← Chapters

အခန်း ၁၈၇၃

Vol. 125 Ch. 1873

အခန်း ၁၈၇၃

Vol. 125 Ch. 1873

အပိုင်း ( 1873 ) ရွှေကျီးကန်း ပထမမင်းသားကို သတ်ခြင်း။

"ဒါက ဧကရာဇ်လက်နက်ပဲ။ ညစ်ပတ်တဲ့ကောင်၊ တရားမျှတတဲ့တိုက်ပွဲမှာ နင်က ဧကရာဇ်လက်နက်ကို ဘယ်လိုတောင် အသုံးပြုဝံ့တာလဲ"

ဟွမ်လင်က အော်ဟစ်လိုက်သည်။

"ညစ်ပတ်တာလား၊ ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲကွင်းကွ။ ဒီနေရာမှာ ဧကရာဇ်လက်နက်ကို မသုံးရဘူးဆိုတဲ့ စည်းကမ်းမရှိဘူး။ ဧကရာဇ်လက်နက်ရှိထားတာကလည်း သူ့ရဲ့ စွမ်းရည်တစ်မျိုးပဲ"

မော့လန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး လှောင်ပြောင်လိုက်သည်။

ရွှေကျီးကန်း ပထမမင်းသားတွင် ဧကရာဇ်လက်နက်တစ်ခု ရှိသည်။ သူက လက်နက်၏ စွမ်းအားအပြည့်ကို မထုတ်နိုင်သော်လည်း လုမင်ကိုသတ်ရန် လုံလောက်သေးသည်။

"လုမင်၊ ငါ အရင်ကပြောပြီးပြီ။ ဒီနေ့ သေရမဲ့လူက မင်းပဲ"

ရွှေကျီးကန်း ပထမမင်းသားက အေးစက်စက် ပြောလိုက်သည်။ သူ့မျက်လုံးများက မောက်မာမှုတို့ ပြန်ပေါ်လာ၏။ သူက သူ၏ ရွှေရောင်တောင်ပံများကိုခတ်ကာ လုမင်ဆီသို့ ဦးတည်သွားတော့သည်။

ဧကရာဇ်လက်နက်၏ စွမ်းအားက မိုးနှင့်မြေကို တုန်လှုပ်သွားစေသည်။

"ဧကရာဇ်လက်နက်ကို ပိုင်ဆိုင်ထားတာက မင်းတစ်‌ယောက်တည်းလို့ ထင်လို့လား"

လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပြီး ထိုက်ကျိအစီရင်ဓာတ်ပြားတစ်ခု ပေါ်လာ၏။ ၎င်းက လျင်မြန်စွာ ကျယ်ပြန့်လာပြီး ထိုက်ကျိပုံစံကားချပ်တစ်ခု ပေါ်လာကာ ရွှေကျီးကန်း ပထမမင်းသားကို ဖိနှိပ်လိုက်တော့သည်။

ထိုက်ကျိအစီရင်ဓာတ်ပြားက ဧကရာဇ်လက်နက်နှင့် အဆင့်တူသော ရတနာတစ်ခု ဖြစ်သည်။ လုမင်၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ၊ သူ ထုတ်လွှတ်နိုင်သော စွမ်းအားကလည်း ပို၍ အားကောင်းလာလိမ့်မည်။

ရွှေကျီးကန်း ပထမမင်းသားက အတောင်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့အားလုံးကို ထိုက်ကျိအစီရင်ဓာတ်ပြားမှ ပိတ်ဆို့ဟန့်တားခဲ့သည်။

"ဝှစ်... ဝှစ်... ဝှစ်"

လုမင်က ၎င်းကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်သည်။ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဖြင့် ရွှေကျီးကန်း ပထမမင်းသားကို ညွှန်ပြလိုက်၏။

ရွှေကျီးကန်း ပထမမင်းသား၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ ရွှေအတောင်ပံတစ်စုံက‌ တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ကာ သူ့ခန္ဓာကိုယ်မှ ပျံထွက်သွား၏။ ၎င်းက ကြီးမားသော ခြေသုံးချောင်း ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ့အတောင်ပံများကို ခတ်လိုက်သည်နှင့် မီးတောက်များက ပျံ့နှံ့သွားပြီး လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းများကို ဖျက်ဆီးပစ်လိုက်သည်။

"ဖိနှိပ်"

လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအခွင့်အရေးကိုဆုပ်ကိုင်ပြီး ထိုက်ကျိအစီရင်ဓာတ်ပြားက ရွှေကျီးကန်း ပထမမင်းသားကို ဖိနှိပ်လိုက်၏။

ဧကရာဇ်လက်နက်မှ အသွင်ပြောင်းထားသော ရွှေကျီးကန်းက သံရှည်ဆွဲပြီး အော်ဟစ်ကာ ထိုက်ကျိအစီရင်ဓာတ်ပြားကို ဝင်တိုက်လိုက်သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက တုန်ခါပြီး ပြန်လွင့်သွားတော့သည်။

ထို့နောက် ရွှေကျီးကန်းက ၎င်း၏အတောင်ပံများကိုခတ်ကာ လုမင်ဆီသို့ ဦးတည်သွားသည်။

"ငရဲကိုသွားစမ်း"

ရွှေကျီးကန်း ပထမမင်းသားက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။

လုမင်က တိုက်ပွဲစင်မြင့်ပေါ်တွင် မလှုပ်မယှက် ရပ်နေသည်။ ဝင်လာသော ဧကရာဇ်လက်နက်ကို မမြင်ရသကဲ့သို့ သူ့မျက်နှာမှာ ငြိမ်သက်နေ၏။

ဧကရာဇ်လက်နက် ရွှေကျီးကန်းက လုမင်အနီးသို့ ရောက်လာချိန်မှ လုမင်၏လက်ထဲတွင် မီးပြင်းဖိုတစ်ခုပေါ်လာသည်။

တာ့ယန်ဆေးမီးဖို။

တာ့ယန်ဆေးမီးဖိုက တောင်လုံးတမျှ လျင်မြန်စွာ ကြီးမားလာခဲ့သည်။ မီးပြင်းဖိုအဖုံး ပွင့်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခုက ပေါက်ကွဲထွက်လာ၏။

"အထဲကိုဝင်စမ်း"

လုမင်က တာ့ယန်ဆေးမီးဖို၏ ခြေထောက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး တစ်ဖက်လူ၏ ဧကရာဇ်လက်နက်ကို တာ့ယန်ဆေးမီးဖိုအတွင်းသို့ ဆွဲထည့်လိုက်သည်။ ထို့နောက်မှာတော့ ဆေးမီးဖိုအဖုံးကို အမြန် ပြန်ဖုံးလိုက်တော့သည်။

တာ့ယန်ဆေးမီးဖိုက မည်သည့်အဆင့်ဖြစ်ကြောင်း သူမသိသော်လည်း အတောင်ပံတစ်စုံကို အလွယ်တကူ သိမ်းယူနိုင်ခဲ့သည်။

"ငါ့ရဲ့ ဧကရာဇ်လက်နက်ကို ပြန်ပေးစမ်း"

ရွှေကျီးကန်း ပထမမင်းသားက အော်ဟစ်လိုက်သည်။

"မင်းက ဧကရာဇ်လက်နက်အကြောင်းကို တွေးနေသေးတာလား။ ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ဂရုစိုက်စမ်းပါ။ သတ်"

လုမင်က ကြိမ်းမောင်းပြီး နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုလိုက်သည်။ သူ့မျက်လုံးများမှ ဓားအလင်းနှစ်ခု ထွက်လာပြီး ရွှေကျီးကန်းပထမမင်းသား၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွား၏။

ရွှေကျီးကန်း ပထမမင်းသား၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ ထို့နောက် ထိုက်ကျိအစီရင်ဓာတ်ပြားက ကျဆင်းလာပြန်ပြီး ထိုက်ကျီပုံစံကားချပ်တစ်ခုဖြင့် ရွှေကျီးကန်း ပထမမင်းသားကို ဖုံးအုပ်လိုက်တော့သည်။

လုမင်က ပို၍ပင် ကြမ်းတမ်းလာသည်။ သူက တာ့ယန်ဆေးမီးဖိုကို ကိုင်မြှောက်ပြီး ရွှေကျီးကန်း ပထမမင်းသားထံ ရိုက်ချလိုက်၏။

လုမင်၏ တိုက်ခိုက်မှုများက မုန်တိုင်းတိုက်ခတ်နေသကဲ့သို့ပင်။ ရွှေကျီးကန်း ပထမမင်းသားက လုံးဝ မခုခံနိုင်တော့ပါ။ သူ့ဦးခေါင်းကို တာ့ယန်ဆေးမီးဖိုက ထုချလိုက်သည်။

ကျယ်လောင်သော အသံနှင့်အတူ ရွှေကျီးကန်း ပထမမင်းသား၏ ခေါင်းထဲတွင် မူးဝေသွားသည်။ သူ့ခေါင်းက ပေါက်ကွဲလုနီး အက်ကွဲသွား၏။ သူ့ခန္ဓာကိုယ်က တိုက်ပွဲစင်မြင့်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

"ဝှစ်..."

ထိုက်ကျိပုံစံမှ ယင်ယန်ငါး ဓားနှစ်လက်အဖြစ် ပြောင်းလဲလဲသွားသည်။ ၎င်းက ရွှေကျီးကန်း ပထမမင်းသား၏ အတောင်ပံများကို ထိုးဖောက်သွား၏။ ရွှေကျီးကန်း ပထမမင်းသားက နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

"ဒုန်း"

လုမင်က တာ့ယန်ဆေးမီးဖိုကိုမြှောက်ပြီး ရွှေကျီးကန်း ပထမမင်းသား၏ ဦးခေါင်းကို ထပ်မံ ရိုက်ချလိုက်သည်။ ယခုတစ်ကြိမ်တွင် ရွှေကျီးကန်း ပထမမင်းသားက ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ့ဦးခေါင်းက ပွင့်ထွက်ပြီး သွေးများ ဖြာရဲသွား၏။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော နေမင်း၏နတ်မီးလျှံကလည်း ငြိမ်းသက်သွားပြီး သေအံ့ဆဲဆဲ ဖြစ်နေတော့သည်။

လုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားနှင့် တာ့ယန်ဆေးမီးဖိုကို ရုတ်သိမ်းပြီး ရွှေကျီးကန်း ပထမမင်းသား၏ ဦးခေါင်းကို နင်းချလိုက်သည်။

"ရပ်လိုက်စမ်း လုမင်၊ ငါ့အစ်ကိုက ရွှေကျီးကန်းမျိုးနွယ်ရဲ့ ထိပ်တန်း ပါရမီရှင်ပဲ။ သူ့ကိုသတ်ရင် ရွှေကျီးကန်းမျိုးနွယ်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

ရွှေကျီးကန်း ဒုတိယမင်းသားက အော်ဟစ်လိုက်သည်။

"ပြီးတော့ ဖုန်းမျိုးနွယ်က မင်းကို အလွတ်မပေးဘူး"

မော့လန်ကလည်း အော်ပြော၏။

"ဟားဟားဟား၊ ငါနဲ့ ရွှေကျီးကန်းတွေကြားမှာ ပြန်သင့်မြတ်ဖို့ နေရာရှိသေးတယ်လို့ ထင်လို့လား"

လုမင်က လှောင်ပြောင်လိုက်သည်။ သူသည် ရွှေကျီးကန်းမင်းသားများကို သတ်ခဲ့ဖူး၏။ နှစ်ဘက်စလုံးက တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဖြစ်နေပြီ။ သူတို့ကြားတွင် ရင်ကြားစေ့ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

ရွှေကျီးကန်း ပထမမင်းသားကို မသတ်လျှင်ပင် ရွှေကျီးကန်းမျိုးနွယ်က သူ့ကို အလွတ်ပေးမည် မဟုတ်ပါ။

ဖုန်းမျိုးနွယ်အတွက်တော့...

လုမင်က မော့လန်ကိုကြည့်ပြီး ပြောလိုက်သည်။

"ဖုန်းမျိုးနွယ်က တိုက်ခိုက်ချင်ရင် ငါ လက်ခံမှာပါ။ အခုလောလောဆယ်မှာတော့ ရွှေကျီးကန်း ပထမမင်းသားက သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ကို တက်လာပြီးပြီဖြစ်လို့ သူ ရှုံးနိမ့်ရင် သေရမယ်"

လုမင်၏ လက်ထဲတွင် အန္တိမသူတော်စင်လက်နက် ဓားတစ်လက် ပေါ်လာသည်။ သူက ရွှေကျီးကန်း ပထမမင်းသား၏ ဦးခေါင်းကို ထိုးစိုက်လိုက်၏။

"ရွှပ်..."

သွေးများက ပတ်ဝန်းကျင်ကို ဖြန်းပက်သွားခဲ့သည်။ ရွှေကျီးကန်း ပထမမင်းသား၏ ဦးခေါင်းက ထုတ်ချင်းခတ် ပေါက်သွားပြီ။ တစ်ချိန်တည်းမှာပင် သူ၏ နတ်ဘုရားဝိညာဉ်က ပျက်စီးသွားခဲ့သည်။

ရွှေကျီးကန်း ပထမမင်းသား သေပြီ။

"ဘယ်လောက်တောင် သန်မာလိုက်တဲ့ တိုက်ခိုက်နိုင်စွမ်းလဲ။ ဒီလူရဲ့ တိုက်ခိုက်ရေး စွမ်းအားက အံ့ဩစရာ ကောင်းလွန်းတယ်"

"ကစဉ့်ကလျားနိယာမကို ထိန်းချုပ်ထားတဲ့ ကစဉ့်ကလျားရဲ့သားတော်ဆိုတဲ့အတိုင်း တကယ့်ကို အံ့မခန်းပါပဲ။ သူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ လူတွေထဲမှာ အသန်မာဆုံးနိယာမကို ထိန်းချုပ်ထားတဲ့ ဒုတိယမြောက်လူပဲ"

"သူ့ရဲ့ ကျင့်ကြံမှုအခြေခံက အားနည်းနေသေးတာ စိတ်မကောင်းစရာပဲ။ အခုချိန်မှာ သူက အသန်မာဆုံး ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ခက်လိမ့်မယ်။ ဒါပေမဲ့ သူ ကြီးပြင်းလာတဲ့အခါ အင်မတန် ကြောက်စရာကောင်းလိမ့်မယ်"

ပတ်ဝန်းကျင်မှ လူတချို့က စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်။

နောက်ထပ် ကောင်းကင်သားတော်တစ်ယောက် မွေးဖွားလာပြီ။ ဒါက တကယ်ကို ကျင့်ကြံမှု၏ ရွှေခေတ် ဖြစ်သည်။

ဘုရင်များက အာဏာထူထောင်ရန်အတွက် တိုက်ပွဲဝင်ကြရုံသာမက ကောင်းကင်သားတော်များပင် ယှဉ်ပြိုင်နေကြသေးသည်။

ရွှေကျီးကန်း ဒုတိယမင်းသားနှင့် အခြားသူများ... အထူးသဖြင့် ရွှေကျီးကန်းမျိုးနွယ်မှ ပါရမီရှင်များမှာ မျက်စိမျက်နှာပျက်နေခဲ့ကြသည်။ သူတို့ထံမှ ကြောက်စရာကောင်းသော လူသတ်ချင်စိတ်တို့လည်း ထုတ်လွှတ်နေကြ၏။

ရွှေကျီးကန်း ပထမမင်းသား ကွယ်လွန်သွားပြီ။ ရွှေကျီးကန်းမျိုးနွယ်၏ အသန်မာဆုံးသော ပါရမီရှင်ကို လုမင်က ထိုကဲ့သို့ပင် သတ်ပစ်လိုက်သည်။

ရွှေကျီးကန်း မျိုးနွယ်စု၏ အကြီးအကဲများ သိသွားကြလျှင် ဒေါသပေါက်ကွဲသွားတော့မည်။

"လုမင်၊ ငါ့အစ်ကိုရဲ့ အလောင်းကို ပေးပါ"

ရွှေကျီးကန်း ဒုတိယမင်းသားက အေးစက်စက် ပြောလိုက်သည်။

"မင်းကို ပေးရမယ်...၊ မင်းက တော်တော်နုံအတာပဲ။ ဒါက ငါ့ရဲ့တိုက်ပွဲအောင်နိုင်မှုပဲ၊ မင်းကို ဘာကြောင့်ပေးရမှာလဲ"

လုမင်က ပြုံးပြီး ဆက်ပြောလိုက်၏။

"နောက်ပြီးတော့ ငါ့သူငယ်ချင်းတွေက ရွှေကျီးကန်းအသားကို အရမ်းစိတ်ဝင်စားနေတာ မင်းမမြင်ဘူးလား"

"မင်း... မင်းလုပ်ဝံ့လား"

ရွှေကျီးကန်း ဒုတိယမင်းသားသည် ဒေါသထွက်လွန်းသဖြင့် အသားတဆတ်ဆတ်တုန်ကာ လုမင်ကို စိုက်ကြည့်လိုက်သည်။

"ငါက ဘာဖြစ်လို့မဝံ့ရဲရမှာလဲ။ အရင်က ဒါမျိုးကို မလုပ်ဖူးတာမှ မဟုတ်တာ"

လုမင်က ပြုံးလိုက်၏။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းကာ ရွှေကျီးကန်း ပထမမင်းသား၏ ခန္ဓာကိုယ်ကို သိမ်းယူလိုက်တော့သည်။ ထို့နောက်တွင်၊ သူက ရွှေကျီးကန်း ဒုတိယမင်းသားကို ကြည့်ကာ ပြောလိုက်သည်။

"မင်းက ဘာဖြစ်လို့ မထွက်သွားသေးတာလဲ။ မင်းလည်း တိုက်ခိုက်ချင်လို့လား။ ငါ လက်ခံတယ်နော်"

"မင်း... မင်းစောင့်နေပါ။ အခု ဖုန်းဝူချန်က သူတော်စင်စစ်မြေပြင်မှာ လေ့ကျင့်နေတယ်။ သူထွက်လာတဲ့အချိန်က မင်းသေရမဲ့အချိန်ပဲ"

ရွှေကျီးကန်း ဒုတိယမင်းသားက ဒေါသပေါက်ကွဲနေသော်လည်း လုမင်ကို မတိုက်ခိုက်ဝံ့ပေ။ ထို့ကြောင့် ကြိမ်းမောင်းပြောဆိုပြီးနောက် မော့လန်နှင့် ကျန်လူများနှင့်အတူ ထွက်သွားသည်။

"ကိုကိုကြီး လုမင်က တော်လိုက်တာ၊ အခု ရွှေကျီးကန်းအသားကို စားရတော့မယ်"

ပူဖောင်းလေးက လုမင်၏ ပခုံးပေါ်သို့ ခုန်တက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ရွှေကျီးကန်းသားကို ပြန်သွားစားရအောင်"

လုမင်လည်း ပြုံးပြီး ကျန်သူများနှင့်အတူ သူတို့၏ တောင်ပေါ်သို့ ပြန်လာတော့သည်။

မကြာမီ၊ မွှေးကြိုင်သင်းပျံ့သော ရနံ့တစ်ခုက တောင်ပေါ်မှ ထွက်ပေါ်လာပြီး ဆယ်မိုင်ခန့်အထိ ပျံ့နှံ့သွားသည်။ ထိုညတွင်၊ ရွှေကျီးကန်းတစ်ကောင်လုံးက လူတိုင်း၏ဗိုက်ထဲကို ရောက်ရှိသွားလေသည်။

အထူးသဖြင့် ဟွမ်မျိုးနွယ်မှ ပါရမီရှင်များ ဖြစ်သည်။ သူတို့က ပါးစပ်တစ်ခုလုံး အဆီတဝင်းဝင်းဖြစ်နေသည်အထိ စားသောက်ကြ၏။ အရိုးများကိုပင် ဟွမ်မျိုးနွယ်၏ ပါရမီရှင်များက မချန်ထားခဲ့ပေ။

သို့တိုင်၊ သူတို့က မကျေနပ်ကြသေးပါ။ သူတို့က နောက်ထပ် စားသောက်ရန် ရွှေကျီးကန်းအနည်းငယ်ကို ဖမ်းယူရန်ပင် တွေးတောမိခဲ့သည်။

All Chapters