← Chapters

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အပိုင်း ( 1876 ) တိုက်ပွဲ။

"သခင်လေးဝူချန်၊ ဒါက လုမင်ရဲ့အပြစ်ပဲ။ မဟုတ်ရင် ဟွမ်လင်၊ လုံချန်နဲ့ အခြားသူတွေကို အနိုင်ယူပြီးဖြစ်လိမ့်မယ်"

မော့လန်က အေးစက်စွာ ပြောလိုက်သည်။

"ဪ၊ လုမင်ဆိုတဲ့နာမည်ကို ငါကြားဖူးတယ်။ ဟိုးအရင်တုန်းက ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့သူပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက ဖုန်းမျိုးနွယ်ဟာ မပေါ်ပေါက်လာသေးဘူး။ မဟုတ်ရင် ငါ သူ့ကို အစောကြီးကတည်းက အနိုင်ယူပြီးပြီ"

ဖုန်းဝူချန်က လှောင်ပြောင်ပြောဆိုလိုက်သည်။

"သခင်လေးဝူချန်၊ ကျုပ်တို့က ခင်ဗျားရဲ့နာမည်ကိုလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ လုမင်က ကျုပ်တို့ကို လုံးဝ မျက်နှာသာမပေးဘူး။ ခင်ဗျား မကျေနပ်ရင် သူ့ကို တိုက်ရိုက်လာတွေ့နိုင်တယ်လို့တောင် ပြောခဲ့သေးတယ်"

ရွှေကျီးကန်း ဒုတိယမင်းသားက ‌ဆက်ပြောလိုက်၏။

"မောက်မာပြီး ရိုင်းစိုင်းလိုက်တာ၊ မင်း သေချင်နေတာပဲ"

ဖုန်းဝူချန်၏အနားမှ ဝတ်စုံစိမ်းဝတ် အခြား လူငယ်တစ်ဦးက အေးစက်စက် ဝင်ပြောလိုက်သည်။ သူကလည်း ဖုန်းမျိုးနွယ်၏ ပါရမီရှင်တစ်ဦး ဖြစ်၏။ သို့သော်လည်း ဖုန်းဝူချန်ကိုတော့ မမီပေ။

"ငါက သူ့ကို လာတွေ့စေချင်တာလား။ အဟက်...၊ ဒီလိုဆိုမှတော့ ငါ သူ့ကိုသွားရှာမယ်။ အခုချိန်ကစပြီး သူတို့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာ ဆက်နေစရာ မလိုတော့ဘူး"

ဖုန်းဝူချန်က လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး ခြေတစ်လှမ်းဖြင့် အပြင်ကိုထွက်သွား၏။

ဖုန်းမျိုးနွယ်၏ အခြားပါရမီရှင်များ၊ မော့လန်၊ ရွှေကျီးကန်း ဒုတိယမင်းသားနှင့် အခြားသူများလည်း နောက်မှလိုက်သွားကြတော့သည်။

...........

လုမင်နှင့် အခြားသူများ နေထိုင်သည့် တောင်ပေါ်တွင်...

လူနှစ်ဦးက ကျယ်ဝန်းသော ဧရိယာတစ်ခုမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကလည်း အဆက်မပြတ် ထွက်ပေါ်လာ၏။

ထိုလူနှစ်ယောက်က လုံချန်နှင့် ဟွမ်လီတို့ပင်။

နှစ်လကြာ လေ့ကျင့်ခဲ့ပြီးနောက်၊ လုံချန်၏ ကျင့်ကြံမှုက နောက်ဆုံးတွင် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိသည်နှင့် ဟွမ်လီက ရောက်လာခဲ့၏။ သူတို့နှစ်ယောက်က အပိုစကားများ မပြောကြဘဲ အပြင်းအထန် တိုက်ခိုက်ကြတော့သည်။

သူတို့၏ တိုက်ခိုက်မှုနည်းလမ်းက အလွန်ဆင်တူသည်။ ၎င်းက တိုက်ရိုက်ဆန်သည်၊ ကြမ်းတမ်းပြီး ကြီးစိုး၏။ ဒါက ရှေးသားရဲနှစ်ကောင်ကြားမှ တိုက်ပွဲတစ်ခုကဲ့သို့ပင်။

"ဝုန်း"

လုံချန်က အဆုံးမဲ့ခွန်အား နိယာမကို အသက်သွင်းလိုက်သည်။ သူ၏ ကြွက်သားများက ဖောင်းကြွလာသည်။ သူက လက်နှစ်ဖက်စလုံးဖြင့် အဆက်မပြတ် ထိုးကြိတ်လိုက်၏။ သူ၏ လက်သီးချက်တိုင်းတွင် ဆင်ကြီးတစ်ကောင်၏ပုံရိပ်က ထွက်ပေါ်လာကာ ဟွမ်လီကို နင်းချေလိုက်တော့သည်။

ဟွမ်လီ၏ ကြွက်သားများကလည်း ဖောင်းကြွလာခဲ့သည်။ သူ့မျက်လုံးများက ကြမ်းတမ်းမှုတို့ ပေါ်လာ၏။ သူကလည်း ဟိန်းဟောက်ပြီး အဆက်မပြတ် ထုနှက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုတိုင်းက ဆင်ကြီးများကို ဖျက်ဆီးပစ်နေခဲ့ပေသည်။

သူတို့နှစ်ဦးက တိုက်ခိုက်မှုများ ရာနှင့်ချီကာ ဖလှယ်ပြီးနောက် ဘေးဘက်သို့ ပြန်ဆုတ်သွားကြသည်။ ရှေးဦးသားရဲကြီးနှစ်ကောင် ရင်ဆိုင်နေသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်၏။

"ဟားဟားဟား၊ သိပ်ကောင်းတယ်။ နောက်ရက်ကျရင် ထပ်ပြီး တိုက်ခိုက်ကြရအောင်... ဘယ်လိုသဘောရလဲ"

ဟွမ်လီက ရုတ်တရက် ရယ်မောလိုက်သည်။

"ဒါက ငါ့သဘောအတိုင်းပဲ၊ နောက်နေ့မှာ ထပ်တိုက်ကြရအောင်"

လုံချန်၏ တိုက်ခိုက်ချင်စိတ်ကလည်း လုံးဝ အားမနည်းပေ။

တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက် စိုက်ကြည့်ရင်း စောစောစီးစီး မဆုံမိခဲ့သည့်အတွက်ပင် နောင်တ‌ရနေခဲ့မိသည်။

သူတို့နှစ်ဦးက တူညီသော နိယာမများကို ထိန်းချုပ်ထားကြသည်။ အချင်းချင်း တိုက်ခိုက်ခြင်းက သူတို့နှစ်ဦးစလုံးအတွက် ကောင်းမွန်ပြီး သူတို့၏ ကိုယ်ပိုင်အားနည်းချက်များကို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်လိမ့်မည်။

နတ်ဘုရားစွမ်းရည် သန့်စင်ခြင်းတောင်ကြားသည်၊ တစ်စုံတစ်ယောက်က ဝင်ရောက်လာသည်နှင့် ထိုလူထိန်းချုပ်ထားသော နိယာမအတိုင်း ပုံဖော်နိုင်သော်လည်း... နောက်ဆုံးတွင် အစီရင်မှ ဖွဲ့စည်းထားခြင်းမျှသာ ဖြစ်သည်။ ၎င်းနှင့် စစ်မှန်သော ပါရမီရှင်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။

သက်ရှိလူများတွင် ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း ရှိသည်။ တစ်ဖက်လူစ အားနည်းချက်များကို နားလည်သဘောပေါက်နိုင်ကြ၏။ သူတို့အချင်းချင်း တိုက်ခိုက်သောအခါ ရလဒ်က သဘာဝအတိုင်း ပိုကောင်းသည်။

သူတို့နှစ်ယောက်က တိုက်ခိုက်ခြင်းကို ရပ်တန့်ပြီး တင်ပျဉ်ခွေထိုင်ကာ ယွမ်ချီစွမ်းအင် ပြန်လည်ဖြည့်တင်းရန် ကျောက်ကြမ်းများကို စုပ်ယူလိုက်ကြသည်။

သို့သော်လည်း မကြာမီတွင် သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ သူတို့က တူညီသော ဦးတည်ရာကို ကြည့်လိုက်ကြ၏။

ထိုလမ်းကြောင်းမှ ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာ‌မောင်းတစ်ခုက ၎င်းတို့နေထိုင်ရာ တောင်ထွတ်ဆီသို့ ဦးတည်လာနေသည်။

"ဘယ်သူလဲ"

"ရပ်စမ်း"

လုံချန်နှင့် ဟွမ်လီတို့က တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။ သူတို့က ကောင်းကင်သို့ ခုန်တက်ကာ လေဆင်နှာမောင်းဆီသို့ ပြေးသွားကြ၏။ သူတို့နှစ်ယောက်က လက်သီးချက်များ ဆက်တိုက် ထုတ်ဖော်လိုက်၏။ လက်သီးအင်အားများက လေဆင်နှာမောင်းဆီသို့ ထိုးဖောက်သွားတော့သည်။ လက်သီးချက် ဒါဇင်နှင့်ချီကာ ထိုးနှက်ပြီးမှ လေဆင်နှာမောင်းကို နောက်ဆုံးတွင် ဟန့်တားနိုင်ခဲ့သည်။

နှစ်ယောက်သား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။ တစ်ဖက်လူက အလွန်ရဲတင်းပြီး သူတို့ကို တိုက်ရိုက် တိုက်ခိုက်ဝံ့၏။ ၎င်းက သူတို့၏ ခြံဝင်းများကို ဖျက်ဆီပစ်ချင်သည်။ ဒါက သူတို့ကို စိန်ခေါ်လိုက်ခြင်းပင်။

မနီးမဝေးတွင်၊ အစိမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ လျှောက်လာခဲ့သည်။ ဒါက ဖုန်းဝူချန်ပင်။

"အဆုံးစွန်ခွန်အား နိယာမကို ကျွမ်းကျင်တဲ့ လူနှစ်ယောက်ပဲ။ တကယ်ကို တွေ့ရခဲတယ်"

ဖုန်းဝူချန်က ပေါ်လာပြီးနောက် လုံချန်နှင့် ဟွမ်လီကို အံ့ဩဟန်ဖြင့် ကြည့်လိုက်သည်။

"ဖုန်းဝူချန်"

လုံချန်၏ မျက်နှာက‌ လေးနက်သွားသည်။

"ဒီကောင်က ဖုန်းဝူချန်ပေါ့...၊ သူက ဟန်အမူအရာကတော့ မိုက်သားပဲ။ ဒီကောင်ကို ငိုပြေးတဲ့အထိ ရိုက်မယ်"

ဟွမ်လီက လှောင်ပြောင်လိုက်သည်။ သူ့မျက်လုံးများက ခက်ထန်မှုတို့ ပေါ်လာခဲ့၏။

ဤအခိုက်အတန့်တွင် အခြား လူရိပ်များကလည်း တောင်ထိပ်မှ ပျံတက်လာပြီး ဟွမ်လီနှင့် လုံချန်တို့၏နောက်သို့ ရောက်လာသည်။ ၎င်းတို့ထဲမှ အချို့မှာ ဟွမ်မျိုးနွယ်မှ ပါရမီရှင်များဖြစ်ပြီး အခြားသူများက ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် မိုးကြိုးနတ်ဘုရားဂိုဏ်းတို့မှ လူများပင်။

တစ်ချိန်တည်းမှာပင်၊ ဖုန်းမျိုးနွယ်၏ အခြားသော ပါရမီရှင်များအပြင် မော့လန်၊ ရွှေကျီးကန်း ဒုတိယမင်းသားနှင့် အခြားသူများလည်း ရောက်ရှိလာကြသည်။

နှစ်ဖက်စလုံးက တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီ။ အားကောင်းသော အရှိန်အဝါများက လေထဲတွင် ပြည့်နှက်သွားသည်။

ဤအတက်အကျများက အခြားတောင်များမှ ပါရမီရှင်များကို သဘာဝအတိုင်း တုန်လှုပ်စေခဲ့ပေသည်။ လူများစွာက လေထဲသို့ ပျံတက်လာပြီး အဝေးမှ လှမ်းကြည့်လိုက်ကြသည်။

"အဲဒါက ဖုန်းဝူချန်ပဲ၊ ဖုန်းဝူချန်က တိတ်တဆိတ် လေ့ကျင့်မှုကနေ ထွက်လာခဲ့ပြီ"

" ကျုပ်သိတယ်၊ ဖုန်းဝူချန်က ထွက်လာတာနဲ့ သေချာပေါက် လှုပ်ရှားမှာပဲလေ။ သူက လုံချန်နဲ့ အခြားသူတွေကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး"

"နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်တော့မဲ့ပုံရတယ်"

လူများစွာက မျှော်လင့်ချက်ဖြင့် ကြည့်လိုက်ကြသည်။

ယခင်က လုမင်သည် ရွှေကျီးကန်း ပထမမင်းသားကို သတ်ခဲ့ဖူးသည်။ ဖုန်းဝူချန်က လုမင်နှင့် တခြားသူများကို မည်ကဲ့သို့ အလွတ်ပေးမည်နည်း။

ဖုန်းဝူချန်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်စလုံးက တွေ့ရခဲတဲ့ ပါရမီရှင်တွေပဲ။ ငါနဲ့လက်တွဲပြီး ငါ့လက်အောက်မှာ အလုပ်လုပ်ပါ။ မင်းတို့ကို ငါ့ရဲ့ ညာလက်ရုံးအဖြစ် သဘောထားပြီး ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး"

သူက ဟွမ်လီနှင့် လုံချန်တို့ကို အနိုင်ယူချင်သေးသည်။ အကယ်၍၊ ဤကဲ့သို့သော ပါရမီရှင်နှစ်ဦး၏ အထောက်အပံ့ကို ရရှိပါက၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် သူ့အတွက် နေရာတစ်ခု ရနိုင်မည် ဖြစ်သည်။

"မင်းအတွက် အလုပ်လုပ်ရမှာလား။ ကိုယ့်အောက်ကို ပြန်ငုံ့ကြည့်လိုက်ဦး။ မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ"

ဟွမ်လီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"မင်းက မြင့်မားတဲ့ ကျင့်ကြံမှုအခြေခံနဲ့ တခြားသူတွေကို ဖိနှိပ်နေရုံပါပဲ။ မင်းက ငါတို့ကို မင်းနဲ့ပူးပေါင်းစေချင်တာလား။ ရယ်စရာပဲ"

လုံချန်ကလည်း လှောင်ပြောင်လိုက်၏။

သူတို့ နှစ်ယောက်စလုံးက ဘုရင်ခန္ဓာများ ဖြစ်ကြသည်။ သူတို့က ဖုန်းဝူချန်နှင့် အဘယ်ကြောင့် ပူးပေါင်းပါမည်နည်း။

ဖုန်းဝူချန်တွင် ဤအခွင့်‌အရေးမျိုး ရှိမည်လော။

ဖုန်းဝူချန်၏ ကျင့်ကြံမှုအခြေခံက သူတို့ထက် အနည်းငယ် မြင့်မားရုံသာ ဖြစ်သည်။ သူတို့၏ ကျင့်ကြံမှုက ဖုန်းဝူချန်နှင့် တူညီသရွေ့ သူ့ကို လုံးဝ မကြောက်ပေ။

"ခေါင်းမာတယ်။ မင်းတို့က ဘာအားကိုးနဲ့ ငါ့ရှေ့မှာ ဒီလောက် မာနကြီးနေရတာလဲ"

ဖုန်းဝူချန်၏ မျက်နှာက မည်းမှောင်သွားသည်။ သူက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ရာ မိုးနှင့်မြေကြားတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ အဆုံးမဲ့ ဖျက်ဆီးခြင်းလေပြင်းက ရုတ်တရက် ထွက်ပေါ်လာတော့သည်။

လေပြင်းတိုင်းက ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းလက်နက်တစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့သည်။ လေထဲတွင် ပျက်စီးခြင်း အက်ကြောင်းများပင် ပေါ်လာရ၏။

ဖုန်းဝူချန်ကလည်း ဘုရင်ခန္ဓာ ဖြစ်သည်။ သူက ဖျက်ဆီးခြင်းလေ နိယာမကို ထိန်းချုပ်ထားပြီး အန္တိမသူတော်စင်နယ်ပယ်သို့ပင် ရောက်နေပြီ။

သူ၏ ကျင့်ကြံမှုအဆင့်က ရွှေကျီးကန်း ပထမမင်းသားနှင့် တူညီသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းကတော့ ရွှေကျီးကန်း ပထမမင်းသားထက် များစွာ ပိုအားကောင်းသည်။

လုံချန်နှင့် ဟွမ်လီတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက လေးနက်နေခဲ့သည်။ သူတို့ ခန္ဓာကိုယ်တွင်းရှိ ယွမ်ချီစွမ်းအင်က ရူးသွပ်စွာ လှည့်ပတ်နေ၏။ သူတို့က အဆုံးစွန် ခွန်အားနိယာမကိုလည်း အသက်သွင်းထားသည်။ သူတို့ကို ကြည့်ရသည်မှာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ရှိနေသည့် သားရဲကြီးနှစ်ကောင်ကဲ့သို့ပင်။

"ဖျက်ဆီး"

ဖုန်းဝူချန်က လက်တစ်ဖက်ဖြင့် ဖိချဟန်ပြုလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းလေက လုံချန်နှင့် ဟွမ်လင်ထံသို့ တိုးဝင်လာ၏။

"ဝုန်း... ဝုန်း"

လုံချန်နှင့် ဟွမ်လင်တို့ကလည်း တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်လိုက်ပြီး ကောင်းကင်က တုန်ခါသွား၏။ လေထုက ကျုံ့သွားပြီးနောက် ကြောက်မက်ဖွယ် တွန်းအားတစ်ခုအဖြစ် ဖျက်ဆီးခြင်းလေကို ဝင်ဆောင့်လိုက်တော့သည်။

ကောင်းကင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ တိုက်ခိုက်မှု ဒါဇင်ချီကာ ရင်ဆိုင်ပြီးနောက် လုံချန်နှင့် ဟွမ်လီတို့၏ ခန္ဓာကိုယ်များက တုန်ခါပြီး နောက်ကိုဆုတ်သွားရပေသည်။

"မဆိုးပါဘူး။ မင်းတို့က ငါ့ရဲ့တိုက်ခိုက်မှု တစ်ခုကို ပိတ်ဆို့နိုင်ခဲ့တယ်။ ဆက်စမ်း"

ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကို လေက ရစ်ပတ်နေသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေပြင်းက ပိုကြမ်းတမ်းပြီး အားကောင်းလာသည်။ လေပြင်းကြောင့် ကောင်းကင်ယံမှ တိမ်တိုက်များပင် လွင့်ပါးသွား၏။

ကြောက်စရာကောင်းသော လေဆင်နှာမောင်းနှစ်ခုက လုံချန်နှင့် ဟွမ်လီထံသို့ ရွေ့လျားလာတော့သည်။

All Chapters