← Chapters

အခန်း ၁၈၆၀

Vol. 124 Ch. 1860

အခန်း ၁၈၆၀

Vol. 124 Ch. 1860

အပိုင်း ( 1860 ) ဟွမ်မျိုးနွယ်၏ အသန်မာဆုံး မျိုးဆက်သစ် ပါရမီရှင်။

လုမင်က တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။

ချင်ယွဲ့၏ အခြေအနေနှင့်ယှဉ်လျှင် သူက အနိုင်ရရှိရန် ပို၍ ယုံကြည်မှရှိသည်။

"ကောင်းတယ်၊ မင်းက သတ္တိရှိတာပဲ။ ဟားဟားဟား... အခု မင်းရဲ့ သူငယ်ချင်းနှစ်ယောက်ကို လွှတ်ပေးဖို့ တစ်ယောက်ယောက်ကို ငါလွှတ်လိုက်မယ်"

ဟွမ်မျိုးနွယ်၏ အကျော်အမော်က လုမင်အား သဘောကျသောအကြည့်ဖြင့် ကြည့်လိုက်သည်။

မကြာမီ၊ ချင်ယွဲ့နှင့် ပူဖောင်းလေးက တံခါးမကြီးမှ အတူတကွ ထွက်လာကြလေသည်။

"ဒီတံဆိပ်ပြားနှစ်ခုကို ယူလိုက်ပါ၊ အနာဂတ်မှာ မင်းတို့က ရှေးဟောင်းပျက်စီးခြင်းနယ်မြေတဝိုက်မှာ ခရီးသွားတဲ့အခါ ဘယ်သူမှ မင်းတို့ကိုထိမှာ မဟုတ်ဘူး"

ဟွမ်မျိုးနွယ်၏ အကျော်အမော်၏လက်ထဲတွင် တံဆိပ်ပြားနှစ်ခု ပေါ်လာပြီး ချင်ယွဲ့နှင့် ပူဖောင်းလေးထံသို့ လွင့်မျောသွားသည်။

"ကိုကိုကြီးလုမင်က အတော်ဆုံးပဲ။ သူတို့အားလုံးကို အနိုင်ယူနိုင်တယ်၊ တွိ...တွိ"

ပူဖောင်းလေးက သူ၏ လက်သီးဆုပ်သေးသေးလေးကိုဝှေ့ယမ်းကာ လုမင်ကို အားပေးလိုက်သည်။ ထို့နောက် ချင်ယွဲ့၏ ပခုံးပေါ်သို့ တက်သွား၏။

ချင်ယွဲ့က တံဆိပ်ပြားများကို လက်ခံယူပြီး ထွက်ခွာမသွားမီ လုမင်အား စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်သွားလေသည်။

"လုမင်၊ မင်း အခုပဲ စိန်ခေါ်ချင်လား။ ဒါမှမဟုတ် နောက်ထပ် မတိုက်ခိုက်ခင် အနားယူချင်သေးလား"

ဟွမ်မျိုးနွယ်၏ အကျော်အမော်က မေးသည်။

"အနားယူစရာ မလိုပါဘူး။ အခု တိုက်ခိုက်ကြရအောင်"

လုမင်က ပြောလိုက်၏။

သူက တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး အောင်ပွဲတစ်ရာကို ရယူလိုသည်။

"ကောင်းပြီ၊ မင်းက ယုံကြည်မှုရှိတာပဲ။ ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်ထဲက ဘယ်သူတွေ စမ်းကြည့်ချင်လဲ"

ဟွမ်မျိုးနွယ်၏ အကျော်အမော်က ပွဲကြည့်ပရိသတ်ကို လှည့်ပတ်ကြည့်လိုက်သည်။

"ကျုပ် သူ့ကိုတိုက်မယ်"

ပွဲကြည့်စင်မှ လူတစ်ယောက်က မတ်တတ်ထရပ်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက ကွင်းအလယ်တွင် ဆင်းသက်လာပြီး အရှိန်အဝါများ ထုတ်ဖော်လိုက်၏။ သူ၏ ကျင့်ကြံမှုအဆင့်က ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်တွင် ဖြစ်သည်။

ဤလူက အလွန်ငယ်သေးပြီး လုမင်ထက် ဦးခေါင်းအနည်းငယ်သာ မြင့်‌သည်။ ထို့နောက် သူ့လက်ထဲတွင် ရေတိုင်ကီနှစ်ခုကဲ့သို့ ဧရာမတူတူကြီးနှစ်ချောင်း ပေါ်လာ၏။

ပုံမှန်အားဖြင့် လှောင်အိမ်တိုက်ပွဲကွင်းသို့ ဝင်ရောက်သူများက သားရဲများ သို့မဟုတ် ကျွန်များ ဖြစ်သည်။ ပွဲကြည့်စင်မှ ပြေးဆင်းလာသူများမှာတော့ လေ့ကျင့်ရေးအတွက် ဤနေရာ၌ ရှိနေသော ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူများပင်။

"ဒါက ဟွမ်တိပဲ၊ သူက ပထမဆုံး လှုပ်ရှားမယ်လို့ မမျှော်လင့်ထားဘူး"

"ဟွမ်တိမှာ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိတယ်။ သူက ငါတို့မျိုးနွယ်ရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ ထိပ်တန်း ပါရမီရှင်ပဲတစ်ဦးပဲ"

ဤလူငယ်ကို မြင်သောအခါ လူအများ၏ မျက်လုံးများက တောက်ပလာသည်။ ပထမအကျော့မှာပင် ဟွမ်တိက လှုပ်ရှားမည်ဟု သူတို့ မမျှော်လင့်ထားပေ။

"ကောင်းပြီ၊ ဒါဆိုရင် မင်းစိတ်ကျေနပ်အောင် တိုက်ခိုက်ပါ။ ငါ မင်းကို နောက်ထပ် မနှောင့်ယှက်တော့ဘူး"

ဟွမ်မျိုးနွယ်၏ အကျော်အမော်က လေထဲသို့ ခြေလှမ်းပြီး ထွက်ခွာသွားသည်။

"လာ၊ မင်းရဲ့အရည်အချင်းကို ပြပါ။ မင်းရဲ့ခွန်အားကို ငါ မြင်ချင်တယ်"

ဟွမ်တိက သူ့တူနှစ်ချောင်းကို အချင်းချင်း

တစ်ချက်ရိုက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ သူ့မျက်လုံးများမှာလည်း တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေ၏။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ဟွမ်မျိုးနွယ်မှာပင် တွေ့ရခဲသည်။ ဟွမ်မျိုးနွယ်က တိုက်ပွဲကို ဆာလောင်သူများဖြစ်သောကြောင့် သူ့ကိုမြင်သောအခါ သဘာဝအတိုင်း ဝမ်းသာသွားကြတော့သည်။

"ဒါဆိုရင် မင်းမှာ အရည်အချင်းရှိလား ကြည့်ရမယ်"

လုမင်က ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အလင်းရောင်များတောက်ပပြီး သူတော်စင်လက်နက်များ ပျံထွက်လာ၏။

သူတော်စင်လက်နက် တစ်ရာကျော်က လုမင်၏ ဝန်းကျင်တွင် ပျံဝဲနေတော့သည်။

"သူတော်စင်လက်နက်ကို လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ တံဆိပ်ခတ်ထားတာ... ဒါက တကယ်ကို အံ့ဩစရာကောင်းတဲ့ စွမ်းရည်တစ်ခုပဲ။ ဟန်ပြသက်သက် မဟုတ်ဖို့ပဲ မျှော်လင့်တယ်"

ဟွမ်တိက ပြုံးပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက လျင်မြန်သောအဟုန်ဖြင့် ရှေ့သို့ ပြေးတက်သွား၏။ သူ၏ တူကြီးနှစ်ချောင်းက မုန်တိုင်းတိုက်ခတ်သကဲ့သို့ လုမင်ကို ဦးတည်ထုနှက်လာတော့သည်။

ယခင်က ထျန်းချွေးသည်လည်း တူတစ်ချောင်းကို အသုံးပြုခဲ့သည်။ သို့ရာတွင်၊ ၎င်း၏စွမ်းအားကို ဟွမ်တိနှင့် နှိုင်းယှဉ်၍မရပေ။

တူထုချက်များ ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံများ ထွက်ပေါ်လာသည်။ လေထုက ဖိသိပ်ခံရပြီး‌ လုမင်အပေါ်သို့ ဖိအားလှိုင်းတစ်ခုအဖြစ် ဖိချလာတော့သည်။

လုမင်က သူ့လက်ထဲတွင် သူတော်စင်လက်နက် ဓားတစ်လက်ကို ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် သူတော်စင်စွမ်းအင်ကို လှည့်ပတ်ပြီးနောက် ဓားချက်ထုတ်ဖော်လိုက်၏။

ကြောက်စရာကောင်းသော ဖိအားလှိုင်းက ကွဲထွက်သွားတော့သည်။

"ထန်... ထန်"

ဓားနှင့် ဟွမ်တိ၏တူများက ပြင်းထန်စွာ တိုက်မိပြီး အားကောင်းသော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။

ဟွမ်တိ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါပြီး သူ၏ တောင့်တင်းသော ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် ဆုတ်သွားရ၏။ သူက ခြေလှမ်းဆယ်လှမ်းကျော်အထိ ဆက်တိုက် ဆုတ်ခွာသွားရပေသည်။

'အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ... ဟွမ်မျိုးနွယ်က တကယ်ကို‌ ရှေးဟောင်းမျိုးနွယ်တစ်ခု ဖြစ်ထိုက်တယ်။ သူတို့မှာ ပါရမီရှင်တွေ အများကြီးရှိနေတာ အသေအချာပဲ'

လုမင်က တိတ်တဆိတ် အံ့ဩသွားမိသည်။ ဤအချိန်တိုလေးအတွင်း၊ လုမင် ကြုံတွေ့ခဲ့ရသော ဟွမ်မျိုးနွယ်စုဝင်များကြားတွင် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိသူက သုံးဦးအထိ ရှိနေပြီ။ ဤသည်မှာ အလွန်တုန်လှုပ်စရာကောင်းသည်။ ပြင်ပကမ္ဘာတွင်၊ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာက ထိပ်တန်း ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်နိုင်သည်။ သူတို့က ဘုရင်ခန္ဓာပြီးလျှင် ဒုတိယဖြစ်၏။

ဘုရင်ခန္ဓာများ မပေါ်လာလျှင် မည်သူမျှ သူတို့ကိုမယှဉ်နိုင်ပေ။

သို့သော်လည်း ဟွမ်မျိုးနွယ်၏ တိုက်ပွဲအတွင်းမှာတော့ တစ်ယောက်ပြီး တစ်ယောက် ကြုံတွေ့ခဲ့ရသည်။

သို့ရာတွင်၊ ဟွမ်တိက သူ့ထက်ပင် ပို၍ တုန်လှုပ်သွားသေးသည်။

သူက ဟွမ်မျိုးနွယ်၏ ထိပ်တန်းပါရမီရှင် ဖြစ်သည်။ သူနှင့် မျိုးဆက်တူများကြားတွင် သူ၏ပြိုင်ဘက် ဖြစ်နိုင်သူက များများမရှိပါ။ ယခုမူ၊ သူ့ထက် ကျင့်ကြံမှုအဆင့် နှစ်ဆင့်နိမ့်သော လူတစ်ဦးကြောင့် နောက်သို့ဆုတ်ပေးခဲ့ရသည်။

"အံ့ဩစရာပဲ၊ ထပ်လာမယ်"

ဟွမ်တိက သူ့တူနှစ်ချောင်းကိုမြှောက်လိုက်ပြီး တောင်ကြီးနှစ်လုံးကဲ့သို့ လုမင်ကို ထုချလိုက်၏။

လုမင်၏ဓားကလည်း လေအဟုန်ကဲ့သို့ လျင်မြန်ပြီး ဟွမ်တိ၏တူကြီးများကို အဆက်မပြတ် ထိုးခုတ်ခဲ့သည်။

သူတို့နှစ်ဦးက ဆယ်ကြိမ်ထက်မနည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ပေသည်။ မီးပွားများကလည်း နေရာအနှံ့ လွင့်စဉ်သွားသည်။ သို့ရာတွင်၊ ထိပ်တိုက် ရင်ဆိုင်မိတိုင်း ဟွမ်တိက ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။ ဆယ်ကြိမ်ထက်မနည်း တိုက်မိပြီးနောက်၊ ဟွမ်တိက ကြီးမားသောအကွာအဝေးတစ်ခုသို့ ဆုတ်ခွာနေရပြီ။ သွေးများအန်ထုတ်ရင်း သူ့မျက်နှာက ဖြူဖျော့သွားသည်။

"ငါမတိုက်တော့ဘူး၊ ငါ မတိုက်ခိုက်တော့ဘူး။ ငါအရှုံးပေးပြီ"

ဟွမ်တိက သူ၏တူများကိုမြှောက်ပြီး အော်ဟစ်ကာ ပြေးထွက်သွားတော့သည်။

လုမင်၏ ခွန်အားက သူ့ကို လုံးဝ ဖိနှိပ်ထားကြောင့် သူ သဘောပေါက်သွားသည်။ တိုက်ပွဲကို ဆက်ရန် မလိုအပ်တော့ပါ။

"ဟွမ်တိ ရှုံးသွားပြီ။ ဒီလူက တကယ်ပဲ အဆင့်နှစ်ဆင့်ကျော်ပြီး တိုက်ပွဲတစ်ရာကို ဆက်တိုက် အနိုင်ယူနိုင်မှာလား"

"ဟွမ်တိတောင်မှ သူ့ကိုမယှဉ်နိုင်တာ... ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်က လူတော်တော်များများက သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"ဒီတိုက်ခိုက်ရေးစွမ်းအားက တကယ်ကို အံ့သြစရာကောင်းတယ်"

လူတော်တော်များများက အော်လိုက်ကြသည်။

အမြင့်ဆုံး ပွဲကြည့်စင်မှ ဟွမ်မျိုးနွယ်ဝင် ကျွမ်းကျင်သူအချို့၏ မျက်လုံးများမှာလည်း တောက်ပလာတော့သည်။

"ဘယ်​သူ တိုက်​ချင်​​သေးလဲ"

လုမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ငါလုပ်မယ်"

လုမင်၏ စကားသံအဆုံးတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် ထွားကျိုင်းသော အသွင်အပြင်တစ်ခုက တစ်ချက်ခုန်ပြီး ကွင်းထဲသို့ ဆင်းသက်လိုက်၏။

ဒါကလည်း လူငယ်တစ်ယောက် ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကမူ ဟွမ်တိထက်ပင် ပိုထွားသေးသည်။ ထိုနေရာ၌ ရပ်နေစဉ်တွင် သူက တောင်ငယ်တစ်လုံးကဲ့သို့ ဖြစ်နေသည်။ သူ့အမူအရာကလည်း 'ငါကလွဲရင် ဘယ်သူက လုပ်နိုင်မှာလဲ'ဟု ပြောနေသကဲ့သို့ပင်။

ဤသည်မှာ အနိုင်မခံ၊ အရှုံးမပေးသော ယုံကြည်ချက်တစ်ခု ဖြစ်သည်။

"ဟွမ်လီ၊ ဟွမ်လီပဲ"

"ဟွမ်လီက လှုပ်ရှားပြီပဲ။ ဒီတစ်ခါတော့ ကောင်လေး ပြီးပြီထင်တယ်"

"ငါတို့ လူငယ်မျိုးဆက်ရဲ့ နံပါတ်တစ် ပါရမီရှင်က သူ့ကို အနိုင်ယူနိုင်မလား"

ထိုလူငယ်ကို တွေ့ရသည်နှင့် လူတော်တော်များများက ထိုင်ခုံမှထပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"ဟွမ်မျိုးနွယ်ရဲ့ မျိုးဆက်သစ် နံပါတ်တစ် ပါရမီရှင်လား"

လုမင်က ရေရွတ်လိုက်သည်။ ပတ်ဝန်းကျင်မှ အသံများကို သူလည်း သဘာဝအတိုင်း ကြားရပေသည်။

"လုမင်၊ မင်း ငါ့ကို အနိုင်ယူရင် နောက်ထပ်တိုက်ခိုက်စရာ မလိုတော့ဘူး။ မင်းအတွက် တိုက်ပွဲတစ်ရာကို ဆက်တိုက်အနိုင်ပြီလို့ ငါသတ်မှတ်မယ်"

ဟွမ်လီက ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ နောက်ဆုံးတွင်၊ ဟွမ်လီက ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်မှာ ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်၏။ အကယ်၍ သူပင်လျှင် မယှဉ်နိုင်ပါက၊ နောက်ပိုင်း တိုက်ပွဲများမှာ အဓိပ္ပာယ်မရှိတော့ပေ။

တိုက်ပွဲတစ်ရာကို မဆိုထားဘိ၊ တိုက်ပွဲတိုင်းကိုပင် ဆက်တိုက် အနိုင်ရနိုင်သည်။

"ကောင်းပြီ၊ ဒါက ငါလိုချင်တဲ့အတိုင်း အတိအကျပဲ"

လုမင်က ပြောလိုက်သည်။ ဟွမ်မျိုးနွယ်၏ နံပါတ်တစ်ပါရမီရှင်က မည်မျှအားကောင်းသည်ကို သူလည်း မြင်လိုသေးသည်။

"ဒုန်း"

ဟွမ်လီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ၎င်းက ရှေးဟောင်း သားရဲကြီးတစ်ကောင်က မြေပြင်ကို နင်းလာသကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

"ဒုန်း... ဒုန်း"

ဟွမ်လီက ရှေ့ကို ဆက်လျှောက်လာနေသည်။ သူ၏ ခြေလှမ်းတိုင်းက မြေပြင်ကို တုန်လှုပ်စေသည်။ ထို့ပြင် သူ့အရှိန်အဝါက ပို၍ အားကောင်းလာ၏။ သူ၏ ကြွက်သားများမှာလည်း ပေါက်ကွဲနိုင်စွမ်းတို့ ပြည့်နေတော့သည်။

နောက်ဆုံးတွင်၊ ဟွမ်လီက လုမင်နှင့် မ‌နီးအဝေးသို့ ရောက်ရှိလာပြီး လက်သီးဖြင့်ထိုးလိုက်သည်။

သူက လက်ဗလာဖြင့် ထိုးလိုက်သော်လည်း ဟွမ်တိ၏ တူထုချက်ထက်ပင် ပို၍ အင်အားကြီးမားနေသေးသည်။

သို့သော်၊ လုမင်က ကြောက်ရွံ့ခြင်းမရှိပါ။ သူက ဟွမ်လီကို လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။

"လုမင်က ဟွမ်လီနဲ့ ထိပ်တိုက်တွေ့ချင်နေတာလား"

"အဆင့်တူမှာတောင် ထိပ်တိုက်ရင်ဆိုင်တဲ့အခါ ဟွမ်လီက တစ်ခါမှ မရှုံးနိမ့်ဖူးဘူး။ နောက်ပြီးတော့ လုမင်ရဲ့ ကျင့်ကြံမှုအဆင့်က ဟွမ်လီထက် အဆင့်နှစ်ဆင့်နိမ့်တယ်"

"ဟွမ်လီက ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ သူ မသိသေးလို့ ဖြစ်ရမယ်"

လူအများက ပြောဆိုလိုက်ကြသည်။ ထိုအချိန်မှာပင် ဟွမ်လီနှင့် လုမင်၏ လက်သီးများက ထိပ်တိုက်တွေ့ဆုံသွား‌တော့သည်။

All Chapters