← Chapters

အခန်း ၁၈၇၉

Vol. 126 Ch. 1879

အခန်း ၁၈၇၉

Vol. 126 Ch. 1879

အပိုင်း ( 1879 ) လော့ဖိုခုန်းကို ထပ်မံတိုက်ခိုက်ခြင်း။

နတ်ဘုရားစွမ်းရည်သန့်စင်ခြင်းတောင်ကြားတွင်... လုမင်က အချိန်အတန်ကြာ လေ့ကျင့်နေပြီးနောက် အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့သည်။ သူက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ဖြတ်ကျော်သွားပြီး သူ၏ အရှိန်အဝါကလည်း တဟုန်ထိုး တိုးတက်လာသည်။

သူ့ပတ်ဝန်းကျင်မှ ကျောက်ကြမ်းများက ပေါက်ကွဲသွားပြီး ယွမ်ချီစွမ်းအင်များ ပေါ်လာကြ၏။ ၎င်းတို့က သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာပြီးနောက် သူတော်စင်စွမ်းအင်အဖြစ် ပြောင်းလဲသွားတော့သည်။

လုမင်၏ ခန္ဓာကိုယ်ထဲတွင် သူတော်စင်နှလုံးသားနှစ်ခု ရှိသည်။ ယခုအချိန်တွင်၊ မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ဖြတ်ကျော်ပြီးနောက် သူ၏ သူတော်စင်စွမ်းအားက အလွန်အားကောင်းပေသည်။

မသိနိုင်သော အချိန်တစ်ခု ကြာမြင့်ပြီးနောက် လုမင်က သူ့အရှိန်အဝါများကို ပြန်ရုတ်သိမ်းလိုက်သည်။

'ဒီတစ်ကြိမ် ကျင့်ကြံမှုကနေ ငါ အများကြီး အကျိုးရှိခဲ့တယ်။ ငါ့ရဲ့ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်ကို ဖြတ်သွားခဲ့ပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကလည်း ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်နေပြီ။ အခု အပြင်ထွက်ဖို့ အချိန်တန်ပြီ'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်၏။

နောက်ဆုံးအကြိမ်က သူသည် ရွှေကျီးကန်း ပထမမင်းသားကို သတ်ခဲ့ဖူးသည်။ ဖုန်းမျိုးနွယ်မှ လူများ တိတ်တဆိတ် လေ့ကျင့်ရာမှ ထွက်လာပြီးနောက် သူ့ကို ကလဲ့စားချေကြမလား မပြောတတ်ပေ။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် သတ်ဖြတ်ခြင်းကို တားမြစ်ထားသည်။ သေခြင်းရှင်ခြင်း တိုက်ပွဲကွင်းကို မဝင်ရောက်သရွေ့ ကိစ္စမရှိပါ။

သို့သော်လည်း လုမင်က စိုးရိမ်နေဆဲ ဖြစ်သည်။

လုမင်လည်း ရှေ့သို့လှမ်းကာ နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြား၏ ထွက်ပေါက်ဆီသို့ လျှောက်သွားလေသည်။

အပြန်လမ်းမှာတော့ အတားအဆီးမရှိဘဲ လျင်မြန်သည်။ ခဏအကြာတွင်၊ လုမင်က နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားမှ ထွက်သွား၏။

'ပူဖောင်းလေးက အခုထိ လေ့ကျင့်နေသေးပုံရတယ်'

လုမင်က အနည်းငယ်ပြုံးလိုက်လေသည်။ ထိုစဉ်... သူ့အမူအရာက ပြောင်းလဲသွားသည်။

သူထွက်လာသည့်အခိုက်တွင် အသံလွှင့်ကျောက်စိမ်းအဆောင်မှ သတင်းများ ရှိနေသည်ကို ခံစားရ၏။

လုမင်က အသံလွှင့်ကျောက်စိမ်းအဆောင်ကို ထုတ်ယူပြီး သူ၏ ဝိညာဉ်အသိဖြင့် ဖတ်ရှုလိုက်သည်။ ရုတ်တရက်၊ သူ့အမူအရာက ပြောင်းလဲသွားတော့သည်။

ဖီးနစ်နန်းတော်မှ လူများ၏ သတင်းစကား ဖြစ်သည်။ ဟွမ်လင်နှင့် အခြားသူများက ယခုအချိန်တွင် အကျပ်အတည်းကို ရင်ဆိုင်နေရပြီ။

စင်စစ်တွင်၊ ဖီးနစ်နန်းတော်မှ ထိပ်တန်း ပါရမီရှင်အချို့နှင့် နတ်ဆင်ဂိုဏ်းမှ လူများက သူ့ထံ မက်ဆေ့ခ်ျများ အဆက်မပြတ် ပေးပို့နေခဲ့သည်။ ယခင်က သူသည် နတ်ဘုရားစွမ်းရည် သန့်စင်ခြင်းတောင်ကြားတွင် ရှိနေခဲ့သောကြောင့် သတင်းများ မရောက်ရှိလာခဲ့ပေ။ သို့ရာတွင်၊ သူတို့က အလျှော့မပေးဘဲ မက်ဆေ့ခ်ျများ ဆက်လက်ပေးပို့ခဲ့သည်။ ယခုတော့ လုမင်က တိတ်တဆိတ် လေ့ကျင့်ရာမှ ထွက်လာပြီမို့ သတင်းများကို သဘာဝအတိုင်း လက်ခံရရှိခဲ့တော့သည်။

"ဖုန်းမျိုးနွယ်နဲ့ လော့ဖိုခုန်း"

လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု လင်းလက်လာသည်။ ထို့နောက်၊ သူက သူတော်စင်စွမ်းအင်ကို ဖြန့်ကျက်လိုက်ပြီး အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းသွား၏။

ယခုအချိန်တွင် ချင်ယွဲ့၊ ဟွမ်လင်၊ ဟွမ်လီ သို့မဟုတ် လုံချန်တို့အားလုံး အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။

သူတို့လေးယောက်က ဖုန်းဝူချန်နှင့် လော့ဖိုခုန်းကို လုံးဝ မယှဉ်နိုင်ပေ။

တိုက်ပွဲနေရာတွင်...

လော့ဖိုခုန်း၏ လက်ထဲမှ လှံရှည်က လှံအလင်းများ ပေါက်ကွဲထွက်လာသည်။ လှံအလင်းများက ချင်ယွဲ့နှင့် ဟွမ်လီ၏ သေကွင်းသေကွက်များကို ထိုးဖောက်လာ၏။

လှံတစ်ချက်စီတွင် ထိုးဖောက်ခြင်းနိယာမ၏ စွမ်းအားများ ပါရှိသည်။ ၎င်းက အခြားနိယာမများအပါအဝင် အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိပေသည်။

ယခုအချိန်တွင်၊ ဟွမ်လီ၏ ခန္ဓာကိုယ်ပေါ်မှာ လှံအလင်းဖြင့် ထိုးဖောက်ထားသော ဒဏ်ရာနှစ်ခု ရှိသည်။ လှံက အရှေ့မှအနောက်သို့ တိုးလျှိုပေါက် ထိုးဖောက်ဝင်ရောက်ထားပြီး လတ်ဆတ်သောသွေးများ စီးကျလာ၏။

ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်မြင့်မားပြီး ခံနိုင်ရည်အားကောင်းသော ဟွမ်မျိုးနွယ်ဝင်တစ်ဦးမဟုတ်ပါက ဆက်လက်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူက ချင်ယွဲ့၏ ရှေ့တွင် အခိုင်အမာ ရပ်နေဆဲ ဖြစ်သည်။

သူတို့နှစ်ဦးက အင်အားအပြည့်ဖြင့် လော့ဖိုခုန်းကို ဆက်လက်တိုက်ခိုက်ခဲ့ပေသည်။

"ဝှစ်"

ဟွမ်လီက လှံအလင်းကို လွတ်ရုံလေး ရှောင်တိမ်းသွားလိုက်သည်။ မဟုတ်ပါက၊ သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထိုးဖောက်သွားလိမ့်မည်။

တစ်ဖက်မှာလည်း ဟွမ်လင်နှင့် လုံချန်တို့၏ အခြေအနေက သိပ်မကောင်းပါ။ ဟွမ်လင်၏ ကြောက်မက်ဖွယ်ကောင်းသော အသက်ဓာတ်ဖြင့်ပင် သူ့မျက်နှာက ဖြူဖျော့နေဆဲ ဖြစ်သည်။

"လုမင် ဘယ်မှာလဲ။ သူ ဘယ်နေရာမှာ ပုန်းနေတာလဲ။ ထွက်လာပြီး ငါ့ကို တိုက်ခိုက်ဖို့ ပြောလိုက်ကြစမ်း"

လော့ဖိုခုန်းက အေးစက်စက် အော်လိုက်သည်။

နောက်ဆုံးအကြိမ်တွင်၊ သူက လုမင်ကို ရှုံးနိမ့်ပြီး မျက်နှာပျက်ခဲ့ရပေသည်။ ဤတစ်ကြိမ်တွင် သူက အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်သွားပြီဖြစ်သောကြောင့် လုမင်ကို ပြန်လည်အရှက်ရစေချင်သည်။

"လုမင် လှုပ်ရှားမယ်ဆိုရင် တစ်ကွက်ကိုတောင် မင်း မထိန်းနိုင်မှာ စိုးရတယ်"

ဟွမ်လီက လှောင်ပြောင်လိုက်သည်။

"ဒီလူက လုမင်ကို နောက်ဆုံးအကြိမ်က ရှုံးခဲ့တယ်"

ချင်ယွဲ့က ပြောသည်။

"ဟားဟားဟားဟား.... လက်စသတ်တော့ လုမင်ကို ရှုံးနိမ့်ခဲ့တဲ့ အရှုံးသမားပဲ။ အရှုံးသမားက ဒီလိုစကားမျိုးကို ဘယ်လိုပြောဝံ့သေးတာလဲ"

ဟွမ်လီက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။

"ပါးစပ်ပိတ်ထား။ လုမင် ပေါ်လာဝံ့ရင် သူ့ကို ငါ့ရှေ့မှာ ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းဆိုလာစေပြမယ်။ ကံမကောင်းချင်တော့ သူက သူ့ကိုယ်သူ မပြဝံ့ဘဲ ပုန်းအောင်းနေတဲ့ လိပ်တစ်ကောင် ဖြစ်နေခဲ့တယ်"

လော့ဖိုခုန်းက ပြောလိုက်သည်။

"မင်း ငါ့ကို ရှာနေတာလား"

ရုတ်တရက်၊ အဝေးမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင် အဝေးမှ အလင်းတန်းတစ်ခုက အံ့မခန်း အရှိန်ဖြင့် ပျံသန်းလာ၏။ ထိုအလင်းက မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်လာတော့သည်။

အလင်းတန်းက မရပ်တန့်ဘဲ လော့ဖိုခုန်းဆီသို့ ဆက်လက်ပျံသန်းသွားသည်။ ထို့နောက် ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က ပေါ်လာပြီး လော့ဖိုခုန်းကို ဖိချလိုက်၏။

"လု မင်"

လော့ဖိုခုန်းက ဒေါသတကြီး ဟိန်းဟောက်ပြီး လှံရှည်ဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်ကို ထိုးနှက်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က ပေါက်ကွဲသွား၏။ လော့ဖိုခုန်းကိုယ်တိုင်လည်း တုန်လှုပ်သွားပြီး ခြေလှမ်းအနည်းငယ်ဆုတ်သွားရတော့သည်။

"ဝမ်"

အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် လုမင်၏ရုပ်သွင် ပေါ်လာခဲ့သည်။

"လုမင်"

ဟွမ်လင်နှင့် အခြားသူများ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပသွားကြသည်။

ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် ဟွမ်မျိုးနွယ်မှ လူတို့လည်း ဝမ်းသာသွား၏။

အကြောင်းတစ်ခုခုကြောင့်၊ လုမင် ရောက်လာတာကို မြင်လိုက်ရပြီးနောက် သူတို့စိတ်တွေ ငြိမ်သက်သွားကြသည်။ လုမင်က တိုက်ပွဲဒီရေကို ပြောင်းလဲနိုင်သကဲ့သို့ပင်။

"လုမင်၊ မတွေ့တာကြာပြီ။ ဒီလိုအခြေအနေမျိုးမှာ နင်က ဒီရေကို လှည့်ပြောင်းနိုင်မလား ငါ သိချင်မိတယ်"

အဝေးမှ ရှေးဟောင်းရှန့်မျိုးနွယ်ကြားတွင် ရှဲ့နျန်ချင်းက ရေရွတ်လိုက်သည်။

"ဒီလူက ကစဉ့်ကလျားရဲ့သားတော်လား"

လုမင်ကို တစ်ခါမှ မမြင်ဖူးသော လူအချို့ကလည်း စူးစမ်းလိုစိတ်နှင့် မျှော်လင့်ခြင်း အရိပ်အယောင်တို့ကို လှစ်ဟရင်း ရေရွတ်လိုက်မိ၏။

ကစဉ့်ကလျား၏သားတော်က အခြေအနေကို ပြောင်းလဲနိုင်မည်လော။

"ချင်ယွဲ့နဲ့ ဟွမ်လီ၊ ဟွမ်လင်နဲ့ လုံချန်ကို သွားကူညီလိုက်ပါ။ ဒီလူကို ငါ့ဆီ ထားလိုက်"

လုမင်က ပြောလိုက်သည်။

"ကောင်းပြီ"

မတုံ့ဆိုင်းဘဲ၊ ချင်ယွဲ့နှင့် ဟွမ်လီတို့လည်း ဖုန်းဝူချန်ကို တိုက်ခိုက်ကြပေသည်။ ချင်ယွဲ့နှင့် ဟွမ်လီတို့၏ အကူအညီဖြင့် နောက်ဆုံးတွင် အခြေအနေက တည်ငြိမ်သွားခဲ့သည်။

"ဟားဟားဟား၊ လုမင်...၊ မင်း အချိန်မှန်ရောက်လာတာပဲ။ ဒီနေ့ မင်းကို ငါ့ခြေထောက်အောက်မှာ နင်းချေပြီး အရှက်ခွဲပြမယ်"

လော့ဖိုခုန်းက လုမင်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ အေးစက်သော လူသတ်ချင်စိတ်တို့က သူ့မျက်လုံးများတွင် လင်းလက်သွား၏။

ယခုအခါတွင်၊ သူက အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားပြီ။ သူ၏ တိုက်ခိုက်ရေး စွမ်းအားကလည်း တဟုန်ထိုး တိုးတက်လာခဲ့သည်။ သူက လုမင်ကို အနိုင်ယူနိုင်မည်ဟု တစ်ရာ ရာခိုင်နှုန်း ယုံကြည်မှုရှိပေသည်။

အစောပိုင်း တိုက်ခိုက်မှုတွင်၊ လုမင်က ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ သူ့အင်အားကို အပြည့်အဝ မထုတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

"မင်းက အရှုံးသမားပဲ၊ မင်းက ငါ့ကို တစ်ကြိမ် ရှုံးပြီးပြီမို့ အနာဂတ်မှာလည်း ငါ့ရဲ့ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"

လုမင်က ခိုင်မာသော ယုံကြည်မှုနှင့် တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီတစ်ခါ အရှုံးသမားက မင်းပဲကွ၊ သတ်"

လော့ဖိုခုန်း၏ လှံရှည်က တုန်ခါသွားသည်။ ရာနှင့်ချီသော လှံအလင်းများ ပေါ်လာပြီး လုမင်ကို ထိုးသွင်းလိုက်သည်။

"ကလေးကွက်တွေ၊ ပျက်စီးစမ်း"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်လိုက်၏။ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်များစွာ ပေါ်လာပြီး အရာအားလုံးကို ဖိနှိပ်လိုက်တော့သည်။

လှံအလင်းများက ငရဲဖိနှိပ်ကျောက်စာချပ်များ၏ ဖိနှိပ်မှုအောက်တွင် ပေါက်ကွဲပြီး စွမ်းအင်များအဖြစ်သို့ ပြောင်းလဲကာ ပြန့်ကျဲသွားကြသည်။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက လှံအလင်းများကို ဖြတ်ကျော်ပြီး လော့ဖိုခုန်းဆီသို့ ခုန်ဝင်သွားသည်။

လော့ဖိုခုန်း၏ မျက်နှာက မည်းမှောင်သွား၏။ သူက လှံရှည်ဖြင့် လျှပ်စီးလက်သကဲ့သို့ ဆီးကြိုထိုးသွင်းလိုက်သည်။

အလွန်ကြီးမားသော ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်တစ်ခုက ပေါ်လာပြီး လှံရှည်နှင့် ပြင်းထန်စွာ တိုက်မိသွား၏။

"ဝမ်"

လှံရှည်က တုန်ခါသွားသကဲ့သို့ ငရဲဖိနှိပ်ကျောက်စာချပ်၏ ပုံရိပ်လည်း ပေါက်ကွဲသွားတော့သည်။ လုမင်နှင့် လော့ဖိုခုန်းတို့ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များက တုန်ခါပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားကြရသည်။

အဝေးမှ ကြည့်ရှုသူအားလုံး အံ့သြသွားကြပေသည်။

"သန်မာလိုက်တာ၊ သူတစ်ဦးတည်းက အန္တိမသူတော်စင်အဆင့် ဘုရင်ခန္ဓာကို တိုက်ခိုက်နိုင်တယ်"

လူတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

တိုက်ခိုက်လိုက်သည်နှင့် လုမင်၏ ကျင့်ကြံမှုအဆင့်က ပေါ်လာခဲ့သည်။ သူက ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင် ဖြစ်၏။

ဥပမာအားဖြင့် ဖုန်းဝူချန်ကို ရင်ဆိုင်ရန် ဟွမ်လင်ကဲ့သို့ ဘုရင်ခန္ဓာလေးပါးက ပူးပေါင်းရန် လိုသည်။

လုမင်ကတော့ တစ်ဦးတည်းဖြင့် လော့ဖိုခုန်းကို တိုက်ခိုက်နိုင်ပေသည်။

"ကစဉ့်ကလျားရဲ့သားတော်က မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းတယ်"

တစ်ယောက်ကလည်း အော်ပြောလိုက်၏။

လော့ဖိုခုန်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့မျက်လုံးများမှ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များမှာလည်း ပို၍ ပြင်းထန်လာတော့သည်။

"သတ်"

လှံရှည်က လျှပ်စီးလက်သကဲ့သို့ လုမင်ဆီသို့ ထိုးဖောက်သွားသည်။ ထိုးဖောက်ခြင်း နိယာမ၏ စွမ်းအားက တုန်လှုပ်စရာကောင်း၏။

သို့သော်လည်း လုမင်က လုံးဝ မကြောက်ပေ။ သူက ရှေ့သို့တိုးကာ အတားအဆီးမဲ့သော ကေင်းကင်သိုင်းဖြင့် တိုက်ခိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက တိုက်ခိုက်မှု ဒါဇင်ချီကာ ရင်ဆိုင်လိုက်၏။ သို့သော်လည်း အနိုင်အရှုံးကို ခွဲခြားရန်တော့ မလွယ်ပေ။

All Chapters