အခန်း ၁၈၆၆
Vol. 125 Ch. 1866
အပိုင်း ( 1866 ) ငါက မင်းကိုသတ်ဖို့ စောင့်နေတာ။
အဘိုးအိုနှင့် မိန်းကလေးတို့လည်း အံ့အားသင့်သွားကြသည်။ သူတို့က မျက်နှာပျက်သွား၏။
ဟာမိသားစု၏ခေါင်းဆောင် ဟာကျန်းက ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ လုမင်နှင့် အခြားသူများ၏ အသက်အရွယ် ငယ်ရွယ်ပုံဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကို ရင်ဆိုင်နိုင်မည်ဟု သူတို့ မထင်ပေ။
"သခင်လေး စိတ်လိုလက်ရ မလုပ်ပါနဲ့၊ ဟာကျန်းက..."
အဘိုးအိုက စိတ်ပူသွားပြီး လုမင်ကို ဖျောင်းဖျလိုသည်။
"အဆင်ပြေပါတယ်"
လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ ထို့နောက် ကျန်ရစ်သော ဟာမိသားစုဝင်ကိုကြည့်ပြီး အေးစက်စက် ပြောလိုက်၏။
"မင်းက ဘာဖြစ်လို့ မထွက်သွားသေးတာလဲ။ မင်း သေချင်နေတာလား"
ဟာမိသားစုဝင်က အမျိုးသားလည်း ထိုအခါမှ သတိဝင်လာသည်။ သူက အလန့်တကြားဖြင့် ဟာမိသားစုသို့ ပြန်ပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
အဘိုးအိုနှင့် မိန်းကလေးတို့သည်လည်း စိုးရိမ်ပူပန်သွားကြသည်။
"ခင်ဗျားတို့မှာ လုပ်စရာရှိရင် သွားလို့ရပါတယ်"
လုမင်က ပြုံးပြီး ပြောလိုက်သည်။
"ဒါဆိုရင် သခင်လေး ဂရုစိုက်ပါ"
အဘိုးအိုက ဤနေရာတွင် မနေဝံ့တော့ပေ။ သူက လုမင်ကို လက်ယှက်ပြပြီးနောက် ဟွမ်းမိသားစု၏ မိန်းကလေးနှင့်အတူ ပျက်စီးခြင်းမြို့တော်မှ ထွက်သွားတော့သည်။
လုမင်နှင့် အခြားသူများကတော့ ဤနေရာတွင် တိတ်တဆိတ် စောင့်နေခဲ့ကြသည်။
"သူတို့က ဘယ်သူတွေလဲ၊ ဟာမိသားစုရဲ့လူတွေကို သတ်ပြီးတာတောင် ထွက်မပြေးဘဲ တကယ်ကြီး ဒီနေရာမှာ စောင့်နေဝံ့တယ်"
"ရဲတင်းတာပဲ၊ ကျားမကြောက်တဲ့ မွေးကင်းစ နွားသူငယ်ဆိုတာ ဒါမျိုးကိုခေါ်တာ။ သူတို့က သူရဲကောင်းတွေ ဖြစ်ချင်ပေမဲ့ ဟာမိသားစုက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ သိပုံမရဘူး"
"ဟာမိသားစုရဲ့ ကျွမ်းကျင်သူတွေ ရောက်လာတဲ့အခါ သူတို့ နောင်တရကြလိမ့်မယ်"
အနီးပတ်ဝန်းကျင်တွင်၊ လူတော်တော်များများက ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ ယခုချိန်တွင် သူတို့က အဝေးမှကြည့်နေပြီး အသံတိုးတိုးဖြင့် ဆွေးနွေးလိုက်ကြလေသည်။
ထိုအချိန်၊ ဟာမိသားစု၏ ခြံဝင်းတစ်ခုတွင် ဟာမော့ထီက ငယ်ရွယ်ပြီး ချောမောလှပသော အမျိုးသမီး နှစ်ယောက်၏ အပေါ်၌ အဝတ်ဗလာဖြင့် လဲလျောင်းနေသည်။ အမျိုးသမီးနှစ်ဦးက ရှက်ရွံ့နေပုံရသော်လည်း ဟာမော့ထီ၏ စိတ်တိုင်းကျ ရှိနေကြပြီး မငြင်းပယ်ဝံ့ကြပေ။
ဟာမော့ထီလည်း ခံစားချက် အလွန်ကောင်းမွန်ပြီး ကောင်းကင်ကိုပင် ဒူးဖြင့်တိုက်နိုင်ပြီဟု ခံစားနေခဲ့ရသည်။
ဤမိန်းမပျိုနှစ်ယောက်က အခြားသော အင်အားစူကြီးများ၏ သခင်မလေးများ ဖြစ်သည်။ ယခင်ကတော့ သူသည် သူတို့ကို ကြည့်နေရုံသာတတ်နိုင်ပြီး လက်ဖျားနှင့်ပင် မတို့ထိနိုင်ခဲ့ပေ။
ယခုမူကား၊ သူတို့က သူ့ကို စိတ်နှလုံးအကြွင်းမဲ့ အဖော်ပြုပေးနေရပြီ ဖြစ်သည်။
ဟာမော့ထီ၏ လက်ဝါးများက မိန်းကလေး၏ နူးညံ့ပြီး ချောမွေ့သော အစိတ်အပိုင်းတချို့ကို ပွတ်သပ်လိုက်သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေ၏။ ရုတ်တရက်၊ ဟာမော့ထီက သားရဲကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကလည်း တုန်ခါပြီး ပေါက်ကွဲထွက်လာတော့သည။်
ကိစ္စပြီးမြောက်ချိန်တွင် သူက လုမင်ကို ရုတ်တရက် သတိရသွားသည်။ လုမင်ကို ကျေးဇူးတင်သင့်သည်ဟုလည်း သူ တွေးလိုက်မိ၏။
လုမင်ကြောင့်သာ မဟုတ်ပါက အခြား အင်အားစုများသည် ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ဤမျှမြန်ဆန်စွာ ဝင်ရောက်ကြမည် မဟုတ်ပေ။ ဟာမိသားစုကလည်း ပျက်စီးခြင်းမြို့တော်၏ တစ်ဦးတည်းသော အုပ်စိုးရှင် ဖြစ်လာခဲ့မည် မဟုတ်ပါ။
သူသည်လည်း ဤကဲ့သို့ ကောင်းမွန်သောအချိန်များကို ပိုင်ဆိုင်ရမည် မဟုတ်ချေ။။
ယခုတော့ သူဟာ ပျက်စီးခြင်းမြို့တော်ရှိ မိန်းမလှလေးအားလုံးနှင့် ကစားရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။
သူက အတွေးကောင်းနေချိန်တွင်၊ ခြံအပြင်ဘက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ "သခင်လေး... သခင်လေး... သတင်းဆိုးပဲဗျ"
ဟာမော့ထီ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
သူ အလုပ်လုပ်နေချိန်တွင် သူ့ကိုမနှောင့်ယှက်ရန် ညွှန်ကြားထားပြီးသား ဖြစ်သည်။ ယခုတော့ အပြင်မှ အော်သံက ငှက်ဆိုးထိုးသံအလား သူ့စိတ်ခံစားချက်များကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့ပေသည်။ ဒါက သူ့ကို မပျော်မရွှင် ဖြစ်စေသည်။
ဟာမော့ထီက သူ့အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် မှုန်ကုပ်ကုပ်ဖြင့် ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်မှာတော့၊ လုမင် လွှတ်ပေးလိုက်သည့် အမျိုးသားက စိုးရိမ်တကြီး ရပ်နေပေသည်။
"ဘာလဲ၊ မင်းက ဘာဖြစ်လို့ ဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာလဲ"
ဟာမော့ထီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"သခင်လေး၊ သခင်လေးရဲ့အမိန့်နဲ့ ကျုပ်တို့ ဟွမ်းမိသားစုရဲ့ သခင်မလေးကို ဖမ်းဆီးဖို့ သွားခဲ့ပေမဲ့ တစ်စုံတစ်ယောက်က ကျုပ်တို့ကို ဝင်ရောက်စွတ်ဖက်ပြီး ဟိုမိန်းကလေးကို ကယ်တင်သွားခဲ့ပါတယ်။ သူက တခြားသူတွေကိုတောင် သတ်ပစ်ခဲ့သေးတယ်။ သခင်လေး၊ ခင်ဗျား ကျုပ်တို့အတွက် လက်စားချေရမယ်"
"ငါ့ ဟာမိသားစုဝင်ကို ဘယ်သူက သတ်ဝံ့တာလဲ"
ဟာမော့ထီ၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပေါ်လာသည်။
ယခုအခါ ဟာမိသားစုက ပျက်စီးခြင်းမြို့တော်၏ အုပ်စိုးရှင် ဖြစ်သည်။ သူတို့ကို မည်သူမျှ မလွန်ဆန်ဝံ့ပေ။ သို့ရာတွင်၊ ယခုတော့ ဟာမိသားစုဝင်များကို တစ်စုံတစ်ယောက်က သတ်ခဲ့ပြီ ဖြစ်သည်။ သူတို့က ဝက်ဝံနှလုံးနှင့် ကျားသစ်သည်းခြေတို့ကို စားထားကြခြင်း ဖြစ်လိမ့်မည်။
"ဒါက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါ..."
လူလတ်ပိုင်းအရွယ် အမျိုးသားက လုမင်နှင့် အခြားသူများ၏ အသွင်အပြင်ကို ပြောပြလိုက်သည်။
"ဘာ၊ အဲဒါက သူတို့လား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဟာမော့ထီ၏ မျက်လုံးများက ပြူးကျယ်သွားပြီး မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားပြီးနောက် လုမင်၊ ချင်ယွဲ့နှင့် ပူဖောင်းလေးတို့ဖြစ်ကြောင်း သူ သိလိုက်၏။
သို့သော်လည်း လုမင်နှင့် အခြားသူများက သူတို့နှင့်အတူ ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ဝင်ရောက်ခဲ့သည် မဟုတ်လော။ သူတို့က အဘယ်ကြောင့် ပြန်ထွက်လာသနည်း။
ဟာမော့ထီက သူတို့ကို သေဆုံးသွားပြီဟုပင် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က လုမင်နှင့် အခြားသူများက ရှေးဟောင်းပျက်စီးခြင်းနယ်မြေ၏ ဝင်ပေါက်နှင့် သိပ်မဝေးလှပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူတို့ လွတ်မြောက်လာပြီးနောက်၊ လုမင်နှင့် အခြားသူများလည်း ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်နိုင်သည်။
"သူတို့က တော်တော်ကံကောင်းတာပဲ၊ ဒါပေမဲ့ သူတို့က လွတ်မြောက်လာပြီးတဲ့နောက်မှာ ထွက်ပြေးပုန်းအောင်းနေသင့်တယ်။ ငါ့ရဲ့ ဟာမိသားစုကို ဘယ်လိုတောင် လာရှုပ်ဝံ့တာလဲ"
ဟာမော့ထီ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ပေါ်လာသည်။
ထိုအချိန်က သူ့ကို လုမင်က သနားစရာကောင်းသော သင်ခန်းစာတစ်ခု ပေးခဲ့သည်။ နောက်ပိုင်းတွင်၊ သူ့ကိုဖမ်းပြီး သူ့အဖေကို ခြိမ်းခြောက်ခဲ့၏။ ထိုစဉ်က မျက်နှာပျက်ခဲ့ရခြင်းကို သူက မည်ကဲ့သို့ လက်မစားမချေဘဲနေမည်နည်း။
သူက လုမင်နှင့် အခြားသူများက ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် သေသွားပြီဟု ထင်ခဲ့သည်။ သို့ရာတွင်၊ လုမင်နှင့် တခြားသူများက အသက်ရှင်နေသေးသည့်အပြင် သူ့အစီအစဉ်များကို ဖျက်ဆီးဝံ့မည်ဟု မမျှော်လင့်ထားပေ။ ဒါက သေမင်းနားရွက်ကို တံတွေးလာဆွတ်ခြင်း ဖြစ်သည်။
"သခင်လေး၊ ဒီကိစ္စကို ခေါင်းဆောင်ကြီးကို တင်ပြရမလား"
လူလတ်ပိုင်းအရွယ်က အမျိုးသားက မေးလိုက်သည်။
"မလိုပါဘူး၊ အဲဒီတုန်းက အဖေဟာ ဒဏ်ရာရခဲ့ပြီး မကြာသေးခင်ကမှ ပြန်ကောင်းလာခဲ့တာ...၊ ဒီလိုအသေးအမွှားကိစ္စအတွက် သူ့ကို သတိပေးစရာ မလိုဘူး။ ငါကိုယ်တိုင်သွားပြီး အကြီးအကဲ အနည်းငယ်ကို တွေ့လိုက်မယ်။ ဒီလောက်ဆိုရင် လုံလောက်ပြီ"
ထို့နောက် ဟာမော့ထီက ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။
လုမင်နှင့် အခြားသူများကတော့ ဟွမ်းမိသားစု၏ အိမ်တော်အပြင်ဘက်တွင် ရှိနေဆဲပင်။
အဝေးတွင် စောင့်ကြည့်သူများကလည်း ပိုများလာကြသည်။
ရုတ်တရက်၊ လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက ရှေ့ကိုလှမ်းကြည့်ပြီး ပြောလိုက်၏။
"သူတို့ ရောက်လာပြီ"
အလင်းတန်းများစွာက ကောင်းကင်ကိုဖြတ်ပြီး အံ့မခန်း အရှိန်ဖြင့် ပျံသန်းလာနေသည်။ နောက်အခိုက်အတန့်တွင်၊ အလင်းတန်းများက မှိန်ဖျော့သွားပြီး လူရိပ်ခြောက်ခု ပေါ်လာတော့သည်။
ဦးဆောင်သူမှာ ဟာမော့ထီ ဖြစ်သည်။ သူ့အနားတွင် သက်ကြီးရွယ်အို အများအပြား ရှိ၏။ သူတို့တစ်ဦးစီက ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကို ထုတ်လွှတ်လိုက်ကြသည်။
"အထွတ်အထိပ် အန္တိမသူတော်စင် သုံးယောက်နဲ့ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင် နှစ်ယောက်... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အစီအစဥ်လဲ။ ဟာမော့ထီက ဒီလောက်အစွမ်းထက်တဲ့ အင်အားကို ခေါ်ဆောင်လာရတယ်။ အဲဒီကောင်လေးက ဘယ်သူလဲ"
အဝေးတွင်၊ တစ်စုံတစ်ယောက်က ပြောလိုက်သည်။
အထွတ်အထိပ်ဆုံး အန္တိမသူတော်စင်များနှင့် ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်များက ပျက်စီးခြင်းမြို့တော်၌ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်မှာ သေချာသည်။ ယခုမူကား၊ ၎င်းတို့ အများစုကို လူငယ်လေးများအတွက် စေလွှတ်လိုက်ပြီ။
"ဟားဟားဟား၊ ကောင်းကင်ကိုသွားရမဲ့လမ်း ရှိပေမဲ့ မင်းက ရှုပ်တယ်ဆိုပြီး လက်မခံဘူး။ ကောင်လေး၊ ဒီနေ့တော့ မင်းကို သေချာပေါက် ရှင်းပစ်မယ်"
ဟာမော့ထီက လုမင်ကို မြင်သောအခါ လှောင်ပြောင်လိုက်သည်။ အထူးသဖြင့်၊ ချင်ယွဲ့ကို ကြည့်မိသောအခါ သူ့မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
ဟုတ်သည်၊ သူက သတိလက်လွတ်မနေပါ။ သူက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နှင့် အနီးဆုံးတွင် နေခဲ့သည်။ လုမင်နှင့် အခြားသူများက သူ့အား ဟာကျန်း၏ရှေ့တွင် ဖမ်းသွားတာကို သူ ဘယ်တော့မှ မမေ့ပေ။
"ဟားဟားဟား၊ တကယ်လား။ဘာလို့ဒီကိုရောက်နေတာလဲ မင်းသိရဲ့လား"
လုမင်က ရယ်မောလိုက်၏။
"အိုး၊ မင်းက ငါ့ကိုစောင့်နေတာလား"
ဟာမော့ထီက မေးသည်။
"မင်းမှာ ဦးနှောက်တော့ရှိသေးတာပဲ၊ မဆိုးဘူး။ ငါက မင်းကိုသတ်ဖို့ စောင့်နေတာ"
လုမင်က ပြောလိုက်သည်။
"ဟားဟားဟား၊ ငါ့ကို သတ်မယ်... ဟုတ်လား။ မင်းက တကယ်ရယ်စရာပြောတတ်တာပဲ။ အရင်တစ်ခေါက်က ငါ သတိလွတ်ခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ အဲဒီလိုအဖြစ်ခံမှာ မဟုတ်ဘူး။ မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ"
"သွား၊ သူတို့ကို ဖျက်ဆီးလိုက်တော့"
ဟာမော့ထီက အကြီးအကဲများကို အမိန့်ပေးလိုက်သည်။
"သတ်... သတ်ပစ်"
အကြီးအကဲများက အေးစက်သော လူသတ်ချင်စိတ်တို့ကို ထုတ်လွှတ်လိုက်၏။
အကြီးအကဲလေးယောက်က ရှေ့သို့ တိုးလာသည်။ သူတို့ထဲမှ တစ်ယောက်က ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်များဖြစ်ပြီး သုံးဦးက အထွတ်အထိပ် အန္တိမသူတော်စင်များပင်။ ဤအင်အားက လုမင်နှင့် ကျန်သူများကိုသတ်ရန် လုံလောက်သည်ထက် ပိုသည်။
ပညာရှင်လေးဦး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက လုမင်နှင့် အခြားသူများကို ဖိနှိပ်ခဲ့သည်။ သူတို့က လုမင်တို့ ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် ဧရိယာကိုပင် ချိတ်ပိတ်လိုက်သေးသည်။
သို့သော်လည်း လုမင်နှင့် အခြားသူများက စိုးရွံ့ဟန်လုံးဝမပြဘဲ အေးဆေးတည်ငြိမ်ခဲ့ကြသည်။