← Chapters

အခန်း ၁၈၅၆

Vol. 124 Ch. 1856

အခန်း ၁၈၅၆

Vol. 124 Ch. 1856

အပိုင်း ( 1856 ) ဟွမ်မျိုးနွယ်။

"အလို၊ မိန်းကလေးက ဟွမ်မျိုးနွယ်ကို ကြားဖူးလို့လား"

လူထွားကြီးက ချင်ယွဲ့ကို တအံ့တဩဖြင့် ကြည့်လိုက်သည်။

"ကျွန်မ ဆရာရဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဟွမ်မျိုးနွယ်က အင်မတန်ရှေးကျတဲ့ မျိုးနွယ်တစ်ခုဖြစ်ပေမဲ့ ရှေးကပဲ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားခဲ့တယ်တဲ့။ သူတို့ကို ဒဏ္ဍာရီဆန်ဆန် ရှေးဟောင်းပျက်စီးခြင်းနယ်မြေမှာ ရှိနေဦးမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး"

ချင်ယွဲ့က‌ ပြောလိုက်သည်။

"ဟားဟားဟား...၊ မိန်းကလေး မင်းမှန်ပါတယ်။ ဟွမ်မျိုးနွယ်က သီးခြားနေထိုင်ခဲ့တာ ကြာပြီ။ သူတို့က ရှေးဟောင်း ပျက်စီးခြင်းနယ်မြေမှာ တိတ်တဆိတ် နေထိုင်ခဲ့ကြတာလေ။ မင်းက ငါတို့အကြောင်းကို သိထားဦးမယ်လို့ မမျှော်လင့်ထားဘူး။ ငါသိသလောက်ဆိုရင် အပြင်လူတွေ နောက်ဆုံးအကြိမ် ဝင်လာခဲ့တာ တော်တော်ကြာနေပြီ"

လူထွားကြီးက ပြောလိုက်လေသည်။

ဟွမ်မျိုးနွယ်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားသည်။ သူတို့က သာမန်လူများနှင့် အလွန်ကွာခြားပြီး အရပ်အမောင်း၊ အလုံးအထည် ထွားကြိုင်းကြ၏။ ထို့ကြောင့် လုမင်တို့ဟာ အပြင်လူများဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

"အကြီးအကဲ၊ ဒါဆိုရင် ဒီနေရာက ဘယ်မှာလဲ"

လုမင်က ထပ်မေးလိုက်သည်။

"ဒါက လှောင်အိမ် တိုက်ပွဲကွင်းပဲ"

လူထွားကြီးက ပြော၏။

"လှောင်အိမ် တိုက်ပွဲကွင်းဆိုတာက ဘာလဲ"

လုမင် မျက်မှောင်ကြုတ်သွားမိသည်။

လူထွားကြီးကလည်း အခြေအနေကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။

ဟွမ်မျိုးနွယ်က အပြင်လူများမသိနိုင်သော ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် သီးခြားနေထိုင်ကြသည်။ လုမင်နှင့် အခြားသူများက ရုတ်တရတ် ဝင်ရောက်လာသောကြောင့် သူတို့ကို သဘာဝအတိုင်း ဖမ်းဆီးခဲ့ခြင်းပင်။

ထို့ပြင်၊ ဤနေရာက ဟွမ်မျိုးနွယ်၏ ကြီးမားသော လှောင်အိမ် တိုက်ပွဲကွင်း ဖြစ်သည်။ ဤနေရာတွင် အကျဉ်းချခံထားရသူများက ကြီးလေးသော ရာဇ၀တ်မှုကျူးလွန်သူများ သို့မဟုတ် ကျွန်ခံသူများပင်။ သူတို့က အသက်လုတိုက်ပွဲများတွင် ပါဝင်ရမည်ဖြစ်ပြီး အခြားကျွန်များ၊ ကြမ်းကြုတ်သော သားရဲများနှင့် လေ့ကျင့်ရန် ဤနေရာသို့ ရောက်လာသော ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရမည် ဖြစ်သည်။

ဟွမ်မျိုးနွယ်က တိုက်ပွဲကို အလွန်ဆာလောင်ကြသူများ ဖြစ်သည်။ ထို့ကြောင့် အသက်လုတိုက်ပွဲများက ဟွမ်မျိုးနွယ်ဝင် အများအပြားကို ကြည့်ရှုရန် ဆွဲဆောင်ခဲ့ပေသည်။

လုမင်လည်း သဘောပေါက်သွားသည်။ သူတို့ကို ဖမ်းဆီးလာခဲ့ပြီးနောက် အသက်လုတိုက်ပွဲများတွင် ပါဝင်ရတော့မည်။

လူထွားကြီးကလည်း ကြီးလေးသောအပြစ်များ ကျူးလွန်ခဲ့ပြီး ကျွန်ဖြစ်ခဲ့ရသောကြောင့် သေမင်းတမန် အသက်လုတိုက်ပွဲများတွင် ပါဝင်ခဲ့ရသည်။

"လှောင်အိမ် တိုက်ပွဲကွင်းမှာ ‌အသက်လုတိုက်ပွဲတွေက ပုံမှန်အားဖြင့်တော့ အဆင့်တူတွေကြားမှာ ဖြစ်လေ့ရှိတယ်။ မင်းက ဆက်တိုက်တိုက်ခိုက်ပြီး တိုက်ပွဲတစ်ရာကို အောင်မြင်နိုင်သရွေ့ လွတ်လပ်မှုကို ရရှိပြီး ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မယ်။ မင်းနဲ့ အဲဒီကလေးမလေးကတော့ ကစဉ့်ကလျားနိယာမနဲ့ အချိန်ဟင်းလင်းပြင်နိယာမကို ပိုင်ဆိုင်ထားတာကြောင့် တိုက်ပွဲတစ်ရာကို အနိုင်ယူပြီး ထွက်သွားနိုင်မှာ သေချာပါတယ်"

လူထွားကြီးက ရှင်းပြလိုက်သည်။

"တိုက်ပွဲပေါင်း တစ်ရာဆက်တိုက် အနိုင်ရရှိတာနဲ့ လွတ်လပ်မှုကို ပြန်ရနိုင်မယ်ပေါ့"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

လွတ်​လပ်​ခွင့်​ရ​နေ​သ​ရွေ့ လွတ်မြောက်ရန်လည်း အခွင့်​အ​ရေး​ရှိ​လိမ့်​မည်။

"သေချာတာပေါ့၊ ဟွမ်မျိုးနွယ်က တိုက်ပွဲကို ဆာလောင်ကြပြီး သန်မာတဲ့ တိုက်ခိုက်နိုင်စွမ်းရှိသူကို လေးစားကြတယ်"

လူထွားကြီးက ပြောဆိုပြီး အတွင်းပိုင်းအကျဆုံးနံရံကို စိုက်ကြည့်လိုက်သည်။

"အသက်လုတိုက်ပွဲ စတင်တာနဲ့ အဲဒီနံရံမှာ ပေါ်လာလိမ့်မယ်။ ဒါက တခြားသူတွေရဲ့ တိုက်ခိုက်ရေးအင်အားကို စောင့်ကြည့်ဖို့ ငါတို့အတွက် အခွင့်အရေးပဲ"

ထို့နောက်တွင် လုမင်နှင့် အခြားသူများက လူထွားကြီးနှင့် ခဏကြာ စကားစမြည် ပြောဆိုခဲ့ကြသည်။ လူထွားကြီးအတွက်လည်း ဤသည်မှာ အပြင်လူများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခြင်းပင်။ သူက အလွန်စိတ်လှုပ်ရှားနေပြီး သူသိသမျှကို လုမင်နှင့် တခြားသူတွေကို ပြောပြခဲ့သည်။ လုမင်တို့လည်း ဤနေရာအကြောင်းကို ပို၍ သိလာခဲ့ကြလေသည်။

မသိနိုင်သော အချိန်တစ်ခုကြာပြီးနောက်၊ လျှို့ဝှက်ခန်း၏ အတွင်းနံရံက ရုတ်တရက် တောက်ပလာပြီး ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာသည်။

၎င်းက ကြီးမားသော လှောင်အိမ်တိုက်ပွဲကွင်းပင်။ လှောင်အိမ်တိုက်ပွဲကွင်း၏ အနီးတဝိုက်မှာလည်း ကြည့်ရှုသူများ တန်းစီနေသည်။ ပွဲကြည့်စင်တစ်ခုလုံးက လူများနှင့် ပြည့်နေတော့သည်။

သူတို့အားလုံးက ထွားကျိုင်းကြပြီး ဟွမ်မျိုးနွယ်၏ မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ အမျိုးသမီးများပင် အရပ်နှစ်မီတာကျော် မြင့်မား၏။ အားလုံးက ထွားကြိုင်းပြီး ကြွက်သားများ ဖုထစ်နေကာ ခွန်အားဗလနှင့် ပြည့်စုံကြပေသည်။

မျက်နှာပြင်မှတဆင့် ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။

ဤမြင်ကွင်းမှ အသံများကို အမှန်တကယ် ကြားရ၏။ ဒါက တကယ်ကို အံ့ဩဖွယ်ရာပင်။

သို့သော်လည်း သိုင်းပညာကမ္ဘာတွင် အကျော်အမော်တိုင်းက ကောင်းကင်နှင့်မြေပြင်၏ နိယာမများကို ထိန်းချုပ်ထားသည်။ နိယာမများသည် လောက၏အခြေခံအုတ်မြစ် ဖြစ်၏။ တစ်စုံတစ်ခုက မည်မျှပင် အံ့ဖွယ်ကောင်းသည်ဖြစ်စေ၊ ဤကမ္ဘာပေါ်တွင် ဖန်တီးနိုင်သည်မှာ အထူးအံ့သြစရာ မဟုတ်ပေ။

လှောင်အိမ်တိုက်ပွဲကွင်းတွင် တိုက်ပွဲတစ်ခုက စတင်နေပြီ ဖြစ်သည်။

"ဂါး"

ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။ လှောင်အိမ်တိုက်ပွဲကွင်း နံဘေးရှိ တံခါးပေါက်မှ သားရဲကြီးတစ်ကောင် ထွက်လာခဲ့၏။

၎င်းက ကျားပုံသဏ္ဍာန်ရှိသော သားရဲတစ်ကောင်ဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်ကို အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏အစွယ်များက ဓားရှည်များကဲ့သို့ ချွန်ထက်ပြီး အလွန်ရက်စက်ကြမ်းကြုတ်ပုံရပေသည်။

"ဒါက သန္ဓေပြောင်းသားရဲကောင်ပဲ"

လုမင်က ရေရွတ်လိုက်သည်။

ဤသားရဲက အလွန်ရှေးကျသောပုံပေါက်ပြီး ပြင်ပကမ္ဘာတွင် တွေ့ရခဲသည်။ ၎င်းကို ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင်သာ တွေ့ရှိနိုင်၏။

ထိုအချိန်တွင်၊ လှောင်အိမ်တိုက်ပွဲကွင်း၏ အခြားတစ်ဖက်ရှိ တံခါးတစ်ခုမှ ရုပ်သွင်တစ်ခု ထွက်လာခဲ့သည်။

"မော့ချင်းရှန်"

လုမင်၊ ချင်ယွဲ့နှင့် ပူဖောင်းလေးတို့ အံ့ဩသွားကြသည်။

ထွက်လာသူက တကယ်ကို မော့ချင်းရှန်ပင်။

"ဒီလူက မင်းတို့နဲ့အတူ အပြင်က ဝင်လာခဲ့တာ မဟုတ်လား"

လူထွားကြီးက မေးလိုက်သည်။

"ဟုတ်တယ်၊ ဒီလူက အတော်သန်မာတယ်နော်။ သူက အန္တိမသူတော်စင်နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ။ သူက အခွင့်အရေးရှာပြီး ထွက်ပြေးသွားမှာကို မစိုးရိမ်ဘူးလား"

လုမင်က ပြန်မေးလိုက်၏။

"ထွက်ပြေးမှာလား၊ ဒီလှောင်အိမ်တိုက်ပွဲကွင်းကို စောင့်ကြပ်နေတဲ့ သိုင်းဧကရာဇ်က ငါးယောက် အနည်းဆုံးရှိတယ်။ ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုရင် သေခြင်းတရားကပဲ သူ့ကိုစောင့်ကြိုနေမှာလေ။ အဲဒီလိုဆိုရင် ချက်​ချင်း သတ်​ခံရမှာပဲ"

လူထွားကြီးက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

"သိုင်းဧကရာဇ် ငါးပါးလား"

လုမင် တုန်လှုပ်သွားမိသည်။ ကြည့်ရတာ ဟွမ်မျိုးနွယ်၏ အင်အားကို လျှော့တွက်၍မရပေ။

ဤသည်မှာ လှောင်အိမ်တိုက်ပွဲကွင်း တစ်ခုမျှသာဖြစ်သော်လည်း သိုင်းဧကရာဇ် ငါးပါးထက်မနည်း ရှိသည်။

ယခုအချိန်တွင် မော့ချင်းရှန်၏မျက်နှာက မည်းမှောင်နေပေသည်။

သူက မော့မိသားစု၏ ကျွမ်းကျင်သူများကို ရတနာများရှာဖွေရန် ရှေးဟောင်းပျက်စီးခြင်းနယ်မြေသို့ ခေါ်ဆောင်လာခဲ့သော်လည်း ခြုံခိုတိုက်ခိုက်ခံရပြီး ထိုကဲ့သို့သောနေရာကို ယူဆောင်လာရန် မမျှော်လင့်ခဲ့ပေ။

သူတို့က တိုက်ပွဲပေါင်း တစ်ရာ ဆက်တိုက် အောင်နိုင်မှသာ လွတ်လပ်မှုကို ပြန်ရနိုင်သည်ဟုလည်း ပြောခဲ့သည်။

ထိုအချိန်တွင် မော့ချင်ရှန်၏နှလုံးက လေးလံသွား၏။

အကြောင်းမူ၊ သူရင်ဆိုင်နေရသော သားရဲက ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါရှိသောကြောင့်ပင်။ ၎င်းက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင်ရှိသော သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားက မှန်းဆ၍မရနိုင်ပေ။

"ဂါး..."

သားရဲက ဟိန်းဟောက်ပြီး မော့ချင်းရှန်ကို တိုက်ခိုက်လိုက်သည်။ သူ၏ ခြေလက်လေးချောင်းက မြေပြင်ကို နင်းချလိုက်သည်နှင့် မြေပြင်တုန်ခါသွား၏။

"သတ်"

မော့ချင်းရှန်လည်း တုံ့ဆိုင်းမနေတော့ဘဲ သူ့ဓားကို ဖြုတ်ရင်း ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားတန်းတစ်ခုက လေဟာနယ်ကိုဖြတ်၍ သားရဲကို ခုတ်လိုက်တော့သည်။

သားရဲက မိုးကြိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံက ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဓားတန်းကို ဖျက်ဆီးပစ်လိုက်၏။ တစ်ချိန်တည်းမှာပင် ၎င်း၏ ကြီးမားသော လက်သည်းများဖြင့် ကုပ်ဆွဲလိုက်တော့သည်။

မော့ချင်းရှန်၏ မျက်နှာက လေးနက်လာသည်။ သူက ကောင်းကင်သို့ ပျံတက်သွား၏။ အဆုံးမဲ့ ဓားအလင်းများက ကောင်းကင်မှ ဖြာထွက်လာပြီး သားရဲများဆီသို့ ဖြတ်သွားကြ၏။ သို့သော်လည်း ဓားအလင်အများစုကို သားရဲရိုင်းက ဖျက်ဆီးပစ်လိုက်သည်။ ဓားအလင်းအချို့က သားရဲရိုင်းကိုထိမှန်သွားသော်လည်း သံသံချင်းထိခတ်သံနှင့် မီးပွားများသာ ထွက်ပေါ်လာပေသည်။

မော့ချင်းရှန်က ဓားအလင်းက သားရဲ၏ခံစစ်ကို မဖြတ်ကျော်နိုင်ပါ။ ၎င်းတို့က သားရဲ၏ အကြေးခွံများပေါ်တွင် ဓားဒဏ်ရာ အမှတ်အသား အနည်းအများသာ ကျန်ရစ်စေခဲ့သည်။

သားရဲရိုင်းက ဓားအလင်းများကို ဖြတ်ကျော်ပြီး မော့ချင်းရှန်ကို တိုက်ခိုက်လိုက်၏။ ၎င်း၏ခြေသည်းများဖြင့် ကုပ်ဆွဲလိုက်ခြင်းဖြင့် မော့ချင်းရှန်ကို လွင့်စဉ်သွားစေခဲ့ပေသည်။

မော့ချင်းရှန်၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်။

"ဂါး"

သားရဲရိုင်းက ပို၍ ခက်ထန်လာပုံရသည်။ ၎င်းက မော့ချင်းရှန်ကို ဆက်လက်တိုက်ခိုက်လိုက်၏။

မော့ချင်းရှန်က သားရဲရိုင်းကို မယှဉ်နိုင်တော့ပါ။ သူတို့နှစ်ဦးက တိုက်ခိုက်မှု ဒါဇင်ချီကာ ဖလှယ်ကြသော်လည်း‌ မော့ချင်းရှန်သာ အရေးနိမ့်နေခဲ့သည်။ တစ်ကြိမ်တွင်၊ သူ့ခန္ဓာကိုယ်က ထက်ခြမ်းကွဲလုနီးဖြစ်ပြီး ကပ်သီလေး ရှောင်နိုင်ခဲ့ပေသည်။ သို့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

"ငါ မင်းနဲ့ မကစားတော့ဘူး"

မော့ချင်းရှန်က ကောင်းကင်ကို ပျံတက်သွားသည်။ သူက တိုက်ပွဲကွင်း၏ ကောင်းကင်မှတဆင့် ထွက်ပြေးရန် ကြိုးစားခြင်း ဖြစ်၏။

သို့သော်လည်း တိုက်ပွဲကွင်း၏ ကောင်းကင်ယံမှ ကြီးမားသော လက်ဖဝါးကြီးတစ်ဖက် ပေါ်လာပြီး မော့ချင်ရှန်ကို ဖိချလိုက်တော့သည်။

"မဟုတ်ဘူး..."

မော့ချင်းရှန်က အော်ဟစ်လိုက်သည်။ သို့သော်လည်း သူက ဧရာမ လက်ဖဝါးကြီးမှ မလွတ်မြောက်နိုင်ဘဲ တိုက်ပွဲကွင်းသို့ ပြန်ပြုတ်ကျသွား၏။

သားရဲရိုင်းက ဟိန်းဟောက်ပြီး အခွင့်အရေးကို ဆုပ်ကိုင်ကာ တိုက်ခိုက်လိုက်သည်။ သူက မော့ချင်းရှန်ကို အပိုင်းပိုင်းဆုပ်ဖြဲပြီး စားသောက်ပစ်လိုက်တော့သည်။

"မင်း လှောင်အိမ်တိုက်ပွဲကွင်းကနေ ဘယ်လိုတောင် ထွက်ပြေးဝံ့တာလဲ။ သေသင့်တယ်"

လှောင်အိမ်တိုက်ပွဲကွင်း၏အထက်မှ ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင်၊ အခြားသောလျှို့ဝှက်အခန်းများရှိ လုမင်အပါအဝင် ပျက်စီးခြင်းမြို့တော်မှ ဝင်လာကြသူအားလုံးက လှောင်အိမ်တိုက်ပွဲကွင်းတွင် ဖြစ်ပျက်ခဲ့သမျှကို မြင်လိုက်ကြရသည်။ သူတို့မျက်နှာများက သွေးဆုတ်ဖြူရော်သွားတော့သည်။

နောက်ပိုင်းတွင် သူတို့ကိုယ်တိုင်လည်း ဤတိုက်ပွဲမျိုး ရင်ဆိုင်ကြရမည် ဖြစ်သည်။ လူတစ်ယောက်က တိုက်ပွဲတစ်ရာကို ဆက်တိုက်အနိုင်ရရှိရန် မည်သို့ဖြစ်နိုင်မည်နည်း။

ရှေးဟောင်းပျက်စီးခြင်းနယ်မြေက ရတနာနယ်မြေအစား ငရဲပြည်ဖြစ်နေမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

"ဒါတွေအားလုံး ဟာကျန်းကြောင့်ပဲ"

လူအများက ဟာကျန်းကို မုန်းတီးသွားကြသည်။ တစ်ချိန်တည်းမှာပင်၊ ဟာကျန်းက သူ၏ မိသားစုဝင်များကိုမခေါ်ဘဲ တစ်ဦးတည်း လိုက်လာရခြင်း အကြောင်းရင်းကိုလည်း နားလည်သွားကြတော့သည်။

All Chapters