← Chapters

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အပိုင်း ( 1898 ) ချင်ယွဲ့က အန္တိမသူတော်စင်နယ်အပယ်သို့ အဆင့်တက်ပြီ။

ချင်ယွဲ့မှာ အခြေ‌အနေများကို သိရပြီးနောက် အံ့ဩသွားသည်။ လုမင်က ကောင်းကင်ဧကရာဇ်မြို့တော်မှ ဆွဲထုတိလိုက်သော ကောင်းကင်ဧကရာဇ်၏ဓားသည် ဤနေရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာပြီး သူတို့ကိုပင် ကယ်တင်ခဲ့မည်ဟု မမျှော်လင့်ခဲ့ပေ။

"ချင်ယွဲ့၊ ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပြီဆိုတော့ ဝိညာဉ်လည်ပြန်ဆေးလုံးကို ဒီနေရာမှာပဲ ဖော်စပ်လိုက်ကြရအောင်လား"

လုမင်က ပြောသည်။

ပါဝင်ပစ္စည်းများက အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် လုမင်သည် ဝိညာဉ်လည်ပြန်ဆေးကို ဖြစ်နိုင်သမျှ အမြန်ဆုံး သန့်စင်ချင်နေပြီ။ ထို့အပြင်၊ လော့ရှန်း၏ ကျင့်ကြံမှုအခြေခံက အမြန်ဆုံး မြင့်တက်လာခဲ့သောကြောင့် ၎င်းကို အခြေခိုင်မာစေရန် အချိန်တစ်ခုလိုသည်။ ထို့ကြောင့် ဤနေရာတွင် ဆေးဖော်စပ်လိုက်ခြင်းက ကောင်းသည်။‌ နောက်ဆုံးတွင်၊ ဤနေရာက ဆိတ်ငြိမ်သောကြောင့် အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်စရာ မလိုပေ။

"အင်း၊ အဲဒါလည်း ကောင်းတာပဲ"

ချင်ယွဲ့က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပလာ၏။

သူ့ထံမှ ပျောက်ကွယ်သွားသော အမှတ်တရများကို သိလိုသည်။

မည်သူပင်ဖြစ်စေ၊ သူတို့၏ မှတ်ဉာဏ်တချို့က ပျောက်ကွယ်နေကြောင်း သိရလျှင် ထိုအကြောင်းကို အမြဲတွေးပြီး စူးစမ်းလိုစိတ်တို့ ရှိပေမည်။ ၎င်းက သူတို့၏ ကျင့်ကြံမှုကို ထိခိုက်စေမည့်အပြင် အတွင်းစိတ်နတ်ဆိုးပင် ဖြစ်လာနိုင်သည်။

လုမင်က တာ့ယန်ဆေးမီးဖိုကို ချက်ချင်း ထုတ်ယူပြီး သူ့စိတ်ထဲမှ ဝိညာဉ်လည်ပြန်ဆေးလုံး၏ ဆေးစာကို တွေးလိုက်သည်။ အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် ပါဝင်ပစ္စည်းများအားလုံးကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်၏။

ဝိညာဉ်လည်ပြန်ဆေးလုံးက အလွန်အဆင့်မြင့်ပြီး ရှားပါးသော ဆေးတစ်မျိုး ဖြစ်သည်။ သန့်စင်ခြင်းမှာလည်း အလွန်ရှုပ်ထွေးသောကြောင့် အလျင်စလို မလုပ်နိုင်ပေ။

လုမင်က ပထမ‌ ပစ္စည်းတစ်မျိုးကို တာ့ယန်ဆေးမီးဖိုအတွင်းသို့ ပစ်ထည့်ပြီး စတင်ခဲ့သည်။

ပထမပါဝင်ပစ္စည်းကို သန့်စင်ပြီးလုနီးပါးဖြစ်သောအခါ ဒုတိယပါဝင်ပစ္စည်းကို အစီအစဉ်အတိုင်းထည့်ပြီး စတင်သန့်စင်စေ၏။ သူက ပါဝင်ပစ္စည်းနှစ်ခုကို ထူးဆန်းသော နည်းလမ်းတစ်မျိုးဖြင့် ပေါင်းစပ်ထားလိုက်သည်။

ဟုတ်ပေသည်၊ အစောပိုင်း သန့်စင်ရသော ပါဝင်ပစ္စည်းများအားလုံးဟာ အရန်ပစ္စည်းများသာ။

လော့ရှန်းနှင့် ချင်ယွဲ့တို့ကမူ လုမင်၏ ဘေးတစ်ဖက်စီမှ မိုင်အနည်းငယ် ကွာဝေးသော အရပ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ သူတို့က လုမင်ကို ကာကွယ်ထားရင်း လေ့ကျင့်နေခဲ့ကြလေသည်။

နေ့ရက်များက ကုန်လွန်လာခဲ့သည်။

ဤတစ်ကြိမ်တွင်၊ လုမင်က ဆေးသန့်စင်ရန် လဝက်ခန့် ကြာမြင့်ခဲ့ပေသည်။

"ဝမ်"

လဝက်အကြာတွင်... လုမင်၏ အတွေးတစ်ခုဖြင့် ဆေးမီးဖို၏ အဖုံးပွင့်ပြီး ဆေးလုံး ထွက်ပေါ်လာသည်။

"အောင်မြင်ပြီ"

လုမင်က အလွန်ဝမ်းသာသွားသည်။ သူက လေထဲသို့ ဖမ်းဆုပ်ဟန်ပြုပြီး ဆေးလုံးကို ဆွဲယူလိုက်၏။

လုမင်က ဂရုတစိုက် ဆန်းစစ်ကြည့်လိုက်သည်။ တကယ်ကို ဝိညာဉ်လည်ပြန်ဆေး ဖြစ်သည်။ ဒါက ဆေးစာတွင် မှတ်တမ်းတင်ထားသည့်အတိုင်း အတိအကျပင်။ လဝက်ကြာအောင် သန့်စင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ၎င်းကို ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။

နောက်အခိုက်တွင်၊ ချင်ယွဲ့နှင့် လော့ရှန်းတို့က လုမင်၏ရှေ့တွင် ပေါ်လာကြသည်။ ချင်ယွဲ့က လုမင်၏လက်ထဲမှ ဆေးလုံးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။

"ချင်ယွဲ့၊ ဝိညာဉ်လည်ပြန်ဆေးကို ဖော်စပ်တာ အောင်မြင်ခဲ့ပြီ။ ယူလိုက်ပါ"

လုမင်က ပြောလိုက်သည်။

"ကောင်းပြီ"

ချင်ယွဲ့က ခေါင်းညိတ်ပြပြီး ဆေးလုံးကိုယူကာ မဆိုင်းမတွ မျိုချလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ စတင်သန့်စင်လိုက်၏။

"ဒါက အလုပ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်"

လုမင်က စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ဆုပ်ထားလိုက်မိသည်။

ဝိညာဉ်လည်ပြန်ဆေးလုံးက ချင်ယွဲ့၏ မှတ်ဉာဏ်များကို ပြန်လည်ရယူပေးနိုင်မည်ဟု တစ်ရာ ရာခိုင်နှုန်း မသေချာပေ။ ၎င်းက ကျရှုံးနိုင်ခြေလည်း ရှိခဲ့သည်။

အကယ်၍ သူ မအောင်မြင်ပါက ဝိညာဉ်လည်ပြန်ဆေးအတွက် ပစ္စည်းများကို ထပ်မံရှာဖွေရန် ခက်ခဲလိမ့်မည်။

သို့သော်လည်း ချင်ယွဲ့သည် ဤအချိန်အတောအတွင်း သူနှင့်အတူ ရှိနေခဲ့သည်။ ဒါက သူမအပေါ် သက်ရောက်မှုရှိခဲ့ပြီး အောင်မြင်မှုနှုန်းကို တိုးစေနိုင်ပေသည်။

လုမင်နှင့်‌ လော့ရှန်းတို့က ဘေးနားတွင်ရပ်ကာ စောင့်နေခဲ့ကြသည်။ ချင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းအလွှာတစ်ခု ရှိနေသည်။ ယင်နှင့်ယန်နိယာမက အဆက်မပြတ် စီးဆင်းနေ၏။ သူက ဆေးလုံးကို သန့်စင်နေကြောင်း ထင်ရှားသည်။

သုံးရက်အကြာတွင် ချင်ယွဲ့က သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

'သူ ပြန်ကောင်းလာပြီလား'

လုမင် စိတ်လှုပ်ရှားသွားသည်။

ချင်ယွဲ့၏ မျက်လုံးများက အစပိုင်းတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသေးသည်။ သို့သော်လည်း သူမ၏မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။ ထို့နောက် လုမင်ကိုကြည့်ကာ ဝမ်းပမ်းတသာ ပြုံးလိုက်၏။ သူက လျင်မြန်စွာပင် လှုပ်ရှားလိုက်ပြီး လုမင်၏ ရင်ခွင်ထဲကို ရောက်ရှိသွားတော့သည်။

"သခင်... သခင်လေး...၊ ချင်ယွဲ့ သတိရပြီ။ သခင်လေးက နောက်ဆုံးတော့ ချင်ယွဲ့ကို‌ရှာဖို့ ရောက်လာခဲ့ပြီ..."

ချင်ယွဲ့က မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျနေရင်း ပြောလိုက်သည်။

"ချင်ယွဲ့၊ မင်းရဲ့ မှတ်ဉာဏ်အားလုံး ပြန်ရပြီလား"

လုမင်က မေးလိုက်သည်။

"ဟုတ်"

ချင်ယွဲ့က လုမင်၏ အဝတ်အစားပေါ်မှ မျက်ရည်များကို ပြန်သုတ်ပေးလိုက်လေသည်။ ထို့နောက်တွင် သူက သနားစဖွယ် မျက်လုံးလေးများဖြင့် လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"သခင်လေး... ကျွန်မ အကုန်ပြန်သတိရပါပြီ။ အရင်... အရင်က ဖြစ်ခဲ့တာတွေအတွက်တော့ ချင်ယွဲ့ကို အပြစ်မတင်ပါ‌နဲ့နော်"

ချင်ယွဲ့က သူတို့ ပြန်တွေ့စဉ်က သူမ၏ သဘော‌ထားကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။ သူတို့ ပြန်တွေ့စက သူသည် လုမင်ကို ရန်သူအဖြစ်ပင် ဆက်ဆံခဲ့သေးသည်။

"အပြစ်မတင်ရဘူးလား၊ မရဘူးလေ... မင်းကို အပြစ်တင်ရမယ်။ မင်းရဲ့ သခင်လေးကို ဒီလိုမျိုး ဘယ်လိုတောင်လုပ်ဝံ့တာလဲ။ ဒီအတွက် အပြစ်ပေးသင့်တယ်"

လုမင်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"ဒါ... ဒါဆိုရင် အပြစ်ကို ဘယ်လိုကုစားရမှာလဲ"

ချင်ယွဲ့က ခပ်တိုးတိုးလေး မေးသည်။

"မင်း ဘယ်လိုထင်လဲ"

လုမင်က ရွှတ်နောက်နောက် ပြုံးလိုက်၏။

ချင်ယွဲ့က ရုတ်တရက် ရှေ့သို့ လှမ်းလာပြီး လုမင်၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ ထို့နောက် သူ့ဘေးနားရှိ လော့ရှန်းကို တစ်ချက်ကြည့်လိုက်၏။ လော့ရှန်းကလည်း ချက်ချင်းပင် အကြည့်လွှဲကာ သူတို့ကို မမြင်ဟန်ဆောင်လိုက်တော့သည်။

"ဒါ... ဒါက အဆင်ပြေလား"

ချင်ယွဲ့၏ မျက်နှာလေးက နီရဲသွားသည်။ သူမ၏ အသံက တိုးညှင်းစွာ ထွက်ပေါ်လာလေသည်။

"ဒီကောင်မလေး၊ မတွေ့ရတာကြာပြီးနောက် ပိုပြီး ရဲတင်းလာတယ်"

လုမင်က ခေါင်းကိုခါယမ်းပြီး ပြုံးလိုက်သည်။

သို့သော်လည်း သူက ပျော်ရွှင်ခဲ့ပေသည်။ ချင်ယွဲ့၏ အမှတ်တရများက နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူ့ကိုကြည့်သော အကြည့်များက လွန်ခဲ့သော ဆယ်နှစ်ကျော်ကနှင့် အတူတူပင်။

ချင်ယွဲ့က လျှာကလေးထုတ်ပြီး ပြောင်ပြလိုက်သည်။

"ချင်ယွဲ့၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ပြန်သွားကြရအောင်"

လုမင်က ပြုံးပြီး ပြောလိုက်သည်။

"သခင်လေး၊ ကျွန်မတို့ ချက်ချင်း မပြန်နိုင်တော့မှာ စိုးရပါတယ်။ ကျွန်မရဲ့ မှတ်ဉာဏ်တွေ ပြန်ကောင်းလာတာနဲ့ ကျွန်မရဲ့ ဝိညာဉ်သန္ဓေက တောက်ပလာတယ်လို့ ခံစားရတယ်။ ဒါက အန္တိမသူတော်စင်နယ်ပယ်ကို အဆင့်တက်တော့မဲ့ပုံပဲ။ တကယ်လို့ ဒီအချိန်ကို လွဲချော်ခဲ့မယ်ဆိုရင်..."

ချင်ယွဲ့က ခပ်တိုးတိုးလေး ပြောလိုက်၏။

"မင်း အဆင့်တက်တော့မှာလား"

လုမင်က ဝမ်းသာသွားသော်လည်း သိပ်ပြီး မအံ့ဩမိပေ။

ချင်ယွဲ့က မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သည်။ သူသည် အချိန်အတော်ကြာအောင် စုဆောင်းနေခဲ့သောကြောင့် သူမ၏ စုဆောင်းမှုသည်လည်း လုံလောက်နေပြီ။

ယခုအခါ သူမ၏ မှတ်ဉာဏ်များက ပြန်လည်ကောင်းမွန်လာပြီး သူ၏ ဝိညာဉ်သန္ဓေကလည်း တောက်ပလာပြီ ဖြစ်သည်။ သူမ၏ စိတ်ကလည်း အနှောင်အဖွဲ့ကင်း၍ လွတ်လပ်ခဲ့ပြီဖြစ်သောကြောင့် အဆင့်တက်ရန် အခွင့်အလမ်းတစ်ခု ရရှိလာခြင်းပင်။

"ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ငါတို့မှာ တခြားလုပ်စရာမရှိဘူးလေ။ မင်းရဲ့ အဆင့်တက်ခြင်းက ပိုအရေးကြီးပါတယ်။ ငါတို့ မင်းကို ဒီမှာစောင့်နေမယ်"

လုမင်က ပြောလိုက်သည်။

အဆင့်တက်ရန် အခွင့်အလမ်းက အမြဲမရှိပေ။ ဤတစ်ကြိမ် လွဲ‌ချော်သွားခဲ့ပါက နောက်တစ်ကြိမ်သည် မည်မျှကြာမှန်း မသိနိုင်ပေ။

"ဟုတ်"

ချင်ယွဲ့က ခေါင်းညိတ်ပြပြီး တင်ပျဉ်ခွေထိုင်ကာ စတင်လေ့ကျင့်လိုက်သည်။

လုမင်နှင့် လော့ရှန်းတို့လည်း ချင်ယွဲ့ကို စောင့်ကြပ်နေခဲ့ကြလေသည်။

ချင်ယွဲ့က မျက်လုံးကို မှိတ်လိုက်ပြီးနောက် လေ့ကျင့်မှုတွင် နက်နဲစွာ နစ်မြှုပ်သွား၏။ သူက အပြင်လောကကို လျစ်လျူရှုထားကာ အဆင့်တက်ရန် အာရုံစိုက်လိုက်တော့သည်။

သူတော်စင်စွမ်းအင်က သူ့ခန္ဓာကိုယ်ပေါ်တွင် ပျံ့လွင့်လာပြီး ယင်နှင့်ယန်တို့၏ နိယာမတို့ဖြင့် အုံ့ဆိုင်းလာခဲ့သည်။ တနေ့ထက်တနေ့၊ သူ့အရှိန်အဝါများကလည်း ပိုအားကောင်းလာပြီ။

ဤသို့ဖြင့် လဝက်ကြာသွားသည်။ ချင်ယွဲ့၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

"ခလွမ်"

တစ်စုံတစ်ခု ကွဲအက်သွားသကဲ့သို့ပင်... ချင်ယွဲ့၏ ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။

ထို့နောက် ချင်ယွဲ့က မျက်လုံးဖွင့်လိုက်၏။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကျောက်ကြမ်းအပုံလိုက်ကြီး ပေါ်လာသည်။ ချင်ယွဲ့က ကျောက်ကြမ်းများမှ စွမ်းအင်များကို စတင်စုပ်ယူလိုက်တော့သည်။

ဤလုပ်ငန်းစဉ်က သုံးရက်ကြာခဲ့သည်။

သုံးရက်ကြာပြီးနောက် ချင်ယွဲ့၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။

ဒါက အန္တိမသူတော်စင်၏ အရှိန်အဝါပင်။

ချင်ယွဲ့က အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ခဲ့ပြီး အဆင့်နိမ့်အဆင့် အန္တိမသူတော်စင်တစ်ပါး ဖြစ်လာပြီ ဖြစ်သည်။

ချင်ယွဲ့၏ ဘုရင်ခန္ဓာ စွမ်းရည်နှင့်အတူ၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက တဟုန်ထိုး တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ လုမင်က ယခုအခါ ချင်ယွဲ့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုမရှိတော့ပါ။

ခဏအကြာတွင်၊ ချင်ယွဲ့၏ ကျင့်ကြံမှုက ပြီးဆုံးသွားခဲ့သည်။ သူက အရှိန်အဝါများကို ပြန်ရုတ်သိမ်းပြီး မတ်တပ်ရပ်လိုက်လေသည်။

"ချင်ယွဲ့၊ ဂုဏ်ယူပါတယ်"

လုမင်က ချင်ယွဲ့ထံသို့ လျှောက်သွားသည်။ သူ လွန်စွာစိတ်လှုပ်ရှားမိ၏။

သူနှင့်အတူတူ ကြီးပြင်းလာခဲ့သော မိန်းကလေးက ယခုအခါ အန္တိမသူတော်စင်တစ်ပါး ဖြစ်နေပြီ။ ကျယ်ပြောသော ယွမ်တောင်တစ်ခုလုံးမှာပင် သူက ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်နိုင်သည်။ ဤအခြေအနေကို မည်သူက မျှော်လင့်ထားခဲ့မည်နည်း။

"ဒါတွေအားလုံးက သခင်လေးရဲ့ ကျေးဇူးကြောင့်ပါ။ မဟုတ်ရင် ကျွန်မ ဒီလောက် မြန်မြန် အဆင့်တက်နိုင်ဖို့ မဖြစ်နိုင်ဘူး"

ချင်ယွဲ့က ပြုံးလျက် ပြောလိုက်သည်။

"ကိုင်း၊ အခု ပြန်ကြရအောင်"

လုမင်က ကောင်းကင်ခွင်းလွန်းပျံယဉ်တစ်စင်းကို ထုတ်ယူလိုက်သည်။ သုံးဦးသား လွန်းပျံယဥ်အတွင်းကို ဝင်ရောက်သွား၏။ ထို့နောက်မှာတော့ ကောင်းကင်ခွင်းလွန်းပျံက အနီးဆုံးရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ရှိရာကို ပျံသန်းသွားတော့သည်။

All Chapters