အခန်း ၁၈၈၉
Vol. 126 Ch. 1889
အပိုင်း ( 1889 ) ဓားရင်းမြစ်၏ ပြောင်းလဲခြင်း။
ဓားရင်းမြစ်များကို ရှာဖွေရန် လူများစွာက ဓားသင်္ချိုင်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အချို့သောလူများက ကျင့်ကြံမှုတွင် တစ်ဆို့သွားကာ တိုးတက်နိုင်ရန် ခက်ခဲသည်။ သို့သော်လည်း၊ အကယ်၍ ၎င်းတို့က ဓားရင်းမြစ်များစွာကို သန့်စင်နိုင်လျှင် ပို၍ တိုးတက်နိုင်လိမ့်မည်။ အထူးသဖြင့်၊ ဒါက ဓားသမားများအတွက် ပို၍ အသုံးဝင်သည်။
လုမင်က ချင်ယွဲ့၏ ကျင့်ကြံမှုမပြီးခင် ဓားရင်းမြစ်ကို သန့်စင်ပြီး တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့လေသည်။
ထို့နောက်၊ သူတို့နှစ်ဦးက ထိုနေရာမှ ထွက်ခွာကာ ဆက်လက်ရှာဖွေခဲ့ကြသည်။
ထိုက်စွေ့ရတနာကြာပန်းကို ရှာဖွေရင်း ဓားရင်းမြစ်အချို့ကို ရယူခြင်းက ၎င်းတို့၏ ကျင့်ကြံမှုအတွက် ကောင်းမွန်သည်။
များမကြာမီ၊ သူတို့နှစ်ဦးက အခြားဓားရင်းမြစ်ကို တွေ့ရှိကြပြီး သိမ်းယူခဲ့ကြလေသည်။
ဓားသင်္ချိုင်းက တကယ်ကို ကြီးမားသည်။ လုမင်နှင့် ချင်ယွဲ့က တစ်နေကုန် လှည့်ပတ် သွားလာနေကြသည့်တိုင် အဆုံးကို မမြင်နိုင်ကြသေးပေ။
ဓားရင်းမြစ်လေးခုကို ရရှိခဲ့ပြီး တစ်ဦးလျှင် နှစ်ခုစီ ရရှိခဲ့ကြသည်။
"ဝှစ်... ဝှစ်"
ရုတ်တရက်၊ သူတို့ရှေ့နားရှိ တောင်ကြားအတွင်းမှ လူတစ်စုက ပြေးထွက်လာကာ သူတို့နှစ်ယောက်ကို ဝိုင်းထားလိုက်ကြသည်။
စုစုပေါင်း ရှစ်ယောက် ရှိသည်။ သူတို့အားလုံးက သက်ကြီးရွယ်အိုများ သို့မဟုတ် လူလတ်ပိုင်းများ ဖြစ်ကြ၏။ ၎င်းတို့အားလုံးက အားကောင်းသော အရှိန်အဝါများနှင့် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေကြတော့သည်။
မဟာသူတော်စင်နယ်ပယ် ငါးဦးနှင့် အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံသူ သုံးဦးတို့ ဖြစ်သည်။ သို့သော်လည်း အသန်မာဆုံးက အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်တွင်သာ ရှိသေးသည်။
လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
"လူငယ်လေးနှစ်ယောက်ပဲ"
သူတို့ထဲက တစ်ယောက်က လှောင်ပြောင်လိုက်သည်။ သူက လုမင်နှင့် ချင်ယွဲ့ကို အေးစက်စွာ ကြည့်နေသည်။
"ဒါပေမဲ့ ဒီကောင်မလေးက အရမ်းလှတယ်။ ငါ သူ့ကို သဘောကျတယ်"
ထိုးဝါးကဲ့သို့ ပိန်ပိန်ရှည်ရှည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပူလောင်သောအကြည့်ဖြင့် ချင်ယွဲ့ကို ကြည့်လိုက်၏။
"ကောင်လေး၊ မင်းမှာရှိတဲ့ ရတနာတွေအားလုံးကို လွှဲပေးလိုက်ပါ"
အရိုးခြောက်(ပိန်ပိန်အမျိုးသား)က ပြောသည်။
ပုံမှန်အားဖြင့် ရက်အနည်းငယ်ကြာတိုင်း ဓားသင်္ချိုင်းထဲသို့ လူများ ဝင်လာတတ်ကြသည်။ ထို့ကြောင့် ဓားသင်္ချိုင်း၌ လူအမျိုးမျိုး ရှိကြပေသည်။
ဓားသင်္ချိုင်းတွင် တစ်နှစ်ပတ်လုံး နေထိုင်သူအချို့ပင် ရှိသည်။ ၎င်းတို့က လေ့ကျင့်ရန်အတွက် ရတနာများနှင့် ဓားရင်းမြစ်များ ရရှိနိုင်ရန် အခြားသူများကို သတ်ဖြတ်လုယက်ခြင်းများ ပြုခဲ့သည်။
ဓားသင်္ချိုင်းတွင် လူတစ်ယောက်၏ အထောက်အထားက မည်မျှပင် မြင့်မြတ်ပါစေ၊ မည်သူမျှ ဂရုစိုက်မည် မဟုတ်ပေ။ မိမိ၏ ခွန်အားက မလုံလောက်လျှင်၊ မည်သို့မည်ပုံ သေရမှန်းပင် သိနိုင်မည် မဟုတ်ပါ။
သူတို့ရှေ့မှ ဤလူများက လူသတ်ဓားပြတိုက်သူများဖြစ်ကြောင်း ထင်ရှားသည်။ သူတို့က လူအနည်းစု သို့မဟုတ် အားနည်းသူများကို တိုက်ခိုက်လုယက်ရန် ဤနေရာတွင် ပုန်းအောင်းနေကြခြင်းပင်။
"ငါ မင်းတို့ကို ထွက်သွားဖို့ အသက် သုံးရှိုက်စာ အချိန်ပေးမယ်၊ သုံး..."
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘာ၊ ဒီကောင်လေးက ငါတို့ကို ထွက်သွားဖို့ တကယ်ကြီးပြောနေတာလား။ ငါနားကြား မှားနေတာများလား၊ ဟားဟား"
တစ်စုံတစ်ယောက်က မိမိနားကို မယုံနိုင်ဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လုမင်နှင့် ချင်ယွဲ့တို့၏ အသက်အရွယ်အရ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ ဘယ်အဆင့်ကို ရောက်နိုင်ဦးမည်နည်း။
ထို့ပြင် သူက သူတို့ကို ထွက်သွားရန်ပင် ပြောခဲ့သေးသည်။ ရယ်စရာကောင်းလွန်းသည်။
"နှစ်..."
လုမင်က ဆက်ပြောသည်။ သူ့အသံက ပိုမို အေးစက်လာပြီး သတ်ဖြတ်ချင်စိတ်တို့လည်း ပေါ်လာခဲ့၏။
လူရှစ်ယောက်၏ မျက်နှာများက မည်းမှောင်သွားတော့သည်။ လုမင်က နောက်ပြောင်နေခြင်း ဟုတ်ပုံမရပေ။ သူ့မှာ အားကိုးစရာတစ်ခုခုရှိလို့ ဖြစ်နိုင်မလား။
သို့သော်လည်း သူတို့ကြည့်လျှင် လုမင်နှင့် ချင်ယွဲ့တို့က အသက်သုံးဆယ်ပင် မပြည့်နိုင်သေးပေ။ ဤအသက်အရွယ်လေးဖြင့် သူတို့ကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။
သူတို့က ထိုက်ယီဓားသင်္ချိုင်းတွင် နှစ်ပေါင်းတစ်ရာကျော် လှုပ်ရှားနေထိုင်ခဲ့ကြသည်။ သူတို့က လူငယ်တချို့နှင့် မကြာခဏဆိုသလို ကြုံဖူးသော်လည်း မည်သူမျှ သူတို့ကိုမယှဉ်နိုင်ပေ။ အများစုက သူတို့လက်ထဲမှာ သေဆုံးသွားခဲ့သည်။
သို့သော်လည်း၊ ဤကဲ့သို့ ယုံကြည်မှုအပြည့်ရှိနေသူကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
"တစ်..."
လုမင်က နောက်ဆုံးစကားကို ဖြည်းညှင်းစွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပေါ်လာတော့သည်။
"မင်းတို့က မထွက်သွားချင်ဘူးထင်တယ်၊ ဒီလိုဆိုမှတော့ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပြီး မရေမတွက်နိုင်တဲ့ ဓားတွေနဲ့အတူ ဒီမှာ မြှုပ်နှံပေးလိုက်မယ်"
လုမင်က အေးစက်စွာ ပြောလိုက်သည်။
"ကောင်လေး၊ မင်းက လူကြည့်တော့ လက်တောက်လောက်နဲ့ လေလုံးက အတော်ထွားတာပဲ။ မင်း ဘာတတ်နိုင်မလဲ ငါကြည့်ချင်သေးတယ်"
ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တစ်ပါးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခန္ဓာကိုယ်က အမြောက်ဆံကဲ့သို့ လုမင်ထံ ပြေးဝင်သွား၏။ သူက နိယာမစွမ်းအင်နှင့် နတ်ဘုရားစွမ်းရည်ကိုလည်း အသက်သွင်းလိုက်သည်။ သူက ကမ္ဘာဦးခေတ်မှ သားရဲကြီးတစ်ကောင်ကဲ့သို့ လုမင်ကို ဖိနှိပ်လာတော့သည်။
"ဒုန်း"
လုမင်က သူ့ခြေထောက်ကို မြှောက်ပြီး ကန်ထုတ်လိုက်သည်။ သူ့ခြေထောက်က တစ်ဖက်လူ၏ စွမ်းအင်ဗဟိုချက်ကို တိုက်ရိုက်ထိမှန်သွား၏။
ထိုလူက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က မီတာထောင်ပေါင်းများစွာအကွာထိ လွင့်စဉ်သွား၏။ သူက ဓားများစွာတို့ ထိုးစိုက်ဝင်နေသော တောင်နံရံကို ဝင်ဆောင့်မိကာ တွင်းကြီးတစ်ခု ဖြစ်ပေါ်လာစေတော့သည်။
သူ အသက်မရှူတော့ပေ။
ကျန်သော ခုနစ်ယောက်လည်း ကြက်သေသေသွားကြသည်။
ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တစ်ပါးက လုမင်၏ရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ နုနယ်လွန်းလှသည်။ သူ့တွင် ခုခံရန်ပင် အင်အားမရှိပေ။
ဤလူငယ်က ထိုမျှငယ်ငယ်ရွယ်ရွယ်နှင့် အန္တိမသူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းမျိုး ရှိသလော။ ဒါက မည်သို့ဖြစ်နိုင်ပါမည်နည်း။
"ဒုန်း"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်၏ အရှိန်အဝါက အပြည့်အ၀ ထွက်ပေါ်လာ၏။ အားကောင်းသော ဖိအားတစ်ခုက တစ်ဖက်လူ ခုနစ်ယောက်အပေါ်သို့ ဖိနှိပ်လာတော့သည်။
သူတို့ကို အခွင့်အရေးပေးပြီးပြီ ဖြစ်သည်။ သူတို့က မယူသောကြောင့် အားလုံးကိုသတ်ပစ်ရမည်။
မည်သို့ပင်ဆိုစေ၊ ဤလူများက လူကောင်းများ မဟုတ်ပါ။
ချင်ယွဲ့ကတော့ ဘေးတွင် တည်ငြိမ်စွာ ရပ်နေသည်။
သူက လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို ကောင်းစွာ သိ၏။ ဤလူများကို ကိုင်တွယ်ရန် သူမ လှုပ်ရှားစရာ မလိုပေ။
"အတူတူလှုပ်ရှားပြီး သူ့ကိုသတ်ရအောင်"
အရိုးခြောက်က အော်လိုက်သည်။ သူ့အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး လုမင်ဆီသို့ ဖိအားပေးလိုက်၏။
တစ်ချိန်တည်းမှာပင် အခြားသူ ခြောက်ဦးကလည်း လှုပ်ရှားလိုက်ကြသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုမျိုးစုံကို ထုတ်ဖော်ကြတော့သည်။
လုမင်က နေရာတွင် ရပ်နေဆဲ ဖြစ်သည်။ သူ့လက်ထဲတွင် အန္တိမသူတော်စင်လက်နက် ဓားတစ်လက် ပေါ်လာပြီး ထိုးခုတ်လိုက်၏။
လပြည့်ဝန်းကဲ့သို့ ဓားအလင်းက ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအားလုံးကို ဖြာထွက်သွားတော့သည်။ ၎င်းက တစ်ဖက်လူများ၏ တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ပေါက်ကွဲသံနှင့်အတူ သွေးစွမ်းအင်နှင့် သွေးချီများက လေထဲတွင် ပြည့်သွားသည်။ လူရိပ်ခုနစ်ခုက ဝင်ရောက်လာသောအရှိန်ထက် ပို၍ လျင်မြန်စွာ ပြန်ဆုတ်သွား၏။
လူရိပ်ခုနစ်ခုက မီတာတစ်ထောင်ကျော် ပျံသန်းသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကြသည်။ လူခြောက်ယောက်က အသက် မရှိတော့ပေ။ လုမင်၏ ဓားအလင်းကြောင့် သူတို့အားလုံး ချက်ချင်း သေဆုံးသွားကြပြီ ဖြစ်သည်။
အရိုးခြောက် တစ်ဦးတည်းသာ အသက်ငင်နေခဲ့သည်။ သူကတော့ အသက်မသေသေးပေ။
သူ့မျက်လုံးများက အဆုံးမဲ့ထိတ်လန့်မှုနှင့် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
တစ်ဖက်လူက အသက်သုံးဆယ်အောက် လူငယ်လေးတစ်ယောက်မျှသာ... သူ၏ ကျင့်ကြံမှုကလည်း ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်သာ ဖြစ်သည်။ သို့သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်တရာ ကြောက်စရာကောင်းသည်။ အန္တိမသူတော်စင်တစ်ဦးပင်လျှင် သူ၏ တိုက်ခိုက်မှုတစ်ခုကို မခံနိုင်ပေ။
အခုခေတ်လူငယ်တွေက ဒီလောက်တောင် ကြောက်စရာကောင်းနေကြပြီလား။
သူတို့က ဓားသင်္ချိုင်းတွင် နှစ်ပေါင်းရာဂဏန်းခန့် နေထိုင်ခဲ့ကြသည်။ ဤအချိန်အတွင်းမှာ ပြင်ပကမ္ဘာက လွန်စွာ ပြောင်းလဲသွားပြီလား။
အရိုးခြောက် သို့မဟုတ် ပိန်ပိန်ရှည်ရှည် အမျိုးသားက အဆုံးမဲ့မေးခွန်းများဖြင့် သူ၏ နောက်ဆုံးထွက်သက်ကို ရှုရှိုက်လိုက်သည်။ ထို့နောက် ဇာတ်လည်ကျသွားတော့သည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လူရှစ်ယောက်၏ သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်သည်။ သူက သိုလှောင်လက်စွပ်များအတွင်းကို သူ၏ ဝိညာဉ်အသိဖြင့်ကို စစ်ဆေးကြည့်ရှုလိုက်၏။
ဤလူများက တကယ်ချမ်းသာသည်။ ကျောက်ကြမ်းများကလည်း တောင်ပုံရာပုံပင်။ သူတို့က နှစ်များအတွင်း လူများစွာကို သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားသည်။
ဓားရင်းမြစ်ကလည်း စုစုပေါင်း ဆယ်ခုကျော်ရှိသေးသည်။ လုမင်က ချင်ယွဲ့ကို တစ်ဝက်ပေးပြီး ဤနေရာမှ ထွက်ခဲ့သည်။
နောက်ရက်အနည်းငယ်အကြာတွင်၊ သူတို့က နောက်ထပ် ဓားရင်းမြစ်အချို့ကို ထပ်မံတွေ့ရှိခဲ့ကြသည်။ သို့ရာတွင်၊ ထိုက်စွေ့ရတနာကြာပန်းကို မတွေ့ရသေးပါ။
ထိုက်စွေ့ရတနာကြာပန်းက ရှာတွေ့ရန် မလွယ်ကူကြောင်း ထင်ရှားသည်။ သူတို့က ရှည်ကြာသော တိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားရမည်။
"ဟိုမှာ ဓားရင်းမြစ်တစ်ခုရှိတယ်"
ရုတ်တရက်၊ သူတို့ရှေ့တွင် ဓားရင်းမြစ်တစ်ခုကို တွေ့လိုက်ရသည်။ နှစ်ယောက်သား ချက်ချင်း ပြေးသွားကြ၏။
ထိုအချိန်တွင် ထူးခြားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။
"ဝှစ်"
ဓားရင်းမြစ်က အလိုအလျောက် လှုပ်ရှားလာပြီး ဓားသင်္ချိုင်း၏ နက်နဲရာဆီသို့ ပျံသန်းသွားတော့သည်။
'ဓားရင်းမြစ်က သူ့ဘာသာသူ လှုပ်ရှားနိုင်တာလား'
သူတို့ နှစ်ယောက် အံ့ဩသွားကြသည်။ သို့သော်လည်း ကြာကြာတွေးနေရန် အချိန်မရှိဘဲ ဓားရင်းမြစ်နောက်သို့ ချက်ချင်း လိုက်ကြရ၏။
သို့ပေသော်ငြား၊ ဓားရင်းမြစ်၏ အရှိန်က အံ့မခန်းဖြစ်ကာ အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းပြီး ချက်ခြင်း ပျောက်သွားသည်။ လုမင်နှင့် ချင်ယွဲ့က လိုက်မမီနိုင်ကြတော့ပေ။
"ဟိုမှာ တစ်ခုရှိသေးတယ်"
ခဏအကြာ လိုက်သွားပြီးနောက်၊ ချင်ယွဲ့က ရုတ်တရက် အော်ပြောကာ အခြားတစ်ဘက်သို့ ညွှန်ပြလိုက်သည်။