အခန်း ၁၈၅၃
Vol. 124 Ch. 1853
အပိုင်း ( 1853 ) ရှေးဟောင်း ပျက်စီးခြင်းနယ်မြေ၏ တည်နေရာသတင်း။
"ငါ့ကိုရှာနေတာလား၊ ဘာကိစ္စလဲ"
ဟာကျန်းက မေးသည်။
"ဟုတ်တာပေါ့၊ ဒါက ရှေးဟောင်း ပျက်စီးခြင်းနယ်မြေအတွက်ပဲ"
မော့ချင်းရှန်က ပြောလိုက်၏။
ထိုစကားကြောင့် လူတော်တော်များများ အံ့သြသွားကြသည်။
ရှေးဟောင်းပျက်စီးခြင်းနယ်မြေက ပျက်စီးခြင်းမြိုတော်၏ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။ ၎င်းကို မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း၌ မည်သူမျှ ရှာမတွေ့ခဲ့ပါ။ ယခုတော့ ဟာကျန်းတွင် သဲလွန်စများ တကယ်ရှိသလော။
လုမင်လည်း အံ့ဩသွားသည်။
သူက ရှေးဟောင်းပျက်စီးခြင်းနယ်မြေနှင့် ဗာဘေးရစ်သလင်းကျောက်များကို ရှာဖွေရန် ဤနေရာကို လာခဲ့ခြင်းပင် မဟုတ်လော။
"ဟားဟားဟား၊ ရှေးဟောင်းပျက်စီးခြင်းနယ်မြေအကြောင်းကို သိချင်တာဆိုရင် မင်းတို့ လူရွေးမှားသွားပြီ။ ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ တည်ရှိရာနေရာကို ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ"
ဟာကျန်းက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
"ဟာကျန်း၊ မင်းက လိမ်ညာချင်သေးတာလား။ လွန်ခဲ့တဲ့ လအနည်းငယ်က ပျက်စီးခြင်းနယ်မြေကို မင်းကိုယ်တိုင် ဝင်ရောက်ခဲ့ပြီးပြီဆိုတာ ငါတို့သိတယ်"
မော့ချင်းရှန်၏ စကားကြောင့် ရောက်ရှိလာသူအားလုံး အံ့ဩတုန်လှုပ်သွားပေသည်။
ဟာကျန်းက ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို တကယ်ရောက်သွားတာလား။
အားလုံးက ဟာကျန်းကို လှည့်ကြည့်လိုက်ကြသည်။
ဟာကျန်း၏ မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားတော့သည်။
"ငါ့ဟာမိသားစုမှာ သစ္စာဖောက်တစ်ယောက် ရှိပုံရတယ်"
ဟာကျန်းက တစ်လုံးချင်းစီ အေးစက်စက် ပြောလိုက်သည်။
သို့သော်လည်း သူ့စကားက ဝန်ခံလိုက်ပြီဖြစ်ကြောင်း သိသာထင်ရှားပေသည်။
လူများစွာ၏ မျက်လုံးများက တောက်ပသော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ရှေးဟောင်းပျက်စီးခြင်းနယ်မြေက ဤကမ္ဘာပေါ်တွင် တကယ်ရှိသလော။
ကောလဟာလများအရ ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် မရေမတွက်နိုင်သော ရတနာများ ရှိသည်။
"ဟာကျန်း၊ ရှေးဟောင်း ပျက်စီးခြင်းနယ်မြေရဲ့ ဝင်ပေါက်ကို ပြောပြပါ"
လူထွားကြီးက ပြောလိုက်သည်။ ဤပုဂ္ဂိုလ်က ဖန်းမိသားစု၏ ခေါင်းဆောင်ကြီးပင်။ သူ့လက်ထဲတွင် သံတုတ်တစ်ချောင်းကို ကိုင်ဆွံထားသည်။ ၎င်းကိုဝှေ့ယမ်းလိုက်သောအခါ ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်လာ၏။
အခြား ခေါင်းဆောင်များကလည်း အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ပြီး ဟာကျန်းအပေါ်သို့ ဖိအားပေးလိုက်သည်။
"ငါ့ကို ခြိမ်းခြောက်ချင်ရင် မင်းတို့က လိုနေသေးတယ်"
မြစ်ကြီးတစ်စင်းက ဟာကျန်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။ သူ့အရှိန်အဝါက ပိုမိုအားကောင်းလာ၏။ ယင်းက နိယာမမြစ်ကြီးပင်။
ဤသည်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်၏ သင်္ကေတဖြစ်သည်။ နိယာမတစ်ခုကို လုံးလုံးလျားလျား ထိန်းချုပ်ထားမှသာလျှင် နိယာမမြစ်ကြီး ဖြစ်ပေါ်လာနိုင်ပေလိမ့်မည်။
"တကယ်လား၊ ဒါဆိုရင် ငါ စမ်းကြည့်ချင်တယ်"
ဖန်းမိသားစု၏ ခေါင်းဆောင်က ပြောလိုက်သည်။ သူ့ခန္ဓာကိုယ် ကြွက်သားများက ဖောင်းကြွလာပြီး သူ့အရှိန်အဝါကလည်း ပိုမိုအားကောင်းလာ၏။ သူ့လက်ထဲမှ သံတုတ်က ပိုကြီးလာပြီးနောက် ကောင်းကင်တိုင်ကဲ့သို့ အင်အားမျိုးဖြင့် ဟာကျန်းကို ရိုက်ချလိုက်တော့သည်။
ဟာကျန်း မျက်နှာပျက်သွားသည်။ သူက လက်သီးဖြင့် ထိုးနှက်လိုက်သောအခါ နိယာမမြစ်ကြီးကလည်း လှုပ်ရှားသွား၏။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြောင့် ပျက်စီးခြင်းမြို့တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ဧရာမတုတ်ကြီးက လွင့်စဉ်သွားသော်လည်း ဟာကျန်းကိုယ်တိုင် ခြေလှမ်းအနည်းငယ် ဆုတ်သွားရတော့သည်။
လူများစွာက အံ့အားသင့်ပြီး မယုံကြည်နိုင်ဖြစ်ခဲ့ကြသည်။
ဟာကျန်းက အမှန်တကယ်ပင် နောက်ဆုတ်သွားရ၏။
သူက ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။ သူသည် နိယာမတစ်ခုကို အပြည့်အဝ နားလည်ထားပြီး နိယာမမြစ်ကြီးကလည်း ဝန်းရံထား၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းဖြစ်ပြီး ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးကိုပင် အလွယ်တကူ ချေမှုန်းနိုင်သင့်သည်။
ယခုမူ၊ ဟာကျန်းက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါး၏ တွန်းလှန်ခြင်းကို ခံလိုက်ရပြီ။
"ဟားဟားဟား၊ ဟာကျန်း... မင်းက ရှေးဟောင်းပျက်စီးခြင်းနယ်မြေမှာ ဒဏ်ရာအကြီးအကျယ်ရသွားတယ်လို့ ငါကြားတယ်။ အခုတော့ ဒါက အမှန်ဖြစ်နေပုံပဲ။ မင်းရဲ့လက်ရှိအင်အားနဲ့ ငါတို့ခြောက်ယောက်ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ"
ဖန်းမိသားစု၏ အကြီးအကဲက အားပါးတရ ရယ်မောလိုက်သည်။
ထိုအခါမှ ဟာကျန်းမှာ ဒဏ်ရာရနေခြင်းဖြစ်ကြောင်း လူအများက သိလိုက်ကြလေသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ လျော့ကျသွားတာ မထူးဆန်းတော့ပေ။
"အရင်က ငါတို့ဟာ ရက်အနည်းငယ်ကြာမှ လှုပ်ရှားချင်ပေမဲ့ ဒီနေ့ မင်းပေါ်လာတဲ့အတွက် ငါတို့လည်း အချိန်မဆိုင်းနိုင်တော့ဘူး။ ဟာကျန်း၊ ရှေးဟောင်းပျက်စီးခြင်းနယ်မြေက ဘယ်မှာလဲဆိုတာ ပြောပြလိုက်ဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင် ဟာမိသားစုက ပျက်စီးခြင်းမြို့တော်ကနေ ထာဝရ ပျောက်ကွယ်သွားရလိမ့်မယ်"
အခြား အင်အားစုခေါင်းဆောင် တစ်ဦးကလည်း အေးစက်စက် ပြောလိုက်သည်။
ဟာကျန်း၏ မျက်နှာက မည်းမှောင်နေသည်မှာ မျက်လုံးပေါက်ကိုသာ မြင်ရတော့သည်။ သူ၏ ဟာမိသားစုတွင် သစ္စာဖောက်တစ်ဦးရှိပြီး ဤသစ္စာဖောက်ကလည်း ရာထူးကြီးကြီးထဲမှ ဖြစ်သည်။ မဟုတ်ပါက၊ သူသည် ရှေးဟောင်းပျက်စီးခြင်းနယ်မြေသို့ ၀င်ရောက်ပြီး ဒဏ်ရာရသွားကြောင်း သိရှိနေမည် မဟုတ်ပေ။
အကယ်၍၊ သူ၏ အထွတ်အထိပ်အင်အားကို ပိုင်ဆိုင်ထားလျှင် အင်အားကြီးခြောက်ခုမှ ခေါင်းဆောင်များ ပူးပေါင်းမည်ဆိုလျှင်ပင် သူကြောက်နေမည် မဟုတ်ပါ။
သို့ရာတွင်၊ ယခုအချိန်မှာတော့ သူ၏ ဒဏ်ရာများကို ပြန်လည်ကုသနေရဆဲ ဖြစ်သည်။ ဤအခြေအနေဖြင့် အင်အားစုကြီးခြောက်ခု၏ ခေါင်းဆောင်များကို ယှဉ်နိုင်မည် မဟုတ်ပေ။
"မင်းတို့ ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို တကယ်သွားချင်တယ်ဆိုရင် တစ်ခုပြောလိုက်မယ်။ ရှေးဟောင်း ပျက်စီးခြင်းနယ်မြေက အရမ်းအန္တရာယ်များတယ်။ ငါဆိုရင် အတွင်းပိုင်းကိုတောင် နက်နက်နဲနဲ မဝင်ရသေးဘဲ ဒဏ်ရာရခဲ့တာ"
ဟာကျန်းက ပြောလိုက်သည်။
"ဒါအတွက် မင်းစိတ်ပူနေဖို့ မလိုပါဘူး။ ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ ဝင်ပေါက်က ဘယ်မှာလဲဆိုတာ ငါတို့ကို ပြောပြရင်ရပြီ"
မော့ချင်းရှန်က ပြော၏။
မည်သည့် အကျော်အမော်များက သွေးပင်လယ်နှင့် အလောင်းတောင်ကိ မဖြတ်ကျော်ဖူးဘဲ ရှိသနည်း။ သူတို့က အန္တရာယ်များကို မည်သို့ကြောက်ရွံ့နေဦးမည်နည်း။
ထို့ပြင် အခွင့်အလမ်းများက အန္တရာယ်နှင့်မတူ ပါလာတတ်သည်။ ကံကောင်းပါက တစ်ချီတည်းဖြင့် ကောင်းကင်ကို ပျံတက်နိုင်လိမ့်မည်။
"ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ ဝင်ပေါက်က ဘယ်မှာလဲဆိုတာ ငါပြောနိုင်ပါတယ်။ ဒါပေမဲါ မင်းငါ့ကို တစ်ခုလုပ်ပေးရမယ်"
သတ်ဖြတ်ချင်သော စိတ်ဆန္ဒတို့က ဟာကျန်း၏ မျက်လုံးများတွင် တောက်ပလာခဲ့သည်။
"အဲဒါကဘာလဲ"
မော့ချင်းရှန်က မေးသည်။
"ဒီနှစ်ယောက်ကို သတ်လိုက်ပါ"
ဟာကျန်းက လုမင်နှင့် ချင်ယွဲ့ကို လှည့်ကြည့်လိုက်၏။
ဖန်းမိသားစုခေါင်းဆောင်၊ မော့ချင်းရှန်နှင့် အခြားသူများကလည်း လုမင်တို့ကို ကြည့်လာကြတော့သည်။
"ဒါက အငယ်လေး နှစ်ယောက်ပဲ၊ လွယ်ပါတယ်"
မော့ချင်းရှန်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ တောက်ပလာသည်။ အားကောင်းသော အရှိန်အဝါတစ်ခုကလည်း ပေါက်ကွဲထွက်လာ၏။
လုမင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ချင်ယွဲ့နှင့် ပူဖောင်းလေးဆီသို့ တစ်စုံတစ်ခုကို အသံပို့လွှတ်ပြီး ပြောဆိုလိုက်တော့သည်။
"ဝုန်း"
ထိုအခိုက်တွင် မော့ချင်းရှန်၏လက်မှ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး လုမင်နှင့် ချင်ယွဲ့ဆီသို့ ဖြတ်သန်းလာခဲ့သည်။
ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးအနေဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်း၏။ လုမင်နှင့် ချင်ယွဲ့တို့က သူ၏ပြိုင်ဘက် မဟုတ်ပေ။
"နောက်ဆုတ်"
လုမင်က အော်ဟစ်ပြီး ချင်ယွဲ့နှင့်အတူ လျင်မြန်စွာ ဆုတ်သွားသည်။
"မင်းတို့က ငါ့လက်ကနေ လွတ်နိုင်မယ်ထင်တာလား။ သတ်"
မော့ချင်းရှန်က သူ့နောက်ကျောမှ ဓားကိုဖြုတ်ပြီး အော်လိုက်သည်။ ကောင်းကင်ကို လွှမ်းခြုံထားပုံရသည့် ဓားအလင်းတစ်ခုက လုမင်နှင့် ချင်ယွဲ့ဆီသို့ ဖြတ်သန်းသွား၏။
လုမင်နှင့် ချင်ယွဲ့တို့က မရှောင်နိုင်ကြတော့ပါ။
လူတော်တော်များများက သက်ပြင်းချလိုက်ကြသည်။ နောက်ဆုံးတော့လည်း ပါရမီရှင် လူငယ်နှစ်ယောက်က ဤနေရာတွင် ကျဆုံးသွားရပြီ။
သူတို့က အရည်အချင်းရှိသော်လည်း မော့မိသားစု၏ ခေါင်းဆောင်ကဲ့သို့ ဘီလူးကြီးများကိုတော့ မယှဉ်နိုင်သေးပေ။
အကန့်အသတ်မဲ့ ဓားအလင်းက လုမင်နှင့် ချင်ယွဲ့တို့ကို ပိုင်းဖြတ်သွားခဲ့သည်။
သို့သော်၊ သွေးစသွေးနကိုပင် မတွေ့ရပါ။ လုမင်နှင့် ချင်ယွဲ့တို့၏ ခန္ဓာကိုယ်များက ပုံရိပ်ယောင်များကဲ့သို့ ကွဲအက်သွားသည်။
နောက်အခိုက်အတန့်မှာတော့ လုမင်နှင့် ချင်ယွဲ့က ဟာမော့ထီ၏ဘေးတွင် ရုတ်တရက် ပေါ်လာတော့သည်။
"မကောင်းတော့ဘူး၊ ရပ်လိုက်စမ်း"
ဟာကျန်းက မျက်နှာပျက်သွားပြီး ဟိန်းဟောက်လိုက်သည်။ သူက ဟန့်တားချင်သော်လည်း များစွာ နောက်ကျသွားပြီ။
လုမင်က ဟာမော့ထီ၏ လည်ပင်းကို ဖမ်းချုပ်ပြီး သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။
"မင်းတိုက်ခိုက်ဝံ့ရင် ငါ သူ့ကိုသတ်မယ်"
လုမင်၏ အေးစက်သော စကားသံက ဟာကျန်းကို ရပ်တန့်သွားစေသည်။
"သူ့ကိုလွှတ်လိုက်ပါ၊ မဟုတ်ရင် မင်း သေချင်းဆိုးနဲ့ သေရလိမ့်မယ်"
ဟာကျန်းက အေးစက်စက် ပြောလိုက်သည်။
သူ သတိပေါ့လွန်းသွား၏။ သူက လုမင်ကို လွတ်မြောက်မည်ဟု မထင်ထားသလို ဟာမော့ထီကို ဖမ်းဆီးဝံ့မည်ဟုလည်း မမျှော်လင့်ထားပေ။
သို့သော်လည်း လုမင်နှင့် ချင်ယွဲ့တို့၏ လှုပ်ရှားသွားပုံက ထူးခြားလွန်းသည်။ သူတို့က ဟာမော့ထီ၏ဘေးတွင် ရုတ်ချည်းဆိုသလို ပြန်ပေါ်လာခြင်းဖြစ်၍ သူကိုယ်တိုင်ပင် မကာကွယ်နိုင်ခဲ့ပေ။
'ဒါက အချိန်ဟင်းလင်းပြင်နိယာမပဲဖြစ်မယ်'
ဟာကျန်းက အံ့ဩတုန်လှုပ်နေသော အကြည့်ဖြင့် ပူဖောင်းလေးကို ကြည့်လိုက်သည်။
“မင်း စမ်းကြည့်လို့ရတယ်"
လုမင်၏ လက်ဖဝါးမှ သူတော်စင်စွမ်းအင်က အဖျက်စွမ်းအားအဖြစ် ဟာမော့ထီ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်။ နာကျင်စွာ အော်ဟစ်လိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ကောင်းပြီ၊ ရပ်လိုက်တော့"
ဟာကျန်း အော်ဟစ်လိုက်သည်။
"ဟာကျန်း၊ ဒီခွေးစုတ်လေးနှစ်ကောင်ကို ငါ သတ်ရဦးမှာလား... မသတ်ရဘူးလား"
မော့ချင်းရှန်က အေးစက်စက် မျက်နှာထားဖြင့် မေးလိုက်သည်။
သူ အတော်လေး မပျော်မရွှင်ဖြစ်သွား၏။ လုမင်နှင့် ချင်ယွဲ့တို့က သူ့လက်မှ လွတ်မြောက်သွားရုံသာမကဘဲ ဟာမော့ထီကိုလည်း ဖမ်းဆီးခဲ့သည်။ သူ့မျက်နှာက လုံးဝ ပျက်ယွင်းခဲ့ရပေသည်။
"မင်းအမေလင်ကို သတ်လိုက်ပါလား"
ဟာကျန်းက ကျိန်ဆဲလိုက်သည်။
ဟာမော့ထီက လုမင်၏လက်ထဲတွင် ရှိနေပြီ။ သူ့ကို မည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း။
"မင်းရဲ့ စကားလုံးတွေကို သတိထားပါ"
မော့ချင်းရှန်၏ မျက်နှာက အေးစက်သွားသည်။
"ကောင်လေး၊ ဟာမော့ထီကို လွှတ်လိုက်ပါ။ ဒါဆိုရင် ငါ မင်းကို လွှတ်ပေးမယ်"
ဟာကျန်းက လုမင်ကို စိုက်ကြည့်လိုက်၏။
"သူ့ကိုလွှတ်ပေးရမယ်လား၊ မင်း ငါတို့ကို ရှေးဟောင်း ပျက်စီးခြင်းနယ်မြေထဲ ဝင်ခွင့်ပြုရင် ငါ သူ့ကို သဘာဝအတိုင်း လွှတ်လိုက်မယ်"
လုမင်က အေးစက်စက်ပြောပြီး ဟာမော့ထီကိုခေါ်ဆောင်ကာ ဟာကျန်း၊ မော့ချင်းရှန်တို့နှင့် ခပ်လှမ်းလှမ်းကို ဆုတ်သွားတော့သည်။