← Chapters

အခန်း ၁၈၈၄

Vol. 126 Ch. 1884

အခန်း ၁၈၈၄

Vol. 126 Ch. 1884

အပိုင်း ( 1884 ) ကောင်းကင်ဧကရာဇ်၏ဓားကို ဆွဲနှုတ်လိုက်ခြင်း။

သာမန် ကောင်းကင်သားတော်တစ်‌ယောက်က ခုနစ်ပေအထိသာ ဆွဲနှုတ်နိုင်ကြောင်း သိထားကြရမည် ဖြစ်သည်။ သို့သော်လည်း လုမင်ကတော့ နိယာမကို အသုံးမပြုဘဲ ခုနစ်ပေအထိ ဆွဲနှုတ်လိုက်ပြီ။ ဒါက မယုံနိုင်စရာကောင်းလွန်းသည်။

"သူက နိယာမကို တိတ်တိတ်လေး အသုံးပြုခဲ့တာ ဖြစ်နိုင်မလား။ ဒီလိုဆိုရင် ကျုပ်တို့တွေ တစ်ဦးမှ သတိပြုမိမှာတော့ မဟုတ်ဘူး"

တစ်စုံတစ်ယောက်က မှန်းဆလိုက်သည်။

"ဖြစ်နိုင်တယ်... ဖြစ်နိုင်တယ်"

ဤခန့်မှန်းချက်ကို လူအများစုက သဘောတူခဲ့ကြသည်။ မဟုတ်လျှင် လူတိုင်းက လိပ်ပြာလွင့်မတတ် တုန်လှုပ်ရလိမ့်မည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ လူတိုင်း ပါးစပ်ပိတ်သွားကြသည်။

"ထလော့"

လူတိုင်း၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ လုမင်၏ ခန္ဓာကိုယ်မှ ကစဉ့်ကလျားနိယာမက ထွက်ပေါ်လာ၏။

"ဝမ်"

ချက်ချင်းပင်၊ နောက်ထပ် ဓားမြည်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ဓားအလင်းတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အဆုံးမဲ့ ကြယ်ကောင်းကင်ကို ဖြတ်သန်းသွားတော့သည်။

စင်မြင့်တစ်ခုလုံးက တောက်ပနေပြီး အဆုံးမဲ့ အလင်းတန်းများကြားတွင် လုမင်က နစ်မြုပ်လုနီးပါးဖြစ်သည်။

လူတိုင်းက ကြက်သေသေသွားတော့သည်။

ရှစ်ပေ။

လုမင်က နိယာမကို အသုံးပြုပြီးနောက် ရှစ်ပေအထိ ရောက်သွားသည်။

ဒါက လုမင်သည် ယခုလေးတင် နိယာမကို အမှန်တကယ် အသုံးမပြုဘဲ ခုနစ်ပေအထိ ဆွဲနှုတ်ခဲ့ကြောင်း သက်သေပြခဲ့ပေသည်။

ဤအခိုက်အတန့်တွင် သူက နိယာမကို အသုံးပြုကာ ဓားကို ရှစ်ပေအထိ ဆွဲနှုတ်ပြီး သမိုင်းဝင်မှတ်တမ်းနှင့် ဟန်ရှင်းဟဲ၏ မှတ်တမ်းကိုလည်း လိုက်မီသွားခဲ့သည်။

"ကစဉ့်ကလျားနိယာမ... ဒီလူက ကောင်းကင်သားတော်... ကစဉ့်ကလျားရဲ့သားတော်ပဲ"

"ရှစ်ပေအထိ ဆွဲနှုတ်လိုက်တာ... ဒါက အံ့ဖွယ်သရဲပဲ"

"ဒီလူက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို အပြည့်အဝ ဆွဲနှုတ်နိုင်ဦးမလား"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက်၊ တနေရာလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

လုမင်က နိယာမကို အသုံးမပြုဘဲ ခုနစ်ပေအထိ ဆွဲနှုတ်ပြီး စံချိန်သစ်တစ်ခုကို ရေးထိုးခဲ့ပြီးပြီ ဖြစ်သည်။ သို့ဆိုလျှင် သူက နိယာမကို အသုံးပြုပြီးနောက် ကိုးပေအထိ ဆွဲနှုတ်နိုင်မည်လော။

ဒါက တကယ်ကို ပြောရန်မလွယ်ပေ။

ဤနေရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ စိုက်ထူထားသည့် ကောင်းကင်ဧကရာဇ်၏ဓားက ပြန်လည်ပေါ်ထွန်းလာတော့မည်လော။

လူအများ၏ နှလုံးသားက တုန်လှုပ်ခြင်း နှင့် မျှော်လင့်ခြင်းတို့ ရောပြွမ်းသွားကြသည်။

လုမင်နှင့် စကားစမြည်ပြောခဲ့သော ဦးလေးနှင့် အဘိုးအိုတို့ဆိုလျှင် စကားမေးမရတော့ပေ။

သူတို့နှင့် စကားစမြည်ပြောနေခဲ့သော လူငယ်လေးက သမိုင်းတစ်လျှောက်တွင် ရှားပါးသော ပါရမီရှင်တစ်ဦးဖြစ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါ။

"ရှစ်ပေ... တစ်ပေပဲ လိုတော့တယ်"

ထိုအချိန်တွင်၊ လုမင်၏ မျက်လုံးများက အလွန်တောက်ပနေသည်။

ဤအခိုက်အတန့်တွင်၊ သူက သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားအားလုံးကို စုစည်းလိုက်၏။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများက အဆုံးမဲ့ ခွန်အားနှင့် ပြည့်နေတော့သည်။

ထို့နောက် ဓားကို ဆွဲနှုတ်လိုက်သည်။

"ဝမ်"

ဓားမြည်သံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။ လူတိုင်း၏ နှလုံးသားများကိုလည်း ပြင်းထန်စွာ ခုန်ပေါက်စေခဲ့၏။

ဤအခိုက်အတန့်တွင် အဆုံးမဲ့ ဓားအလင်းက လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ မိုးနှင့်မြေကြားတွင် ရပ်တည်နေ၍ ကောင်းကင်ဧကရာဇ်မြို့တော်တစ်ခုလုံးမှ မြင်လိုက်ရတော့သည်။

စင်မြင့်ပေါ်တွင် အကန့်အသတ်မရှိသော အလင်းတန်းများကြားမှ လူငယ်တစ်ဦးက ဒဏ္ဍာရီလာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သူ၏ဓားကို ကိုင်မြှောက်လိုက်သည်။

လုမင်က ကောင်းကင်ဧကရာဇ်၏ဓားကို အမှန်တကယ် ဆွဲနှုတ်ပြီး သူ့လက်ထဲတွင် ကိုင်ထားပြီ။

ထိုအချိန်တွင် အချိန်က ရပ်တန့်သွားပြီး နေရာမှာလည်း အေးခဲသွားပုံရသည်။ အရာအားလုံးက ထာဝရကာလတစ်ခုကဲ့သို့ ဤအခိုက်အတန့်တွင် ရပ်တန့်သွားတော့သည်။

ကောင်းကင်ဧကရာဇ်မြို့တော်၏ အလယ်တွင်... တုနှိုင်းမရအောင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ရှိသည်။ ဤအခိုက်အတန့်တွင် မြောက်မြားစွာသော ပုံရိပ်များက နန်းတော်မှ ပြေးထွက်လာ၏။ သူတို့ထံမှ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ထွက်လာတော့သည်။

"ကောင်းကင်ဧကရာဇ်ရဲ့ဓား ပေါ်လာပြီ"

"ရှင်းဟဲအပြင် ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ဆွဲနှုတ်နိုင်သူက ဒီကမ္ဘာမှာ တကယ်ရှိနေပြီလား"

"သွားကြစို့။ ကောင်းကင်ဧကရာဇ်ရဲ့ဓားက အပြင်လူတွေရဲ့လက်ကို မကျရောက်နိုင်ဘူး။ ငါတို့ပြန်ယူရမယ်"

စကားသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူတို့က လေထဲသို့ ခြေတစ်ချက်လှမ်းပြီး ထွက်ခွာသွားကြတော့သည်။

ကောင်းကင်ဧကရာဇ်၏ဓားတည်ရှိရာ စင်မြင့်ပေါ်မှာလည်း လုမင်က ကြီးမားသော အကြပ်အတည်းတစ်ခု ကျရောက်တော့မည်ကဲ့သို့ မသက်မသာ ခံစားလိုက်ရသည်။

အတွေးတစ်ခုဖြင့်၊ လုမင်က ကောင်းကင်ဧကရာဇ်၏ဓားကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ထည့်သိမ်းလိုက်၏။ ထို့နောက်၊ သူက ပြေးဆင်းလာကာ ချင်ယွဲ့၏လက်ကို ဆွဲကာ ပြေးထွက်သွားတော့သည်။

"သွားစို့"

သူတို့နှစ်ဦးက အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချက်ချင်းပင် ထိုနေရာမှ ထွက်ခွာသွားကြသည်။ သူတို့နှစ်ဦး ပျောက်ကွယ်သွားသည့်တိုင်အောင် လူအုပ်ကြီးကတော့ ကြောင်တက်တက်ဖြင့် ရေရွတ်နေကြဆဲပင်။

"ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ဆွဲနှုတ်လိုက်ပြီ"

"နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ကောင်းကင်ဧကရာဇ်ရဲ့ဓားကို တကယ်ဆွဲနှုတ်သွားတာဟေ့။ အဲဒီလူငယ်က တကယ်ပဲ ဘယ်သူလဲ"

"သူက ကစဉ့်ကလျားနိယာမကို ထိန်းချုပ်ထားပြီး ယွမ်တောင်မြင့်မြတ်သောကျောင်းတာ်ရဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပုံရတယ်။ ဒီလိုဆိုရင်တော့ ရှာရမခက်ပါဘူး"

လူအများက စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်။

"ဝှစ်... ဝှစ်..."

ထိုအချိန်တွင် ကောင်းကင်ယံ၌ ပုံရိပ်များစွာတို့ ထွက်ပေါ်လာကြသည်။ သူတို့တစ်ဦးစီက ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး လူတိုင်းကို တုန်လှုပ်စေခဲ့၏။

"ဧကရာဇ်ရဲ့ အငွေ့အသက်... ဒါက သိုင်းဧကရာဇ်အဆင့် အကျော်အမော်ပဲ"

"ပြီးတော့ အဲဒါက ဟန်မိသားစုရဲ့ သိုင်းဧကရာဇ်တွေပဲ။ ဟန်မိသားစုဟာ ကောင်းကင်ဧကရာဇ်ရဲ့ မျိုးဆက်တွေလို့ ဆိုကြတယ်။ အခု ကောင်းကင်ဧကရာဇ်ရဲ့ ဓားကို ဆွဲထုတ်လိုက်တဲ့အတွက် ဟန်မိသားစုက သေချာပေါက် လှုပ်ရှားတော့မှာပဲ"

"ဟန်ရှင်းဟဲက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို အနှေးနဲ့အမြန် ဆွဲနှုတ်ပြီး သူ့ဓားဖြစ်လာမယ်လို့ ကြွေးကြော်ထားတာ"

လူတော်တော်များများက ခပ်တိုးတိုး ဆွေးနွေးလိုက်ကြသည်။

ဟန်မိသားစုမှ ဧကရာဇ်အဆင့် အကျော်အမော်က လွတ်နေသော စင်မြင့်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် တုန်လှုပ်မှုတို့ ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာမှာ တင်းမာသွားတော့သည်။

ကောင်းကင်ဧကရာဇ်၏ဓားကို အမှန်တကယ် ဆွဲနှုတ်လိုက်ပြီ။

"ဘယ်သူလဲ၊ ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ဘယ်သူဆွဲနှုတ်လိုက်တာလဲ"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပါးက လူထုကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူ၏ အစွမ်းထက်သော သိုင်းဧကရာဇ် အရှိန်အဝါကလည်း လူတိုင်းကို ဖိနှိပ်ထားပေရာ အသက်ရှူရန်ပင် မလွယ်တော့ပေ။

"မသိပါဘူး၊ အဲဒါက လူငယ်ပဲ။ ဒါပေမဲ့ သူထွက်သွားပြီ"

တစ်ယောက်က ပြန်ဖြေလိုက်၏။

"လူငယ်...၊ အဲဒါက ဘယ်သူလဲ။ သူက ဘယ်ကလာတာလဲ"

ဟန်မိသားစု၏ ဧကရာဇ်ကြီးက ဆက်မေးသည်။

"ကျုပ်တို့လည်း မသိပါဘူး၊ ဒါပေမဲ့ သူက ကစဉ့်ကလျားရဲ့သားတော်ဖြစ်ပြီး ကစဉ့်ကလျားနိယာမကို ထိန်းချုပ်နိုင်တယ်။ သူက ယွမ်တောင်မြင့်‌မြတ်သောကျောင်းတော်ရဲ့ ပါရမီရှင်တစ်ဦး ဖြစ်သင့်တယ်"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ယွမ်တောင် မြင့်မြတ်သော ကျောင်းတော်"

ဟန်မိသားစု၏ ဧကရာဇ်အဆင့် အကျော်အမော်၏ မျက်နှာက မှုန်ကုပ်သွားသည်။

ယွမ်တောင် မြင့်မြတ်သောရင်ပြင်၏ ပါရမီရှင်တစ်ဦးဖြစ်ခဲ့လျှင် ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။

ဟန်မိသားစုသည် အလွန်အင်အားကြီးပြီး ကောင်းကင်ဧကရာဇ်၏ မျိုးဆက်များဟု ဆိုကြသည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်ကလည်း နက်ရှိုင်းပြီး နားမလည်နိုင်အောင်ပင်။ သူတို့က ကောင်းကင်ဧကရာဇ်မြို့တော်၏ အသန်မာဆုံးသော အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။

သို့သော်လည်း ယွမ်တောင် မြင့်မြတ်သော ကျောင်းတော်ကို မဟာဧကရာဇ်ကြီး သုံးပါးတို့ ပူးပေါင်းတည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့က လူကိုတောင်းရန် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ တိုက်ရိုက် မသွားဝံ့ကြပေ။

"အဲဒီလူက အဝေးကြီးကို မရောက်နိုင်သေးဘူး။ လိုက်ကြ... သူ့ကို ယွမ်တောင် မြင့်မြတ်ကျောင်းတော်ကို မပြန်ခင် ဖမ်းမိနိုင်ရင် အကောင်းဆုံးပဲ။ ကောင်းကင်ဧကရာဇ်ရဲ့ဓားက ငါတို့ ဟန်မိသားစုကပဲ ပိုင်နိုင်တယ်"

ဟန်မိသားစု၏ သိုင်းဧကရာဇ်တစ်ပါးက ပြောလိုက်သည်။ အခြားသော သိုင်းဧကရာဇ်များလည်း လှုပ်ရှားကာ အရပ်ရပ်သို့ ပျံသန်းသွားကြတော့သည်။

ထိုအချိန်တွင်၊ လုမင်က သူ့အသွင်အပြင်ကို ပြောင်းလိုက်ပြီ ဖြစ်သည်။

ကောင်းကင်ဧကရာဇ်၏ဓားကို ဆွဲနှုတ်လိုက်ပြီးနောက် သူ့နှလုံးသားထဲတွင် အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရပေသည်။

ထို့ပြင်၊ ကောင်းကင်ဧကရာဇ်ရဲ့ဓား၏ အရှိန်အဝါက အစွမ်းထက်သော တည်ရှိမှုများစွာကို လှုပ်ခတ်စေမည်မှာ သေချာသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ချပြီး ချင်ယွဲ့ကိုခေါ်ဆာင်ကာ ချက်ချင်း ထွက်ခွာခဲ့ခြင်းပင်။ နောက်မှ လျှို့ဝှက်သော နေရာတစ်ခုတွင် ချင်ယွဲ့ကိုလည်း တောင်နှင့်မြစ် ပန်းချီကားအတွင်း ထည့်လိုက်သည်။ ထို့နောက်တွင်၊ သူက နတ်အရှိန်အဝါကျင့်စဥ်ကို အသုံးပြုပြီး အသားဖြူသော လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

သူ၏ လက်ရှိကျင့်ကြံမှုဖြင့် သိုင်းဧကရာဇ်ပင်လျှင် သူ့ကို အလွယ်တကူ မှတ်မိနိုင်မည် မဟုတ်ပေ။

သူက လမ်းမအတိုင်း လျှောက်လှမ်းကာ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်သို့ ဦးတည်သွားခဲ့သည်။

မကြာမီ၊ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ဧကရာဇ်၏အရှိန်အဝါက အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူများစွာတို့ တုန်လှုပ်သွား၏။

'မျှော်လင့်ထားတဲ့အတိုင်း သူတို့က ငါ့နောက်ကို လိုက်နေကြတာပဲ။ ဒါထက် ဒီအကျော်အမော်က ဘယ်အင်အားစုကလဲ'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ သို့သော်လည်း အပေါ်ယံမှာတော့ ဟန်မပျက်ပေ။ ထိုသိုင်းဧကရာဇ်များသည် ၎င်းတို့၏ ဝိညာဉ်အသိဖြင့် ကြည့်ခဲ့သော်လည်း သူ့ကို လုံးဝ မမှတ်မိနိုင်ပါ။

နောက်ဆုံးမှာတော့ တစ်ဖက်လူများက သူ့ကို မြင်တောင်မမြင်ဖူးကြပေ။ ထို့ပြင်၊ သူက နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုထားသည်။ ၎င်းတို့က သူ့ကိုမည်သို့ရှာဖွေတွေ့ရှိနိုင်မည်နည်း။

မကြာမီ၊ လုမင်က ကောင်းကင်ဧကရာဇ်မြို့တော်၏ မြောက်ဘက်မှ အဆောင်တစ်ခုရှေ့ကို ရောက်လာသည်။

ဒါက 'အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်'ပင်။

လုမင် ဝင်‌လာပြီးနောက် ချက်ချင်းဆိုသလိုပင် အဘိုးအိုတစ်ဦးက လုမင်ကို ကြိုဆိုရန် ရောက်လာခဲ့သည်။

"ဒီကဧည့်‌သည်တော်၊ ကျုပ် ဘာများ အကူအညီပေးရမလဲ"

အဘိုးအိုက မေးလေသည်။

"ကျွန်တော်က အချက်အလက်တစ်ခုကို မေးချင်လို့ပါ"

လုမင်က ပြောလိုက်သည်။

All Chapters