← Chapters

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အပိုင်း ( 1869 ) ပါရမီရှင်များ စုဝေးခြင်း။

နောက်ဆုံးတွင်၊ ရွယ်နင်ရှင်း၏အလှည့်သို့ ရောက်သောအခါမှ သူ သက်ပြင်းချလိုက်နိုင်သည်။ အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာ...

ရွယ်နင်ရှင်း၏ မူလ ဝိညာဉ်ခန္ဓာက ကောင်းကင်ဝိညာဉ်ခန္ဓာ မဟုတ်ပေ။ သို့သော်လည်း လုမင်က ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေသို့မသွားမီ ရွယ်နင်ရှင်း၏ ဝိညာဉ်ခန္ဓာကို တာ့ယန်ဆေးမီးဖိုဖြင့် သန့်စင်ပေးခဲ့သည်။ ဒါက ရွယ်နင်ရှင်း၏ ဝိာာဉ်ခန္ဓာကို အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ် ရောက်ရှိစေခဲ့ပေသည်။

"အင်း၊ စမ်းသပ်မှုပြီးပြီ။ မင်းတိုအားလုံး ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို ဝင်ခွင့်ရပြီ။ ငါ့ကိုဒီမှာစောင့်နေပါ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောဆိုပြီးနောက် လှည့်ထွက်သွားသည်။ မကြာမီ၊ သူပြန်ရောက်လာခဲ့၏။

သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျောက်စိမ်းပြား တစ်ဒါဇင်ကျော်က လေထဲတွင် ပေါ်လာပြီး လုမင်နှင့် အခြားသူများဆီသို့ ပျံသန်းသွားတော့သည်။

"ဒါက မင်းတို့ရဲ့ အထောက်အထား အမှတ်အသားပဲ။ ယူထားလိုက်ပါ၊ ဒီဟာက မင်းတို့ကို ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ တပည့်အဖြစ် အသိအမှတ်ပြုတဲ့ တံဆိပ်ပြားပဲ။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က အင်မတန် ကျယ်ဝန်းပါတယ်။ ဒါကြောင့် မင်းတို့ရဲ့ နေအိမ်ကို စိတ်ကြိုက်ရွေးပြီး နေနိုင်တယ်။ စောစောက မြင်ခဲ့ရတဲ့ တောင်တွေမှာ ပိုင်ရှင်မရှိသရွေ့ ကြိုက်တဲ့နေရာကို ရွေးချယ်လို့ရတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

လုမင်နှင့် အခြားသူများက လက်ခံယူပြီးနောက် ကျေးဇူးတင်စကားဆိုလိုက်ကြသည်။

"အင်း၊ မင်းတို့ကို နောက်တစ်ခု သတိပေးစရာရှိသေးတယ်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာ လူသတ်တာ၊ တစ်ဖက်လူရဲ့ ကျင့်ကြံမှုအခြေခံကို ဖျက်ဆီးတာတွေကို ခွင့်မပြုပေမဲ့တိုက်ခိုက်ခြင်းကို တားမြစ်မထားဘူး။ အရာအားလုံးက မင်းတို့အပေါ်ပဲ မူတည်တယ်"

လူလတ်ပိုင်းအရွယ်က အမျိုးသားက သတိပေးလိုက်သည်။

လုမင်နှင့် အခြားသူများလည်း ခေါင်းညိတ်လိုက်ကြလေသည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် ပါဝင်ခဲ့သော ပါရမီရှင်များက ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းပါရမီရှင်များ ဖြစ်သည်။ သူတို့အထဲတွင် အညံ့ဆုံးက အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြစ်ပြီး ဧကရာဇ်ဖြစ်လာရန် အလားအလာရှိ၏။ သတ်ဖြတ်ခြင်းများကို ခွင့်ပြုထားလျှင် ပါရမီရှင်များစွာကို ဆုံးရှုံးရလိမ့်မည်။

သို့သော်လည်း တိုက်ပွဲများကိုတော့ တားမြစ်ထားခြင်း မရှိပေ။ ယင်းက ပါရမီရှင်များကို လှုံ့ဆော်နိုင်ပြီး ဖိအားများပေးကာ ဆက်လက်တိုးတက်ရန် တွန်းအားပေးနိုင်သည်။

"အင်း၊ အခုသွားလို့ရပြီ"

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လုမင်နှင့် အခြားလူများလည်း ပြန်ထွက်လာကြတော့သည်။

ထို့နောက်၊ လုမင်က အသံလွှင့်ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူကာ လုံချန်နှင့် ဟွမ်လင်တို့ထံသို့ အသံပို့လွှတ်လိုက်သည်။

မကြာမီ၊ လူရိပ်တချို့ ပေါ်လာကြသည်။ ဟွမ်လင်နှင့် လုံချန်တို့ ဖြစ်၏။ ရင်းနှီးပြီးသား မျက်နှာများဖြစ်သည့် မုချင်ရွယ်နှင့် မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ယဲ့တုန်ဖန့်တို့လည်း ရှိသေးသည်။

"လုမင်"

"ညီနောင်လု"

လူအများအပြားက လုမင်တို့ကို နှုတ်ဆက်လိုက်ကြသည်။

"လုမင်၊ နောက်ဆုံးတော့ နင် ဒီကိုရောက်လာပြီ။ ဒါနဲ့ သူတို့က ဘယ်သူတွေလဲ"

ဟွမ်လင်က လုမင်ကို ပြုံးပြလိုက်သည်။ ထို့နောက် ဟွမ်လီနှင့် အခြားသူများကို အံ့ဩနေသောအကြည့်ဖြင့် ကြည့်လိုက်၏။

"မင်းတို့ ဘယ်မှာနေကြတာလဲ၊ ငါတို့ လမ်းလျှောက်ရင်း စကားပြောရအောင်"

လုမင်က ပြောလိုက်သည်။

"ငါတို့နဲ့ အသိမိတ်ဆွေတချို့က တောင်တစ်လုံးမှာ သီးသန့်နေတယ်၊ ငါ နင့်ကို ခေါ်သွားပေးမယ်"

ဟွမ်လင်က ပြောသည်။ ထို့နောက် သူတို့လူစူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ နက်နဲရာဆီသို့ ဦးတည်သွားကြလေသည်။ သိပ်မကြာမီ၊ သူတို့က တောင်ထိပ်တစ်ခုကို ရောက်သွားသည်။ ဤတောင်ထိပ်တွင် ခြံဝင်းများစွာ ရှိ၏။ လုမင်နှင့် အခြားလူများ ရောက်လာသောအခါတွင် ပုံရိပ်များစွာတို့ ထွက်လာတော့သည်။

ဤလူများအားလုံးက ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် မုချင်ရွယ်၏ အင်အားစုမှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးက တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးကောင်းပြီး တောင်တစ်လုံးတွင် အတူတူ နေထိုင်ကြလေသည်။

အားလုံးက လုမင်နှင့် အခြားသူများကို နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် ခြံဝင်းတစ်ခုကို လျှောက်သွားကြ၏။ လုမင်က ဟွမ်လီနှင့် အခြားသူများကို မိတ်ဆက်ပေးခဲ့သည်။

ဟုတ်ပေသည်၊ လုမင်က ဟွမ်လီနှင့် အခြားသူများဟာ ပျက်စီးခြင်း ဟွမ်မျိုးနွယ်ဝင်များဟု မပြောခဲ့ပေ။ နောက်ဆုံးမှာတော့၊ ဟွမ်မျိုးနွယ်က သီးခြားရှိနေဆဲ ဖြစ်သည်။

"မင်းလည်း ခွန်အားနိယာမကို လေ့ကျင့်တာလား"

ဟွမ်လီက လုံချန်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပြင်းပြသော တိုက်ခိုက်လိုစိတ်တို့ ပေါ်လွင်နေ၏။ ခွန်အားနိယာမကလည်း သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့လာတော့သည်။

ဟွမ်လီကို စိုက်ကြည့်ရင်း လုံချန်၏ ခန္ဓာကိုယ်မှ အားကောင်းသော အငွေ့အသက်တို့ ထွက်ပေါ်လာသည်။ သူက ခွန်အားနိယာမကို အသက်သွင်းပြီး တိုက်ခိုက်လိုစိတ်တို့ကို ထုတ်ဖော်လိုက်၏။

"မင်းရဲ့ ကျင့်ကြံမှုက အားနည်းနေသေးတာ နှမြောစရာဘဲ။ မင်း မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်ကို ဖြတ်ကျော်ပြီးတာနဲ့ ကောင်းကောင်း တိုက်ခိုက်ကြရအောင်"

ဟွမ်လီက ပြောလိုက်သည်။ သူ၏ တိုက်ခိုက်ချင်စိတ်က ပိုအားကောင်းလာ၏။

"ဒါက ငါလိုချင်တဲ့အတိုင်းပဲ"

လုံချန်၏ မျက်လုံးများကလည်း တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေတော့သည်။

ဘုရင်နိယာမများက ကောင်းကင်နှင့်မြေပြင်ကြားတွင် ထိပ်တန်းနိယာမတစ်ခု ဖြစ်သည်။ သာမန်အချိန်များတွင် ဘုရင်နိယာမက အလွန်ရှားပါးပေသည်။

ယနေ့ ရွှေခေတ်တွင်သာ ဘုရင်ခန္ဓာများ တိုးတက်ရန် တိုက်ပွဲဝင်နေသည့် အခြေအနေမျိုး ရှိပေလိမ့်မည်။

သို့သော်လည်း တူညီသော ဘုရင်ခန္ဓာနှစ်ခုက ရွှေခေတ်မှာပင် ပေါ်ပေါက်လာရန် မလွယ်ပေ။ ၎င်းတို့က ရှေးခေတ်ကတည်းက ရှားပါးသည်။

လုံချန်နှင့် ဟွမ်လီတို့ နှစ်ဦးစလုံးက ခွန်အားနိယာမကို ထိန်းချုပ်ထားသည်။ သူတို့နှစ်ဦး ထိပ်တိပ်တိုက်တွေ့ဆုံသောအခါ မတိုက်ခိုက်ဘဲမနေပေ။ ထို့ပြင် သူတို့နှစ်ဦးစလုံးက တူညီသောနိယာမကို ထိန်းချုပ်ထားသောကြောင့် အချင်းချင်း တိုက်ခိုက်ခြင်းမှာ သူတို့၏ ကျင့်ကြံမှုအတွက် အလွန်အကျိုးရှိသည်။

"ဒီလူကလည်း ဘုရင်ခန္ဓာပဲ"

ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းမှ အခြားပါရမီရှင်များက ဟွမ်လီကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။

လုံချန်နှင့် ဟွမ်လီက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ အငွေ့အသက်များကို ပြန်ရုတ်သိမ်းလိုက်လေသည်။

အားလုံးက ခဏမျှ စကားစမြည်ပြော‌ခဲ့ကြသည်။ လုမင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အခြေအနေကို အဓိကအားဖြင့် မေးလေသည်။

"ယွမ်ရှန်မြင့်မြတ်သောကျောင်းတော်ရဲ့ ပါရမီရှင်တွေက ငါတို့စိတ်ကူးထားတာထက် သာလွန်တယ်။ မြင့်မြတ်နယ်မြေကိုးခုက ပါရမီရှင်တွေအပြင် ဧကရာဇ်အဆင့် အင်အားစုအများအပြားက ပါရမီရှင်တွေလည်း ရှိသေးတယ်။ အမြဲတမ်း သီးခြားနေထိုင်ခဲ့တဲ့ ရှေးဟောင်းမျိုးနွယ်တွေလည်း ပေါ်ပေါက်လာပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ဝင်ရောက်လာခဲ့ကြတယ်"

ဟွမ်လီက ပြောလိုက်သည်။

"ရှေးဟောင်းမျိုးနွယ်လား"

လုမင်က မျက်ခုံးပင့်လိုက်သည်။ ပျက်စီးခြင်း ဟွမ်မျိုးနွယ်ကိုပင် သူ အမှတ်ရသွား၏။

"ရှေးခေတ်က တည်ရှိခဲ့တဲ့ မျိုးနွယ်တွေကို ရှေးဟောင်းမျိုးနွယ်လို့ခေါ်တယ်။ သူတို့တွေက မရေမတွက်နိုင်တဲ့ နှစ်တွေကတည်းက တည်ရှိနေခဲ့ကြတဲ့ အင်အားစုတွေပဲလေ။ ‌အများစုက မြင့်မြတ်နယ်မြေကိုးခုမှာ မရှိကြဘူး။ အဲဒီအစား သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေမှာပဲ နေကြတာများတယ်။ သူတို့ရဲ့ အမွေအနှစ်တွေက အလွန်နက်နဲပြီး သူတို့ ဘယ်လောက်တောင် သန်မာသလဲဆိုတာ ဘယ်သူမှ မသိဘူး"

"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အကြောင်းတစ်ခုခုကြောင့် ရှေးဟောင်းမျိုးနွယ်တွေ အများကြီးပေါ်လာကြတယ်။ သူတို့ရဲ့ ပါရမီနဲ့ ခွန်အားကလည်း အလွန်တုန်လှုပ်စရာကောင်းတယ်။ ဘုရင်ခန္ဓာတွေတောင် အများကြီးရှိသေးတယ်"

ဟွမ်လင်က ရှင်းပြလိုက်သည်။

"ရှေးဟောင်းမျိုးနွယ်လား"

ဟွမ်လီ၊ ဟွမ်တိနှင့် အခြားသူများ၏ မျက်လုံးများက တိုက်ခိုက်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့ပေသည်။

"ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က တကယ်ကို ပါရမီရှင်တွေရဲ့ စုဝေးရာဖြစ်ပုံရတယ်။ မြင့်မြတ်နယ်မြေကိုးခုရဲ့ ပါရမီရှင်တွေ စုရုံးလာကြတဲ့အပြင် ရှေးဟောင်းမျိုးနွယ်တွေရဲ့ ပါရမီရှင်တွေတောင် ရှိသေးတယ်။ စိတ်ဝင်စားစရာပဲ"

လုမင်၏ မျက်လုံးများမှာလည်း တိုက်ခိုက်ချင်စိတ်ဖြင့် ပြည့်လာခဲ့သည်။

"ဟွမ်လင်... လုံချန်၊ ထွက်လာခဲ့ကြစမ်း"

ထိုအချိန်တွင် အပြင်ဘက်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ဒါက မော့လန်နဲ့ တခြားသူတွေပဲ"

ဟွမ်လင်၊ လုံချန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများက မှုန်ကုပ်သွားသည်။

"ချီးပဲ၊ ဒီကောင်တွေက တကယ်ကို အလျှော့မပေးသေးဘူး"

တစ်ယောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဟွမ်လင်... လုံချန်၊ ထွက်လာခဲ့ကြစမ်း"

အပြင်ဘက်မှ အသံက ထပ်မံထွက်လာသည်။

"လုမင်၊ မင်း ခဏစောင့်ဦး။ ငါသွားပြီး ဖြေရှင်းလိုက်မယ်"

လုံချန်က ထရပ်ပြီး ခြံဝင်းထဲမှ ထွက်သွား၏။

"ငါလည်းလိုက်မယ်"

ဟွမ်လင်က သူ့နောက်မှ လိုက်သွားသည်။ ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းမှ ပါရမီရှင်အချို့လည်း လိုက်သွားကြတော့သည်။

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ သို့သော်လည်း သူက မလိုက်ပေ။ ထိုအစား၊ ဝိညာဉ်အသိကို ဖြန့်ကျက်ပြီး အပြင်ဘက်မှ အရာများကို စောင့်ကြည့်နေလိုက်သည်။

အပြင်ဘက်မှာတော့ မော့လန်၊ ရွှေကျီးကန်း ဒုတိယမင်းသားနှင့် တခြား ပါရမီရှင်တချို့ ရှိနေကြသည်။ စုစုပေါင်း လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိ၏။ သူတို့အားလုံးက ရှေးဟောင်းလမြင့်မြတ်နယ်မြေမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ ယခုအချိန်တွင်၊ သူတို့က ကောင်းကင်မှာရပ်ပြီး လုံချန်၊ ဟွမ်လင်နှင့် တခြားသူများကို ငုံ့ကြည့်နေ‌သည်။

"ဟွမ်လင်... လုံချန်၊ မင်းတို့ အဲဒါကို စဉ်းစားပြီးပြီလား။ ငါတို့ရဲ့ စိတ်ရှည်မှုဟာ အကန့်အသတ်ရှိတယ်"

မော့လီက လှောင်ပြောင်သရော်ဟန်ဖြင့် ပြောသည်။

"မင်းက ငါတို့ကို ပူးပေါင်းစေချင်တာလား။ ဒါက မဖြစ်နိုင်ဘူး... အခု ထွက်သွားစမ်း"

လုံချန်က အော်ပြောလိုက်သည်။

"ဟမ့်၊ ငါတို့ကို ငြင်းပယ်ခြင်းရဲ့ အကျိုးဆက်တွေကို မင်းသိထားသင့်တယ်။ ဖုန်းမျိုးနွယ်က မင်းရဲ့အရည်အချင်းကို တန်ဖိုးထားလိုသာ ငါတို့နဲ့ ပူးပေါင်းဖို့ ပြောခိုင်းလိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် အထင်တွေသိပ်ကြီးမနေနဲ့"

ရွှေကျီးကန်း ဒုတိယမင်းသားက ပြောလိုက်၏။ သူ့မျက်လုံးများက နေအလင်းရောင်များ တောက်ပလာတော့သည်။

"လူစကားကို နားမလည်ဘူးလား။ ထွက်သွားစမ်း"

လုံချန်၏ ခန္ဓာကိုယ်မှ အားကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာပြီး အော်ငေါက်လိုက်သည်။

ဤကာလအတွင်း၊ လုံချန်၏ ကျင့်ကြံမှုအခြေခံက မြင့်တက်လာပြီး မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပေသည်။ သူက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်နှင့်ပင် မဝေးတော့ပါ။ သူက လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကြီးမားစွာ တိုးတက်လာကြောင်း ထင်ရှားသည်။

လုံချန်က လေထဲသို့ ပျံတက်ပြီး မော့လန်နှင့် အခြားသူများဆီသို့ လျှောက်သွားသည်။ မော့လန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွား၏။

လုံချန်၏ အရည်အချင်းဖြင့် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိလာပြီးနောက် သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်မြင့်မားသည်။ သူတို့က လုံချန်ကို မယှဉ်နိုင်ကြပေ။

All Chapters