← Chapters

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အပိုင်း ( 1865 ) ပျက်စီးခြင်းမြို့တော်မှ အရှုပ်အထွေး။

မကြာမီ၊ ဟွမ်မျိုးနွယ်က လူငယ်ကိုးဦးကို ရွေးချယ်ခဲ့ကြသည်။ ထိုလူငယ်များက လုမင်နှင့်အတူ အပြင်လောကသို့ စွန့်စားခန့်ထွက်ကြလိမ့်မည်။

ထိုအထဲတွင် ဟွမ်လီနှင့် ဟွမ်တိတို့လည်း ပါဝင်သည်။

လူငယ်ကိုးဦးတွင် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူက ငါးဦးအထိ ရှိသည်။ အခြား လူငယ်လေးဦးမှာလည်း အလယ်လတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာများကို ပိုင်ဆိုင်ထား၏။ သူတို့တစ်ဦးစီက အလွန်အစွမ်းထက်ကြပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် သို့မဟုတ် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်တွင် ဖြစ်ကြသည်။

"လုမင်၊ ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ ဝင်ပေါက်ကို ပြင်ပကမ္ဘာမှာ ဘယ်သူတွေသိထားသေးလဲ"

ထိုအချိန်တွင် မျိုးနွယ်စု အကြီးအကဲတစ်ဦးက မေးလိုက်သည်။

"မများပါဘူး၊ လူအနည်းစုလောက်ပဲ"

လုမင်က ဟာကျန်း၏ကိစ္စကို ပြန်ပြောလိုက်လေသည်။

"ဟွမ်မျိုးနွယ်က အပြည့်အဝ ပြန်ပေါ်လာဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် ဒီလူတွေ အသက်မရှင်နိုင်တော့ဘူး"

အကြီးအကဲတစ်ဦး၏ မျက်လုံးများက အရောင်လက်သွားသည်။

"လုမင်နဲ့ ကျုပ် အရင်သွားပြီး သူတို့ကို ဖယ်ရှားပစ်လိုက်မယ်"

လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပြောလိုက်သည်။ သူက လုမင်ကို လှောင်အိမ်တိုက်ပွဲကွင်းမှ ဟွမ်မျိုးနွယ်၏ အကြီးအကဲများနှင့် တွေ့ဆုံရန် ခေါ်ဆောင်လာခဲ့သော ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူပင်။ သူ၏ ကျင့်ကြံမှုအဆင့်က သိုင်းဧကရာဇ်နယ်ပယ်တွင်ရှိပြီး သူ့အမည်မှာ ဟွမ်ရှ ဖြစ်သည်။

"ကောင်းပြီ၊ သွားကြပေဦး"

မျိုးနွယ်စု အကြီးအကဲများက ခေါင်းညိတ်လိုက်သည်။

ဟွမ်မျိုးနွယ်၏ ဝင်ပေါက်၊ ထွက်ပေါက်က သဘာဝအတိုင်း လုမင်တို့ ဝင်ရောက်လာခဲ့သော ဝင်ပေါက်တစ်ခုသာ မကပေ။ အခြား အပေါက်များလည်း ရှိသည်။ သို့သော်လည်း ယခုအချိန်မှာတော့ ထိုအပေါက်မှသာ ထွက်ခဲ့ကြလေသည်။

အားလုံးက လေထဲမှ ပျံသန်းသွားပြီး မကြာမီ ထွက်ပေါက်သို့ ရောက်ရှိလာကြသည်။ ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူက သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်တွင် ရေဝဲတစ်ခုပေါ်လာခဲ့၏။ လူတိုင်းက ရေဝဲအတွင်းသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

နောက်အခိုက်အတန့်တွင်၊ ယခင်က သူတို့ဝင်ခဲ့သော ရေကန်အထက်တွင် ပြန်ပေါ်လာကြောင်း လုမင် သိလိုက်သည်။

ပတ်ဝန်းကျင်မှာတော့ အခြား မည်သူမျှမရှိပေ။

"အကြီးအကဲဟွမ်ရှ၊ လောလောဆယ် ခင်ဗျားကို ကျွန်တော်ရဲ့ တောင်နဲ့မြစ်ပန်းချီကားအတွင်းကို ဝင်နေစေချင်တယ်။ ရန်သူကို သတိပြုမိစေပြီး ဟာကျန်းတို့ကို သတိမပေးစေဖို့ ကျွန်တော်တစ်ယောက်တည်းပဲ ပျက်စီးခြင်းမြို့တော်ကို သွားလိုက်မယ်"

လုမင်က အကြံပြုလိုက်သည်။

ဟွမ်မျိုးနွယ်ဝင်များက အလွန်ထွားကျိုင်းသောကြောင့် လမ်းပေါ်တွင် လျှောက်လှမ်းသည့်အခါ လူအများ၏ အာရုံစိုက်ခြင်းခံရမည်မှာ သေချာသည်။

ဟာကျန်းသည် ယခင်က ရှေးဟောင်းပျက်စီးခြင်းနယ်မြေသို့ ဝင်ရောက်ဖူးသောကြောင့် ဟွမ်မျိုးနွယ်ဝင်များကို တွေ့ဖူးလိမ့်မည်။ သူတို့သာ ပျက်စီးခြင်းမြို့တော်ကို ဤအတိုင်း လျှောက်သွားပါက ဟာကျန်းကို သတိပေးမိကာ လွတ်မြောက်သွားစေနိုင်သည်။

ဟွမ်ရှက ခေါင်းညိတ်ပြလိုက်သည်။ လုမင်လည်း ဟွမ်ရှ၊ ဟွမ်လီနှင့် အခြား ဟွမ်မျိုးနွယ်ဝင်များကို တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ပို့လွှတ်လိုက်တော့သည်။

လုမင်၊ ပူဖောင်းလေးနှင့် ချင်ယွဲ့တို့သာ ပျက်စီးခြင်းမြို့တော်သို့ ဦးတည်သွားကြသည်။

လုမင်နှင့် အခြားသူများက ပျက်စီးခြင်းမြို့တော်သို့ ပြန်ရောက်လာသောအခါ၊ ပတ်ဝန်းကျင်လေထုက ယခင်အချိန်နှင့် လုံးဝမတူတော့ကြောင်း ခံစားလိုက်ရသည်။

ယခုအချိန်တွင်၊ ပျက်စီးခြင်းမြို့တော်တစ်ခုလုံး၏ လေထုက အှုံ့မှိုင်းနေသည်။ လမ်းများကလည်း တိတ်ဆိတ်နေ၏။ ဆိုင်များ တော်တော်များများက ပိတ်ထားရပြီး စားသောက်ဆိုင်များမှာလည်း လူမရှိတော့ပေ။

"ဝုန်း..."

လုမင်တို့က ခမ်းနားထည်ဝါသော အိမ်ကြီးတစ်လုံးကို ဖြတ်သွားချိန်တွင် အတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူရိပ်တစ်ခုက နံရံကိုဖောက်ပြီး အပြင်ဘက်သို့ လွင့်လာခဲ့၏။ မြေပြင်ကို ပြုတ်ကျသွားပြီးနောက် သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

ဒါက ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်သည်။ သူက အလွန်အသက်ကြီးနေပြီး သူ့မျက်နှာပေါ်မှာလည်း ဇရာ၏ အရေး‌အကြောင်းများ ပြည့်နေခဲ့၏။ ဒါက ဦးလေးခုန်းကိုပင် အမှတ်ရသွားစေသည်။

"ဝှစ်... ဝှစ်"

ထို့နောက်တွင် လူအများအပြားက အိမ်ကြီးထဲမှ ထွက်လာခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်က အဘိုးအို၏ မျက်နှာကို ဆောင့်နင်းလိုက်၏။ လူလတ်ပိုင်း အမျိုးသား၏ အားပါပြီး ပြင်းထန်သော ခြေနင်းချက်က အဘိုးအို၏ ဦးခေါင်းကို မြေကြီးထဲ ကျွံဝင်သွားစေသည်။

“အဘိုးရှီ..."

စိုးရိမ်ပူပန်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်မှပင်၊ အခြား လူတစ်ယောက်က ငယ်ရွယ်ပြီး လှပသော အမျိုးသမီးတစ်ဦးကို ချုပ်ကိုင်ထားကြောင်း သတိပြုမိပေသည်။

"သခင်မလေးကို လွှတ်လိုက်ကြစမ်း၊ မဟုတ်လို့ သခင်ကြီးနဲ့ အခြားသူတွေ တခြားသူတွေ ပြန်လာတဲ့အခါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

အဘိုးအိုက သူ့ဒဏ်ရာများကို လျစ်လျူရှုပြီး ထရပ်ရန် ရုန်းကန်ခဲ့သည်။ သူက မိန်းကလေးကို ကူညီရန် ကြိုးစား၏။ သို့သော်လည်း မိန်းကလေးကို ချုပ်ကိုင်ထားသော အမျိုးသားက သူ့ကို ကန်ထုတ်ပစ်ခဲ့သည်။

"မင်းရဲ့သခင် ပြန်လာတာကို မျှော်လင့်နေသေးတာလား။ သူက အခုလောက်ဆိုရင် ရှေးဟောင်းပျက်စီးခြင်းနယ်မြေမှာ သေသွားလောက်ပြီ။ တကယ်လို့ သူပြန်လာရင်တောင် ဘာဖြစ်သေးသလဲ၊ ငါ့ရဲ့ ဟာမိသားစုက မင်းတို့ရဲ့ ဟွမ်းမိသားစုကို ကြောက်မယ်ထင်တာလား"

လူလတ်ပိုင်းအရွယ်က အမျိုးသားက လှောင်ပြောင်လိုက်သည်။ သူက အဘိုးအိုကို အေးစက်စက်ကြည့်ပြီး ပြောလိုက်၏။

"အဘိုးကြီး၊ အခု ငါမင်းကို လိုက်ပို့ပေးမယ်"

ထိုသို့ပြောဆိုပြီးနောက်၊ သူ့လက်ထဲတွင် ဓားတစ်လက်ပေါ်လာကာ အဘိုးအိုကို လွှဲခုတ်လိုက်တော့သည်။

သို့သော်လည်း အင်အားတစ်ခု၏ သက်ရောက်မှုကြောင့် ဓားလမ်းကြောင်းက လွဲချော်သွားရသည်။

"ဘယ်သူလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက အော်လိုက်သည်။ စူးရဲသော သူ့မျက်လုံးအကြည့်က လုမင်အပေါ်သို့ ကျရောက်လာ၏။

"ကောင်လေး၊ မင်းပဲလား"

လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စက် ပြောလိုက်သည်။

"ကြည့်ရတာ မင်းက မျက်စိမကန်းသေးဘူးပဲ"

လုမင်က ပြုံးလိုက်လေသည်။

"ကောင်လေး၊ မင်း သေချင်နေတာလား။ ငါ့ဟာမိသားစုရဲ့ အရေးကိစ္စကို ဝင်စွတ်ဖက်ဝံ့တာက မင်း သေချင်နေပြီထင်တယ်"

လူလတ်ပိုင်းအမျိုးသားက လုမင်ဆီသို့ လျှောက်လာသည်။ ချင်ယွဲ့ကို ကြည့်လိုက်မိသောအခါ သူ့မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

"ဒီမိန်းကလေးက မဆိုးဘူးပဲ။ သူ့ကိုခေါ်သွားပြီးတော့ သခင်လေးကို အပ်နှံမယ်ဆိုရင် ငါ့ကို ဆုချီးမြှင့်မှာ သေချာတယ်"

လုမင်နှင့် ချင်ယွဲ့ကို သူမသိပေ။ လုမင်က ပျက်စီးခြင်းမြို့တော်ကို ဂယက်ထစေခဲ့ဖူးသော်လည်း လူတိုင်းက လုမင်တို့ကို မမြင်ဖူးကြပါ။

"ဝှစ်..."

လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဓားချက်က လျှပ်စီးလက်သကဲ့သို့ လုမင်ကို ခုတ်ချလိုက်သည်။

သို့သော်လည်း၊ နောက်အခိုက်အတန့်တွင် သူ့လည်ပင်းက အေးစက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက်၊ ဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်တစ်ခုက ရှေ့ကို ခြေလှမ်းအနည်းငယ် ပြေးထွက်သွား၏။

ဒါက သူ့ခန္ဓာကိုယ်ကြီး ဖြစ်သည်။ ထို့နောက်မှာ‌တော့ သူ့အမြင်အာရုံက မည်းမှောင်လာပြီး ကမ္ဘာတစ်ခုလုံး အမှောင်အတိကျသွားတော့သည်။

လုမင်က လူလတ်ပိုင်းအမျိုးသားကို သတ်လိုက်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကြောက်စရာကောင်းသော အင်အားတစ်ခုက ကျန်ဟာမိသားစုဝင်များကို ရိုက်ခတ်သွား၏။ ဤလူများက သာမန်မျှသာဖြစ်သောကြောင့် အနည်းငယ်မျှပင် မခုခံနိုင်ဘဲ အသတ်ခံလိုက်ရတော့သည်။ လုမင်က တမင်တကာ ချန်ထားသောကြောင့် လူတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ကြောက်ရွံ့လွန်းသဖြင့် သူ့မျက်နှာ သွေးဆုတ်ဖြူရော်နေ၏။ သူ့ခန္ဓာကိုယ်က မြေပေါ်သို့ ဒူးညွှတ်ကျသွားပြီး ချဉ်စူးစူး အနံ့တစ်ခုလည်း ထွက်ပေါ်လာတော့သည်။

ကြောက်လွန်းသဖြင့် သေးထွက်ကျနေပြီ ဖြစ်သည်။

"အဘိုးရှီ၊ ရှင်အဆင်ပြေရဲ့လား"

မိန်းကလေးက အဘိုးအိုထံသို့ အမြန်ပြေးသွားပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"ကျုပ် အဆင်ပြေပါတယ် သခင်မလေး"

အဘိုးအိုက ခေါင်းကိုခါယမ်းလိုက်လေသည်။ ထို့နောက် မိန်းကလေး၏ ဖေးမမှုဖြင့် လုမင်ထံသို့ လျှောက်လာကာ ဦးညွတ်လိုက်သည်။

"ဒီအဘိုးကြီးက အသက်ကို ကယ်တင်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်"

"ကျုပ်ကို ကျေးဇူးတင်စရာမလိုပါဘူး။ ကျုပ်က ဟာမိသားစုနဲ့ သင့်မြတ်မှုမရှိဘူး။ ဒီမြို့မှာ ဘာတွေဖြစ်နေတာလဲ၊ ဒီမှာ တစ်ခုခုဖြစ်နေသလို ဘာဖြစ်လို့ ခံစားနေရတာလဲ"

လုမင်က‌ ပြောလိုက်သည်။

"ဟင်း...၊ အဲဒါက ရှေးဟောင်းပျက်စီးခြင်းနယ်မြေကြောင့်ပဲ..."

အဘိုးအိုက ဤကာလအတွင်း ပျက်စီးခြင်းမြို့တော်၌ ဖြစ်ပျက်ခဲ့သော အခြေအနေများကို ချက်ချင်း ပြောပြခဲ့လေသည်။

ထိုအချိန်က၊ ပျက်စီးခြင်းမြို့တော်ရှိ အသန်မာဆုံး အင်အားစုခြောက်ခုမှ ကျွမ်းကျင်သူများက ဟာကျန်းနှင့်အတူ ရှေးဟောင်းပျက်စီးခြင်းနယ်မြေသို့ လိုက်ပါသွားခဲ့သည်။ သို့သော်လည်း ဟာကျန်းနှင့် ဟာမော့ထီသာလျှင် ပြန်လာခဲ့၏။ ကျန်သော အင်အားစုခြောက်ခုမှ ကျွမ်းကျင်သူများကတော့ ပြန်မလာကြတော့ပေ။

ရလဒ်အနေဖြင့်၊ ပျက်စီးခြင်းမြို့တော်၏ အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့သည်။ ဟာမိသားစုက ယခုအခါတွင် ပျက်စီးခြင်းမြို့တော်ရှိ အကြွင်းမဲ့အုပ်စိုးရှင် ဖြစ်နေပြီ။

ယခင်ကတည်းက ဟာကျန်းသည် ဧကရာဇ်တစ်ပိုင်း ကျင့်ကြံမှုဖြင့် ပျက်စီးခြင်းမြို့တော်၏ နံပါတ်တစ် အကျော်အမော်တစ်ဦး ဖြစ်ခဲ့သည်။ သို့သော်လည်း အခြားအင်အားစုခြောက်ခု ပူးပေါင်းလိုက်ပါက ဟာမိသားစုကို ယှဉ်နိုင်သေးသည်။

သို့ရာတွင်၊ ယခုအချိန်မှာတော့ ဟာမိသားစုကို မည်သူမျှ မဆန့်ကျင်နိုင်တော့ပါ။

မကြာသေးမီကပင်၊ ဟာမိသားစုက ပျက်စီးခြင်းမြို့တော်ရှိ အင်အားစုအားလုံးကို စတင်ဖိနှိပ်လာခဲ့သည်။ သူတို့က ဆန့်ကျင်သူတိုင်းကို အညှာတာကင်းမဲ့စွာ သတ်ပစ်ခဲ့၏။

ထို့နောက်မှာတော့ ဟာမိသားစုက အခြားသော အင်အားစုခြောက်ခုစလုံးကို ဖယ်ရှားပစ်လိုက်တော့သည်။

အဘိုးကြီးနှင့် မိန်းကလေးက အခြား အင်အားစုခြောက်ခုအနက် ဟွမ်းမိသားစုမှ ဖြစ်သည်။ ထိုမိန်းကလေးက ဟွမ်းမိသားစု၏ သခင်မလေးဆိုလျှင်လည်း မှားမည် မဟုတ်ပေ။ ထုံးစံအတိုင်း၊ ဟာမော့ထီက သူ့ကို လိုချင်တပ်မက်ကာ ကိုယ်လုပ်တော်အဖြစ် ခေါ်ယူချင်ခဲ့သည်။ ထို့ကြောင့် ယနေ့အခင်း ဖြစ်လာခဲ့ခြင်းပင်။

လုမင်လည်း ရုတ်တရက် နားလည်သွားသည်။ အခြား အင်အားစုခြောက်ခုမှ အကျော်အမော် အားလုံးနီးပါးက ရှေးဟောင်းပျက်စီးခြင်းနယ်မြေ၏ လှောင်တိုက်ပွဲကွင်းတွင် သေဆုံးခဲ့ပေသည်။ သို့ဖြစ်ပေရာ၊ ဤအခြေအနေများ ဖြစ်လာခြင်းက မထူးဆန်းတော့ပါချေ။

"သခင်လေး၊ မင်း မြန်မြန်ထွက်သွားသင့်တယ်။ ပျက်စီးခြင်းမြို့တော်နဲ့ အဝေးဆုံးကို ထွက်သွားလိုက်ပါ။ မင်းက ဟာမိသားစုဝင်ကို သတ်ပစ်လိုက်တာကြောင့် မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

အဘိုးအိုက ကြင်နာစွာ အကြံပေးလိုက်သည်။

"ထွက်သွားဖို့လား၊ ကျုပ်က မထွက်သွားချင်သေးဘူး။ ဟေ့... မင်း မြန်မြန်ပြန်သွားပြီး ဒီအကြောင်းကို သတင်းပို့လိုက်ပါ"

ထို့နောက်၊ လုမင်က ဟာမိသားစု၏ အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ကြည့်လိုက်သည်။

"အဲ"

ဟာမိသားစုမှလူက အံ့ဩသွားသည်။ လုမင်က သူ့ကိုမသတ်သည့်အပြင် ဟာမိသားစုသို့ပြန်ပြီး သတင်းပို့ရန်ပင် ပြောနေသေးသည်။ ဘာများဖြစ်နေသနည်း။

All Chapters