← Chapters

အခန်း ၁၈၉၀

Vol. 126 Ch. 1890

အခန်း ၁၈၉၀

Vol. 126 Ch. 1890

အပိုင်း ( 1890 ) ထိုက်စွေ့ရတနာကြာပန်းကို ရှာတွေ့ပြီ။

အခြားတစ်နေရာတွင်၊ ဓားရင်းမြစ်တချို့က ဓားသင်္ချိုင်း၏ နက်နဲရာသို့ ပျံသန်းသွားနေကြောင်း မြင်လိုက်ရသည်။ လုမင်က သူတို့ကဲ့သို့ ဓားရင်းမြစ်များကို လိုက်ဖမ်းနေသူ ကျင့်ကြံသူတချို့ကိုပင် တွေ့လိုက်ရသေးသည်။

"ဘာတွေဖြစ်နေတာလဲ"

နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးသွားကြသည်။

ဓားရင်းမြစ်များက အဘယ်ကြောင့် သူ့ဘာသာသူ ပျံသွားသနည်း။ တစ်ခု၊ နှစ်ခုဆိုလျှင် အကြောင်းပြချက်ပေးနိုင်သေးသော်လည်း ယခုက အများအပြားရှိနေပြီ ဖြစ်သည်။

နှစ်ယောက်သား ရှေ့ကိုဆက်ရင်း ဓားသသချိုင်း၏ နက်နဲရာကို ပို၍ ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင်၊ ဓားသင်္ချိုင်း၏ နက်နဲရာဆီသို့ နောက်ထပ် ဓားရင်းမြစ်များ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ အချို့မှာလည်း လူများ၏ လိုက်ခြင်းကို ခံနေရ၏။

"ခဏလေး၊ ချင်ယွဲ့ ခဏရပ်ဦး"

လုမင်က ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဓားသင်္ချိုင်း၏ နက်နဲရာနေရာတွင် တစ်ခုခု ဖြစ်နေပြီ။ မဟုတ်လျှင်၊ ဓားရင်းမြစ်များစွာက အဘယ်ကြောင့် တူညီသော ဦးတည်ရာသို့ ပျံသန်းနေရသနည်း။

ဤကဲ့သို့သောနေရာမျိုးတွင် မူမမှန်မှု တစ်စုံတစ်ရာရှိခဲ့ပါက၊ ရတနာတစ်ခုမွေးဖွားခြင်း သို့မဟုတ် အန္တရာယ်နီးကပ်လာခြင်း ဖြစ်မည်။

"လုမင်၊ ငါတို့ ဆက်လိုက်သင့်သလား... မလိုက်ကြတော့ဘူးလား"

ချင်ယွဲ့က မေးလိုက်သည်။

သူသည်လည်း တစ်ခုခု မှားနေပြီဟု ခံစားမိသည်။ ဆက်ပြီး လိုက်ဖမ်းနေလျှင် ဘာတွေဖြစ်လာမည်မှန်း သူ မသိပေ။

"ဒီထက်ပိုပြီး နက်နက်နဲနဲ မသွားရအောင်။ အပြင်ဧရိယာမှာပဲ ထိုက်စွေ့ရတနာကြာပန်းကို ရှာတွေ့နိုင်မလား ကြည့်ကြမယ်"

လုမင်က ပြောလိုက်သည်။

ချင်ယွဲ့ကလည်း ခေါင်းညိတ်လိုက်၏။ ထို့နောက်မှာတော့ နှစ်ယောက်သား နက်နဲရာကို ဆက်မသွားတော့ပေ။ အပြင်ပိုင်းတွင်သာ ဆက်လက်ရှာဖွေခဲ့ကြသည်။

ရံဖန်ရံခါတွင်၊ သူတို့က ဓားသင်္ချိုင်း၏ နက်နဲရာဆီသို့ ပျံသန်းလာသော ဓားရင်းမြစ်များကို မြင်ရသည်။ ဓားရင်းမြစ်များ၏ နောက်သို့လိုက်ကာ လေထဲတွင် ပျံသန်းနေသော လူရိပ်များကိုလည်း တွေ့ကြရသေးသည်။

လုမင်နှင့် ချင်ယွဲ့တို့ ကံကောင်းသောအခါမှာတော့ ပျံသန်းသွားနေသော ဓားရင်းမြစ် တစ်ခု၊ နှစ်ခုကို ကြားဖြတ်သိမ်းယူနိုင်ကြသည်။

"လုမင်၊ ဟိုမှာကြည့်လိုက်စမ်း"

ချင်ယွဲ့က ရုတ်တရက် အော်ပြောလိုက်ပြီး သူတို့ရှေ့မှ ချောက်ကမ်းပါးတစ်ခုကို ညွှန်ပြလိုက်သည်။

လုမင်က လှမ်းကြည့်လိုက်သောအခါ၊ ကမ်းပါးတွင် ကြာပန်းတစ်ပွင့်ကို တွေ့လိုက်ရ၏။ ၎င်းက ကျောက်စိမ်းကဲ့သို့ သန့်စင်ပြီး ကြည်လင်သည်။

ကြာပန်း၏ ပွင့်ဖတ်လွှာများကတော့ နတ်ဓားများကဲ့သို့ ပါးလွှာပြီး ရှည်လျားချွန်ထက်ပေသည်။

ထိုက်စွေ့ ရတနာကြာပန်း။

လုမင်က ၎င်းကို တာ့ယန်ဆေးခန်းမ၏ မှတ်တမ်းများတွင် မြင်တွေ့ဖူးသောကြောင့် ချက်ချင်း မှတ်မိခဲ့သည်။

လုမင် အလွန်ဝမ်းသာသွား၏။

သူတို့သည် ထိုက်စွေ့ရတနာကြာပန်းကို နေရာပေါင်းစုံ၊ ချောင်ကြိုချောင်ကြားပါမကျန် လိုက်လဲရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ ယခု စိတ်လျှော့ချပြီး အပြင်ပိုင်းတွင် လှည့်လည်သောအခါမှ ၎င်းကို တွေ့ရမည်ဟု မမျှော်လင့်ထားပါ။

'ထိုက်စွေ့ရတနာကြာပန်းက အရမ်းပါးနပ်ပြီး သူ့ဘာသာသူ ထွက်ပြေးသွားနိုင်တယ်။ ချင်ယွဲ့... မင်း ဒီမှာစောင့်နေပြီး ပိတ်ဆို့ထားပါ၊ ငါ သွားယူလိုက်မယ်'

လုမင်က ချင်ယွဲ့ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ ထို့နောက် နတ်အရှိန်အဝါကျင့်စဉ်ဖြင့် သူ့အရှိန်အဝါကို ထိန်းချုပ်ကာ ထိုက်စွေ့ရတနာကြာပန်းဆီသို့ တိတ်တဆိတ် ပျံသန်းသွားသည်။

လုမင်က အကွာအဝေးတစ်ခုသို့ ရောက်လာသောအခါ အစီရင်နိယာမကို အသက်သွင်းလိုက်၏။ သူ့လက်ဝါးဖြင့် မြေပြင်ကို ဖိကပ်လိုက်သောအခါ ရွန်းများက ထိုက်စွေ့ရတနာကြာပန်းဆီသို့ တိတ်ဆိတ်စွာ ပျံ့နှံ့သွားတော့သည်။

သူက ထိုက်စွေ့ရတနာကြာပန်းကို မလွတ်မြောက်စေရန် အစီရင်တစ်ခု အရင်ချမှတ်ထားလိုသည်။

သို့သော်... ထိုအချိန်တွင် ထိုက်စွေ့ရတနာကြာပန်းက ရုတ်တရက် ရွေ့သွားသည်။ ၎င်းက အဖြူရောင် ဓားအလင်းတစ်ခုကဲ့သို့ လှုပ်ရှားလိုက်ခြင်း ဖြစ်၏။ ထိုက်စွေ့ရတနာကြာပန်းက ကောင်းကင်ကိုဖြတ်ပြီး ဓားသင်္ချိုင်း၏ နက်နဲရာကို ပျံသန်းသွားတော့သည်။

'မကောင်းတော့ဘူး၊ ငါတို့ကို တွေ့သွားပြီ။ ချင်ယွဲ့... မြန်မြန်လိုက်ကြစို့'

လုမင်က ချင်ယွဲ့ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူက ထိုက်စွေ့ရတနာကြာပန်းနောက်ကို တဟုန်ထိုး ပြေးလိုက်သွား၏။

လုမင်က အလွန်လျင်မြန်သကဲ့သို့ ထိုက်စွေ့ရတနာကြာပန်းကလည်း မနှေးပေ။ ၎င်းက ဓားရင်းမြစ်များကဲ့သို့ မြန်ဆန်ကာ လုမင် လိုက်မမီနိုင်ခဲ့ပါ။

"ထိုက်စွေ့ရတနာကြာပန်းက တော်တော်ကြီးသတိရှိတယ်။ ငါက ဒီလောက်သတိထားနေတာတောင် ငါ့ကို တွေ့ဖြစ်အောင်တွေ့သေးတယ်"

လုမင် ဆွံ့အသွားမိသည်။ သို့သော်လည်း လိုက်ဖမ်းရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

ချင်ယွဲ့ကလည်း လုမင်၏နောက်သို့ အနီးကပ်လိုက်လာသည်။

ထိုက်စွေ့ရတနာကြာပန်း ပျံသန်းသွားသည့် လမ်းကြောင်းက ဓားရင်းမြစ်များ ပျံသန်းသွားခဲ့သော လမ်းကြောင်းနှင့် အတူတူပင်။

သူတို့က ထိုက်စွေ့ရတနာကြာပန်းနောက်ကို နာရီပေါင်းများစွာ လိုက်ကြသော်လည်း လိုက်မမီနိုင်ပါ။

ဤအခိုက်အတန့်တွင်၊ လုမင်က ပူဖောင်းလေးကိုပင် သတိရသွားမိသည်။ အချိန်ဟင်းလင်းပြင်နိယာမ၏ ဆန်းကြယ်မှုဖြင့် ဤနေရာတွင် ပူဖောင်းလေးရှိလျှင် ထိုက်စွေ့ရတနာကြာပန်းကို ဖမ်းယူရန် အခက်အခဲရှိမည် မဟုတ်ပေ။

"ဟင်၊ အဲဒါက..."

အချိန်အတော်ကြာ လိုက်ဖမ်းပြီးနောက် လုမင်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

သူ့ရှေ့မှ မြင်ကွင်းက သူ့ကို တုန်လှုပ်စေသည်။

သူ့ရှေ့တွင် တွင်းနက်ကြီးတစ်ခု ရှိသည်။ တွင်းနက်ကြီး၏အထက်မှာတော့ မရေမတွက်နိုင်သော ဓားရင်းမြစ်များက စုရုံးကာ လေထဲတွင် မျောလွင့်နေ၏။ ဓားစွမ်းအင်များကလည်း ကောင်းကင်သို့ ဖြာတက်နေတော့သည်။

ဓားရင်းမြစ်များက အလွန်များသည်။ အရေအတွက်က များပြားလွန်းသဖြင့် မည်မျှရှိသည်ကို ပြောရန်ပင် မဖြစ်နိုင်ပေ။

တွင်းနက်၏ တဝိုက်မှာတော့ လူပေါင်းများစွာ မတ်တပ်ရပ်နေသည်။ တစ်ချက်ကြည့်လိုက်ပါက အနည်းဆုံး ရာဂဏန်းခန့် ရှိပေသည်။

သူတို့က တွင်းနက်ကြီးကို ဝိုင်းရံထားသော်လည်း ဓားရင်းမြစ်များကို သိမ်းယူရန် တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။

အကြောင်းမှာ၊ ထိုမြင်ကွင်းက ထူးဆန်းလွန်းသောကြောင့် ဖြစ်သည်။ ဤမျှလောက်သော ဓားရင်းမြစ်များက တစ်နေရာတည်းတွင် စုဝေးနေသည်ကို သူတို့ တစ်ခါမှ မတွေ့ဖူးပါ။

ဒါက ငါးစာတစ်ခု ဖြစ်နိုင်သည်။ ထို့ကြောင့် မည်သူကမျှ ကမူးရှူးထိုး မလုပ်ရဲကြပေ။

"ဝှစ်..."

ထိုအချိန်တွင်၊ ထိုက်စွေ့ရတနာကြာပန်းက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တွင်းနက်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

"ပြဿနာပဲ"

လုမင် မျက်နှာပျက်သွားသည်။

ထိုက်စွေ့ရတနာကြာပန်းက ရှာရတာ မလွယ်ပေ။ သို့သော်လည်း ကံမကောင်းချင်တော့ သူ မရရှိနိုင်ခဲ့ပါ။ တွင်းနက်ထဲသို့ ပြေးဝင်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

လုမင်နှင့် ချင်ယွဲ့တို့လည်း ဆက်မလိုက်တော့ဘဲ တွင်းနက်၏ အပြင်တွင်ရပ်ကာ ရှေ့သို့ မျှော်ကြည့်လိုက်ကြသည်။

လူများစွာက အဆုံးမဲ့ ဓားရင်းမြစ်များကို ကြည့်နေသည်။ သူတို့၏ မျက်လုံးများမှာလည်း လောဘဇောဖြင့် ပူလောင်နေကြပေသည်။

ဓားရင်းမြစ်များက အများကြီးရှိခဲ့သည်။ ၎င်းတို့ကို သန့်စင်နိုင်လျှင် သူတို့၏ ကျင့်ကြံမှုက မည်မျှတိုးတက်နိုင်မည်နည်း။

သို့သော်လည်း အခြေအနေက လွန်စွာထူးဆန်းနေသည်။ သူတို့က လောဘဇောတက်နေသော်လည်း ဆင်ခြင်တုံတရားဖြင့် ရပ်နေကြဆဲပင်။

"ကောင်စုတ်လေး၊ မင်းပဲ"

ထိုအချိန်တွင်၊ ဒေါသတကြီး အော်ငေါက်သံကို ကြားလိုက်ရသည်။ တစ်စုံတစ်ခုက လေထဲသို့ ထိုးဖောက်ပြီး ပျံသန်းလာနေသံကို ကြားလိုက်ရ၏။ လူရိပ်တချို့က လုမင်တို့ဆီသို့ ပျံသန်းလာနေတာကို မြင်ရသည်။

"ဒီကောင်တွေပဲ"

လုမင်က အသံလာရာဆီသို့ လှမ်းကြည့်ပြီးနောက် လှောင်ပြောင်လိုက်သည်။

ရှေ့ဆုံးမှ ပျံသန်းလာနေသူက ဝူချူပင်။ ယခုအခါမှာတော့ ဝူချူ၏ဘေးတွင် လူနှစ်ယောက်သာ ကျန်တော့သည်။ ၎င်းတို့က ကြီးမားသော ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရကြောင်း ထင်ရှားသည်။

"ဝှစ်... ဝှစ်"

ဝူချူနှင့် အခြားနှစ်ယောက်က လုမင်နှင့် ချင်ယွဲ့တို့ကို ဝိုင်းထားလိုက်ကြသည်။

"ကောင်လေး၊ မင်း ငါတို့ကို သစ္စာဖောက်ဝံ့တယ်လား။ မင်းကို သေချင်းဆိုးနဲ့သေရအောင် ငါလုပ်ပြမယ်"

ဝူချူက လုမင်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။ ဤအခိုက်တွင် သူ၏ လူသတ်ချင်စိတ်က ကြောက်ခမန်းလိလိပင်။

ယခင်က၊ သူတို့သည် လုမင်ကြောင့် ဓားရင်းမြစ်များကို မရရှိခဲ့ရုံသာမက အခြားအဖွဲ့နှင့်လည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးတွင် လူအများစုက တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး သူတို့သုံးယောက်သာ ရုန်းထွက်နိုင်ခဲ့ကြပေသည်။

ဤအတွက် သူတို့က လုမင်နှင့် အခြားသူများအပေါ် သဘာဝအတိုင်း အပြစ်ပုံချလိုက်ကြသည်။ လုမင်နှင့် အခြားသူများက သူတို့၏ အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့မည်ဆိုလျှင် ထိုကဲ့သို့ ဆုံးရှုံးမှုမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။

"မင်းကိုသစ္စာဖောက်တာလား... ရယ်စရာကောင်းလိုက်တာ၊ ငါတို့က ပူးပေါင်းရုံသက်သက်ပဲ မင်းရဲ့အဖွဲ့မှာ ပါဝင်ခဲ့တာ"

"ဒါပေမဲ့ မင်းက ငါတို့ကို အစကတည်းက ငါးစာအဖြစ် သုံးခဲ့တယ်။ မင်းအတွက် အသက်ပေးရအောင် ငါတို့ကို ဦးနှောက်မရှိဘူးလို့ မင်းထင်နေတာလား"

လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ သူ့မျက်လုံးများတွင် အထင်မြင်သေးမှုတို့ ပြည့်နေ၏။

"အားနည်းသူတွေက အားနည်းသူလို နေသင့်တယ်"

ဝူချူက အေးစက်စွာ ပြောသည်။

"အားနည်းသူတွေလား၊ ဟားဟားဟား... မင်းက အဘိုးကြီးတောင်ဖြစ်နေပြီ၊ ဒါပေမဲ့ အန္တိမသူတော်စင်နယ်ပယ်မှာပဲ ရှိသေးတယ်။ မင်းကိုယ်မင်း သန်မာသူလို့ တကယ်ထင်တာလား"

လုမင်က လုံးဝ မကြောက်ပေ။

"ငါက သန်မာသည်ဖြစ်စေ၊ မသန်သည်ဖြစ်စေ... မင်းကိုသတ်ပစ်ဖို့တော့ လုံလောက်တယ်"

ဝူချူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါး၏ အရှိန်အဝါက အပြည့်အဝ ပေါက်ကွဲထွက်လာ၏။ သူက ကြောက်စရာကောင်းသော အင်အားမျိုးဖြင့် လုမင်ကို ဖမ်းဆုပ်လိုက်တော့သည်။

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။

"ဝုန်း"

လုမင်၏လက်သီးက ဝူချူ၏ လက်သည်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ကျယ်လောင်သော အသံနှင့်အတူ သူတို့နှစ်ယောက်စလုံးက နောက်ကို အနည်းငယ်စီ ဆုတ်သွားရတော့သည်။

"မင်း... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဝူချူ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားသည်။

လုမင်က ဝူချူ၏ တိုက်ခိုက်မှုကို အမှန်တကယ် ဟန့်တားခဲ့၏။ ဒါက မည်သို့ဖြစ်နိုင်ပါမည်နည်း။

ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တစ်ပါးက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်မှာ မယုံနိုင်စရာပင်။

သူတို့ပတ်ဝန်းကျင်က တခြားသူများလည်း အံ့သြသွားကြသည်။

"ဒါက ကစဉ့်ကလျားနိယာမပဲ... သူက ကစဉ့်ကလျားရဲ့သားတော်ပဲ"

လူတစ်ယောက်က အော်လိုက်သည်။

All Chapters