းများ ဖြာထွက်လာသည်။ သို့သော်လည်း ထိုခြေဖဝါးကြီးက ဤစွမ်းအင်အောက်တွင် ဘယ်‌တုန်းကမှ မတည်ရှိခဲ့သလို ပျောက်ကွယ်သွား၏။

မည်သူမျှ သတိမပြုမိဘဲ ကောင်းကင်တွင် လူရိပ်တစ်ခု ပေါ်လာတော့သည်။

"အထွတ်အမြတ် အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"

တစ်ခုတည်းသော နတ်နန်းတော်မှ လူများက ထိုလူကို လက်ယှက်ပြကာ အရိုအသေပေးလိုက်ကြသည်။

"ဆရာ"

ချင်ယွဲ့ကလည်း အရိုအသေပေးလိုက်၏။

ရုတ်တရက် ပေါ်လာသော ဤလူက ချင်ယွဲ့၏ဆရာ ပင်းမုသည်ပင်။

"သိုင်းဧကရာဇ်တစ်ပါးဖြစ်ပြီး အငယ်တွေကြားက တိုက်ပွဲမှာ ဝင်စွက်ဖက်တာက တရားလွန်တယ်။ လော့ဖိုခုန်း ရှုံးသွားပြီဆိုတော့ အခု မင်းတို့ထွက်သွားလို့ရပြီ"

ပင်းမုက တည်ငြိမ်စွာ ပြောလိုက်သည်။

"အကြီးအကဲ ပင်းမု၊ ဒီကောင်လေးကို သခင်လေး စန်းချုံးကိုယ်တိုင်က အလိုရှိနေတယ်၊ ​​ဒီနေ့ သူ့ကို ခေါ်သွားရမယ်..."

တာ့လော့ကောင်းကင်ဂိုဏ်း၏ သိုင်းဧကရာဇ်က ပြောသည်။

"ထွက်သွား"

ပင်းမုက ငေါက်ငမ်းလိုက်၏။ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက သိုင်းဧကရာဇ်နယ်ပယ် အဘိုးအိုအပေါ်သို့ ကျရောက်လာသည်။ အဘိုးအို၏ အမူအရာက ပြောင်းလဲသွားပြီး နောက်ကိုဆုတ်သွားရတော့သည်။ သူ၏ သွေးများက ဆူပွက်ပြီး သွေးအန်လုနီးပင် ဖြစ်သွားခဲ့ရသည်။

သူက ပင်းမုကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်လေသည်။

ပင်းမုက အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်မည်မှာ သေချာသည်။ သူက နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ပြီး သူ၏ ကျင့်ကြံမှုအခြေခံကလည်း နားမလည်နိုင်လောက်အောင်ပင်။

မဟုတ်လျှင်၊ တာ့လော့ကောင်းကင်ဂိုဏ်းကို တစ်ယောက်တည်း သွားဝံ့မည် မဟုတ်ပါ။ အကယ်၍ မဟာဧကရာဇ်၏ ကြားဝင်စွက်ဖက်ခြင်းမရှိပါက လော့စန်းချုံး အသတ်ခံရမည် ဖြစ်သည်။

ထိုအဘိုးအို၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီးနောက် ပြန်လှည့်ပြီး ပြောလိုက်လေသည်။

"သခင်လေးဖိုခုန်း၊ သွားရအောင်"

လော့ဖိုခုန်းက သူ့နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်သည်။ ထို့နောက်တွင်၊ သူက လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

"လုမင်၊ ငါ့အစ်ကို လော့စန်းချုံးက အခု လေ့ကျင့်နေရေးထွက်နေပေမဲ့ သူပြန်လာတဲ့အခါ မင်း သေချာပေါက် သေလိမ့်မယ်။ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"

ဤသို့ပြောပြီးနောက် ပင်းမုကို လှမ်းကြည့်လိုက်သည်။

တစ်နည်းဆိုရသော်၊ လော့စန်းချုံးပြန်လာ၍ လုမင်ကို သတ်လိုပါက ပင်းမုသည်ပင် ကယ်နိုင်မည် မဟုတ်ပေ။

လော့စန်းချုံး၏အဖိုးက မဟာဧကရာဇ်ကြီး ဖြစ်သည်။

သူကိုယ်တိုင်ကတော့ လော့စန်းချုံးကဲ့သို့ သွေးရင်းမဟုတ်သောကြောင့် လော့စန်းချုံးလောက် အဟန့်အတားများမည် မဟုတ်ပေ။

ထိုသို့ပြောဆိုပြီးနောက် လော့ဖိုခုန်းနှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ လူများက လေထဲသို့ ပျံတက်ကာ ထွက်သွားကြသည်။

'ဒီကောင်က အရမ်းကံကောင်းတာပဲ။ သူ အသက်ရှင်နေသေးတယ်'

ယုကျစ်က မုန်းတီးစွာဖြင့် တွေးလိုက်သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေတာကို ခံစားလိုက်ရ၏။ ဒါက ပင်းမု၏ အကြည့်ပင်။

"​နောက်​တစ်​​ခေါက်​​ ထပ်ဖြစ်​​တော့ဖို့ မျှော်လင့်တယ်"

ပင်းမုက တည်ငြိမ်သော အသံဖြင့် ပြောသော်လည်း ယုယုကျစ်၏ မျက်နှာက ဖြူဖျော့ပြီး ချွေးသီးချွေးပေါက်များ စီးကျလာစေခဲ့သည်။

ပင်းမုသည် လုမင်နှင့် ချင်ယွဲ့တို့အကြောင်းကို တာ့လော့ကောင်းကင်ဂိုဏ်းသို့ သတင်းပို့ခဲ့သူက ယုကျစ်ဖြစ်မှန်း သိရှိနေကြောင်း ထင်ရှားသည်။

ယုကျစ်၏ တကိုယ်လုံး တုန်ယင်နေပြီး စကားမပြောဝံ့တော့ပေ။

လုမင်က ယုကျစ်ကို လျစ်လျူရှုစွာ ကြည့်လိုက်သည်။

ပင်းမု၏ စကားများအရ လက်သည်ဟာ ယုကျစ်ဖြစ်ကြောင်း တွေးကြည့်နေရန် မလိုပေ။ မဟုတ်လျှင်၊ တာ့လော့ကောင်းကင်ဂိုဏ်းက သူ တစ်ခုတည်းသောနတ်နန်းတော်တွင်ရှိနေကြောင်း မည်ကဲ့သို့သိမည်နည်း။

"လုမင်... ချင်ယွဲ့၊ ငါနဲ့ လိုက်ခဲ့ပါ"

ပင်းမုက ပြောပြီးနောက် လှည့်ထွက်သွားသည်။ လုမင်နှင့် ချင်ယွဲ့တို့လည်း ပင်းမုနေထိုင်ရာ ခန်းမသို့ လိုက်သွားကြလေသည်။

"လုမင်၊ မင်းနဲ့ ချင်ယွဲ့တို့ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေကို စွန့်ခွာပြီး တခြားနေရာတွေကို သွားသင့်တယ်။ ဖြစ်နိုင်တာက ချင်ယွဲ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ကောင်းလာဖို့ ကူညီပေးနိုင်လိမ့်မယ်"

ပင်းမုက ပြောလိုက်သည်။

"လော့စန်းချုံးက ကျွန်တော်ကို မသတ်နိုင်ပါဘူး"

လုမင်က ပြောသည်။ ပင်းမု၏ စကားအဓိပ္ပါယ်ကို သူသိပေသည်။ သူက လုမင်ကို ရှောင်နေစေချင်သည်။

"လုမင်၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အားကောင်းပေမဲ့ ကမ္ဘာ့ပါရမီရှင်တွေကို လျှော့မတွက်သင့်ဘူး။ လော့စန်းချုံးက အရမ်းကြောက်စရာကောင်းတယ်။ သူ့ဝိဥာဉ်ခန္ဓာနဲ့ နိယာမက ထိပ်တန်းဖြစ်ပြီး သူ့ရဲ့ကျင့်ကြံမှုအခြေခံကလည်း အန္တိမသူတော်စင်နယ်ပယ်ကို ရောက်နေပြီ။ မင်းက အခုချိန်မှာ သူ့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး"

"ဒါ့အပြင် လော့စန်းချုံးက အဖိုးက မဟာဧကရာဇ်ကြီးဖြစ်ပြီး အရမ်းအကာအကွယ်ပေးတတ်တယ်ဆိုတာကို သိတယ်။ ဒါကြောင့်ပဲ သူက ဥပဒေမဲ့ပြီး အချုပ်အတည်း မရှိဘူး။ မင်းအနေနဲ့ တစ်ခုတည်းသော နတ်နန်းတော် ဒါမှမဟုတ် ရှန်းယွမ်အင်ပါယာမှာ ရှိနေရင်တောင် အသူံးဝင်မှာမဟုတ်ဘူးလေ။ မင်း သူ့ကို ခေတ္တရှောင်နေသင့်တယ်"

"ဒါ့အပြင် ဝိညာဉ်လည်ပြန်လို့ခေါ်တဲ့ ရှေးဟောင်း ဆေးညွှန်းတစ်ခုကို ငါသိတယ်။ ဒီဆေးဝါးက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ပြန်ကောင်းအောင် ကူညီပေးနိုင်တယ်လေ၊ ဒါပေမဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက ရှားပါးလွန်းတယ်။ အထူးသဖြင့် အဓိကပစ္စည်းသုံးမျိုးက အင်အတန်ရှားပါးပြီး ငါ တတ်နိုင်သလောက် ကြိုးစားခဲ့တာတောင် တစ်ခုပဲ ရှာတွေ့သေးတယ်။ မင်း ယူပြီးကြည့်လိုက်ပါ"

ထိုသို့ပြောဆိုပြီးနောက် ပင်းမုက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လုမင်အား ကမ်းပေးလိုက်သည်။

လုမင်လည်း လက်ခံယူပြီး ဝိညာဉ်အသိဖြင့် ဖတ်ရှုလိုက်လေသည်။

၎င်းသည် သန့်စင်သည့်နည်းလမ်းနှင့် ဝိညာဉ်လည်ပြန်ဆေးလုံးကို သန့်စင်ရန် လိုအပ်သောပစ္စည်းများကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်း ဆေးညွှန်းတစ်ခု ဖြစ်သည်။ အထဲတွင် ဆေးပင်အမျိုးအစား ဒါဇင်ချီပြီး ရှိပေသည်။

၎င်းတို့ထဲမှ အဓိကသုံးမျိုးက လုမင် တခါမှ မကြားဖူးသော ပစ္စည်းများ ဖြစ်သည်။

"ငါ ဝိညာဉ်လည်ပြန်ဆေးလုံးကို သန့်စင်ဖို့ လိုအပ်တဲ့ အရန်ပစ္စည်း အားလုံးကို စုဆောင်းပြီးပြီ။ အဓိက ပါဝင်ပစ္စည်း သုံးခုထဲက တစ်ခုကိုလည်း စုဆောင်းပြီးပြီ၊ အဲဒါတွေ အကုန်လုံး ဒီမှာ ယူသွားလိုက်ပါ။ မင်းတို့ ကံကောင်းရင် တခြား ပစ္စည်း နှစ်ခုကို အမြန်ဆုံး စုဆောင်းမိပြီး ဝိညာဉ်လည်ပြန်ဆေးကို ဖော်စပ်နိုင်လိမ့်မယ်။ ဒီလိုဆိုရင် ချင်ယွဲ့ရဲ့ မှတ်ဉာဏ်ပြန်ကောင်းလာဖို့ အလားအလာ တော်တော် များတယ်"

ပင်းမုက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူပြီး လုမင်ကိုပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လုမင်လည်း လက်ခံယူပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

All Chapters