← Chapters

အခန်း ၁၉၀၀

Vol. 127 Ch. 1900

အခန်း ၁၉၀၀

Vol. 127 Ch. 1900

အပိုင်း ( 1900 ) ဉာဏ်အလင်းပွင့်ကြခြင်း။

"ဝမ်"

ရုတ်တရက်၊​ အဖြူ​ရောင်​အလင်းတန်းတစ်ခုက ဖြတ်​သန်းသွားကာ လူတိုင်း၏အာရုံကို ဆွဲဆောင်​သွားသည်​။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရှေ့ဆုံးခုံဆီသို့ တိုက်ရိုက် ပျံသန်းလာပြီး ထိုင်လိုက်သည်။

'အဲဒါက ဟန်ရှင်းဟဲဆိုသူပေါ့'

ဟွမ်လင်က လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

လုမင်က ခေါင်းညိတ်ပြပြီး ထိုလူကို တိတ်တဆိတ် မှတ်သားလိုက်၏။

သူနှင့် ဟန်ရှင်းဟဲက အနှေးနှင့်အမြန် တိုက်ခိုက်ရမည်ဟု သူခံစားမိသည်။

ပါရမီရှင်များက ပိုများလာသည်။ တောင်ထိပ်ပေါ်ရှိ လူအရေအတွက်ကလည်း ဆက်လက် တိုးလာနေဆဲပင်။ နောက်ဆုံးတွင် လူတစ်သောင်းနီးပါးအထိ ရောက်လာခဲ့ကြသည်။

သို့သော်လည်း လူတစ်သောင်းနီးပါးက ထိုင်နေသည့်တိုင် အသံ လုံးဝမထွက်ပေ။ မည်သူမျှ စကားမပြောသောအခါ တောင်ထိပ်က အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

အဘိုးအိုကလည်း စကားမပြောဘူး မျက်လုံးမှိတ်ပြီး အနားယူနေခဲ့ပေသည်။

ထို့နောက်မှာတော့ နာရီဝက်ကြာသည်အထိ မည်သူမျှ ‌မရောက်လာတော့ပါ။ ထိုအချိန်တွင် အဘိုးအိုက မျက်လုံးဖွင့်လိုက်သည်။

အဘိုးအိုက မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက်၊ ကြယ်ရောင်စုံသော ကောင်းကင်ပြင်ကြီးကို ရုတ်တရက် ရောက်ရှိသွားသကဲ့သို့ လူတိုင်း ခံစားလိုက်ကြရသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် ဤထင်ယောင်ထင်မှားသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။

"ကိုင်း၊ အားလုံးနီးပါး ဒီကိုရောက်ကြပြီ။ မလာသေးတဲ့သူတွေရှိရင်လည်း ငါတို့ မစောင့်နိုင်တော့ဘူး။ ဒီနေ့ တာအိုတရားပွဲကို စတင်မယ်"

အဘိုးအိုက မတိုးလွန်း မကျယ်လွန်းဘဲ သိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။ သို့သော်လည်း လူတိုင်း၏ နားထဲတွင် ရှင်းလင်းပြတ်သားစွာ ကြားကြရ၏။

လူတိုင်း တုန်လှုပ်သွားကြသည်။ ဤအဘိုးအိုက တကယ်ကို မဟာဧကရာဇ်ကြီးပင်။

ဒဏ္ဍာရီများအရ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို တည်ထောင်ခဲ့သော မဟာဧကရာဇ် သုံးပါးကို ထျန်းဟော်ဧကရာဇ်၊ ဟွင်းထျန်းဧကရာဇ်နှင့် ဝူရှန်းဧကရာဇ်ဟု ခေါ်သည်။

ဤမဟာဧရာဇ်က မဟာဧကရာဇ်သုံးပါးမှ မည်သူဖြစ်သနည်း။

"ဒီအဘိုးအိုက ဝူရှန်းပါ၊ အခုကစပြီး မင်းတို့ ငါ့ကို ဌာနမှူးဝူရှန်းလို့ ခေါ်နိုင်တယ်"

အဘိုးအိုက အနည်းငယ် ပြုံးလိုက်သည်။

လူတိုင်း၏ နှလုံးသားက ခုန်ပေါက်သွားလေသည်။ ဤအဘိုးအိုက မဟာဧကရာဇ် ဝူရှန်း ဖြစ်သည်။

သူက ယွမ်တောင်တစ်ခုလုံးမှာပင် ထိပ်တန်းအဆင့်မှ တည်ရှိမှုတစ်ခုပင်။ သူသည် သက်ရှိသတ္တဝါအားလုံး၏ ထိပ်တွင် ရပ်တည်ပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်သည်။

“အခု တာအိုတရားပွဲ စတင်မယ်"

မဟာဧကရာဇ် ဝူရှန်း၏အသံက ထွက်ပေါ်လာသည်။

လူတိုင်းက ပျံ့လွင့်နေသော စိတ်အာရုံများကို စုစည်းကာ နားထောင်လိုက်ကြလေသည်။

ထိုအချိန်၊ ဝူရှန်းဧကရာဇ်၏လက်ထဲတွင် ခေါင်းလောင်းငယ်လေးတစ်ခု ပေါ်လာခဲ့သည်။ ခေါင်းလောင်းငယ်လေးက ကောင်းကင်သို့ ပျံတက်သွားပြီး လျင်မြန်စွာ ကြီးမားလာသည်။

"ဒေါင်"

ခေါင်းလောင်းငယ်လေးက တုန်ခါပြီး အသံမြည်လာ၏။ ခေါင်းလောင်းသံကို ကြားလိုက်သောအခါ လူတိုင်းက သူတို့၏အာရုံစူးစိုက်မှုများ ထက်မြက်လာသည်ကို ချက်ချင်းခံစားရသည်။ သူတို့၏ အာရုံစိုက်နိုင်စွမ်းက ပိုမြင့်မားလာတော့သည်။

'ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ ခေါင်းလောင်းလဲ'

လုမင်သည် ဤခေါင်းလောင်း၏ အကျိုးသက်ရောက်မှုက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်နှင့် ဆင်တူကြောင်း သဘောပေါက်လိုက်သည်။

ထို့နောက် ခေါင်းလောင်းလေးမှ ရောင်စုံအလင်းတန်းများ ထွက်လာပြန်သည်။ ဤရောင်စုံအလင်းတန်းများဖြင့် လူတိုင်းကို လွှမ်းခြုံထားသောအခါတွင် သူတို့၏ အာရုံစူးစိုက်မှုက ပို၍ အားကောင်းလာတော့သည်။

"ဒါက ဗောဓိခေါင်းလောင်းပါ။ ဒီအဘိုးအိုက ဗောဓိခေါင်းလောင်းကို ဗောဓိစွမ်းအင်နဲ့ နှစ်အတော်ကြာအောင် သန့်စင်ခဲ့တာကြောင့် ဗောဓိစွမ်းအင်နဲ့ ဗောဓိခေါင်းလောင်းက မင်းတို့ရဲ့ နားလည်နိုင်စွမ်းကို အများကြီး မြှင့်တင်ပေးနိုင်တယ်"

ဝူရှန်းဧကရာဇ်က ရှင်းပြလိုက်သည်။

'ဝူရှန်းဧကရာဇ်က ဒီဟောပြောပွဲအတွက် ပြင်ဆင်မှုတွေ တကယ်လုပ်ခဲ့တာပဲ'

လုမင်က တိတ်တဆိတ် တုန်လှုပ်သွားမိသည်။

ယွမ်တောင်ရှိ ပါရမီရှင် အားလုံးနီးပါးက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် စုဝေးကြသည်မှာ အံ့သြစရာမရှိပါ။ ဤအခြေအနေမျိုးကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

"အခု ငါပြောပြမှာ နိယာမတစ်ခုခုကိုပဲ မရည်ညွှန်းပေဘူး။ အဲဒါက မဟာလမ်းစဥ်ပဲ"

"ကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ နိယာမတွေရှိတယ်၊ ဒါပေမဲ့ မဟာလမ်းစဉ်ကတောပ တစ်ခုတည်းပါပဲ။ ဘယ်နိယာမကိုမဆို မဟာလမ်းစဉ်ကနေ နားလည်နိုင်တယ်။ မင်း ဘယ်လောက်ထိ နားလည်နိုင်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ ကိုယ်ပိုင်နားလည်နိုင်စွမ်းအပေါ်မှာ မူတည်တယ်"

သူပြောပြီးသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားပုံရသည်။ သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး သူ့ကိုယ်ပိုင်ကမ္ဘာအဖြစ် ပြောင်းလဲသွား၏။

အကန့်အသတ်မဲ့ အသံများကို ကမ္ဘာအနှံ့မှ ကြားနိုင်ပြီး အကန့်အသတ်မရှိသော အလင်းရောင်က လူတိုင်းကို ဖုံးအုပ်ထားတော့သည်။

ဤသည်မှာ အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်၍ အခြေခံအကျဆုံး မဟာလမ်းစဉ် ဖြစ်သည်။

လုမင်က ဟွင်းယွမ်ဂိုဏ်း၏ အကဲဖြတ်မှုကို ပါဝင်ခဲ့စဉ်တွင် တာအိုကို နားလည်နိုင်သော ချောက်နက်ကို ဖြတ်သန်းရသည့် အဆင့်တစ်ခုရှိကြောင်း ပြန်အမှတ်ရမိသည်။ ၎င်းက ဝူရှန်းဧကရာဇ်၏ ဟောပြောချက်နှင့် အလွန်ဆင်တူပေသည်။

နှစ်ဦးစလုံးက မဟာလမ်းစဉ်ကိုသာ ညွှန်ပြသည်။

လူတိုင်းက မျက်လုံးမှိတ်ပြီး တာအိုကို တိတ်ဆိတ်စွာ နားလည်ဆင်ခြင်လိုက်ကြလေသည်။

ဝူရှန်းဧကရာဇ်၏ ဟောပြောပို့ချမှုက သုံးရက်နှင့် သုံးညတာ ကြာမြင့်သည်။ သုံးရက်နှင့် သုံးညကြာပြီးနောက် ဝူရှန်းဧကရာဇ်က ရပ်တန့်သွား၏။

သို့သော်လည်း မည်သူမျှ မနိုးလာသေးပေ။ သူတို့အားလုံးက တာအိုကို နားလည်မှု၏ နက်နဲသောအဆင့်တွင် နှစ်မြုပ်သွားခဲ့သည်။

ဝူရှန်းဧကရာဇ်က နူးညံ့စွာပြုံးပြီး မျက်လုံးကို ပြန်မှိတ်ထားလိုက်လေသည်။

အချိန်များက ကုန်လွန်လာပြီး တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကြာသွားပြီ။

"ဝုန်း"

လူတစ်ယောက်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုလူက အမှန်တကယ်ပင် အောင်မြင်မှုတစ်ခု ရရှိခဲ့၏။

မကြာမီ၊ ထိုလူ၏ မျက်လုံးများက ပွင့်လာသည်။

'ဟားဟားဟား၊ ငါ့ရဲ့ ကျင့်ကြံမှုအခြေခံက ထိုးဖောက်သွားပြီကွ။ ငါ့ရဲ့ ကျင့်ကြံမှုက တောက်ပသောသူတော်စင်နယ်ပယ် အဆင့်မြင့် အဆင့်ကနေ တောက်ပသောသူနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ'

ထိုလူက အူမြူး‌နေသည်။

သူက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်တွင် အချိန်အတော်ကြာအောင် တွယ်ကပ်နေခဲ့ပြီး မဖြတ်ကျော်နိုင်ခဲ့ပါ။ သို့သော် ဤတစ်ကြိမ်တွင် မဟာဧကရာဇ်၏ ဟောပြောပို့ချမှုက သူ့ကို ဖြတ်ကျော်နိုင်စေခဲ့သည်။

ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ နောက်အခိုက်အတန့်မှာ သူ့မျက်နှာက ရှုံ့မဲ့သွားတော့သည်။

တခြားသူများက တာအိုကို နားလည်ဆင်ခြင်နေဆဲ ဖြစ်သည်။ သူက ပထမဆုံး နိုးထလာသူပင်။

စောစောနိုးလာလေ၊ နားလည်နိုင်စွမ်းက နိမ့်ကျလေဖြစ်ပြီး အကျိုးအမြတ်ကလည်း နည်းလေလေ ဖြစ်သည်။

လူငယ်လေး၏ စိတ်လှုပ်ရှားမှုက စုပ်စမြုပ်စရှာမရအောင် ပျောက်ကွယ်သွားသည်။ ရေအေးပုံးတစ်ပုံးကို သူ့ခေါင်းပေါ် လောင်းချလိုက်သလို တကိုယ်လုံး အေးစက်သွားတော့သည်။

'မင်း တာအိုကို နားလည်​ပြီးပြီဆို​တော့ မင်း ထွက်သွားနိုင်ပြီ'

လူငယ်လေး၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

ဝူရှန်းဧကရာဇ်၏ အသံပင်။

လူငယ်လေး၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူက အလျင်အမြန်ထ၍ ဧကရာဇ်ကို ဦးညွှတ်ပြီး ထွက်ခွာသွား၏။

သို့သော်လည်း သူက အဝေးသို့ မသွားပါ။ မနီးမဝေးမှ လေထဲမှာရပ်ပြီး လှမ်းကြည့်နေသည်။

ပါရမီရှင်များစွာထဲတွင် မည်သူက နောက်ဆုံးနိုးထလာမလဲဆိုတာကို သူ အလွန်သိချင်နေခဲ့သည်။

ဤလူငယ်လေးပြီးနောက် အခြားလူများလည်း တစ်ဦးပြီးတစ်ဦး နိုးထလာကြသည်။ သူတို့အားလုံးက ကျင့်ကြံမှုတွင် အကျိုးအမြတ်များ ရရှိခဲ့၏။

ဗောဓိခေါင်းလောင်း၏ အထောက်အပံ့နှင့်အတူ မဟာဧကရာဇ်၏ ဟောပြောပို့ချမှုက အမှန်တကယ် ထိရောက်သည်။

သို့သော်လည်း အဆင့်တက်သူ လူအများစုက တောက်ပသော သူတော်စင်နယ်ပယ်တွင် ရှိကြသည်။ ကျင့်ကြံမှုအဆင့်က မြင့်မားလေလေ၊ အဆင့်တက်ရန် ခက်ခဲလေပင်။ အန္တိမသူတော်စင်နယ်ပယ်ကို မဆိုထားဘိ၊ မဟာသူတော်စင်နယ်ပယ်မှာပင် ဖြတ်ကျော်ရန် ခက်သည်။

ရက်နှစ်ဆယ်မြောက်နေ့တွင် လူတစ်ဝက်ခန့်က တာအိုကို နားလည်ဆင်ခြင်ရာမှ နိုးထလာကြသည်။

လူတိုင်းက တစ်ခုမဟုတ်တစ်ခု ရရှိခဲ့၏။ အချိန်ကြာကြာ နားလည်နိုင်လေလေ၊ အကျိုးကျေးဇူးက ပိုမြင့်မားလေပင်။

ပထမလူငယ်ကဲ့သို့ပင် တာအိုကို နားလည်သဘောပေါက်ပြီးသောသူများက တောင်ပေါ်မှ ထွက်ခွာသွားပြီး မနီး‌မဝေးတွင် စောင့်ကြည့်နေခဲ့ကြသည်။

"ဝုန်း"

ထိုအချိန်တွင် အခြားသူတစ်ဦး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

မဟာသူတော်စင်နယ်ပယ် ပါရမီရှင်တစ်ဦးက အဆင့်တက်ခဲ့ပြီ။

ထို့နောက်၊ အခြား မဟာသူတော်စင်တချို့မှာလည်း အဆင့်တက်ကြပြန်သည်။

စင်စစ်တွင်၊ ထိုမဟာသူတော်စင် အများစုက အဆင့်တစ်ခု၏ အကန့်အသတ်သို့ ရောက်ရှိနေပြီး ဖြတ်ကျော်ခါနီးဖြစ်သောကြောင့် အဆင့်တက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မဟာဧကရာဇ်၏ ဟောပြောချက်ကို ကြားနာရသောအခါ သူတို့အားလုံးက ကန့်သတ်ချက်များကို ဖြတ်ကျော်ပြီး မြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကြခြင်းပင်။

အကယ်၍ သူတို့က နယ်ပယ်တစ်ခုကို ဖြတ်ကျော်ပြီးစဖြစ်မည်ဆိုလျှင် ဤမျှမြန်ဆန်စွာ ဖြတ်ကျော်နိုင်ရန် ခက်ခဲပေလိမ့်မည်။

တစ်လခန့်ကြာသောအခါ လူတစ်ထောင်အောက်သာ ကျန်သည်။

တစ်လခွဲအကြာတွင် လူနှစ်ရာလောက်သာ ကျန်ရစ်၏။

နှစ်လအကြာတွင် တာအိုကို နားလည်ဆင်ခြင်ဆဲ လူဒါဇင်အနည်းငယ်သာ ကျန်ရှိတော့သည်။

ဤလူငယ်အားလုံးက ထိပ်တန်းအဆင့်မှ ပါရမီရှင်များ ဖြစ်ကြသည်။

အများစုက ဘုရင်ခန္ဓာရှိပြီး ဘုရင်နိယာမကို ကျွမ်းကျင်ကြပေသည်။

ဟွမ်လင်၊ လုံချန်၊ ဟွမ်လီ၊ ချင်ယွဲ့နှင့် အခြားသူများသည်လည်း တာအိုကို နားလည်နေကြဆဲ ဖြစ်သည်။

"ဘုရင်ခန္ဓာက တကယ်ကို အံ့ဩစရာကောင်းတာပဲ။ သူတို့က တကယ်ကို နှစ်လလောက်အထိ နားလည်နိုင်ကြတယ်"

"ငါသာ တာအိုကို နှစ်‌လလောက် နားလည်နိုင်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ"

လူများက မနာလို အားကျ ဖြစ်ကုန်သည်။ အထူးသဖြင့် ရက်အနည်းငယ်အတွင်း နားလည်ခဲ့သူများမှာ ပို၍ပင် မနာလိုဖြစ်ကုန်ကြတော့သည်။

ရက်အနည်းငယ်သာ တာအိုကို နားလည်ဆင်ခြင်နိုင်သော်လည်း သူတို့၏အဆင့် ဖြတ်ကျော်နိုင်ခဲ့သည်။ အကယ်၍၊ နှစ်လခန့်သာ နားလည်နိုင်ပါက အကျိုးအမြတ်ကို မှန်းဆမရနိုင်လောက်ပေ။

All Chapters