အခန်း ၁၈၇၈
Vol. 126 Ch. 1878
အပိုင်း ( 1878 ) ဘုရင်ခန္ဓာငါးပါး၏ တိုက်ပွဲ။
ဟွမ်လင်က အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာရှိပြီး အင်မော်နယ်မီးလျှံ နိယာမကို ထိန်းချုပ်နိုင်သည်။ သူ၏ အသက်ဓာတ်က အလွန်အားကောင်း၏။ သူက အင်မော်တယ်မီးလျှံအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ဖုန်းဝူချန်ထံသို့ ပြေးဝင်သွားကာ ဖျက်ဆီးခြင်းလေကို ရင်ဆိုင်လိုက်တော့သည်။
ချင်ယွဲ့၊ လုံချန်နှင့် ဟွမ်လီတို့လည်း အခွင့်အရေးကို ဆုပ်ကိုင်ပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ ဖုန်းဝူချန်လည်း မီတာထောင်ဂဏန်းအကွာထိ တွန်းထုတ်ခံလိုက်ရပေသည်။
"ငါ့ကို အရေအတွက်နဲ့ အနိုင်ယူနိုင်မယ်လို့ မထင်နဲ့"
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က လေပြင်းတိုက်ခတ်ပြီး ဖောက်ထွင်းမြင်ရတော့မလို ဖြစ်လာခဲ့၏။
လေပြင်း တိုက်ခတ်မှုက ပိုပြင်းထန်လာသည်။ ဖုန်းဝူချန်၏ ဝန်းကျင်တွင် လေဆင်နှာမောင်းများ ဖြစ်ပေါ်လာတော့သည်။ ထို့ပြင်၊ ဖျက်ဆီးသော လေဓါးသွားများလည်း ရှိသည်။
ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက လုံချန်နှင့် အခြားသူများထံသို့ ဦးတည်သွား၏။
"ငါ တားဆီးထားလိုက်မယ်၊ နင်တို့က တိုက်ခိုက်ဖို့ တာဝန်ယူပါ။ အင်မော်တယ်လှောင်အိမ်"
ဟွမ်လင်က အော်လိုက်သည်။ အဆုံးမဲ့ မီးတောက်များက ပျံ့နှံ့သွားပြီး ကြီးမားသော လှောင်အိမ်ကြီးအဖြစ် ပြောင်းလဲသွား၏။ ၎င်းက ဖျက်ဆီးခြင်းလေကို ပိတ်ဆို့ထားတော့သည်။
လုံချန်နှင့် ဟွမ်လီတို့လည်း ရှေ့သို့တိုးလာပြီး ဟွမ်လင်ကို ကာကွယ်ရန် သူ့အနားတွင် ရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့က ဖုန်းဝူချန်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
ချင်ယွဲ့ကမူ ဟွမ်လင်နှင့် အခြားသူများ၏အနောက်တွင် ရပ်လိုက်သည်။ သူက သူ့ကိုယ်သူ ကာကွယ်ရန် စိတ်ပူစရာမလိုတော့သဖြင့် အစွမ်းကုန် တိုက်ခိုက်နေတော့သည်။
ချင်ယွဲ့က အင်အားအပြည့်ဖြင့် တိုက်ခိုက်သောအခါ အလွန်ကြောက်စရာကောင်းသည်။ ဓားမော့နှစ်လက်က ယင်နှင့်ယန် နိယာမတို့ကို သယ်ဆောင်ထား၏။ ကြောက်စရာကောင်းသော အဖျက်စွမ်းအားတို့ဖြင့် ဖုန်းဝူချန်ကို တိုက်ခိုက်နေကြတော့သည်။
ထိုနေရာမှ ဟင်းလင်းပြင်က ပေါက်ကွဲတော့မည့်ပုံ ရသည်။ ကျန်သူများလည်း သူတို့၏ တိုက်ပွဲမြေပြင်နှင့် ခပ်လှမ်းလှမ်းကို ဆုတ်သွားကြရပေသည်။
ဒါက ဘုရင်ငါးပါး၏ တိုက်ပွဲ ဖြစ်သည်။
မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ဘုရင်ခန္ဓာလေးဦးက အန္တိမသူတော်စင်နယ်ပယ် ဘုရင်ခန္ဓာကို ဆန့်ကျင်တိုက်ခိုက်ကြ၏။
ဒါက ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ထိုအချိန်တွင် တိုက်ပွဲကို အဝေးမှကြည့်နေကြသူများက ပိုများလာသည်။ သီးခြားနေထိုင်သော ပါရမီရှင်များစွာပင် ပေါ်လာကြတော့သည်။
ထိုအထဲတွင် အဖြူရောင် ၀တ်စုံဝတ်ထားသော လူတစ်စုက အလွန် ထင်ရှားသည်။ သူတို့ထဲမှ မိန်းမလှလေးတစ်ဦးဆိုလျှင် တော်တော်များများ၏ အာရုံစိုက်မှုကို ခံရပေသည်။
လုမင်သာ ဤနေရာတွင် ရှိနေလျှင် သူ အံ့ဩသွားမည် ဖြစ်သည်။ အကြောင်းမှာ၊ ထိုအမျိုးသမီးက ရှဲ့နျန်ကျွင်း ဖြစ်နေသောကြောင့်ပင်။
"အဲဒါက ရှေးဟောင်း ရှန့်မျိုးနွယ်ပဲ"
"အဲဒီအမျိုးသမီးက ဘယ်သူလဲ။ သူက တော်တော်လှတယ်"
"သူက ရှေးဟောင်း ရှန့်မျိုးနွယ်မှာတောင် ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်လို့ ငါကြားတယ်။ သူက တော်တော်အစွမ်းထက်တယ်တဲ့"
လူများစွာက ရှဲ့နျန်ကျွင်းနှင့် ကျန်လူများကိုကြည့်ကာ တိတ်တဆိတ် ဆွေးနွေးလိုက်ကြသည်။
သို့သော်လည်း မကြာမီတွင်၊ လူတိုင်း၏ အာရုံက သူတို့ရှေ့မှ တိုက်ပွဲဆီသို့ ပြန်ရောက်သွားလေသည်။
"မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က ဘုရင်ခန္ဓာလေးဦး... တကယ်ကို အံ့ဩစရာပဲ။ သူတို့အားလုံးသာ အန္တိမသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားမယ်ဆိုရင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာ မုန်တိုင်းတစ်ခု လှုပ်ခတ်သွားမှာကို စိုးရတယ်"
"ထူးဆန်းလိုက်တာ၊ ဘုရင်ခန္ဓာတွေက မာနကြီးပြီး အမြဲတမ်း သီးခြားနေထိုင်တတ်ကြတယ်။ ဒီဘုရင်ခန္ဓာလေးပါးက ဘာကြောင့် အတူတူစုပြီး ဖုန်းဝူချန်ကို တိုက်ခိုက်နေရတာလဲ"
"ဒါက လုမင်လို့ခေါ်တဲ့ လူတစ်ယောက်ကြောင့်လို့ ကြားတယ်"
"လုမင်... လုမင်က ဘယ်သူလဲ"
"ခင်ဗျားတို့တွေက ဒီနောက်ပိုင်းမှာ တိတ်တဆိတ် လေ့ကျင့်နေလို့ မသိကြတာပါ။ ဒီလုမင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို မကြာသေးခင်ကမှ ရောက်လာတာ၊ သူက ကစဉ့်ကလျားရဲ့သားတော်လေ"
"ဘာ၊ ကစဉ့်ကလျားရဲ့သားတော်လား"
လူတချို့က ထအော်လိုက်ကြသည်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် နောက်ထပ် ကစဉ့်ကလျား၏သားတော် ပေါ်လာရန် မမျှော်လင့်ထားပေ။
ဘုရင်ခန္ဓာ အများအပြားက စုဝေးခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပါ။ အကယ်၍ ကစဉ့်ကလျား၏သားတော်ကြောင့်ဖြစ်မည်ဆိုလျှင် ဒါက သဘာဝကျသည်။
"လုမင်လား"
ရှဲ့နျန်ကျွင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခုကလည်း လက်သွားလေသည်။
ထိုအချိန်တွင်... လုံချန်နှင့် အခြားသုံးယောက်က ပူးပေါင်းလိုက်ကြပြီးနောက် နောက်ဆုံးတွင် ကစားပွဲကို ပြောင်းလဲနိုင်ခဲ့သည်။ သို့သော်လည်း ဖုန်းဝူချန်က အန္တိမသူတော်စင်နယ်ပယ်တွင် ရှိနေသောကြောင့် သူတို့ အနိုင်ရရန် မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း သူတို့လေးယောက်က အတူတကွ လုပ်ဆောင်သောအခါ ဖုန်းဝူချန် အနိုင်ရရှိရန် မလွယ်တော့ပေ။
တိုက်ပွဲက အလွန်ပြင်းထန်သော်လည်း နှစ်ဘက်စလုံးက အညီအမျှ ဖြစ်နေခဲ့သည်။
"ဟားဟားဟား၊ ဒီမှာ တကယ်ကို စည်ကားတာပဲ"
ထိုအချိန်တွင် အေးစက်သော ရယ်မောသံကို ကြားလိုက်ရသည်။ လူငယ်နှစ်ယောက်က လေထဲမှ လျှောက်လှမ်းလာနေကြ၏။
"သူတို့က လော့ဖိုခုန်းနဲ့ ခုန်းလန်ပဲ"
ထိုလူနှစ်ယောက်ကို မြင်လိုက်ရတော့ လူတော်တော်များများ၏ မျက်နှာအမူအရာများက ပြောင်းလဲသွားသည်။
"ဘာဖြစ်လို့ သူတို့နှစ်ယောက်က အတူရောက်လာကြတာလဲ"
လူများစွာ၏ မျက်နှာက လေးနက်သွား၏။
လော့ဖိုခုန်းနှင့် ခုန်းလန်တို့ နှစ်ယောက်စလုံးတွင် ဘုရင်ခန္ဓာများရှိကာ မကြာသေးမီကပင် အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ခဲ့ကြသည်။
ယခုတော့ အန္တိမသူတော်စင်နယ်ပယ် ဘုရင်ခန္ဓာနှစ်ခုက အတူတကွ ရောက်လာပြီ။
"အဲဒီ ခွေးမပဲ"
လော့ဖိုခုန်းက ချင်ယွဲ့ကို တိုက်ရိုက်ကြည့်လိုက်သည်။ အေးစက်သော အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲတွင် လင်းလက်လာ၏။
ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၌ ချင်ယွဲ့ကြောင့် လုမင်ကို တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ရှုံးနိမ့်ကာ မျက်နှာပျက်ခဲ့ရပေသည်။
"ညီနောင်လော့က အဲဒီအမျိုးသမီးကို သိတာလား"
ခုန်းလန်က လှမ်းကြည့်လိုက်သည်။
"အဲဒီမိန်းမက ကျုပ်အစ်ကို လော့စန်းချုံး သဘောကျနေတဲ့ မိန်းမပဲ။ ဒါပေမဲ့ သူက တာ့လော့ကောင်းကင်ဂိုဏ်းကို အမြဲတမ်း ဆန့်ကျင်နေတယ်။ အရင်က သူ ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားခဲ့ပြီး ဒီမှာပြန်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။ သူ့ကို ဖိနှိပ်ပြီး ကျုပ်အစ်ကိုဆီကို ခေါ်သွားရမယ်"
လော့ဖိုခုန်းက ပြောဆိုပြီးနောက် ရှေ့ကို ထွက်သွားသည်။
ထိုးဖောက်ခြင်းနိယာမက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် စီးဆင်းသွား၏။ သူ့ခန္ဓာကိုယ်က လေဟာနယ်ကို ဖောက်ထွက်သွားတော့မည်ကဲ့သို့ အံ့မခန်း အရှိန်မျိုးဖြင့် လှုပ်ရှားပြီး ချင်ယွဲ့၏အနီးတွင် ပြန်ပေါ်လာတော့သည်။
သူက လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ သူ၏ လက်ငါးချောင်းက လှံရှည်ငါးလက်ကဲ့သို့ ချင်ယွဲ့ထံ ထိုးဖောက်သွား၏။
ချင်ယွဲ့၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ တစ်စုံတစ်ယောက်က သူ့ကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
"လော့ဖိုခုန်း"
ချင်ယွဲ့က အော်ဟစ်လိုက်သည်။ သူမက သူ၏ ဓားမော့နှစ်လက်ကို ပြန်ဆင့်ခေါ်ပြီး လော့ဖိုခုန်းကို အစွမ်းကုန် တိုက်ခိုက်လိုက်၏။
သို့သော်လည်း ယခုအခါတွင် လော့ဖိုခုန်းက အန္တိမသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီ။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ သူက လေထဲကို ဖမ်းဆုပ်လိုက်သည်နှင့် ချင်ယွဲ့၏ ဓားမော့နှစ်လက်က လွင့်သွားသည်။
"ချင်ယွဲ့၊ ဒီလူတွေကို ထားခဲ့ပြီး ငါ့အစ်ကို လော့စန်းချုံးဆီကို သွားပါ"
လော့ဖိုခုန်းက အေးစက်စွာ ပြောလိုက်သည်။
"အဲဒီအကြောင်းကို တွေးတောင်မတွေးလိုက်နဲ့။ ငါ ဘယ်သူ့ကိုပဲ ရွေးချယ်ပါစေ လော့ဖိုခုန်းကိုတော့ ရွေးချယ်မှာမဟုတ်ဘူး။ သူ့ကို လက်လျှော့ဖို့ပြောလိုက်ပါ"
ချင်ယွဲ့ကလည်း အေးတိအေးစက်ဖြင့် ပြော၏။
လော့စန်းချုံးသည် သူမကို ရရှိရန်အတွက် သူ၏ မှတ်ဉာဏ်များမှ အစိတ်အပိုင်းတစ်ခုကို ဖျောက်ဖျက်ခဲ့သည်ဟု သူ့ဆရာမှ ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် သူဟာ လော့စန်းချုံးကို အရိုးထဲထိ စူးနစ်နေအောင် မုန်းတီးပေသည်။
"မင်းက မင်းအတွက် ဘယ်ဟာကကောင်းမှန်း တကယ် မသိဘူးပဲ။ ငါ့အစ်ကိုက မင်းကို သဘောကျတာဟာ မင်းအတွက် ကံကောင်းခြင်းပဲ"
လော့ဖိုခုန်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူက လက်ညိုးညွှန်ပြလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းတစ်ခုက ဟင်းလင်းပြင်ကိုဖြတ်၍ ချင်ယွဲ့ဆီသို့ ကျရောက်သွား၏။
ချင်ယွဲ့က လျင်မြန်စွာ ဆုတ်ခွာသွားပြီး အစွမ်းကုန်ခုခံရန် ကြိုးစားသည်။ သို့သော်လည်း သူက အားနည်းနေပြီး အန္တရာယ်ရှိလာတော့သည်။
"မကောင်းတော့ဘူး၊ မိန်းကလေးချင်ယွဲ့က အန္တရာယ်ရှိနေပြီ၊ ငါ သူ့ကို သွားကူလိုက်မယ်"
ဟွမ်လီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
လုမင်က ဟွမ်မျိုးနွယ်၏ လူမျိုးခကား အကြီးအကဲတစ်ဦး ဖြစ်သည်။ သူသည် ဟွမ်မျိုးနွယ်အတွက် များစွာလုပ်ဆောင်ခဲ့ပြီး လေးစားဖွယ် အဆင့်အတန်းတစ်ခု ရှိ၏။ ချင်ယွဲ့နှင့် လုမင်ကလည်း ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ ထို့ကြောင့် ဟွမ်လီသည် ချင်ယွဲ့ကို တစ်ခုခု အဖြစ်မခံနိုင်ပေ။
သူက လော့ဖိုခုန်းထံသို့ ပြေးဝင်သွားပြီး လက်သီးချက်များ ထုတ်ဖော်လိုက်သည်။
"မင်းက ကိုယ့်အဆင့်ကို မသိဘူး"
လော့ဖိုခုန်း၏ လက်ထဲတွင် လှံတစ်ချောင်းပေါ်လာသည်။ လှံလှုပ်သံနှင့်အတူ၊ လှံအလင်းတစ်ခုက ဟွမ်လီ၏ လက်သီးအင်အားကို ဆက်တိုက် ဖျက်ဆီးပစ်လိုက်၏။ ဟွမ်လီက နောက်ပြန်ဆုတ်သွားရတော့သည်။
တစ်ဖက်တွင်၊ ချင်ယွဲ့က ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး လော့ဖိုခုန်းကို တိုက်ခိုက်လိုက်သည်။
သို့သော်လည်း လော့ဖိုခုန်း၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ခွန်အားက သန်မာလွန်းလှသည်။ သူ့လှံဖြင့် ဝှေ့ယမ်းပြီး ချင်ယွဲ့၏ တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်၏။
ဟွမ်လီက ချင်ယွဲ့ထံသို့ ပြေးလွှားသွားကာ ချင်ယွဲ့နှင့်အတူ လော့ဖိုခုန်းကို တိုက်ခိုက်လိုက်တော့သည်။
သို့ရာတွင်၊ လော့ဖိုခုန်းမှာလည်း ဘုရင်ခန္ဓာ ရှိသည်။ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း ပိုမြင့်မားပြီး အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်နေပြီ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဖုန်းဝူချန်ထက် နိမ့်ကျသော်လည်း များစွာ ကွာခြားမှုမရှိပါ။
ဟွမ်လီနှင့် ချင်ယွဲ့တို့က ပူးပေါင်းခဲ့မည်ဆိုလျှင်ပင် သူ့ကို ယှဉ်နိုင်ဦးမည် မဟုတ်ချေ။
တစ်ဖက်တွင်၊ ဟွမ်လင်နှင့် လုံချန်တို့ကလည်း လုံးဝ အရေးနိမ့်နေခဲ့သည်။
လော့ဖိုခုန်း၏ ဝင်ရောက်စွက်ဖက်မှုကြောင့် တိုက်ပွဲအခြေအနေက သိသိသာသာ ပြောင်းလဲသွားတော့သည်။
"ဟွမ်လင်၊ လုံချန်နဲ့ အခြားသူတွေ အန္တရာယ်ရှိနေပြီ။ သူတို့က အန္တိမသူတော်စင်နယ်ပယ် ဘုရင်ခန္ဓာနှစ်ဦးကို မယှဉ်နိုင်ဘူး"
"အမှန်ပဲ၊ သူတို့က ဒဏ်ရာအပြင်းအထန်ရပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကနေ ကန်ထုတ်ခံရဖို့တောင် ဖြစ်နိုင်တယ်"
လူတချို့က သက်ပြင်းချလိုက်ကြသည်။
လော့ဖိုခုန်း၏ ဝင်ရောက်စွတ်ဖက်မှုကြောင့် ဟွမ်လင်နှင့် အခြားသူများက ကြာကြာ ခုခံနိုင်တော့မည် မဟုတ်ပါ။ ထို့ပြင် ခုန်းလန်ကလည်း ဘေးမှာ ရပ်နေသည်။ သူတို့က အခြေအနေကို မည်ကဲ့သို့ လှည့်ပြောင်းနိုင်တော့မည်နည်း။