အခန်း ၁၈၈၁
Vol. 126 Ch. 1881
အပိုင်း ( 1881 ) ဟွမ်လီက အန္တိမသူတော်စင်နယ်ပယ်ကို ချိုးဖြတ်ပြီ။
သူတို့အားလုံးက ဘုရင်ခန္ဓာများ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံမှုအဆင့်က တူညီလျှင်ပင် ခွန်အား ကွာခြားချက် ရှိသည်။
တိုက်ခိုက်ရေး သတိ၊ နတ်ဘုရားစွမ်းရည်၏ စွမ်းအားနှင့် နိယာမတို့ကို အသုံးပြုခြင်းက လူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးဖြတ်နိုင်ပေသည်။
ထို့ပြင် ၎င်းတို့အားလုံးသည် ဘုရင်နိယာမများဖြစ်လျှင်ပင် ခွန်အား ကွဲပြားမှုများရှိခဲ့သည်။
အချို့သော ဘုရင်နိယာမများက အခြား ဘုရင်နိယာမများထက် များစွာ ပိုအစွမ်းထက်၏။
ဥပမာအားဖြင့်၊ လော့ထျန်းယီ၏ ကောင်းကင်ပုံရိပ်ယောင်နိယာမက လူများကို အဆုံးမဲ့ ပုံရိပ်ယောင်များအတွင်းသို့ ကျရောက်စေနိုင်သည်။
လော့စန်းချုံး၏ သိမ်းယူပယ်ဖျက်ခြင်း နိယာမက ပို၍ပင် ကြီးစိုးကာ စွမ်းအားကြီးသေးသည်။ ၎င်းက အရာအားလုံးကို ဖျောက်ဖျက်ပစ်နိုင်သည်ဟု ဆိုသည်။
"လော့ဖိုခုန်း၊ သွားကြစို့"
ခုန်းလန်က အော်ပြောလိုက်သည်။ သူက ဆက်လက် မတိုက်ခိုက်ဝံ့တော့ဘဲ လျင်မြန်စွာ ပျံထွက်သွား၏။
လော့ဖိုခုန်းက ဒေါသအမျက်တို့ဖြင့် အားလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက်မှာတော့ သူလည်း အဝေးကို ပြေးထွက်သွားတော့သည်။
လုမင်ကလည်း မလိုက်ခဲ့ပေ။
သူက လော့ဖိုခုန်းထက် သန်မာသော်လည်း အကန့်အသတ် ရှိသည်။ လော့ဖိုခုန်းက ထိုးဖောက်ခြင်းနိယာမ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ထွက်ခွာလိုပါက သူ တားဆီးမရနိုင်ပါ။
"ဆုတ်ကြ"
လော့ဖိုခုန်းနှင့် ခုန်းလန်တို့ ဆုတ်ခွာသွားသည်ကို မြင်ရသောအခါ ဖုန်းဝူချန်လည်း ဆက်လက် မတိုက်ခိုက်ဝံ့တော့ပေ။ သူ့လူများကို အော်ဟစ်သတိပေးပြီးနောက် လေပြင်းကဲ့သို့ ပြောင်းလဲကာ အဝေးသို့ ပြေးထွက်သွားပြီး တခဏချင်း ပျောက်ကွယ်သွားတော့သည်။
အခြားသူများသည်လည်း ၎င်းတို့၏ ပြိုင်ဘက်များကို တွန်းထုတ်ကာ အသည်းအသန် ထွက်ပြေးခဲ့ကြသည်။
"ချီးပဲ၊ ဒီကောင်က ထွက်ပြေးသွားတာ မြန်လိုက်တာ။ နောက်တစ်ခါကျရင် ငါ သူ့ကို သေချာပေါက် ဖျက်ဆီးပစ်မယ်"
ဟွမ်လီက ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။
သူက ဟွမ်မျိုးနွယ်၏ မျိုးဆက်သစ် လူငယ်များကြားတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ မျိုးဆက်တူ တစ်စုံတစ်ဦးနှင့် တိုက်ပွဲတွင် ပထမဆုံးအကြိမ် ပြင်းထန်စွာ အရိုက်ခံရခြင်းပင်။
"ကျေးဇူးတင်ပါတယ်... လော့ထျန်းယီ"
လုမင်က လော့ထျန်းယီဆီသို့ လျှောက်သွားပြီး ပြုံးပြလိုက်သည်။
"နင်ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"
လော့ထျန်းယီက ပြုံးပြီး ပြောလေသည်။
"ငါက တိတ်တဆိတ် လေ့ကျင့်နေတတ်တယ်လေ။ အခုမှ အပြင်ကိုထွက်လာခဲ့ပြီး ဒီမှာ တိုက်ပွဲဖြစ်နေတယ်ကြားလို့ လာကြည့်တာ နင်တို့ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ ကံမကောင်းချင်တော့ ငါ နောက်ကျသွားတယ်"
"မင်းလာတာက နောက်မကျပါဘူး၊ အချိန်မီပဲ"
လုမင်က ရယ်မောလိုက်သည်။
"အဲဒီလုမင်က လော့ထျန်းယီနဲ့လည်း ရင်းနှီးနေသေးတာလား"
"သူ့ဘေးမှာ အရည်အချင်းရှိသူတွေ ဒီလောက်အများကြီး စုဝေးနေတာ အံ့ဩစရာပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
လုမင်က လော့ထျန်းယီနှင့်လည်း ရင်းနှီးနေသေးသည်။ လော့ထျန်းယီအပါအဝင် လုမင်၏ဘက်မှာ ပါရမီရှင်များ အများကြီးရှိသည်။
ဘုရင်ခန္ဓာချည်း ငါးပါးအထိ ရှိနေပြီ။ လုမင်၏ ကစဉ့်ကလျားခန္ဓာကို ထည့်ပေါင်းလိုက်လျှင် ဤအင်အားက အံ့ဩစရာကောင်းလွန်းသည်။
"နောက်ပြီးတော့ မိန်းမလှလေးတွေလည်း အများကြီးရှိသေးတယ်။ တကယ်ပဲ လူကို သက်ပြင်းချစေတယ်"
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။ အခြားသူများကလည်း ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်ကြလေသည်။
လော့ထျန်းယီ၊ ချင်ယွဲ့နှင့် ဟွမ်လင်တို့ တစ်ဦးစီက ရင်သပ်ရှုမောဖွယ် အလှလေးများ ဖြစ်ကြသည်။ သူတို့ထဲတွင် တစ်ယောက်ချင်းစီက ကျောင်းတော်၏ ထိပ်တန်း မိန်းမလှလေးများ ဖြစ်သည်။
သို့သော်လည်း သူတို့သုံးယောက်စလုံးက လုမင်နှင့် ရင်းနှီးမှုရှိ၏။။ လူအများက မနာလိုစိတ်ကို အဘယ်သို့ ဖုံးဖိနိုင်တော့မည်နည်း။
"ဒီကောင်က တကယ်ကို ဆွဲဆောင်နိုင်တာပဲ၊ ဒါကို ညီမလေးသိရင် ဘယ်လိုနေမလဲ သိချင်မိတယ်။ သူ့ရဲ့ စိတ်နဲ့ဆိုရင် ဒါကို သူက သည်းခံနိုင်ပါ့မလား။ ငါ တကယ်ကို မျှော်လင့်မိတယ်"
ရှဲ့နျန်ကျွင်းက တစ်ယောက်တည်း ရေရွတ်သလို ပြောဆိုရင်း ရယ်မောလိုက်သည်။
ထိုအခါ၊ လူများစွာက ရှဲ့နျန်ကျွင်းကို ကြည့်ကြ၏။ ရှေးဟောင်းရှန့်မျိုးနွယ်၏ ပါရမီရှင်သမီးတော်ကလည်း လုမင်နှင့် သိကျွမ်းခဲ့ခြင်း ဖြစ်နိုင်သလော။
"တိုက်ပွဲပြီးသွားပြီ။ သွားကြရအောင်"
ရှဲ့နျန်ကျွင်းက ပြောပြီး လှည့်ထွက်သွားသည်။
ရှေးဟောင်းရှန့်မျိုးနွယ်၏ ပါရမီရှင်များကြားတွင် ရှဲ့နျန်ကျွင်းက ခေါင်းဆောင်ဖြစ်ပုံရပေသည်။
ထို့နောက်တွင် အခြား လူတချို့လည်း လှည့်ပြီး ထွက်သွားကြသည်။
"ဟွမ်လင်၊ ဟွမ်မျိုးနွယ်က ညီနောင်တွေ... မင်းတို့အားလုံး ဒဏ်ရာတွေ ရနေကြတယ်။ ဒါကြောင့် မင်းတို့ကိုယ်ကို အရင် ကုသလိုက်ကြပါ"
လုမင်က ဟွမ်လင်နှင့် အခြားသူများကို ကြည့်လိုက်သည်။
"ကောင်းပြီ"
ဟွမ်လင်၊ ဟွမ်လီ၊ လုံချန်၊ ချင်ယွဲ့နှင့် အခြား ဒဏ်ရာရသူများလည်း လေထဲတွင် တင်ပျဉ်ခွေထိုင်ကာ ဆေးဝါးများကို သောက်သုံးရင်း စတင်ကုသလိုက်ကြသည်။
မကြာမီ၊ ဟွမ်လင်က ပထမဆုံး ပြန်လည်ကောင်းမွန်လာ၏။
သူ့တွင် အင်မော်တယ် ကောင်းကင်ဖီးနစ်ခန္ဓာ ရှိသည်။ သူ၏ အသက်ဓာတ်က အလွန်သန်မာပြီး မသေနိုင်သောသူဟုပင် လူသိများပေသည်။ ဒဏ်ရာများက မည်မျှပင် ပြင်းထန်နေစေကာမူ၊ လျင်မြန်စွာ ပြန်လည် ပျောက်ကင်းနိုင်သည်။
ထို့နောက်တွင် လုံချန်နှင့် ချင်ယွဲ့တို့လည်း သူတို့၏ ဒဏ်ရာများကို ကုစားပြီးသွားသည်။ သူတို့၏ ဒဏ်ရာများက သိပ်ပြီး မပြင်းထန်ပေ။
ဟွမ်လီသာ ဒဏ်ရာဆိုးရွားခဲ့သည်။ သူသည် အစောပိုင်းက သူ့ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ထိုးဖောက်ခံခဲ့ရပေသည်။
ဤအခိုက်တွင်၊ သူ့ကြွက်သားများက တွန့်လိပ်လှုပ်ရှားပြီး ဟောင်းလောင်းပေါက် ဒဏ်ရာများက အသားများ ပြန်ပြည့်သွားသည်။
"ဝုန်း"
ရုတ်တရက်၊ ဟွမ်လီ၏ ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
"ဒါက... အန္တိမသူတော်စင်ရဲ့ အရှိန်အဝါပဲ"
လုမင်၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ပျော်ရွှင်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
တိုက်ပွဲအပြီးတွင် ဟွမ်လီက အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ။
သို့သော်လည်း ဤအရာက သဘာဝ ဖြစ်သည်။ ဟွမ်လီ၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာပြီ။ သူတို့အားလုံးထဲတွင် အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိရန် အနီးစပ်ဆုံး ဖြစ်သည်။ ထို့ပြင် မကြာသေးမီက ကျင့်ကြံမှုများနှင့် ဤတိုက်ပွဲက သူ၏ အလားအလာကို နှိုးဆွခဲ့၍ သဘာဝအတိုင်း အဆင့်တက်နိုင်ခဲ့ပေသည်။
"ဟားဟားဟား၊ ဟွမ်လီက အန္တိမသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားပြီဟေ့"
"ကောင်းလိုက်တာ"
ဟွမ်မျိုးနွယ်၏ အခြား မျိုးနွယ်ဝင်များ အလွန်ဝမ်းမြောက်ခဲ့ကြသည်။
ဟွမ်လင်၊ လုံထျန်နှင့် တခြားသူများလည်း ဝမ်းသာခဲ့ပေသည်။
ဟွမ်လီ၏ အဆင့်တက်ခြင်းနှင့်အတူ သူတို့၏ အင်အားက အနာဂတ်တွင် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
ဖုန်းဝူချန်သည်ပင် သူတို့ကို အလွယ်တကူ ထိပါးနိုင်တော့မည် မဟုတ်ပေ။
ဟွမ်လီက အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် ဖုန်းဝူချန်ကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
ယခုအချိန်ထိ၊ အဝေးတွင် စောင့်ကြည့်နေသူတချို့ ရှိနေကြသေးသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့အားလုံး တုန်လှုပ်သွားကြသည်။
ဟွမ်လီက အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားပြီ။ အန္တိမသူတော်စင်နယ်ပယ် ဘုရင်ခန္ဓာက အစွမ်းထက်လွန်းသည်။ လုမင်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးအင်အားနှင့်အတူ သူ၏အဖွဲ့က ယွမ်တောင် မြင့်မြတ်သော ကျောင်းတော်တွင် အားကောင်းသော အင်အားတစ်ခု ဖြစ်လာလိမ့်မည်။
"ဒီအချိန်အတွင်း... ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှာ လူတွေ အများအပြား အဆင့်တက်လာခဲ့ကြတယ်။ အချိန်နည်းနည်းကြာပြီးနောက်၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်လိမ့်မယ်"
"အမှန်ပဲ၊ နောက်ဆုံးမှာတော့ အန္တိမသူတော်စင်နယ်ပယ်ကို မချိုးဖြတ်ရသေးတဲ့ ဘုရင်ခန္ဓာတွေ အများကြီး ရှိသေးတယ်လေ။ ဒီလူတွေက ဘုရင်ခန္ဓာကို ဖြတ်ကျော်သွားတဲ့အခါ တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာလိမ့်မယ်။ အဲဒါက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဆိုင်မှုခေတ်ပဲ"
"အန္တိမသူတော်စင် စစ်မြေပြင်မှာ လေ့ကျင့်နေတဲ့ အသန်မာဆုံး ပါရမီရှင်အုပ်စုတွေလည်း ရှိသေးတယ်။ သူတို့တွေ လေ့ကျင့်ရာကနေ ထွက်လာရင် ပိုပြီးတော့ သန်မာလာကြလိမ့်မယ်။ ကျုပ်တို့လည်း ကြိုးစားရတော့မယ်။ မဟုတ်ရင် ပြိုင်ဆိုင်မှုများတဲ့ ဒီခေတ်ကြီးထဲမှာ ကျုပ်တို့က တခြားသူတွေရဲ့ ခြေနင်းကျောက်တွေ ဖြစ်လာလိမ့်မယ်"
ပါရမီရှင်တချို့က ဆွေးနွေးလိုက်ကြသည်။ သူတို့က ဖိအားများကို ခံစားခဲ့ရသော်လည်း မျှော်လင့်ခြင်းများနှင့် ပြည့်နေကြ၏။
လူတိုင်းကို မမှတ်မိနိုင်အောင် ပါရမီရှင်များ များပြားလှသော ဤခေတ်ကြီးထဲတွင် တောက်ပသော မီးတောက်တစ်ခုကို ဖန်တီးချင်ကြသေးသည်။
"ဟူး... ဟူး..."
မိုးနှင့်မြေကြားတွင် အဆုံးမဲ့ ယွမ်ချီစွမ်းအင်များက ဟွမ်လီဆီသို့ စီးဆင်းလာသည်။
"သူ့ကို တစ်ချက်ကူညီပေးလိုက်မယ်"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျောက်ကြမ်းအများအပြားက ပေါက်ကွဲသွားပြီး ယွမ်ချီစွမ်းအင်လှိုင်းများအဖြစ် ဟွမ်လီထံ လွင့်သွားကြ၏။ လုံချန်နှင့် အခြားသူများကလည်း ကျောက်ကြမ်းအများအပြားကို ထုတ်ယူကာ ဖောက်ခွဲလိုက်ကြလေသည်။
အဆုံးမဲ့ ယွမ်ချီစွမ်းအင်များကို ဟွမ်လီက စုပ်ယူခဲ့သည်။ သူ့အရှိန်အဝါများက ပို၍ အားကောင်းလာ၏။ အန္တိမသူတော်စင်တစ်ပါး၏ အရှိန်အဝါက ကောင်းကင်သို့ တဟုန်ထိုး တက်သွားတော့သည်။
နာရီအနည်းငယ်ကြာပြီးနောက်၊ ဟွမ်လီ၏ အရှိန်အဝါများက ပြန်လည်ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
"ဟားဟားဟား... လုံချန်၊ မင်း မြန်မြန် လေ့ကျင့်ရမယ်။ မဟုတ်ရင် မင်းက ငါ့ကို ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူး"
ဟွမ်လီက ရယ်မောပြီး လုမင်ကို တစ်ဖန်ကြည့်လိုက်သည်။
"လုမင်၊ မင်းနဲ့ကော ဘယ်တော့တိုက်ခိုက်ရမလဲ"
"ငါ မအားဘူး"
လုမင်က တိုက်ရိုက် ငြင်းပယ်လိုက်၏။ ဤတိုက်ပွဲရူးနှင့် သွားရှုပ်ပါက ကောင်းမွန်စွာ နေထိုင်ရမည် မဟုတ်ပေ။
ဟွမ်လီက အကူအညီမဲ့ဟန်ဖြင့် သူ့ခေါင်းကိုကုတ်လိုက်သည်။ အခြားသူများလည်း သဘောကျစွာ ရယ်မောလိုက်ကြလေသည်။
"ပြန်ကြရအောင်...၊ လော့ထျန်းယီ... မင်း ငါတို့နဲ့ ပူးပေါင်းချင်လား"
လုမင်က လော့ထျန်းယီကို ကြည့်လိုက်သည်။
"ကောင်းပြီ"
လော့ထျန်းယီက ပြုံးပြီး ခေါင်းညိတ်လိုက်၏။ သူ့အပြုံးက အလွန်ချစ်စရာကောင်းသောကြောင့် နတ်ဆင်ဂိုဏ်း၊ ဖီးနစ်နန်းတော်နှင့် ဟွမ်မျိုးနွယ်မှ လုလင်များကို နှစ်ခါပြန်ကြည့်စေခဲ့သည်။
ထို့ပြင်၊ ဟွမ်လင်နှင့် လုံချန်မှလွဲ၍ ကျန်လူတိုင်းက လွန်စွာ သိချင်လာကြသည်။
ပြိုင်စံရှားသော အလှလေးဖြစ်သည့် ယောင်ချစ်၏ အမွေခံ လော့ထျန်းယီက လုမင်ကို ကူညီနေသည်။ ထိုမျှသာမကဘဲ သူက လုမင်နှင့် အလွန်ရင်းနှီးနေပုံရသေးသည်။ လုမင်၏ ပြောစကားကိုလည်း နားထောင်သည်။
ဒါက လူတော်တော်များများ၏ စိတ်ကူးကို ရိုင်းစိုင်းသွားစေသည်။
ချင်ယွဲ့က မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး လုမင်နှင့် လော့ထျန်းယီကို ကြည့်လိုက်သည်။ သူ ဘာတွေတွေးနေသလဲ ဆိုတာကိုတော့ မည်သူမျှ မသိပေ။
မကြာမီ၊ သူတို့လူစုက သူတို့၏ တောင်ထွတ်သို့ ပြန်ရောက်လာပြီး ကျယ်ဝန်းသော ခြံဝင်းတစ်ခုတွင် စုရုံးလိုက်သည်။