← Chapters

အခန်း ၁၈၈၃

Vol. 126 Ch. 1883

အခန်း ၁၈၈၃

Vol. 126 Ch. 1883

အပိုင်း ( 1883 ) စံချိန်ကို ချိုးဖျက်ခြင်း။

ခဏအကြာတွင် လူငယ်က ထပ်မံ အော်ဟစ်လိုက်သည်။

"ဝမ်"

နောက်ထပ် ဓားမြည်သံတစ်ခုကို ကြားလိုက်ရ၏။ ကောင်းကင်ဧကရာဇ်၏ ဓားက ထပ်မံ ကြွတက်လာပြီး ခြေပေအထိ ဆွဲထုတ်လိုက်တော့သည်။

'ဒီဓားက ကျောက်ဓားနဲ့တူတယ်'

လုမင်က သေသေချာချာ ကြည့်လိုက်သောအခါ ဓားက ထူးခြားသော ကျောက်တစ်မျိုးဖြင့် ပြုလုပ်ထားပုံရကြောင်း တွေ့လိုက်ရသည်။

"ခြောက်ပေဟ... အံ့ဩစရာကောင်းလိုက်တာ။ သာမန် ဘုရင်ခန္ဓာတွေက ငါးပေအထိပဲ ဆွဲထုတ်နိုင်ပေမဲ့ ဒီလူငယ်ကတော့ ခြောက်ပေအထိ ဆွဲထုတ်နိုင်တယ်။ တကယ်ကို ထူးခြားအံ့ဖွယ်ပဲ"

"ဒါပေမဲ့ ခြောက်ပေက သူ့ရဲ့ အကန့်အသတ်ချက်ပဲ ဖြစ်မယ်။ ရှေးခေတ်ကတည်းက ဘုရင်ခန္ဓာတွေဟာ ငါးပေအထိပဲ ဆွဲထုတ်နိုင်ကြောင်း မှတ်တမ်းတွေရှိတယ်။ ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ ဘုရင်ခန္ဓာတောင်မှ ခုနစ်ပေပဲ။ ကောင်းကင်သားတော်တွေကတော့ ခုနစ်ပေအထိ ဆွဲထုတ်နိုင်ကြတယ်။ အမြင့်ဆုံး စံချိန်ကတောင် ရှစ်ပေပဲလေ။ ဒါပေမဲ့ ဒီစံချိန်က ရှေးခေတ်ကတည်းက အင်မတန် ရှားပါးခဲ့တယ်"

"ဒါကတော့ အမှန်ပါပဲ"

လူတော်တော်များများက ဆွေးနွေးလိုက်ကြသည်။

အမှန်လည်း လူငယ်က ခြောက်ပေအထိ ဆွဲထုတ်ပြီးနောက် သူ၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပုံရသည်။ လူငယ်က အကြိမ်ရေအနည်းငယ်ခန့် ဆက်တိုက် ပေါက်ကွဲပြီး ကြိုးစားနေသော်လည်း ဓားမှာ လုံးဝ မလှုပ်ရှားတော့ပေ။

နောက်ဆုံးတွင် လူငယ်က လက်လျှော့ပြီး နောက်ဆုတ်သွားရသည်။ ဓားက စင်မြင့်ပေါ်တွင် တစ်ဖန်မြုပ်သွားပြန်တော့သည်။

"စိတ်ဝင်စားစရာပဲ၊ ချင်ယွဲ့... မင်း စမ်းကြည့်ချင်လား"

လုမင်က မေးလိုက်သည်။

"စမ်းကြည့်ရအောင်"

ချင်ယွဲ့က ပြုံးလိုက်၏။ ဤမြင်ကွင်းများကို မြင်နေရပြီးနောက် သူသည်လည်း ကြိုးစားချင်စိတ်တို့ ဖြစ်ပေါ်နေမိသည်။

"ဟားဟားဟား၊ ကောင်မလေး... မင်းလည်း စမ်းကြည့်ချင်လို့လား။ မင်းအနေနဲ့ အများဆုံး သုံးပေအထိပဲ ဆွဲထုတ်နိုင်မယ်လို့ ငါလောင်းတယ်။ ဒါတောင်မှ ဒီဦးလေးက မင်းကို အများကြီး ပိုတွက်ထားတာနော်"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရယ်မောလိုက်သည်။

ဓားကိုဆွဲထုတ်ရန် နေ့စဉ်နှင့်အမျှ ဤနေရာကို လူငယ်များစွာ ရောက်လာလေ့ရှိသည်။ သို့ရာတွင်၊ လူဘယ်လောက်များများက သုံးပေအထိ ဆွဲထုတ်နိုင်သနည်း။ လူလတ်ပိုင်းအရွယ် အမျိုးသားက နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သည်။

ချင်ယွဲ့က ပြုံးရုံပြုံးပြီး မတုံ့ပြန်ပေ။ သူက စင်မြင့်ပေါ်သို့တက်သွားကာ ဓားကို ဆုပ်ကိုင်လိုက်သည်။

"ထစေ"

ချင်ယွဲ့က ခပ်တိုးတိုးအော်ပြီး သူတော်စင်စွမ်းအင်ကို ထုတ်ဖော်၍ ဆွဲထုတ်လိုက်၏။

"ဝမ်... ဝမ်... ဝမ်"

ဓားအသံသုံးခုကို ဆက်တိုက်ကြားရပြီးနောက် ကောင်းကင်ဧကရာဇ်၏ဓားက သုံးပေအထိ ကြွတက်လာတော့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားလည်း တုန်လှုပ်သွားသည်။ သူက ထစ်ငေါ့စွာ ပြောလိုက်၏။

"မင်း... မင်း တကယ်ပဲ သုံးပေအထိ ဆွဲထုတ်လိုက်တာလား"

သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ ဤမိန်းကလေးက သုံးပေအထိ အမှန်တကယ် ဆွဲထုတ်လိုက်မည်ဟု သူ မမျှော်လင့်ထားပေ။

"ဦးလေး၊ ဒါက မပြီးသေးဘူး"

လုမင်က ပြုံးလိုက်သည်။

"ထစေ"

ထိုအချိန်တွင် ခပ်တိုးတိုး ထပ်မံအော်ပြောလိုက်သည်။ ယင်နှင့်ယန် နိယာမက လေထဲတွင် ပြည့်သွား၏။

"ဝမ်... ဝမ်... ဝမ်"

ဓားမြည်သံများက သုံးကြိမ်ဆက်တိုက် ထပ်မံ ပေါ်လာပြန်တော့သည်။

ခြောက်ပေ...

"ဘုရင်ခန္ဓာ၊ နောက်ထပ် ဘုရင်ခန္ဓာပဲ။ ပြီးတော့ အတော်လေးကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုပဲ"

"နောက်ထပ် ပါရမီရှင်တစ်ဦး ပေါ်လာပြီ။ ဒီမိန်းကလေးကလည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ပါရမီရှင် ဖြစ်သင့်တယ်"

ချင်ယွဲ့၏ လှုပ်ရှားမှုက ရုတ်ရုတ်သဲသဲ ဆွေးနွေးသံများကို ဖြစ်ပေါ်စေခဲ့သည်။

ယခင်က ခြောက်ပေအထိ ဆွဲထုတ်နိုင်သူဟာ အလွန်ရှားသည်။ ယေဘုယျအားဖြင့် တစ်ယောက်ပေါ်လာရန် နှစ်ပေါင်းများစွာ အချိန်ယူရ၏။ ယနေ့မှာတော့ အချိန်တိုလေးအတွင်းမှာ လူနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် ပေါ်လာသည်။ ဒါက အလွန်ရှားပေသည်။

ဟုတ်သည်၊ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို စတင်ဖွင့်လှစ်ချိန်ကတော့ အခမ်းနားဆုံးပင်။ တစ်ရက်တည်းမှာပင် ငါးပေ၊ ခြောက်ပေအထိ ဆွဲထုတ်နိုင်သော ပါရမီရှင် ဆယ်ယောက်ကျော် ပေါ်လာပြီး ကောင်းကင်ဧကရာဇ်မြို့တော် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

သို့သော်လည်း ချင်ယွဲ့က ခြောက်ပေအထိ ဆွဲထုတ်ပြီးနောက် သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။ အနည်းငယ် ကြိုးစားကြည့်ပြီးနောက် မအောင်မြင်တော့သဖြင့် လက်လျှောပြီး လုမင်၏ဘေးကို ပြန်လာခဲ့လေသည်။

"နင် ကြိုးစားကြည့်ချင်လား"

ချင်ယွဲ့က စူးစမ်းလိုစိတ်ဖြင့် လုမင်ကို ကြည့်လိုက်သည်။

လုမင်က ကစဉ့်ကလျား၏သားတော်ပင်။ သူက ဘယ်နှပေအထိ ဆွဲထုတ်နိုင်မလဲဆိုတာ သူမ သိချင်မိသည်။

ဘေးနားမှ လူလတ်ပိုင်း အမျိုးသားနှင့် အဘိုးအိုကလည်း လုမင်ကို စူးစူးစိုက်စိုက် ကြည့်ကြလေသည်။

လုမင်နှင့် ချင်ယွဲ့က အတူတူ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူကလည်း ဘုရင်ခန္ဓာ ဖြစ်မည်လော။ သူကလည်း ငါးပေ၊ ခြောက်ပေအထိ ဆွဲထုတ်နိုင်သူ ဖြစ်မည်လော။ တကယ် ဟုတ်ရိုးမှန်လျှင်တော့ ယနေ့က အမှန်တကယ် အသက်ဝင်မည် ဖြစ်သည်။

"ကောင်းပြီ၊ ငါစမ်းကြည့်မယ်"

လုမင် ပြုံးလိုက်သည်။ သူက ဤနေရာကို ရောက်နေပြီနို့ စမ်းကြည့်ရလိမ့်မည်။

လုမင်က စင်မြင့်ပေါ်သို့ တက်လာသည်။ လူတော်တော်များများကလည်း လုမင်ကို ကြည့်နေကြ၏။

"ဒီနေ့မှာ လူငယ်တွေ တော်တော်များများ ရောက်လာကြတာပဲ"

"အင်း၊ ဒီလူငယ်က ဘယ်နှပေအထိ ဆွဲထုတ်နိုင်မလဲဆိုတာ တကယ်သိချင်မိတယ်"

"ဘုရင်ခန္ဓာနှစ်ပါးတောင် ပေါ်လာပြီးပြီဆိုတော့ သူကလည်း မရိုးရှင်းမှာ ကြောက်ရတယ်။ ဒီနေ့က တကယ့်ကို အသက်ဝင်တာပဲ"

လူတစ်ချို့က မျှော်လင့်ချက်တို့ဖြင့် လုမင်ကို ကြည့်သည်။ လုမင်ကလည်း ခြောက်ပေအထိ အမှန်တကယ် ဆွဲထုတ်နိုင်မည်လော။

လုမင်က ဓားအနားကို လျှောက်လာပြီးနောက် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ရုတ်​တရက်​၊​ ဓားသွားမှ နွေး​ထွေး​သောစွမ်းအားကို ခံစားလိုက်​ရပြီး သူ့ခန္ဓာကိုယ်​ထဲသို့ စိမ့်ဝင်လာ၏။

'ဒီစွမ်းအင်က လူတစ်ယောက်ရဲ့ ကျင့်ကြံမှုကို စမ်းသပ်နိုင်တာလား'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

‌ဓားကို ဆွဲထုတ်ခြင်းက သူတို့၏ ကျင့်ကြံမှုအဆင့်နှင့် မဆိုင်ပေ။

သိုင်းဧကရာဇ်တစ်ပါးက တစ်ပေမျှ မဆွဲထုတ်နိုင်သော်လည်း စတင်လေ့ကျင့်သူက ငါးပေအထိ ဆွဲထုတ်နိုင်လျှင်ဆွဲထုတ်နိုင်သည်။

'ဒီလိုဆိုရင် ငါက ဘယ်နှပေအထိ ဆွဲထုတ်နိုင်မလဲ ကြည့်ရအောင်'

လုမင်၏ မျက်လုံးများက တောက်ပသော အလင်းများ ဖြာထွက်လာခဲ့သည်။

"ဝမ်"

အသံတစ်ချက် ထွက်ပေါ်လာပြီး ဓားက တစ်ပေ ကြွတက်သွား၏။

"တကယ်​ ​လေးလံတယ်​"

လုမင်က ရေရွတ်လိုက်မိသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ သူတော်စင်စွမ်းအင်က ဆူပွက်လာသည်။ သူတော်စင်နှလုံးသား နှစ်ခုကလည်း လျင်မြန်စွာ လှည့်ပတ်လာကြ၏။ လုမင်၏ လက်နှစ်ဖက်သို့ အဆုံးမဲ့စွမ်းအင်များ စီးဝင်လာပြီးနောက် ဓားကို ဆွဲနှုတ်လိုက်တော့သည်။

"ဝမ်... ဝမ်... ဝမ်... ဝမ်"

ဓားအသံလေးချက် ဆက်တိုက် ထွက်ပေါ်လာသည်။ ဓားကိုယ်ထည်က တောက်ပသော အလင်းများ ဖြာထွက်နေ၏။

ငါးပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်က ငါးပေအထိ ဆွဲထုတ်လိုက်ပြီ။

"နိယာမစွမ်းအင်ကို မသုံးရသေးဘူး"

တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။

စွမ်းအင်ကို မသုံးဘဲ ငါးပေအထိ ဆွဲထုတ်နိုင်သည်။ ဒါက မည်သို့ဖြစ်နိုင်မည်နည်း။

"ကျုပ်တို့ မျက်စိမှောက်နေတာများလား"

လူတိုင်းက မယုံကြည်နိုင် ဖြစ်ခဲ့ကြရသည်။

စွမ်းအင်ကိုမသုံးဘဲ ငါးပေအထိ ဆွဲထုတ်နိုင်ခြင်းက အံ့ဩစရာကောင်းလွန်းပေသည်။

ဘုရင်ခန္ဓာရှိသော ယခင်လူငယ်မှာလည်း လုမင်ကိုကြည့်ရင်း သူ့မျက်လုံးတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။

"ဒါက တကယ်ကို လေးလံပေမဲ့ ငါ့ရဲ့ ကန့်သတ်ချက် မဟုတ်သေးဘူး။ ထလော့"

လုမင်က ကြုံးဝါးလိုက်သည်။ သူက နိယာမကိုပင် မသုံးရသေးပေ။ သူ၏ သူတော်စင်စွမ်းအင်နှင့် ဝိညာဉ်ခန္ဓာ၏ စွမ်းအားကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။

"ဝမ်"‌

နောက်တစ်ဖန် ဓားမြည်သံတစ်ခု ထွက်ပေါ်လာသည်။

ခြောက်ပေ။

လုမင်က နိယာမစွမ်းအားကို အသုံးမပြုရသေးပေ။ တနေရာလုံး တိတ်ဆိတ်နေပြီး အားလုံးက လုမင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ကြသည်။

"မယုံနိုင်စရာကောင်းလိုက်တာ၊ ဒီလူက ဘယ်နိယာမကို ဆုပ်ကိုင်ထားတာပါလိမ့်... ဘုရင်ခန္ဓာဆိုရင်တောင် အတော်ကြမ်းတဲ့ တည်ရှိမှုတစ်ခု ဖြစ်လိမ့်မယ်။ နောက်ထပ် တစ်ပေဆွဲနှုတ်နိုင်ရင် ကောင်းကင်သားတော်နဲ့တောင် တန်းတူဖြစ်နိုင်ပြီလေ"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူ့လေသံမှာလည်း မယုံနိုင်ခြင်း၊ အံ့ဩခြင်းတို့ ပြည့်နေလေသည်။

လုမင်နှင့် စကားပြောဆိုဖူးသော အဘိုးအိုနှင့် လူလတ်ပိုင်းအမျိုးသားတို့မှာလည်း လျှာကိုက်မိနေပြီ ဖြစ်သည်။

သူတို့နှင့် စကားစမြည်ပြောဖူးသည့် ယဉ်ကျေးသိမ်မွေ့သော လူငယ်လေးက တကယ်ကို အစွမ်းထက်နေသလော။

နိယာမစွမ်းအင်ကို အသုံးမပြုဘဲ ခြောက်ပေအထိ ဆွဲထုတ်နိုင်ခြင်းသည် ယခင်က ဟန်ရှင်းဟဲသာ စွမ်းနိုင်ခဲ့သည်။

သို့ဆိုလျှင်၊ လုမင်က ဟန်ရှင်းဟဲ၏ မှတ်တမ်းကို လိုက်မီခဲ့ပြီ မဟုတ်လော။

"ထပ်လာမယ်"

လုမင်၏ မျက်လုံးများက ခိုင်မာပြတ်သားမှုတို့ ပြည့်နေသည်။ သူက သူ၏ အကန့်အသတ်သို့ မရောက်သေးသလို ခံစားရ၏။

သူ၏ ဝိညာဉ်ကိုယ်ခန္ဓာတွင် ကစဉ့်ကလျား ချီကြိုးမျှင်ကို သန့်စင်ထားသည်။ သူ၏ဝိညာဉ်ခန္ဓာ၏ ခွန်အားက သာမန် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများထက် အဆပေါင်းများစွာ သာလွန်သည်။ အရေးအကြီးဆုံးကတော့ သူ့မှာ အကန့်အသတ်မဲ့ အလားအလာရှိသော သူတော်စင်နှလုံးသားနှစ်ခု ရှိနေခြင်းပင်။

"ထလော့"

လုမင်က အော်လိုက်သည်။ နိယာမစွမ်းအင်မှတပါး၊ သူ၏ စွမ်းအားအကုန် အသုံးပြုပြီး ဆွဲနှုတ်လိုက်၏။

"ဝမ်"

နောက်ထပ် ဓားမြည်က ကောင်းကင်ယံမှာ ပဲ့တင်ထပ်ပြီး ဓားအလင်းတစ်ခုကလည်း ကောင်းကင်ကို ထိုးတက်သွားတော့သည်။

ခုနစ်ပေ။

လုမင်က နိယာမစွမ်းအင်ကို အသုံးမပြုဘဲ ခုနစ်ပေအထိ ဆွဲထုတ်လိုက်ပြီ ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နိယာမကို မသုံးဘဲ ခုနစ်ပေအထိ ဆွဲထုတ်နိုင်တယ်။ ဒါမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး"

"ဟန်ရှင်းဟဲက နိယာမစွမ်းအင်ကို အသုံးမပြုဘဲ ခြောက်ပေအထိပဲ ဆွဲထုတ်နိုင်တယ်။ ဒါက ဟန်ရှင်းဟဲရဲ့ စံချိန်ကို ချိုးဖျက်လိုက်တာပဲ မဟုတ်လား"

"ဟန်ရှင်းဟဲက ခြောက်ပေအထိ ဆွဲထုတ်နိုင်ရတဲ့ အကြောင်းရင်းက သူဟာ ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်လို့ပဲလေ။ မဟုတ်ရင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီလူက ဘယ်သူလဲ"

လူများက ထိန်းချုပ်မရတော့ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

All Chapters