အခန်း ၁၈၉၅
Vol. 127 Ch. 1895
အပိုင်း ( 1895 ) အန္တရာယ်။
"ဝုန်း"
ဓားအလင်းက ကျရောက်လာသည်။ ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် အမျိုးသမီး၏ ကျင့်ကြံမှုဖြင့်ပင် ၎င်းကို မတားဆီးနိုင်သေးပေ။ သူတို့၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး နိယာမဖြစ်ကြီးသည်ပင် ဖောက်ထွင်းခံရလုနီး ဖြစ်ခဲ့ရသည်။
သို့သော်၊ သူတို့ကို စိတ်ပျက်အားငယ်စေသည့်အရာမှာ ဧရာမ ဓားကြီးက နောက်တစ်ဖန် ခုတ်ပိုင်းလာခြင်းပင်။ သူတို့မှာ ၎င်းကို ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။
'ချင်ယွဲ့၊ တောင်နဲ့မြစ် ပန်းချီကားထဲကို ဝင်ပါ'
လုမင်က ချင်ယွဲ့ထံသို့ အသံပို့လွှတ်ပြီး ပြောလိုက်သည်။ တောင်နှင့်မြစ် ပန်းချီကားက ပျံထွက်လာပြီး ချင်ယွဲ့ကို စုပ်ယူလိုက်၏။ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပပြီး တာ့ယန်ဆေးမီးဖိုက တစ်ဖန် ပေါ်လာပြန်သည်။ လုမင်က တာ့ယန်ဆေးမီးဖိုအတွင်းသို့ ပြေးဝင်ပြီး အထက်သို့ပျံသန်းရန် ၎င်းကို ထိန်းချုပ်လိုက်တော့သည်။
တာ့ယန်ဆးမီးဖိုသည် တာ့ယန်ဆေးခန်းမ၏ အဖိုးတန်ဆုံး ရတနာ ဖြစ်သည်။ ၎င်း၏ အဆင့်ကို မသိရသေးသော်လည်း ထိုက်ကျိအစီရင်ဓာတ်ပြားထက် နိမ့်ကျမည်တော့ မဟုတ်ပေ။
"ဝုန်း... ဝုန်း... ဝုန်း"
ဓားအလင်းက တာ့ယန်ဆေးမီးဖိုအပေါ်သို့ ကျရောက်လာသည်။ သို့ရာတွင်၊ တာ့ယန်ဆေးမီးဖိုက တုန်ခါသွားသည့်တိုင် အထက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနေဆဲပင်။
ဒါက လုမင်၏ အစီအစဉ် ဖြစ်သည်။ သူက ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် အမျိုးသမီးတို့၏လက်ဖြင့် ဓားမိစ္ဆာကို ထိန်းချုပ်ထားကာ တာ့ယန်ဆေးမီးဖိုဖြင့် ထွက်ပြေးလိုခဲ့သည်။
အကယ်၍၊ သူက ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် အခြားသူများနှင့်အတူ ရှိနေပါက ဓားမိစ္ဆာ၏ အကြွင်းမဲ့ တိုက်ခိုက်ခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဓားမိစ္ဆာ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
လုမင်တွင် ရတနာများစွာရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ တစ်ခုချင်းစီကလည်း တစ်ခုထက် ပိုအစွမ်းထက်နေသည်။ ဤအတိုင်း ဆက်သွားနေလျှင် လုမင်က အမှန်တကယ် လွတ်မြောက်သွားလိမ့်မည်။
"မစဉ်းစားလိုက်နဲ့၊ ဒီနေ့ မင်းတို့အားလုံး ဒီမှာပဲနေရမယ်။ ဒီရတနာတွေအကုန်လုံးကလည်း ငါ့ဥစ္စာပဲ"
ဓားမိစ္ဆာက ကြိမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးအလင်းများ တောက်ပလာ၏။
ဤသွေးနီရောင်အလင်းများက ယခုလေးတင် သူစုပ်ယူခဲ့သော သွေးစွမ်းအင်များ ဖြစ်သည်။ ယခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှ သွေးအလင်းများ ပြန်ထွက်လာသောကြောင့် အလွန်ထူးခြားသော မြင်ကွင်းတစ်ခုသဖွယ် ဖြစ်လာတော့သည်။
ထို့နောက်တွင်၊ သွေးအလင်းများက သူ့လက်ထဲရှိ ဓားကြီးဆီသို့ စီးဆင်းသွားပြီး မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားသည်။ သူ့လက်ထဲမှ ဧရာမဓားကြီးကလည်း ကြောက်စရာကောင်းသော သားသတ်ဓားအဖြစ် ပြောင်းလဲသွားပုံရ၏။
"ပြန်လာစမ်း"
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် အမျိုးသမီးတို့ကို တိုက်ခိုက်နေသော ဓားအလင်းများကလည်း ဧရာမဓားကြီးထံသို့ ပြန်ရောက်လာကာ ထိုဓားကြီးနှင့် ပေါင်းစည်းသွားပြန်သည်။ ဒါက ဓားမိစ္ဆာ၏ လက်ထဲမှ ဧရာမဓားကြီးကို ပို၍ ကြောက်စရာကောင်းလာစေသည်။
"ဝုန်း"
ဓားမိစ္ဆာက လေထဲသို့လှမ်းဝင်ကာ ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် အမျိုးသမီးတို့ကို သူ့လက်ထဲမှ ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားက ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ထိုစွမ်းအားက ကြောက်စရာကောင်းလွန်းပြီး မိုးနှင့်မြေကို ခွဲထုတ်နိုင်စွမ်းရှိသကဲ့သို့ ဟင်းလင်းပြင်ကိုပင် တုန်လှုပ်သွားစေခဲ့ပေသည်။
"မကောင်းတော့ဘူး"
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် အမျိုးသမီးတို့၏ မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုတို့က အထင်းသား ပေါ်လွင်လာ၏။
ဤဓားချက်၏ စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့်ထက် သာလွန်ပြီး သိုင်းဧကရာဇ်အဆင့်ကို အလွန် နီးစပ်နေပြီ။
ဤဓားချက်ကိုတော့ သူတို့ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။
'မဟုတ်ဘူး၊ ငါမသေချင်သေးဘူး'
ခရမ်းရောင်ဝတ်စုံဝတ် လူကြီး၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တို့ ပေါ်လာသည်။ ရုတ်တရက်၊ သူက အမျိုးသမီးကို အလစ်အငိုက် တိုက်ခိုက်ပြီး ဓားမိစ္ဆာဆီသို့ လွင့်သွားစေခဲ့၏။
"နင်... လူယုတ်မာ"
အမျိုးသမီးက အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှာလည်း အဆုံးမဲ့ဒေါသနှင့် ကြောက်ရွံ့မှုများ ပြည့်နေ၏။
သို့သော်လည်း ယခုအချိန်မှာတော့ သူ့အသက်ကို ကယ်တင်ရန်အတွက် အစွမ်းကုန် ထုတ်ဖော်အသုံးပြုရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
သူမက သူ၏ နည်းလမ်းအမျိုးမျိုးကို ထုတ်ဖော်သည့်အပြင် သူတော်စင်လက်နက် အားလုံးကိုပင် ထုတ်ယူခဲ့သည်။ သို့သော်၊ ဓားမိစ္ဆာ၏ရှေ့မှာတော့ အရာအားလုံးက အချည်းနှီးပင်။
ဧရာမဓားကြီးက ခုတ်ချလာသည်နှင့် အမျိုးသမီး၏ ခုခံမှုအားလုံးနှင့် သူ့ခန္ဓာကိုယ်မှာ ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားတော့သည်။
"ဒီကောင်လေး..."
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက အမျိုးသမီးကို အလစ်အငိုက် တိုက်ခိုက်ပြီးနောက် လုမင်ဆီသို့ ပြေးသွားသည်။
လုမင်က ဧကရာဇ်လက်နက်များကို ဆက်တိုက် ထုတ်ခဲ့၏။ သူသာ လုမင်၏ ဧကရာဇ်လက်နက်များကို ရယူနိုင်လျှင် သူလွတ်မြောက်ရန် အခွင့်အလမ်းများ အလွန်များပြားလာမည် ဖြစ်သည်။
သို့သော်၊ ဓားမိစ္ဆာက သူ့ဆန္ဒကို မဖြစ်မြောက်စေခဲ့ပေ။
"ဟီးဟီးဟီး... မင်းက လွတ်မြောက်နိုင်ဖို့ ကြိုးစားနေတာလား။ သေလိုက်စမ်း"
ဓားမိစ္ဆာက တော်ဝင်ဝတ်စုံဝတ် အမျိုးသမီးကို သတ်လိုက်ပြီးနောက် သူ့ပုံရိပ်က ခရမ်းရောင်ဝတ်စုံဝတ် လူကြီး၏ အထက်တွင် ပေါ်လာသည်။
ခရမ်းရောင်ဝတ်စုံဝတ် လူကြီး၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားပေသည်။
"မဟုတ်ဘူး..."
သူက သွေးပျက်ချောက်ချားစွာ အော်ဟစ်လိုက်သော်လည်း ဓားအလင်းအောက်တွင် တော်ဝင်ဝတ်စုံဝတ် အမျိုးသမီး၏နောက်သို့ လိုက်ပါက ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူက တော်ဝင်ဝတ်စုံဝတ် အမျိုးသမီးကို ဓားမိစ္ဆာဆီသို့ ထိုးကျွေးပြီး လွတ်မြောက်ရာလမ်းကို ရှာခဲ့သော်လည်း သူကိုယ်တိုင် အသက်ရှူချိန် အနည်းငယ်မျှသာ ပို၍ ရှင်သန်နိုင်ခဲ့သည်။
'မကောင်းတော့ဘူး'
တာ့ယန်ဆေးမီးဖိုအတွင်းတွင် လုမင်က မျက်နှာပျက်သွားသည်။
ဓားမိစ္ဆာသည် သူ့ကို တားဆီးရန် ဓားအလင်းတချို့ကို အသုံးပြုခဲ့သောကြောင့် ယခုအချိန်ထိ သူဟာ ဝေးဝေးသို့ မရောက်နိုင်သေးပေ။
ထို့ပြင်၊ ခရမ်းရောင်ဝတ်စုံဝတ် လူကြီးနှင့် တော်ဝင်ဝတ်စုံဝတ် အမျိုးသမီးတို့က ဤမျှလျင်မြန်စွာ အသတ်ခံရမည်ဟု သူ မမျှော်လင့်ခဲ့ပါ။
ဓားမိစ္ဆာက သူ၏ ခွန်အားကို ယာယီတိုးမြှင့်စေရန် အထူးနည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ ၎င်းက သူ၏ တိုက်ခိုက်ရေးအင်အားကို ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အကန့်အသတ်မဲ့ နီးကပ်နေစေခဲ့ပေသည်။
"ကောင်စုတ်လေး၊ အခု မင်းအလှည့်ကိုရောက်ပြီ"
ဓားမိစ္ဆာက လှောင်ပြောင်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက တာ့ယန်ဆေးမီးဖိုအထက်တွင် ပေါ်လာပြီး သူ၏ ဧရာမဓားဖြင့် ခုတ်ချလိုက်သည်။
"ဝုန်း"
တာ့ယန်ဆေးမီးဖိုက ပြင်းထန်စွာ တုန်လှုပ်၍ အမြောက်ကျည်ကဲ့သို့ ချောက်ထဲသို့ ပြန်ပြုတ်ကျသွား၏။ ၎င်းက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ချောက်နက်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါပြီး မြေပြင်၌ မီတာတစ်ရာနက်သော တွင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
တာ့ယန်ဆေးမီးဖိုကလည်း နက်ရှိုင်းသော တွင်းကြီးထဲတွင် နစ်ဝင်သွားပေသည်။
တာ့ယန်ဆေးမီးဖိုအတွင်း၌ လုမင်က သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာကလည်း သွေးဆုတ်ဖြူရော်သွား၏။
သူ့ကို တာ့ယန်ဆေးမီးဖိုက ကာကွယ်ထားသော်လည်း လုမင်၏ ကျင့်ကြံမှုက အကန့်အသတ် ရှိသည်။ သူက တာ့ယန်ဆေးမီးဖို၏ စွမ်းအားအပြည့်ကို မထုတ်နိုင်ခဲ့ပေ။
ထို့ပြင်၊ သူ၏ ခွန်အားက ဓားမိစ္ဆာနှင့် အလွန်ကွာခြားသည်။ တာ့ယန်ဆေးမီးဖိုက ကာကွယ်ထားသည့်တိုင် သူ ဒဏ်ရာရခဲ့သေးသည်။
"ဒီရတနာက တကယ်ကို အံ့သြစရာကောင်းတာပဲ။ ဟားဟားဟား၊ ငါက ဒီနေ့မှာ ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦး ဖြစ်လာရုံတင်မကဘဲ ရှားပါးတဲ့ ရတနာတွေလည်း ရနိုင်တော့မယ်။ ကောင်းကင်က ငါ့ကို တကယ်ပဲ ကူညီပေးနေတာပဲ"
ဓားမိစ္ဆာက အူမြူးစွာ ရယ်မောလိုက်သည်။ သူက တာ့ယန်ဆေးမီးဖိုအထက်တွင် ပေါ်လာပြီး ထပ်မံ ခုတ်ချလိုက်၏။
"ဒေါင်"
တာ့ယန်ဆေးမီးဖိုက ပြင်းထန်စွာ တုန်ခါသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ပတ်ဝန်းကျင် မြေပြင်က ပြိုကျသွား၏။ မီတာတစ်ရာနက်သောတွင်းက တစ်ဖန်ပေါက်ကွဲပြီး ပိုကြီးလာတော့သည်။
တာ့ယန်ဆေးမီးဖိုကလည်း ပြင်းထန်စွာ တုန်လှုပ်သွားပြီး လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော အင်အားတစ်ခု သက်ရောက်စေခဲ့သည်။ လုမင်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး သူ့ဒဏ်ရာများက ပိုဆိုးလာတော့သည်။
'ဒီအတိုင်းဆက်သွားနေရင် မဖြစ်ဘူး'
လုမင်က သူ့စိတ်ထဲမှ လျင်မြန်စွာ တွေးတောလိုက်သည်။ သို့ရာတွင်၊ ဤအခြေအနေမျိုးမှာ လွတ်မြောက်ရန် နည်းလမ်းမရှိပါ။
သူနှင့် ဓားမိစ္ဆာအကြား ခွန်အားကွာခြားချက်မှာ အလွန်ကြီးမားသည်။ တာ့ယန်ဆေးမီးဖိုဖြင့်ပင် သူ့ကိုယ်သူ မကာကွယ်နိုင်သေးပေ။ ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် အနှေးနဲ့အမြန်ဆိုသလို အသတ်ခံရမည် ဖြစ်သည်။ သူ၏ သူတော်စင်စွမ်းအင်များ ကုန်ဆုံးသွားပါက တာ့ယန်ဆေးမီးဖိုကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားလိမ့်မည်။
"မင်း ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရအောင်။ ခုတ်... ခုတ်စမ်း... ခုတ်လိုက်စမ်း"
ဓားမိစ္ဆာက ကြိမ်းမောင်းလိုက်သည်။ အဆုံးမဲ့ဓားရင်းမြစ်မှ ဖန်တီးထားသည့် ဧရာမဓားကြီးဖြင့် တာ့ယန်ဆေးမီးဖိုကို အဆက်မပြတ် ခုတ်ထစ်လိုက်၏။
ချောက်ကြီးတစ်ခုလုံးက မရပ်မနား တုန်ခါနေတော့သည်။
ပင့်ကူမျှင်များကဲ့သို့ အက်ကွဲကြောင်းများကလည်း မြေပြင်ပေါ်တွင် ပေါ်လာပြီး အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။
တာ့ယန်ဆေးမီးဖိုအတွင်း၌ လုမင်က သူ့ခွန်အားကို အစွမ်းကုန် အသုံးပြုခဲ့သည်။ ကစဉ့်ကလျားနိယာမဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားပြီး သူတော်စင်စွမ်းအားဖြင့်လည်း ဝန်းရံထား၏။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများက သူ့ခန္ဓာကိုယ်ဆီသို့ ဆက်လက်ပေါက်ကွဲစေပြီး ဒဏ်ရာများကို ပိုမိုဆိုးရွားစေခဲ့သည်။
ခဏချင်းမှာပင် ဓားမိစ္ဆာက တာ့ယန်ဆေးမီးဖိုကို အကြိမ်တစ်ရာကျော် တိုက်ခိုက်ခဲ့သည်။ လုမင်၏ အရှိန်အဝါက အလွန်အားနည်းပြီး သူ့ဒဏ်ရာများမှာလည်း အလွန်ဆိုးရွားနေပြီ။
'မကောင်းတော့ဘူး'
ရုတ်တရက်၊ လုမင် မျက်နှာပျက်သွားသည်။ တာ့ယန်ဆေးမီးဖိုကို ထိန်းချုပ်မှု ဆုံးရှုံးတော့မည်ဟု သူ ခံစားမိ၏။
"ဝုန်း"
မျှော်လင့်ထားသည့်အတိုင်း၊ ဓားမိစ္ဆာ၏ ဓားချက်က ထပ်မံကျရောက်လာသောအခါ တာ့ယန်ဆေးမီးဖိုက တုန်ခါပြီး လျင်မြန်စွာ ကျုံ့လာခဲ့သည်။ နောက်ဆုံးတွင်၊ ၎င်းက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းသွားပြီး ပျောက်ကွယ်သွားတော့သည်။
လုမင်၏ ခန္ဓာကိုယ်က တွင်းနက်ကြီးထဲတွင် ပေါ်လာသည်။
"ဟားဟားဟား၊ ကောင်လေး... နောက်ဆုံးတော့ မင်း ထွက်လာရပြီ။ မင်း ငါ့ကို ဘယ်လိုခုခံဦးမလဲ ကြည့်ရအောင်"
ဓားမိစ္ဆာက ရူးသွပ်နေသူပမာ ရယ်မောလိုက်သည်။ သူ့မျက်လုံးမှာလည်း သတ်ဖြတ်လိုစိတ်တို့ ပြည့်နေပြီ။
လုမင်နှင့် ဆက်ဆံရန်အတွက် သူဟာ စွမ်းအင် အမြောက်အမြား သုံးစွဲခဲ့ရသည်။ ယခုဆိုလျှင် သူက သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ရန် ယုံကြည်မှုပင် မရှိတော့ပေ။
ဤအရာအားလုံးက လုမင်၏ အမှားဖြစ်သည်။ သူက လုမင်ကို အသေဆိုးဖြင့် သေစေလိုစိတ်တို့ ပြင်းထန်နေတော့သည်။