← Chapters

အခန်း ၁၈၉၉

Vol. 127 Ch. 1899

အခန်း ၁၈၉၉

Vol. 127 Ch. 1899

အပိုင်း ( 1899 ) မဟာဧကရာဇ်၏ တာအိုတရားပွဲ။

ကောင်းကင်ဧကရာဇ်မြို့တော်က ပုံမှန်အတိုင်း စည်ကားနေဆဲပင်။ ယွမ်တောင်၏ နံပါတ်တစ် မြင့်မြတ်နယ်မြေတစ်ခုအနေဖြင့် မရေမတွက်နိုင်သော အကျော်အမော်များ ရှိနေခဲ့ကြသည်။

ကောင်းကင်ဧကရာဇ်ဓား တည်ရှိရာ စင်မြင့်မှာတော့ လှုပ်ရှားမှုတို့ သိပ်မရှိတော့ပေ။ လုမင်မှ ကောင်းကင်ဧကရာဇ်၏ဓားကို နှုတ်ယူလိုက်ကတည်းက ဤနေရာသည် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ယခုအချိန်၊ စင်မြင့်အထက် လေထဲတွင် လူငယ်တစ်ဦးက ရပ်နေသည်။

ဤလူငယ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဖိနပ်များသည်ပင် အဖြူရောင် ဖြစ်၏။ သူ၏ အနက်ရောင်ဆံပင်များကိုတော့ ကျောထက်တွင် ဖြန့်ချထားကာ သူ့မျက်လုံးအစုံက ကြယ်နှစ်လုံးကဲ့သို့ တောက်ပနေသည်။

ဤအခိုက်တွင်၊ ထိုလူငယ်က စင်မြင့်ကို စိုက်ကြည့်ရင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

"ကောင်းကင်ဧကရာဇ်ဓားကို ဘယ်တုန်းက ဆွဲထုတ်ခဲ့တာလဲ"

လူငယ်က အေးစက်စက် အသံဖြင့် မေးသည်။

ထိုလူငယ်၏ဘေးမှာတော့ မှိုင်းညို့နေသော မျက်လုံးများနှင့် အဘိုးကြီးတစ်ယောက် ရှိနေ၏။ သူက ဖြေသည်။

"လွန်ခဲ့တဲ့ ငါးလလောက်ပါ"

"ဘယ်သူလဲ"

လူငယ်က ဆက်မေးသည်။

"သူက ကစဉ့်ကလျားနိယာမကို ထိန်းချုပ်ထားတဲ့ ကစဉ့်ကလျားရဲ့သားတော်ပါ။ သူက အတော်ငယ်ရွယ်သေးတယ်။ သူ့အကြောင်းကို စုံစမ်းကြည့်တဲ့အခါ သူက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ရဲ့ တပည့်တစ်ယောက်လို့ သိရတယ်။ သူ့နာမည်က လုမင်တဲ့"

အဘိုးအိုက ပြန်ဖြေလိုက်၏။

"ကစဉ့်ကလျားနိယာမ... လုမင်၊ ဟမ့်... ငါ ဟန်ရှင်းဟဲရဲ့ ဓားကို လုယူသွားဝံ့တယ်။ မင်းက ကိုယ့်အတွက် ဘယ်ဟာကကောင်းမှန်း တကယ်မသိဘူးပဲ"

လူငယ်က ပြောပြီးသည်နှင့် သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်မှာ ပိုပြင်းထန်လာတော့သည်။

ထိုလူငယ်က သူတော်စင်ဘုရင်စာရင်းတွင် နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး ထာဝရ၏သားတော် ဟန်ရှင်းဟဲ ဖြစ်သည်။

"ဒါပေမဲ့ ဒီကောင်လေးက ဉာဏ်ကောင်းတယ်။ ကောင်းကင်ဧကရာဇ်ဓားကို သိမ်းယူပြီးတာနဲ့ ပျောက်သွားတယ်။ ကျုပ်တို့ နည်းအမျိုးမျိုးနဲ့ စုံစမ်းပြီးပြီ။ အဲဒီကောင်လေးက ဒီအချိန်အတွင်းမှာ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှာ မရှိဘူး။ သူက လေ့ကျင့်ရေးအတွက် ခရီးထွက်သွားတာ ဖြစ်သင့်တယ်"

အဘိုးအိုက ပြောလိုက်သည်။

"ဟမ့်၊ သူက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို ပြန်မလာရင်တောင် ကိစ္စမရှိဘူး။ ကျုပ်ရဲ့ဓားက အမြဲတမ်း ကျုပ်ရဲ့ဓားပဲ ဖြစ်လိမ့်မယ်"

ဟန်ရှင်းဟဲက အေးစက်စွာ ပြောဆိုပြီး နောက်လှည့်ကာ ထွက်သွားတော့သည်။

.............

ကောင်းကင်ဧကရာဇ်မြို့တော် အပြင်ဘက်ရှိ ရဲတိုက်တစ်ခုတွင်...

လုမင်၊ ချင်ယွဲ့နှင့် လော့ရှန်းတို့က တည်နေရာရွှေ့ပြောင်းခြင်း အစီရင်အတွင်းမှ ထွက်လာခဲ့ကြသည်။

သူတို့က အနီးဆုံးရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်သို့ ရောက်ရှိရန် လဝက်ခန့် ကြာမြင့်ခဲ့ပေသည်။ ထို့နောက်၊ ၎င်းအစီရင်မှတဆင့် ကောင်းကင်ဧကရာဇ်မြို့တော်၏ အပြင်ဘက်သို့ တစ်ဖန် ပို့ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီရင်မှ ထွက်လာပြီးနောက် သူတို့က လေထဲသို့ တက်လာပြီး ကောင်းကင်ဧကရာဇ်မြို့တော်ဆီသို့ ပျံသန်းသွားကြလေသည်။

မကြာမီ၊ သူတို့က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ပြန်ရောက်လာခဲ့ကြသည်။

လော့ရှန်းက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ တပည့်မဟုတ်သောကြောင့် သဘာဝအတိုင်း တားဆီးခံရသည်။ သို့သော်လည်း သူ၏ အရည်အချင်းဖြင့် စမ်းစပ်မှုကို အလွယ်တကူ အောင်မြင်ပြီး ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်လာခဲ့ပေသည်။

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ဝင်လာပြီးနောက်၊ လုမင်သည် ကျောင်းတော်မှာ ယခင်ကထက် ပိုသက်ဝင်နေကြောင်း တွေ့ခဲ့ရသည်။

ယခင်က ကျောင်းတော်၏ လေ့ကျင့်ရေးနယ်မြေ အမျိုးမျိုးတွင် လူတော်တော်များများက တိတ်တဆိတ် လေ့ကျင့်နေခဲ့ကြသည်။ ယခုမူကား၊ လူများစွာက ၎င်းတို့၏ လေ့ကျင့်ခြင်းမှာ ထွက်လာကြပုံပင်။

ထိုအတွက် လုမင် အံ့ဩနေမိခြင်း ဖြစ်သည်။ မကြာမီ၊ သူက သူတော်စင်ဘုရင်စာရင်း ဘုတ်ပြားရှေ့သို့ ရောက်သွားသည်။

"လူအရေအတွက် တိုးလာတယ်"

ချင်ယွဲ့က ပြောသည်။

လုမင်က ခေါင်းညိတ်လိုက်၏။ ယခင်က သူတော်စင်ဘုရင်စာရင်းတွင် လူ လေးဆယ်ခန့်သာ ရှိခဲ့သည်။ ယခုမူကား စာရင်းတွင် လူ ရှစ်ဆယ် ကျော်ခဲ့ပြီ။ အရေအတွက်က နှစ်ဆတိုးလာသည်။

ဤအချိန်ကာလအတွင်း လူများစွာက အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထင်ရှားသည်။

သူတို့က တိုးတက်လာသကဲ့သို့ အခြားသူများကလည်း မရပ်တန့်နေပေ။

ထို့ကြောင့် ပါရမီရှင်များကြား ပြိုင်ဆိုင်မှုတွင် ခဏတာ ရပ်တန့်လိုက်သည်နှင့် အခြားသူများက လျင်မြန်စွာ သာလွန်သွားမည် ဖြစ်သည်။

"ပါရမီရှင်တွေ အများကြီးပဲ"

လော့ရှန်း၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပနေသည်။

သူတို့ သုံးယောက်က အကြာကြီး မနေပေ။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့နေထိုင်ရာသို့ ပြန်သွားခဲ့ကြသည်။

သူနေထိုင်ရာသို့ ပြန်ရောက်သောအခါ အားလုံးရှိနေသည်ကို တွေ့လိုက်ရလေသည်။

ဟွမ်လင်၊ လုံချန်၊ ဟွမ်လီနှင့် အခြားသူများအားလုံး စုဝေးရောက်ရှိနေခဲ့သည်။

"မင်းတို့တွေ တစ်ယောက်မှ တံခါးပိတ် မလေ့ကျင့်ကြဘူးလား"

လုမင်က စိတ်ဝင်တစား မေးသည်။

"လုမင်၊ နင် ပြန်ရောက်လာတာက အချိန်မီလေးပဲ။ မနက်ဖြန်ဆိုရင် မဟာဧကရာဇ်ကြီးက တာအိုတရားဟောတော့မှာ... နင် တစ်ရက်နောက်ကျပြီးမှ ပြန်လာမယ်ဆိုရင် မီတော့မှာ မဟုတ်ဘူး"

ဟွမ်လင်က ပြုံးပြီး‌ ပြောလိုက်သည်။

"မဟာဧကရာဇ်ရဲ့ တာအိုတရားဟောပြောပွဲလား။ ကြည့်ရတာ ငါကံကောင်းနေပုံပဲ"

လုမင် ပြုံးလိုက်၏။

"မိန်းကလေးချင်ယွဲ့... သူ့ရဲ့ မှတ်ဉာဏ်တွေက ပြန်ကောင်းလာပြီလား"

ဟွမ်လင်က ရှုပ်ထွေးနေသော အကြည့်တို့ဖြင့် ချင်ယွဲ့ကို ကြည့်လိုက်သည်။

"ဟုတ်တယ်၊ ငါ ကံကောင်းလို့ လိုအပ်တဲ့ ပစ္စည်းတွေကို ရှာတွေ့ပြီး ဝိညာဉ်လည်ပြန်ဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်။ အခု ချင်ယွဲ့ရဲ့ မှတ်ဉာဏ်တွေက အပြည့်အဝ ပြန်ကောင်းလာခဲ့ပြီ"

လုမင်က ပြောလိုက်သည်။ ထိုအခါ အားလုံးက သူ့ကို ဂုဏ်ပြုစကား ပြောလိုက်ကြလေသည်။

ထို့နောက် ‌လုမင်က လော့ရှန်းကို လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်သည်။

"လုမင်၊ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ဆွဲထုတ်ခဲ့တယ်လို့ကြားတယ်။ ဒါက အမှန်ပဲလား"

လုံချန်က ရုတ်တရက် မေးသည်။

"အင်း"

လုမင် ခေါင်းညိတ်လိုက်၏။

"မင်း သတိထားရမယ်။ အရင်တုန်းက ဟန်မိသားစုကနေ မင်းအကြောင်းကို စုံစမ်းဖို့ လူတွေ စေလွှတ်ခဲ့ဖူးတယ်။ ဟန်မိသားစုရဲ့ ပါရမီရှင် ဟန်ရှင်းဟဲက ကောင်းကင်ဧကရာဇ်ဓားဟာ သူ့ဓားဖြစ်ရမယ်လို့ ကြေညာထားကြောင်း ငါကြားတယ်။ အခုဆိုရင် မဟာဧကရာဇ်ရဲ့ တာအိုတရားပွဲကြောင့် ဟန်ရှင်းဟဲအပါအဝင် ပါရမီရှင် အမြောက်အများ ထွက်လာခဲ့ကြပြီ"

လုံချန်က မျက်မှောင်ကြုတ်လိုက်သည်။

"ဟန်ရှင်းဟဲက ငါ့ကို ပြဿနာရှာမှာကို စိုးရိမ်နေတာလား။ ကိစ္စမရှိပါဘူး၊ အဆိုးဆုံးကတော့ ငါက ကောင်းကင်ဧကရာဇ်ဓားကို စင်မြင့်ထက်မှာ ပြန်စိုက်ထားလိုက်ရုံပဲ။ ဒီအခါ သူက ဆွဲထုတ်နိုင်မလား ငါကြည့်ချင်တယ်၊ ဟားဟားဟား"

လုမင်က သူ့စကားကို သဘောကျဟန်ဖြင့် ရယ်လိုက်သည်။

"အမှန်ပဲ၊ ဟားဟားဟား"

ဟွမ်လီကလည်း ရယ်မောလိုက်လေသည်။

လူတိုင်းက တိတ်တဆိတ် လေ့ကျင့်ခြင်း သို့မဟုတ် ခရီးသွားလာခြင်းဖြင့် အချိန်ကုန်နေတတ်သည်။ သူတို့အချင်းချင်း မတွေ့ရတာကြာပြီဖြစ်၍ သဘာဝအတိုင်း ပြောစရာများ အများကြီးရှိပေသည်။ တချို့ကလည်း အချင်းချင်း လက်ရည်စမ်း တိုက်ခိုက်ခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်း တစ်နေ့ကုန်သွားပြီ။

နောက်တစ်နေ့က မဟာဧကရာဇ်ကြီး၏ တာအိုတရား ဟောပြောပွဲနေ့ ဖြစ်သည်။

မဟာဧကရာဇ်ကြီး၏ တာအိုတရား ဟောပြောပွဲကို လွန်ခဲ့သော နှစ်လကပင် ကြိုတင်သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ပါရမီရှင်များ အားလုံးနီးပါးက တိတ်တဆိတ် လေ့ကျင့်ရာမှ ထွက်လာခဲ့ကြပေသည်။ ယနေ့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အလုပ်အရှုပ်ဆုံးနေ့ဟု ဆိုနိုင်သည်။

လုမင်နှင့် အခြားသူများလည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အနက်ရှိုင်းဆုံးအရပ်ရှိ အမြင့်ဆုံးတောင်ဆီသို့ ပျံသန်းသွားကြသည်။ မဟာဧကရာဇ်၏ ဟောပြောပွဲက ထိုတောင်ထိပ်တွင် ရှိပေသည်။

တောင်ထိပ်တွင် ကျယ်ပြောသော မြေပြန့်တစ်ခု ရှိသည်။ မြေပြန့်တွင် သောင်းနှင့်ချီသော ဝတ်ပြုထိုင်ဖုံများ ရှိ၏။

မြေပြန့်၏ ရှေ့ဆုံးတွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ရှိသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်ရိုးရှင်းပြီး မျက်စိစုံမှိတ်၍ တိတ်ဆိတ်စွာ ထိုင်နေပေသည်။

ဝတ်ပြုထိုင်ဖုံများပေါ်တွင် လူအများအပြားက နေရာယူထားပြီး ဖြစ်သော်လည်း အသံလုံးဝမထွက်ပေ။ လူတိုင်းက တိတ်ဆိတ်စွာပင် ရှိနေသည်။

လုမင်နှင့် အခြားသူများ ရောက်လာသောအခါ အဘိုးအိုကိုကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

အဘိုးအိုက အလွန်ရိုးရှင်းသော်လည်း သူထိုင်နေသည့် ထိုင်ခုံမှာ ဟောပြောမည့်သူအတွက် ထိုင်ခုံ ဖြစ်၏။

ယနေ့ ကထိကမှာ မဟာဧကရာဇ် ဖြစ်သည်။ တစ်နည်းဆိုရသော်၊ ထိုလူကြီးက မဟာဧကရာဇ်ကြီးပင်။

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို မဟာဧကရာဇ်သုံးပါးက တည်ထောင်ထားခြင်း ဖြစ်သည်။ သို့သော်၊ မဟာဧကရာဇ်များက တွေ့ရန်ခက်ခဲ၏။ လုမင်သည် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ဝင်ရောက်လာချိန်မှစ၍ မဟာဧကရာဇ်တစ်ပါးကိုပင် မတွေ့ခဲ့ရပါ။ ယခုအခါ နောက်ဆုံးမှာတော့ တစ်ပါးကို သူတို့ တွေ့ခဲ့ရပြီလား။

လုမင်နှင့် အခြားသူများလည်း သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ပြီး ဝတ်ပြုထိုင်ဖုံများတွင် ဝင်ထိုင်လိုက်ကြသည်။

ထို့နောက်တွင်၊ ပါရမီရှင်များက ပိုများလာခဲ့သည်။

ရုတ်တရက်၊ လုမင်သည် သူ့အပေါ်သို့ အေးစက်သော အငွေ့အသက်တစ်ခု ကျရောက်လာသလို ခံစားလိုက်ရသည်။ သူက လှည့်ကြည့်လိုက်သောအခါ လေထဲမှ လျှောက်လာနေသော ပါရမီရှင်တစ်စုကို တွေ့လိုက်ရ၏။

သူတို့အထဲတွင် လော့ဖိုခုန်းကို မြင်ရသော်လည်း သူက ရှေ့ဆုံးတွင်မရှိပေ။ လော့ဖိုခုန်း၏ရှေ့တွင် လူငယ်တစ်ယောက် ရှိသည်။

ထိုလူငယ်၏ မျက်နှာက အေးစက်နေသည်။ သူ့မျက်လုံးများမှာတော့ မောက်မာမှု အနည်းငယ် ရှိ၏။ သူက လုမင်ကို လုမင်ကို အေးစက်စွာ ကြည့်နေသည်။

'သခင်လေး၊ သူက လော့စန်းချုံးပဲ'

ချင်ယွဲ့က လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'လော့စန်းချုံးလား'

လုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

'ကောင်လေး၊ ချင်ယွဲ့က ငါ့အတွက်ပဲ ဖြစ်ရမယ်။ မင်းအတွက် ဘယ်ဟာကကောင်းမှန်းသိရင် မြန်မြန် နောက်ဆုတ်လိုက်ပါ။ မဟုတ်ရင် မင်း အသေဆိုးနဲ့ သေရလိမ့်မယ်'

လော့စန်းချုံး၏ အသံက လုမင်၏နားထဲတွင် ထွက်ပေါ်လာသည်။

မမှားပေ၊ သူက အသံပို့လွှတ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ မဟာဧကရာဇ်ကြီး၏ ရှေ့မှောက်တွင်၊ လော့စန်းချုံးက မည်မျှပင် ဥပဒေမဲ့ပြီး ရမ်းကားသူဖြစ်စေကာမူ မထောင်လွှားဝံ့ပေ။

'အရူး'

လုမင်က အထင်မြင်သေးဟန်ဖြင့် လျစ်လျူရှုစွာ ပြန်ဖြေသည်။

လော့စန်းချုံး၏ မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပေါ်လာသည်။ သို့သော်လည်း နောက်ထပ် စကားမပြောတော့ဘဲ ချင်ယွဲ့ကိုတစ်ချက်ကြည့်ပြီး ရှေ့ကို ဆက်လျှောက်သွားတော့သည်။

All Chapters