← Chapters

အခန်း ၁၈၆၁

Vol. 125 Ch. 1861

အခန်း ၁၈၆၁

Vol. 125 Ch. 1861

အပိုင်း ( 1861 ) ဟွမ်မျိုးနွယ်၏ အကြီးအကဲများ။

လုမင်နှင့် ဟွမ်လီ၏ လက်သီးများက အချင်းချင်း တိုက်မိသွားကြသည်။ နှစ်ယောက်စလုံးက အနည်းငယ်မျှ အလျှော့မပေး‌ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။

"ဒုန်း"

သူတို့နှစ်ဦး၏ လက်သီးချင်းတိုက်မိရာမှ ပေါက်ကွဲသံနှင့်အတူ ကြောက်စရာကောင်းသော လှိုင်းလုံးကြီးတစ်ခု ပေ့်လာသည်။ လှိုင်းလုံးကြီးက လမ်းကြောင်းအရပ်ရပ်သို့ ဖြာထွက်လာပြီး မိုင်တစ်ရာကို တစ်ခဏချင်း ဖြတ်ကျော်သွား၏။

ပွဲကြည့်စင်ထက်တွင် အကျော်အမော်များက နောက်ဆက်တွဲအားလှိုင်းကို တားဆီးရန် ကာကွယ်ရေးအလွှာများကို ချမှတ်လိုက်ရတော့သည်။

"ဒုန်း... ဒုန်း"

လူရိပ်နှစ်ခုက နောက်သို့ ပြန်ဆုတ်သွားကြသည်။ သူတို့က မြေပြင်ပေါ်သို့ နင်းမိပြီးနောက် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပေသည်။

လုမင်နှင့် ဟွမ်လီတို့က တစ်ချိန်တည်းတွင် ဆုတ်ခွာသွားခဲ့ပြီး ပရိသတ်ကို တုန်လှုပ်စေခဲ့သည်။

လုမင်က ထိပ်တိုက်ရင်ဆိုင်မှုတွင် ဟွမ်လီထက် အားမနည်းပေ။

မည်မျှကြောက်စရာကောင်းသော အင်အားမျိုးဖြစ်သနည်း။

'သန်မာလိုက်တဲ့အင်အား၊ ဒါက ခွန်အားနိယာမပဲ'

လုမင်က မျက်ခုံးပင့်လိုက်သည်။

ဟွမ်လီ၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သူက ဘုရင်နိယာမများထဲမှ တစ်ခုဖြစ်သော ခွန်အားနိယာမကို ထိန်းချုပ်ထား၏။ ဒါက လုံချန်၏ နိယာမနှင့် အတူတူပင်။

ခွန်အားက အဆုံးစွန်သော အင်အား ဖြစ်သည်။ ၎င်းက အကန့်အသတ်မရှိသော ခွန်အားရှိပြီး နိယာမအားလုံးကို အင်အားသုံးကာ ချိုးဖျက်နိုင်ပေသည်။

ဟွမ်လီ၏ ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုနှင့်အတူ သူ့အင်အားက ပို၍ ကြောက်စရာကောင်းခဲ့သည်။ သူ၏ လက်သီးတစ်ချက်က တောင်တစ်လုံးကိုပင် ပေါက်ကွဲစေနိုင်သည်။

"ကောင်းတယ်ဟေ့၊ ထပ်လာမယ်"

လုမင်က ထိပ်တိုက်ရင်ဆိုင်မှုတွင် သူ့ကို ယှဉ်ပြိုင်နိုင်ကြောင်း မြင်လိုက်ရပြီးနောက် ဟွမ်လီ၏ မျက်လုံးများက တိုက်ခိုက်ချင်စိတ်တို့ ပြည့်သွားသည်။ သူက လုမင်ဆီသို့ပြေးလာပြီးနောက် လက်သီးချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း..."

လုမင်ကလည်း ခြေတစ်ချက်ဆောင့်ပြီး ခုန်ဝင်သွားသည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး လက်သီးနှစ်ဖက်ဖြင့် အဆက်မပြတ် ထိုးနှက်လိုက်၏။

လုမင်က ထိပ်တိုက်ရင်ဆိုင်မှုတွင် မည့်သူကိုမျှ မကြောက်ပေ။

လုမင်၏ လက်သီးချက်တိုင်းတွင် ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က ပေါ်လာပုံရသည်။ လက်သီးတစ်ချက်စီက ကောင်းကင်ကို ဖြိုချနိုင်ပုံရပေသည်။

"ဒုန်း... ဒုန်း"

သူတို့နှစ်ယောက်၏ လက်သီးများက အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ တိုက်ရိုက်ဆန်ပြီး ကြမ်းတမ်းကြ၏။ မိုးနှင့်မြေကြားတွင် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေသည်။ အားနည်းသော ကျင့်ကြံသူတချို့မှာ မျက်နှာများပင် ဖြူဖျော့နေကြတော့သည်။

သူတို့နှစ်ဦးက အကြိမ်တစ်ရာကျော် အပြန်အလှန် ထိုးနှက်ခဲ့ကြသည်။ သို့သော်လည်း အနိုင်အရှုံးက မသိသာသေးပေ။

ရိုးရိုးသားသားပြောရလျှင် ဟွမ်လီက အလွန်သန်မာသည်။ သူ၏ တိုက်ခိုက်မှုတိုင်းက ကြောက်ခမန်းလိလိ အားကောင်း၏။

လူများစွာက သူ့ကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

လုမင်က ကစဥ့်ကလျားနိယာမနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အားကိုးပြီး ဟွမ်လီကို ရင်ဆိုင်နေခဲ့ခြင်း ဖြစ်သည်။

"လုမင်၊ မင်းမှာ တခြားလှည့်ကွက်တွေရှိသေးလား။ ရှိမယ်ဆိုရင် အကုန်ထုတ်လိုက်ပါ"

ဟွမ်လီက အော်လိုက်သည်။

"ကောင်းပြီ"

လုမင်က ပြန်ပြောသည်။ သူက လက်ညှိုးတစ်ချက်ညွှန်လိုက်သောအခါ ကစဉ့်ကလျားစွမ်းအားဖြင့် လက်ချောင်းကြီးတစ်ချောင်းက ပေါ်လာ၏။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း...

ကြောက်စရာကောင်းသော လက်ချောင်းများက ဟွမ်လီဆီသို့ တိုးဝင်လာသည်။ ဟွမ်လီ၏ မျက်နှာက အလွန်လေးနက်လာတော့သည်။

"ယား"

သူက မာန်သွင်းပြီး ဟိန်းဟောက်လိုက်သည်။ သူ့လက်တွင် လက်အိတ်တစ်စုံ ပေါ်လာ၏။ သူက ခွန်အားနိယာမကို လှည့်ပတ်ပြီး အစွမ်းကုန် ထိုးနှက်လိုက်သည်။

ဤလက်သီးချက်ကို ထုတ်ဖော်လိုက်ချိန်တွင် ကြယ်တစ်ပွင့်က ပေါ်လာပုံရသည်။ သူက လက်သီးချက်ထုတ်ဖော်ပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ထိပ်တိုက် တွေ့ဆုံလိုက်၏။

ထိုအခါ အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ ကြယ်တစ်ပွင့်နှင့် ဧရာမလက်ချောင်းကြီးက ထိပ်တိုက်တွေ့ဆုံသွားပုံရ၏။ ထို့နောက် ကြယ်ပေါက်ကွဲပြီး ဟွမ်လီ၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ဆုတ်ခွာသွားရတော့သည်။

"ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်တန်ပြီ၊ တံဆိပ်တော်"

လုမင်က ရေရွတ်လိုက်သည်။ ထို့နောက် ဟွမ်လီ၏ ခန္ဓာကိုယ်ပေါ်တွင် ထူထပ်သောရွန်းများက ရုတ်တရက် ပေါ်လာပြီး သူ့ကို တံဆိပ်ခတ်လိုက်၏။

ဟွမ်လီ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အင်အားကုန်သုံးကာ ရုန်းကန်လိုက်သည်။ သို့သော်၊ ထိုအချိန်တွင် လုမင်က နောက်ထပ် လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။

ဧရာမလက်ချောင်းကြီးက ဖိချလိုက်သောအခါ ဟွမ်လီက သွေးများအန်ထွက်လာပြီး မီတာထောင်ပေါင်းများစွာအဝေးသို့ လွင့်စဉ်သွားတော့သည်။

ဒါတောင် လုမင်က သက်ညှာပေးခဲ့၍ ဖြစ်သည်။ မဟုတ်လျှင်၊ ဟွမ်လီက ဒဏ်ရာရခြင်းကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။

"ဟားဟားဟား၊ အထင်ကြီးစရာပဲ... တကယ်ကို အထင်ကြီးစရာကောင်းတယ်။ လုမင်... ငါရှုံးသွားပြီ"

ဟွမ်လီက ရယ်မောလိုက်သည်။ သူက ရှုံးနိမ့်ခဲ့သော်လည်း ကျယ်လောင်စွာ ရယ်မောနေပြီး ဘာကိုမှ မတွေးပေ။

"ငါက လှည့်ကွက်နည်းနည်း အသုံးပြုခဲ့လို့ပါ။ တိုက်ရိုက်ထိပ်တိုက်တွေ့ရင် မင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ငါ့ကို အနိုင်ယူခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။

"ရှုံးတာက ရှုံးတာပါပဲ၊ သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ဘယ်သူက ငါ့ကို ထိပ်တိုက်ရင်ဆိုင်ပေးမှာလဲ။ ဒါပေမဲ့ ငါတို့က အနာဂတ်မှာ ထပ်ပြီး တိုက်ခိုက်နိုင်ပါသေးတယ်။ နောက်တစ်ကြိမ်မှာ မင်းကို ငါ သေချာပေါက် အနိုင်ယူမယ်"

ဟွမ်လီ၏ မျက်လုံးများက တိုက်ခိုက်ချင်စိတ်တို့ ပြည့်နှက်နေသည်။

"ကောင်းပြီ၊ အခွင့်အရေးရရင် ထပ်တိုက်ကြရအောင်"

လုမင် ပြုံးလိုက်သည်။ ဟွမ်မျိုးနွယ်မှ ဤလူများက သဘောထားမဆိုးကြောင်း သူ သဘောပေါက်လာ၏။ သူတို့အားလုံးက အလွန်ရိုးရှင်းပြီး အကြံအစံများစွာ မရှိခဲ့ကြပေ။

ထိုအခိုက်တွင်၊ ဟွမ်မျိုးနွယ်၏ အကျော်အမော်တစ်ဦးက ကောင်းကင်မှဆင်းသက်လာပြီး လုမင်၏ရှေ့သို့ ဆင်းသက်လာခဲ့သည်။

"မင်းက အဆင့်နှစ်ဆင့်ကျော်ပြီး ဟွမ်လီကို အနိုင်ယူလိုက်တာကြောင့် ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်မှာ မင်းကို ဘယ်သူမှ မယှဉ်နိုင်တော့တာ သေချာပါတယ်။ အခု မင်း လွတ်လပ်ခွင့်ပြန်ရသွားပြီ"

ဟွမ်မျိုးနွယ်၏ အကျော်အမော်က ပြောဆိုပြီး တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်သည်။ တံဆိပ်ပြားကို ဖမ်းယူပြီးနောက် လုမင်၏ မျက်နှာမှာလည်း ပျော်ရွှင်မှုတို့ ပေါ်လာတော့သည်။

နောက်ဆုံးမှာတော့ သူလွတ်မြောက်သွားပြီ။ ထို့နောက် ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် ဗာဘေးရစ် သလင်းကျောက်များကို ရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။

"လုမင်၊ ငါ့ဟွမ်မျိုးနွယ်ရဲ့ အကြီးအကဲက မင်းကိုတွေ့ချင်နေတယ်"

ဤအခိုက်အတန့်တွင် ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူက ထပ်မံပြောလိုက်သည်။

"ဟွမ်မျိုးနွယ်ရဲ့ မျိုးနွယ်စုအကြီးအကဲက ကျုပ်ကိုတွေ့ချင်နေတာလား"

လုမင် အံ့သြသွားသည်။

'မှန်ပါတယ်။ ငါတို့မှာ မင်းအကူအညီတစ်ခုကို လိုနေတယ်'

ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူက ခေါင်းညိတ်လိုက်၏။ ဤစကားကိုတော့ အသံထုတ်လွှင့်ခြင်းဖြစ်သောကြောင့် အခြားမည်သူမျှ မကြားနိုင်ပေ။

"အကြီးအကဲက ကျုပ်ကို ဖိတ်ခေါ်မှတော့ သဘာဝအတိုင်း တွေ့ရမှာပေါ့ဗျာ"

လုမင်က တုံ့ဆိုင်းမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ငါနဲ့လိုက်ခဲ့ပါ။ ဟွမ်လီ... မင်းလည်း လိုက်လာခဲ့ဦး"

ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူက တိုက်ပွဲကွင်း အပြင်ဆီသို့ ပျံသန်းသွားခဲ့သည်။ လုမင်၊ ဟွမ်လီ၊ ချင်ယွဲ့နှင့် ပူဖောင်းလေးတို့လည်း သူ့နောက်သို့ လိုက်သွားကြလေသည်။

သူတို့က ကွင်းပြင်မှ ပျံထွက်လာပြီးနောက် မြောက်ဘက်သို့ ဦးတည်သွားကြသည်။

"ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်သလဲ"

လုမင်သည် တိုက်ပွဲကွင်းတွင် အချိန်အတော်ကြာအောင် နေခဲ့ရပြီး ယခုမှ ပထမဆုံးအကြိမ် ထွက်လာခြင်း ဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။

ဤသည်မှာ ရှေးကျသော ဧရာမမြို့တစ်မြို့ ဖြစ်သည်။ မြို့ထဲတွင် ရှေးဟောင်း အဆောက်အအုံ အမျိုးမျိုးရှိ၏။ ၎င်းတို့က ကြီးကျယ်ခမ်းနားပြီး မြင့်မားကာ အဆုံးမရှိပေ။

မြို့တော်ထဲမှာတော့ ဟွမ်မျိုးနွယ်ဝင်များက အဆုံးမဲ့‌ ရေစီးကြောင်းကဲ့သို့ သွားလာလှုပ်ရှားနေကြသည်။

မကြာမီ၊ သူတို့က ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုသို့ ရောက်ရှိလာပြီး ခန်းမကြီးတစ်ခုသို့ ဝင်ရောက်ခဲ့ကြသည်။

ခမ်းနားကြီးကျယ်သော ခန်းမကြီးထဲမှာတော့ ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ဆံပင်ဖြူနေပြီဖြစ်သော သက်ကြီးရွယ်အိုတချို့ ထိုင်နေလေသည်။

ဤအကြီးအကဲများတွင် အငွေ့အသက် အနည်းငယ်မျှ မခံစားရဘဲ သာမန်လူအိုကြီးများကဲ့သို့ ဖြစ်သည်။

"မျိုးနွယ်စု အကြီးအကဲတွေကို နှုတ်ခွန်းဆက်ပါတယ်"

ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူနှင့် ဟွမ်လီက အကြီးအကဲများထံ ဦးညွှတ်လိုက်သည်။

"ထုံးတမ်းတွေ လုပ်နေစရာ မလိုပါဘူး"

အလယ်မှ လူကြီးက သူ့လက်ကို အနည်းငယ် မြှောက်ပြလိုက်သည်။ သူက လုမင်ကို သဘောကျသောအကြည့်ဖြင့်ကြည့်ပြီး ပြောလိုက်၏။

"မင်းက လုမင်လား။ မင်းက အဆင့်နှစ်ဆင့်ကျော်ပြီး ဟွမ်လီကို အနိုင်ယူလိုက်တဲ့သတင်းကို ငါကြားလိုက်ရတယ်။ ဒီအဘိုးကြီးက ရှင်သန်နေထိုင်ခဲ့တာ ကြာပြီဖြစ်ပေမဲ့ ဒီလို တိုက်ခိုက်နိုင်စွမ်းမျိုးကိုတော့ ပထမဆုံး မြင်ဖူးတာပဲ"

"အကြီးအကဲက ချီးမွမ်းလွန်းပါပြီ။ ကျွန်တော်က ကံကောင်းလို့ပါ"

လုမင်က နှိမ့်ချစွာပြောလိုက်သည်။

အကြီးအကဲများက ခပ်တိုးတိုး ရယ်မောလိုက်သော်လည်း ဘာမျှမှတ်ချက်မပေးပေ။

"တကယ်တော့ ဒီတစ်ကြိမ်မှာ ငါ့ရဲ့ ဟွမ်မျိုးနွယ်က မင်းရဲ့အကူအညီကို လိုနေတယ်"

အလယ်မှ အဘိုးအိုက ဆက်ပြောသည်။

"ခင်ဗျားတို့က ကျွန်တော်ရဲ့ အကူအညီကို လိုနေတာလား။ ဒါပေမဲ့ ကျွန်တော်ရဲ့ခွန်အားက အားနည်းနေသေးတယ်"

လုမင် အံ့သြသွား၏။

ဟွမ်မျိုးနွယ်၏ အကြီးအကဲများက သူ့အကူအညီကို လိုအပ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ နောက်ဆုံးတွင်၊ သူက မဟာသူတော်စင်နယ်ပယ်တွင်သာ ရှိခဲ့သည်။ ဟွမ်မျိုးနွယ်တွင် သူ့ထက်သန်မာသူ အများအပြား ရှိကောင်းရှိနိုင်သည်။ သူတို့က သူ့အကူအညီကို အဘယ်ကြောင့် လိုအပ်မည်နည်း။

အဘိုးအိုက ပြုံးပြီး ပြောလိုက်သည်။

"ငါနဲ့ လိုက်ခဲ့ရင် မင်းသိပါလိမ့်မယ်။ ဟွမ်လီနဲ့ ကလေးမတို့လည်း ငါနဲ့လိုက်ခဲ့ကြပါ"

ထိုသို့ပြောဆိုပြီးနောက် အကြီးအကဲများက ထွက်သွားသည်။ ဟွမ်လီနှင့် ဟွမ်မျိုးနွယ်မှ အ‌ကျော်အမော်တို့လည်း လိုက်သွားကြ၏။

လုမင်လည်း ခဏတုံ့ဆိုင်းနေပြီးနောက် ချင်ယွဲ့၊ ပူဖောင်းလေးတို့နှင့်အတူ လိုက်ပါသွားတော့သည်။

ခဏအကြာတွင်၊ သူတို့က လျှို့ဝှက်နေရာတစ်ခုကို ရောက်လာခဲ့ကြသည်။

သူတို့၏အရှေ့ အကွာအဝေးတစ်ခုတွင် ကျောက်နံရံတစ်ခုရှိသည်။ ‌ကျောက်နံရံအောက်တွင် ရှေးဟောင်းပလ္လင်သုံးခု ရှိ၏။ ၎င်းတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပုံရပြီး ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူတို့၏ရှေ့တွင် ရှေးဟောင်းပလ္လင် သုံးခုဆီသို့ ဦးတည်သွားသော အပြာရောင် ကျောက်တုံးလမ်းသုံးခု ရှိသေးသည်။ ကျောက်တုံးလမ်း တစ်ခုစီက မီတာတစ်ထောင်ခန့် ရှည်လျားသည်။

All Chapters