← Chapters

အခန်း ၁၈၅၄

Vol. 124 Ch. 1854

အခန်း ၁၈၅၄

Vol. 124 Ch. 1854

အပိုင်း ( 1854 ) ဝင်ရောက်ကြခြင်း။

လုမင်က ဟာမော့ထီကို ဖမ်းဆီးထားသဖြင့် ဟာကျန်းမှာ အလောတကြီး မလှုပ်ရှား‌ဝံ့တော့ပေ။ အခြား အင်အားစုများကလည်း မလှုပ်ရှားဝံ့သည်မှာ သဘာဝအတိုင်းပင် ဖြစ်သည်။

"မင်းက ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ဝင်ချင်တာလား"

ဟာကျန်းက မျက်နှာမသာမယာဖြင့် မေးလိုက်သည်။

"ဟုတ်တယ်"

လုမင်က ခေါင်းညိတ်လိုက်သည်။

ရှေးဟောင်းပျက်စီးခြင်းနယ်မြေ၏ သတင်းကြောင့်သာ မဟုတ်ပါက၊ လုမင်သည် ပူဖောင်းလေးကို အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခု ဖွင့်လှစ်စေပြီး ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

"ကောင်းပြီ၊ ငါသဘောတူတယ်။ ဟာမော့ထီကို အခုလွှတ်ပေးလိုက်ပါ"

ဟာကျန်းက ပြောလိုက်သည်။ သူ့မျက်လုံးအကြည့်များကမူ စူးရှ၏။

လုမင်က ဟာမော့ထီကို လွှတ်ပေးလိုက်သည်နှင့်တပြိုင်နက်၊ လုမင်ကို တစ်တုံးစီ တစ်ဖဲ့စီ ပိုင်းဖြတ်ပစ်လိုက်လိမ့်မည်။

"ဟားဟားဟား၊ ငါ့ကို ငတုံးလို့ ထင်နေတာလား။ ငါတို့ ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ဝင်ပြီးတာနဲ့ သူ့ကို သဘာဝအတိုင်း လွှတ်လိုက်မယ်။ အခုနေ သူ့ကိုလွှတ်လိုက်မယ်ဆိုရင် မင်းက ဒီအတိုင်းတကယ်နေမှာမို့လား"

လုမင်က လှောင်ပြောင်လိုက်သည်။

ဟာကျန်း၏ မျက်နှာကြီးက သုန်မှုန်သွားသည်။ သူက အေးစက်စက် ပြောလိုက်၏။

"ရှေးဟောင်း ပျက်စီးခြင်းနယ်မြေက မင်းတို့ ဝင်ချင်တိုင်းဝင်လို့ရတာ မဟုတ်ဘူး။ တစ်လအကြာမှာတော့ အကောင်းဆုံး အခွင့်အရေးဖြစ်လိမ့်မယ်၊ ဒါပေမဲ့ အခုမရဘူး"

"ဒါဆိုရင်လည်း ငါတစ်လလောက် စောင့်လိုက်မယ်။ တစ်လကြာရင် မင်းကိုတွေ့ဖို့ ဒီကိုပြန်လာခဲ့မယ်"

လုမင်က ဟာမော့ထီကို ဆွဲခေါ်ကာ ချင်ယွဲ့နှင့်အတူ လျင်မြန်စွာ ဆုတ်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ဟာကျန်းလည်း မလိုက်ဝံ့ဘဲ ကျန်ရစ်ခဲ့သည်။

"ဟာကျန်း၊ ငါတို့ တစ်​လကြာရင် ပြန်ဆုံကြမယ်"

မော့ချင်းရှန်က ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူ့ပုံရိပ်က ပျောက်ကွယ်သွား၏။

ထို့နောက်မှာတော့ အခြား အင်အားစုခေါင်းဆောင်များလည်း ထွက်သွားကြတော့သည်။

ဟာကျန်းလည်း ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်ပြီးနောက် ဟာမိသားစု အိမ်တော်သို့ ပြန်သွားခဲ့သည်။

ဟာကျန်းက ရှေးဟောင်းပျက်စီးခြင်းမြို့တော်အကြောင်း သိရှိထားပြီဟူသော သတင်းက ပျံ့နှံ့သွားပြီးနောက် ပျက်စီးခြင်းမြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။

မရေမတွက်နိုင်သော လူများက တစ်လတာအချိန်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေခဲ့ကြသည်။

လုမင်နှင့် ချင်ယွဲ့တို့ကတော့ ပျက်စီးခြင်းမြို့တော်မှ ထွက်သွားကြလေသည်။ သူတို့က ဝေးလံခေါင်သီသောအရပ်သို့ ရောက်လာပြီးနောက် ဟာမော့ထီကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ထည့်ထားလိုက်သည်။

ထို့နောက် သူနှင့်ချင်ယွဲ့က ဆိတ်ကွယ်ရာအရပ်တွင် တိတ်တဆိတ်လေ့ကျင့်ရင်သ တစ်လတာအချိန်ကို ဖြတ်သန်းလိုက်လေသည်။

အချိန်များက လျင်မြန်စွာ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လ ကုန်လွန်သွားခဲ့သည်။

ယနေ့တွင်၊ ဟာမိသားစု၏ ‌အိမ်တော်အပြင်ဘက်မှာ လူပင်လယ်ကြီးတစ်ခု ရှိနေသည်။ တစ်ချက်ကြည့်လိုက်ပါက လူများနှင့် ပြည့်နေပြီး အဆုံးကိုပင် မမြင်ရပေ။

"မော့မိသားစုက ရောက်လာပြီ"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ခပ်ဝေးဝေးတွင် လူတစ်စုက ပျံဝဲလာကြသည်။ သူတို့က လူပေါင်း ရာနှင့်ချီရှိ၏။ မော့ချင်းရှန်က ရှေ့ဆုံးမှ ပျံသန်းလာပြီး သူ့နောက်မှာလည်း မော့မျိုးနွယ်မှ အကျော်အမော်များ ရှိနေပေသည်။ အန္တိမသူတော်စင်များချည်း ဆယ်ယောက်ထက်မနည်း ရှိခဲ့သည်။

"ထွက်သွားကြစမ်း"

မော့မိသားစုက ကြီးစိုးသည်။ သူတို့က ရောက်ရှိလာသည်နှင့်တပြိုင်နက်၊ လူများစွာကို မောင်းထုတ်ပြီး နေရာကျယ်တစ်ခုကို သိမ်းပိုက်လိုက်၏။

သို့သော်လည်း မည်သူမျှ မတုံ့ပြန်ဝံ့ကြပေ။

မော့မိသားစုက ပျက်စီးခြင်းမြို့တော်ရှိ အင်အားအကြီးဆုံး အင်အားစု ခုနစ်ခုအနက်မှ တစ်ခုဖြစ်သည်။ သူတို့ကို သာမန်အင်အားစုများက ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

မော့မိသားစု ရောက်လာပြီးနောက်၊ အခြား အင်အားစုငါးခုကလည်း တစ်ခုပြီးတစ်ခု ရောက်လာခဲ့ကြသည်။ သူတို့အားလုံးက အကျော်အမော် အမြောက်အများကို ခေါ်ဆောင်လာပေသည်။

"ဟာကျန်း ဘယ်မှာလဲ"

မော့ချင်းရှန်က ဟာမိသားစု၏ အိမ်တော်ဆီသို့ စိုက်ကြည့်လိုက်သည်။ သူ့အသံက နေရာအနှံ့သို့ ပျံ့လွင့်သွား၏။

"စိတ်မပူပါနဲ့၊ ငါ ဘယ်ကိုမှမသွားဘူး"

ဟာမိသားစု၏ နက်နဲရာအရပ်မှ စကားသံတစ်ခု ထွက်ပေါ်လာသည်။ ဟာကျန်းက လေထံသို့ ပျံတက်လာ၏။

"တစ်လပြည့်ပြီ ဟာကျန်း၊ သွားကြရအောင်"

မော့ချင်းရှန်က ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ တစ်ယောက်ယောက်က မရောက်လာသေးဘူး"

ဟာကျန်းက ပြောသည်။

ဟာကျန်းဆိုလိုသူက လုမင်နှင့် ချင်ယွဲ့တို့ဖြစ်ကြောင်း လူတိုင်းသိပေသည်။

"ဝှစ်... ဝှစ်..."

ဤအခိုက်တွင် လူရိပ်တချို့က အဝေးမှ ပျံသန်းလာသည်။ လုမင်နှင့် ချင်ယွဲ့တို့ ဖြစ်၏။

"ကောင်လေး၊ ငါ့သားမော့ထီက ဘယ်မှာလဲ"

ဟာကျန်းက လုမင်ကို ကြည့်လိုက်သည်။

လုမင်၏ အတွေးတစ်ခုဖြင့် ဟာမော့ထီက လုမင်၏လက်ထဲတွင် ပေါ်လာသည်။ သူက ဟာမော့ထီကိုမြှောက်ပြပြီး ပြောလိုက်၏။

"စိတ်မပူပါနဲ့၊ ငါတို့ ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ရောက်သွားပြီးရင် သူ့ကို လွှတ်လိုက်မယ်"

ဟာမော့ထီက ဘာမှမဖြစ်ကြောင်း မြင်လိုက်ရပြီးမှ ဟာကျန်းလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

"ကောင်းပြီ၊ သွားရအောင်"

"ခဏနေဦး၊ ဒီနေရာမှာ လူတွေများလွန်းတယ်လို့ ခံစားရတယ်။ တွေ့ကရာလူတွေက ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ဝင်ခွင့်မရှိဘူး"

မော့ချင်းရှန်က ဓားတစ်လက်ကဲ့သို့ စူးရှသော မျက်လုံးအကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"အမှန်ပဲ၊ ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ငါတို့ အင်အားစုကြီးခုနစ်ခုကပဲ ဝင်ရောက်ကြရမယ်။ မသက်ဆိုင်သူတွေ အားလုံး ထွက်သွားကြတော့"

ဖန်းမိသားစုခေါင်းဆောင်က အေးစက်စက် ပြောလိုက်၏။

"ဘာ၊ မင်းက ငါတို့ကို ထွက်သွားစေချင်တာလား။ မင်းတို့က အနိုင်ကျင့်လွန်းတယ်"

"အမှန်ပဲ၊ ရှေးဟောင်းပျက်စီးခြင်းနယ်မြေအကြောင်းကို သိရှိသူတိုင်းက မျှဝေခံစားခွင့်ရှိတယ်။ ငါတို့မှာ လူအများကြီးရှိတယ်နော်၊ ငါတို့က မင်းကိုမကြောက်ဘူး"

ချက်ခြင်းပင်၊ လူအများက မကျေနပ်ဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။

"ဝှစ်... ဝှစ်"

ရုတ်တရက်၊ မော့ချင်းရှန်၏လက်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ထွက်ပေါ်လာပြီး လူအုပ်ထံသို့ ဖြတ်သန်းသွားသည်။ ဓားအလင်းကြောင့် လူတစ်ဒါဇင်ကျော်က ချက်ချင်း သေဆုံးသွား၏။

လူအုပ်ကြီးက ဖရိုဖရဲ ဆုတ်ခွာသွားကြသည်။ သူတို့၏ မျက်လုံးများကလည်း ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေတော့သည်။

"ဒါက ငါတို့နောက်ကို လိုက်လာချင်သူတွေရဲ့ ရလဒ်ပဲ"

မော့ချင်းရှန်က ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြုံးလိုက်သည်။

အခြား အင်အားစုများမှ ကျွမ်းကျင်သူများကလည်း ခက်ထန်သော အကြည့်များဖြင့် ကြည့်ကြ၏။

လူအုပ်ကြီးက မျက်နှာပျက်နေကြသော်လည်း ဘာမျှမပြောဝံ့တော့ပေ။ အင်အားကွာခြားချက်က ကြီးမားလွန်းသည်။

"ငါတို့ အခုသွားလို့ရပြီ"

မော့ချင်းရှန်က ဟာကျန်းကို ကြည့်လိုက်သည်။

"သွားကြစို့"

ဟာကျန်းက ခေါင်းညိတ်ပြပြီး ရှေ့သို့တိုးသွားသည်။

"ဟာကျန်း၊ မင်းရဲ့ ဟာမိသားစုက မင်းတစ်ယောက်ပဲလား"

မော့ချင်းရှန်က မေး၏။

"ငါတစ်ယောက်တည်းက လုံလောက်ပြီ"

ဟာကျန်းက လောကအထွတ်အထိပ် တန်ခိုးရှင်တစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ပြောလိုက်သည်။

ထို့ကြောင့် မော့ချင်းရှန်နှင့် အခြား အင်အားစုခေါင်းဆောင်များ၏ မျက်လုံးများတွင် သံသယများ ပေါ်လာကြသော်လည်း ဘာမျှမပြောကြတော့ပေ။

ချက်ချင်းပင်၊ အင်အားစုကြီးခြောက်ခုမှ ကျွမ်းကျင်သူများနှင့် လုမင်တို့လည်း ဟာကျန်း၏နောက်သို့လိုက်ကာ ပျက်စီးခြင်းမြို့တော်မှ ထွက်ခွာသွားကြသည်။

တခြားသူများမှာတော့ မလိုက်ဝံ့ကြသဖြင့် စောင့်ကြည့်ရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

တစ်နာရီကြာ ပျံသန်းလာပြီးနောက် ရေကန်တစ်ခုတွင် ရပ်တန့်သွားခဲ့သည်။

"ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ ဝင်ပေါက်က ဒီမှာလား"

မော့ချင်းရှန်က သံသယဖြင့် မေးလိုက်သည်။

"အချိန်မကျသေးဘူး၊ ခဏလောက်စောင့်လိုက်ပါဦး"

ဟာကျန်းက ပြောဆိုပြီးသည်နှင့် ရေကန်အထက်တွင် မျက်လုံးမှိတ်ကာ အနားယူလိုက်လေသည်။

ကျန်သူများလည်း တိတ်တဆိတ်သာ စောင့်နေလိုက်ကြသည်။

မကြာမီ၊ နေအလင်းရောင်က မြေပြင်ပေါ်သို့ ထိုးကျလာသည်။

"ဝုန်း"

ငြိမ်သက်နေသော ရေကန်၏မျက်နှာပြင်က ရုတ်တရက် လှိုင်းထန်လာ၏။ ငါးအမျိုးမျိုးတို့ကလည်း ရေကန်မျက်နှာပြင်ပေါ်သို့ ခုန်တက်လာတော့သည်။

"ရေကန်အောက်ကို ဆင်းကြ"

ဟာကျန်းက အော်ဟစ်ပြီး ရေကန်အောက်ခြေကို ချက်ချင်း ပြေးဆင်းသွားသည်။ တခြားသူများကလည်း သူ့နောက်ကို အမြန်လိုက်သွားကြ၏။

ရေကန်အောက်ခြေသို့ ရောက်လာသည်နှင့် အနက်ရောင် ရေဝဲကြီးတစ်ခုကို တွေ့လိုက်ရသည်။

လူတိုင်း၏ မျက်လုံးများက တောက်ပလာတော့သည်။

ဒါက ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ ဝင်ပေါက်လား။

ဟာကျန်းက ရှေးဟောင်းပျက်စီးခြင်းနယ်မြေ၏ ဝင်ပေါက်သို့ ပြေးလွှားသွားပြီး အခြားသူများကလည်း နောက်မှ လိုက်သွားကြလေသည်။

လုမင်သည်လည်း လူအုပ်ကြီးနောက်သို့ လိုက်သွားကာ ဝင်ပေါက်ဆီသို့ ပြေးသွားလိုက်သည်။

နောက်အခိုက်အတန့်တွင်၊ လုမင်က မြက်ခင်းပြင်ကြီးတစ်ခုပေါ်တွင် ရပ်နေသည်ကို သတိပြုမိလိုက်၏။ မျက်စိတစ်ဆုံး သူမြင်နိုင်သမျှမှာ အဆုံးမဲ့မြက်ခင်းပြင်ကြီးပင်။ ၎င်းက ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနား၍ ရှေးကျသော အငွေ့အသက်တို့ ထွက်ပေါ်နေသည်။

သူ့ပတ်ဝန်းကျင်မှာတော့ ဟာကျန်းနှင့် အဓိက အင်အားစုကြီးခြောက်ခုမှ ကျွမ်းကျင်သူများ အားလုံး ရှိနေကြပေသည်။

သူတို့၏ ဦးခေါင်းထက်မှာတော့ အနက်ရောင် လမင်းကဲ့သို့ ရေဝဲကြီးတစ်ခုကို တွေ့ရသည်။

ဒါက ရှေးဟောင်းပျက်စီးခြင်းနယ်မြေလား။

လူအများက ဝိုင်းကြည့်လိုက်ကြသည်။

"ကောင်လေး၊ အခု ငါ့သားကို လွှတ်ပေးနိုင်ပြီလား"

ဟာကျန်းက လုမင်ကို ကြည့်လိုက်သည်။

"ဘာတွေ အလျင်လိုနေတာလဲ"

လုမင်က ဟာမော့ထီကိုသယ်ဆောင်ကာ ချင်ယွဲ့နှင့်အတူ အဝေးသို့ ပျံသန်းသွား၏။

"မင်းဘာလုပ်တာလဲ၊ မော့ထီကို လွှတ်လိုက်စမ်း"

ဟာကျန်းက စိုးရိမ်ပူပန်စွာ‌ဖြင့် အော်ဟစ်လိုက်သည်။

"ငါ သူ့ကို အခုလွှတ်လိုက်ရင် မင်းငါ့ကိုသတ်မှာမဟုတ်မှန်း ဘယ်သူသိမှာလဲ။ ငါက မင်းနဲ့ အကွာအဝေးတစ်ခုကို အရင်သွားရမယ်"

လုမင်၏ အသံက ပိုပိုပြီး ဝေးကွာသွားလေသည်။

"ဟားဟားဟား၊ ဒါက ရှေးဟောင်းပျက်စီးခြင်းနယ်မြေလား။ သွားကြရအောင်"

"သွားကြမယ်ဟေ့"

အခြားသော အင်အားစုခြောက်ခုကလည်း သူတို့၏ အခွင့်အလမ်းများကို လုယူခံရမည်အား စိုးရိမ်သကဲ့သို့ နေရာအနှံ့ကို ချက်ချင်း ပျံသန်းသွားကြသည်။

ကောလဟာလများအရ ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် ရတနာများ အများကြီးရှိသည်။ သူတို့က အချိန်ကို အကျိုးရှိရှိ အသုံးချပြီး သဘာဝအတိုင်း လှုပ်ရှားရလိမ့်မည်။ အားလုံးက လောဘတက်နေသောကြောင့် ဟာကျန်း၏ မျက်လုံးများမှ စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုတို့ကိုပင် သတိမမူမိတော့ပေ။

All Chapters