အခန်း ၁၈၅၇
Vol. 124 Ch. 1857
အပိုင်း ( 1857 ) ဟွမ်မျိုးနွယ်၏ တိုက်ခိုက်ရေးအင်အား။
ထို့နောက်တွင် အသက်လုတိုက်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
ဒုတိယမြောက် ဝင်လာသူကလည်း အပြင်လူတစ်ဦးပင်။ သူက ပျက်စီးခြင်းမြို့တော်၏ အဓိကအင်အားစုခြောက်ခုမှ တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးလည်း ဖြစ်၏။
ဤတစ်ကြိမ်တွင်၊ သူသည် ဟွမ်မျိုးနွယ်၏ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးနှင့် ရင်ဆိုင်ရသည်။
သို့သော်လည်း ထိုဟွမ်မျိုးနွယ်ဝင်၏ တိုက်ခိုက်ရေးအင်အားက ယခင် သန္ဓေပြောင်း သားရဲရိုင်းထက်ပင် အနည်းငယ် ပိုအားကောင်းသေးသည်။ ဆယ်ကြိမ်ကျော်ခန့် ထိပ်တိုက်ရင်ဆိုင်နေပြီးနောက် ထိုအင်အားစုခေါင်းဆောင်ကို သတ်ပစ်လိုက်သည်။
ထို့နောက်တွင် တက်ရောက်လာသူ အားလုံးနီးပါးက အပြင်လူများ ဖြစ်ခဲ့သည်။
ဟွမ်မျိုးနွယ်က အပြင်လူများအကြောင်း သိချင်ပြီး သူတို့မည်မျှ သန်မာသည်ကို သိလိုပုံရပေသည်။
သို့သော်လည်း လူဆယ်ဦးထက်မနည်း တက်သွားပြီးသည့်တိုင် မည်သူမျှ အနိုင်မရခဲ့ပေ။ အားလုံး အသတ်ခံရသည်။
လုမင်က ဟွမ်မျိုးနွယ် သို့မဟုတ် သားရဲရိုင်းပင်ဖြစ်ပါစေ၊ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်မြင့်မားကြောင်း နားလည်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့က အပြင်လူများကို လုံး၀ ချေမှုန်းနိုင်ပေသည်။
'ဟွမ်မျိုးနွယ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အင်မတန် အားကောင်းပုံရတယ်။ သူတို့သုံးတဲ့ နိယာမကလည်း အင်အားနဲ့ ပတ်သက်တယ်။ သူတို့က တကယ်ကို တိုက်ပွဲကိုဆာလောင်ကြသူတွေပဲ'
လုမင်က သူ့စိတ်ထဲမှ တွေးနေမိသည်။
ထို့နောက်တွင် တိုက်ပွဲ ဆယ်ပွဲကျော် ထပ်မံဖြစ်ပွားခဲ့သော်လည်း ခြွင်းချက်မရှိ၊ ပြင်ပလူတစ်ဦးတစ်ယောက်မှ အနိုင်မရရှိခဲ့ပါ။ အားလုံး အသတ်ခံရသည်။
ကျန်ရှိနေသော အပြင်လူများမှာ စိတ်အားငယ်လာကြတော့သည်။ တစ်ပွဲအနိုင်ရရှိရန်ပင် အလွန်ခက်သည်။ တိုက်ပွဲတစ်ရာကို အနိုင်ရရှိရန်က လုံးဝ မဖြစ်နိုင်ပေ။
ထိုအချိန်တွင် နံရံပေါ်ရှိ အလင်းရောင်များက မှေးမှိန်ပျောက်ကွယ်သွားသည်။
ယနေ့အတွက် လှောင်အိမ်တွင်းမှ တိုက်ပွဲက ပြီးသွားပြီ။ ဒုတိယနေ့တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
ထိုညတွင် လုမင်၊ ပူဖောင်းလေးနှင့် ချင်ယွဲ့တို့က တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် လေ့ကျင့်နေခဲ့ကြသည်။
သူတို့သုံးယောက်ကတော့ တိုက်ခိုက်ရမှာကို မကြောက်ပါ။ တိုက်ပွဲပေါင်း တစ်ရာ ဆက်တိုက် အောင်နိုင်မည်ဟု ယုံကြည်ကြသည်။
နောက်တစ်နေ့တွင် အသက်လုတိုက်ပွဲ စတင်ပြန်လေသည်။
တက်သွားသောသူများကလည်း အပြင်လူများ ဖြစ်သည်။ သို့သော်လည်း ရလဒ်များက မနေ့ကနှင့် အတူတူပင်။ အားလုံးနီးပါး အသတ်ခံခဲ့ရသည်။ လူတစ်ဦးက ထွက်ပြေးရန် ကြိုးစားသော်လည်း ဟွမ်မျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦး၏ ပြတ်သားစွာ အသတ်ခံခဲ့ရပေသည်။
သုံးရက်မြောက်သောနေ့တွင်၊ နက်နဲသော တိုက်ခိုက်ရေးစွမ်းအားဖြင့် ပါရမီရှင်တစ်ဦးက တိုက်ပွဲတစ်ပွဲကို ပထမဆုံး အနိုင်ရခဲ့သည်။
နောက်ဆယ်ရက်ကြာသည်အထိ တိုက်ပွဲများက မရပ်သေးပေ။ နေ့စဉ်နှင့်အမျှ၊ လှောင်အိမ်တိုက်ပွဲကွင်းက အသက်ဝင်နေသည်။ ဟွမ်မျိုးနွယ်က တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး မည်မျှစိတ်အားထက်သန်ကြောင်း မြင်နိုင်ပေသည်။
ပျက်စီးခြင်းမြို့တော်မှ ရောက်လာသော လူရာပေါင်းများစွာက တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။
အနိုင်ရရှိသူက အလွန်နည်းပါးခဲ့ပေသည်။
သို့သော်လည်း သူတို့အနိုင်ရခဲ့လျှင်ပင် နောက်တစ်နေ့ ဒုတိယနှင့် တတိယ တိုက်ပွဲများကို ဆက်လက် တိုက်ခိုက်သွားရမည် ဖြစ်သည်။
နောက်ပိုင်းကို ရောက်လာလေလေ၊ သူတို့၏ပြိုင်ဘက်က ပို၍ သန်မာလာလေပင်။ ထို့ကြောင့် ပွဲတစ်ရာကို မဆိုထားဘိ၊ ဆယ်ကြိမ်ဆက်တိုက် အနိုင်ရရှိသူပင် မရှိသလောက် ရှားသည်။
"အပြင်လူတွေက တကယ်ကို အားနည်းနေတာလား"
"သူတို့က တကယ် အားနည်းတာပဲ။ ငါတို့ရဲ့ ဟွမ်မျိုးနွယ်ကမှ ကမ္ဘာကြီးရဲ့ စစ်မှန်တဲ့ တိုက်ခိုက်ရေးမျိုးနွယ်လို့ခေါ်နိုင်တယ်"
"ဒီအပြင်လူတွေက တစ်ချက်တောင်မှ မခံနိုင်ကြဘူးတဲ့လေ"
ဤအချိန်ကာလအတွင်း၊ လှောင်အိမ်တိုက်ပွဲကွင်း တစ်ဝိုက်တွင် ထိုကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။
သို့သော် ဤဆယ်ရက်အတွင်း၌ လုမင်နှင့် အခြားသူများက အလှည့်မကျသေးပါ။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ဆယ်ရက် ကြာသွားသည်။
နှစ်ဆယ့်တစ်ရက်မြောက်နေ့တွင် သူတို့၏လျှို့ဝှက်ခန်းဆီသို့ လူတစ်စု ရောက်လာသည်။
"မင်း ထွက်သွားပြီး အသက်လုတိုက်ပွဲကို ဆင်နွှဲပါ"
ကြွက်သားတောင့်တင်းသော အမျိုးသားတစ်ဦးက လုမင်ကို လက်ညှိုးထိုးပြလိုက်သည်။
"နောက်ဆုံးတော့ ငါ့အလှည့်ရောက်လာပြီပေါ့"
လုမင်၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ခု လင်းလက်လာသည်။
တိုက်ပွဲတစ်ရာ ဆက်တိုက်အနိုင်ရရှိလျှင် ဟွမ်မျိုးနွယ်က သူ့ကို လွတ်လပ်မှုတကယ်ပေးနိုင်မလားဆိုတာ သူသိချင်ပေသည်။
"ကိုကိုလုမင်... ကိုကိုကြီး လုပ်နိုင်တယ်နော်။ ကိုကိုကြီးလုမင်က သေချာပေါက် အနိုင်ရလိမ့်မယ်"
ပူဖောင်းလေးက သူ၏ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ လုမင်ကို အားပေးလိုက်သည်။
လုမင်က ပူဖောင်းလေး၏ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။
"နင်... သတိထားပါ"
ခဏမျှ စဉ်းစားနေပြီးနောက် ချင်ယွဲ့က ခပ်တိုးတိုးပြောလိုက်သည်။
"စိတ်မပူနဲ့"
လုမင်လည်း ပြုံးပြလိုက်ပြီးနောက် ဟွမ်မျိုးနွယ်မှ လူများနှင့်အတူ ထွက်သွားတော့သည်။
ထို့နောက် လုမင်က လမ်းကြောင်းတစ်ခုအတိုင်း လိုက်ကာ လှောင်အိမ် တိုက်ပွဲကွင်းသို့ ဝင်ရောက်ခဲ့သည်။
သူက လှောင်အိမ်တိုက်ပွဲကွင်းသို့ ဝင်ရောက်လာပြီးမှသာ လှောင်အိမ်တိုက်ပွဲကွင်း၏ ကြီးကျယ်ခမ်းနားမှုကို ခံစားလိုက်ရသည်။ ဒါက မိုင်တစ်ရာကျော် ကျယ်ဝန်းပြီး ဘေးဘက်မှာလည်း လူများဖြင့် ပြည့်နေပေသည်။ အနည်းဆုံး လူတစ်သန်းခန့် ရှိသည်။
'ဒီဟွမ်မျိုးနွယ်ရဲ့ ခွန်အားက ငါ့စိတ်ကူးဖို့တောင် မလွယ်လောက်ဘူး'
လုမင်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် တိတ်တဆိတ် အံ့ဩသွားသည်။
ယွမ်လုကလည်း အပေါ်ယံတွင် ကြည့်ရသလောက် ရိုးရှင်းပုံမရပေ။
ယွမ်တောင်မှာလည်း အပေါ်ယံကိုကြည့်လျှင် မြင့်မြတ်နယ်မြေကိုးခုသာ ရှိသည်။ မြင့်မြတ်နယ်မြေကိုးခုရှိ အင်အားစုကြီးများက အံ့မခန်း အင်အားများ ရှိပေသည်။ မြင့်မြတ်နယ်မြေကိုးခု အပြင်ဘက်ရှိ အင်အားစုများကတော့ သာမန်ဧကရာဇ်အဆင့် အင်အားစုများသာ ဖြစ်သည်။ ထို့ပြင် သူတို့က ဤမျှမသန်မာပေ။
သို့ရာတွင်၊ ဤမျှဝေးလံခေါင်သီသောနေရာမှာ ရှေးကျသောမျိုးနွယ်တစ်ခုဖြစ်သည့် ဟွမ်မျိုးနွယ်က တိတ်တဆိတ် နေထိုင်ကြမည်ဟု မည်သူထင်ထားခဲ့မည်နည်း။ သူတို့၏ခွန်အားက မြင့်မြတ်နယ်မြေများရှိ အင်အားစုကြီးများများထက် များစွာသန်မာသည်။
လုမင်က ပတ်ဝန်းကျင်ကို စူးစမ်းနေချိန်၊ ပတ်ဝန်းကျင်ရှိ ဟွမ်မျိုးနွယ်စုဝင်များကလည်း လုမင်ကို အကဲခတ်နေကြသည်။
"ဒီလူက အတော်ငယ်ရွယ်သေးတာပဲ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘာများလဲ"
"အပြင်လူတွေထဲမှာ မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံသူလည်း ပါတယ်တဲ့။ ကြည့်ရတာ ဒီလူက မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံမှုရှိရမယ်"
"ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ရောက်ရှိနိုင်ပုံထောက်ရင် ဒီလူက ပြင်ပကမ္ဘာရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပုံရတယ်။ သူရဲ့အင်အားက ဘယ်နေလိမ့်မလဲ"
ပွဲကြည့်စင်တွင်၊ ဟွမ်မျိုးနွယ်ဝင်များက စိတ်ဝင်စားစွာ ဆွေးနွေးနေခဲ့ကြသည်။
"ဂါး"
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ဧရာမသားရဲကြီးတစ်ကောင်က တံခါးမကြီးမှ ပြေးထွက်လာသည်။
ဤသားရဲက ကျားတစ်ကောင်နှင့် တူသည်။ ၎င်းကို အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး မော့ချင်းရှန်နှင့် တိုက်ခိုက်ခဲ့သည့် သားရဲနှင့် အလွန်ဆင်တူပေသည်။ ၎င်းတို့က မျိုးနွယ်တစ်ခုတည်းမှဖြစ်ကြောင်း ထင်ရှားသော်လည်း ၎င်း၏ ကျင့်ကြံမှုအဆင့်မှာတော့ မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သာ ဖြစ်သည်။
သားရဲက လုမင်ကို မြင်လိုက်သည်နှင့် ဟိန်းဟောက်ပြီး ခုန်အုပ်လိုက်တော့သည်။
လုမင်က သူတော်စင်စွမ်းအားဖြင့် လှံရှည်တစ်လက်ကို ဖွဲ့စည်းလိုက်သည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ မြေပြင်က တုန်ခါသွား၏။ လုမင်၏ ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလာပြီး သားရဲထံသို့ ချဉ်းကပ်ကာ လှံရှည်ဖြင့် ထိုးသွင်းလိုက်တော့သည်။
ဤလှံချက်ကလည်း မိုးကြိုးလျှပ်စီးလက်သကဲ့သို့ ဖြစ်သည်။ တစ်ချက်တည်းဖြင့် သားရဲ၏ဦးခေါင်းကို ထိုးဖောက်လိုက်၏။
"ရွှပ်"
သွေးများ ဖြာထွက်သွားသည်။ လုမင်၏လှံရှည်က သားရဲဦးခေါင်းကို ထိုးဖောက်ကာ မြေပြင်သို့ စိုက်ဝင်သွားတော့သည်။
တနေရာလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် ဆူဆူညံညံ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
တစ်ချက်တည်းဖြင့် အဆင့်တူ သားရဲတစ်ကောင်ကို သတ်ပစ်လိုက်၏။ သူ့အရှိန်ကလည်း လျှပ်စီးလက်သကဲ့သို့ မြန်လွန်းသည်။
"ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းလဲ။ သူက တစ်ချက်တည်းနဲ့ အဆင့်တူတဲ့ အကြေးခွံပါသားရဲ ကျားကို သတ်ပစ်နိုင်တယ်"
"သူက ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ရောက်ရှိခဲ့တာ အံ့သြစရာမရှိပါဘူး။ သူက ပြင်ပကမ္ဘာရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ရမယ်"
"နောက်ဆုံးတော့ ပြင်ပကမ္ဘာရဲ့ လူတော်တစ်ယောက် ပေါ်လာပြီ"
ထိုအချိန်တွင်၊ ဟွမ်မျိုးနွယ်ဝင်တစ်ဦးက ကွင်းထဲသို့ဝင်၍ အကြေးခွံပါသားရဲ ကျား၏အလောင်းကို ဆွဲထုတ်သွားခဲ့သည်။
"မင်း ဆက်ပြီး တိုက်ပွဲဝင်ဖို့ ရွေးချယ်မလား ဒါမှမဟုတ် အနားယူပြီး နောက်တစ်နေ့မျ တိုက်ခိုက်ချင်လား"
ပုဆိန်တစ်လက်ကို ကျောထက်တွင် လွယ်ပိုးသော လူတစ်ယောက်က ကောင်းကင်အမြင့်တွင်ရပ်ကာ လုမင်ကို ကြည့်လိုက်သည်။
"ဆက်ပြီး တိုကိခိုက်မယ်"
လုမင်က မဆိုင်းမတွ ပြန်ဖြေလိုက်၏။
"ကောင်းပြီ"
လူထွားကြီးက ခေါင်းညိတ်ကာ လေထဲမှ ပျံထွက်သွားသည်။
မကြာမီ၊ လူတစ်ယောက်က တံခါးမကြီးမှ ထွက်လာပြီး တိုက်ပွဲကွင်းကို ဝင်လာတော့သည်။
ထိုလူက အသက်ငါးဆယ်ခန့် ရှိပုံရသည်။ သူက တိရိစ္ဆာန်သားရေကို ရစ်ပတ်ထားပြီး အပေါ်ပိုင်း ဗလာကျင်း ဖြစ်၏။ သံတုံးသံခဲကဲ့သို့ သန်မာသော ကြွက်သားများကို အထင်အရှား မြင်ရသည်။
သူက ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်တွင် ရှိပေသည်။
သို့ရာတွင်၊ သူက လုမင်ကို လေးနက်သောအကြည့်ဖြင့် ကြည့်သည်။ ကွင်းထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် သူ့လက်ထဲတွင် တင်းပုတ်ကြီးတစ်ခု ပေါ်လာခဲ့၏။ သူက လုမင်ကို သတိထားပြီး စိုက်ကြည့်လိုက်သည်။
လုမင်က အဆင့်တူ အကြေးခွံပါသားရဲ ကျားကို တစ်ချက်တည်းဖြင့် သတ်နိုင်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို အံ့မခန်းပင်။
"ဝှစ်"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုလူအား တိုက်ခိုက်လိုက်သည်။ သူက သူတော်စင်စွမ်းအားဖြင့် မီတာတစ်ထောင်ရှည်လျားသော လှံတစ်စင်းအဖြစ် ဖွဲ့စည်းပြီး တစ်ဖက်လူကို ပစ်ထိုးလိုက်၏။
ဟွမ်မျိုးနွယ်ဝင် လူထွားကြီးက ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ကြွက်သားများက ဖောင်းကားသည်။ သူက အင်အားအပြည့်ဖြင့် တင်းပုတ်ကြီးကိုမြှောက်ပြီး လုမင်ကို ရိုက်ချလိုက်တော့သည်။
သို့သော်လည်း လှံရှည်ကို ထိမှန်ပြီးနောက် နာကျင်စွာ အော်ဟစ်ညည်းညူရင်း သူ့ခန္ဓာကိုယ် လွင့်စဉ်သွားရသည်။ သူက သွေးများအန်ထွက်နေပြီး အရှိန်မထိန်းနိုင်မီ မီတာထောင်ချီပြီး လွင့်စဉ်သွားပေသည်။
ဒါတောင် လုမင်က သက်ညှာပေးခဲ့လို့ ဖြစ်သည်။ မဟုတ်လျှင်၊ သူ သေလိမ့်မည်။
"မင်းရှုံးသွားပြီ"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ ထို့နောက် ကောင်းကင်ကို မျှော်ကြည့်ကာ အော်ပြောလိုက်၏။
"နောက်တစ်ပွဲ"
လူတိုင်းက တစ်ဖန် တိတ်ဆိတ်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဆွေးနွေးကြပြန်တော့သည်။
"ကောင်းပြီ"
ကောင်းကင်ယံ၌ အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ဟွမ်မျိုးနွယ်ဝင် အခြားလူတစ်ဦး ထပ်မံဝင်လာသော်လည်း လုမင်၏ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ရှုံးနိမ့်ခဲ့ရပေသည်။